Monday, April 13, 2015

အာဏာသျှင်ထက်ကြောက်ဖို့ကောင်းရေ ဘာသာရေးဂေါင်းဆောင်

ဘာသာတရားတိကို လုပ်စားဘာသာရေးဂေါင်းဆောင်တိ ပြန်ပွဲဆွဲအသုံးချလားရေခါ ဘာသာတရားရေ အလွန်တရာကြောက်ဖို့ကောင်းရေ၊ အန္ဒရယ်ကြီးမားရေ လက်နက်ကြီးတိ ဖြစ်နီရရေ။ လူ့လောကတခုလုံးကိုလေ့ အမှောင်ထုချပလိုက်တေ။

ဘာသာရေးဂေါင်းဆောင်တိစွာ ကောင်းဗျူ ရိုကရတ်ဆန်ရေဝါဒကို လက်ကိုင်ထားကတ်တေ။ သူရို့ကို လူတိကဝေဖန်ကေ ငရဲရေဆိုရေစကားလုံးနန့် ကိုင်ပေါက်တေ။ အပယ်လားရေ။ ဋိတ်ထီးအယူဟိရေ။ ဘာသာသာသနာကို ဖျက်တေလို့ စွပ်စွဲကတ်တေ။ မကောင်းဆိုးဝါးလို့ လက်ညှိုးထိုးကတ်တေ။


ဘာသာရေးဂေါင်းဆောင်တိကို၊ ဘာသာရေးနောက်လိုက်တိကို၊ ဘာသာရေးအသိုင်းဝိုင်းတိကို တခုခုမှန်ရာကိုပြောမိ့ကေ ယင်းလူစွာရေ လူ့အဖွဲ့စည်းက ပိုက်ပယ်ခြင်းခံရကတ်တေ။ အချို့ဘာသာတိမှာဆိုကေ မတော်ကေ ဂေါင်ဖြတ်သတ်ခံရအောင်ထိ အကြောက်တရားနန့် ခြိမ်းခြောက်နှိပ်ကွပ်ကတ်တေ။ နိမ္ဗာန်ရောက်ကြောင်းတရားဟောယင်း ငရဲပြည်ကိုတိုးချနီကတ်တေ။ အမှောင်ထုထဲကို တိုးချကတ်တေ။

ဗျူ ရိုကရတ်ဘာသာရေးဂေါင်းဆောင်တိ လွှမ်းမိုးခံထားရရေ လူ့အသိုင်းဝိုင်းမှာလေ့ တယောက်ယောက်က ချွန်းပြီးကေ အမှန်တခုခုကိုပြောမိ့လားကေ ယင်းလူ့အသိုင်းဝိုင်း တခုလုံးက ထိုလူဇာကြောင်းပြောလေဆိုစွာကို ဉာဏ်လိုက်မမှီရေခါ ပြောရေလူကို ဝိုင်းပြီးကေ အပုဒ်ချကတ်တေ။ ဝိုင်းပယ်ကတ်တေ။ လူရာမဝင်အာင် ဝိုင်းကျင်ပလိုက်ကတ်တေ။

ဘာသာရေးဂေါင်းဆောင်တိစွာ အမြဲတမ်းအကြောက်တရားနန့် နောက်လိုက်နောက်ပါတိကို ထိမ်းချုပ်ထားကတ်တေ။ ကျွတ်ရာလွတ်ရာ နိမ္ဗာန်လမ်းကြောင်းကို တဖက်ကကိုင်ထားပြီးကေ၊ မကျွတ်မလွတ်နိုင်ရေ သံသရာလမ်းကြောင်းကို တဖက်ကကိုင်ထားပြီးကေ ထိုနောက်လိုက်နောက်ပါတိကို ထိမ်းချုပ်ထားရေ။ မီးတဖက်၊ ရီတဖက်ကိုင်ထားရေပိုင်ပ။ လိုအပ်ကေ ငရဲ၊ ပိတ္တာ၊ အဝီစိ့၊ သဆီ၊ သရဲဆိုရေ လက်နက်တိကို ထုတ်သုံးရေ။ သူရို့လက်နက်တိရေ ရုပ်ဝတ္ထုပိုင်ကိုင်တွယ်လို့ မရကေလေ့ ကိုင်တွယ်လို့ရရေ ရုပ်ဝတ္ထုလက်နက်ထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းပါရေ။ ရုပ်ဝတ္ထုက ရွီတွက်နိုင်ရေဂဏာန်းလောက်ကိုရာ အန္ဒရယ်ပြုနိုင်ရေ။ သူရို့လက်နက်က ရွီတွက်မကုန်မခန်းနိုင်အောင် အန္ဒရယ်ပြုပါရေ။ မျိုးဆက်ပေါင်းမြောက်များစွာကိုမက သူရို့အတွေးခေါ်ကိုလက်ခံထားသမျှကာလထိ အန္ဒရယ်ပြုနိုင်ရေ။

အာဏာသျှင်ကို မျိုးဆက်တဆက်နှစ်ဆက်အတွင်းမှာ အမြစ်ပြုတ်အောင် ကုသလို့ရရေ။ တွန်းလှန်ပလိုက်လို့ရရေ။ အာဏာသျှင်ထက်ကြောက်ဖို့ကောင်းရေ ဘာသာရေးဂေါင်းတိ၏ အတွေးခေါ်မှားနောက်ကိုလိုက်မိ့ကေ ရာစုနှစ်ပေါင်းထောင်ချီ၊ မဟုတ်ကေ ထောင်စုနှစ်ပေါင်းသောင်းသိန်းချီလို့ လူသားတိကိုအန္ဒရယ်ပြုနိုင်ရေ။

ယင်းအတွက်နန့်
ဘုန်းကြီးမြင်တိုင်း ရှိမခိုးလီကဲ့ ဂေါင်းကိုခြီထောက်နန့် ကျောက်တတ်တေ။
ရဟန်မြင်တိုင်း တရားရဖို့မထင်လီကဲ့ ပြစ်မှာတတ်တေ။ ပြစ်မှားနီကတ်တေ။
ဘာသာရေဂေါင်းဆောင်မြင်တိုင်း ငြိမ်းချမ်းနိုင်ဖို့လို့ မထင်လီကဲ့ စစ်ဖြစ်တတ်တေ။ စစ်ဖြစ်နီကတ်တေ။

......................... 
ခိုင်မြသိန်း (ချောင်းသာကြီး)
၃၀၊ ၀၁၊ ၂၀၁၅

No comments:

Post a Comment