Home        Articles        News        Poems        Love Poems        Aesop Fable        Links        Shwe Gas       

Friday, July 24, 2009

အောင်မြင်မှုချှို့ဝှက်ချက်…“အသင်းအဖွဲ့စိတ်ဓါတ်”

အောင်မြင်မှုသည် အတွင်း၊ အပြင်နှစ်စလုံးဖြစ်နိုင်၏။ အပြင်ဘက်-၄င်းသည် ကောင်းမွန်သော အလုပ်တခု (၀ါ) အောင်မြင်မှုအပ်ါအောက်ခြီခံ၍ လူအဖွဲ့အစည်းမှ အသိအမှတ်ပြုခြင်းသည် အပြင်ဘက်၏တိုင်တာခြင်းပင်ဖြစ်၏။ အတွင်း-၄င်းသည်လည်း လိုအင်ဆန္ဒတခု ပြီးပြည့် စုံသည့်အခါ (၀ါ) အလုပ်တာဝန်တခု ပြီးစီးအောင်မြင်လားသည့်အခါ ထိုအောင်မြင်မှုအား အပြည့်အ၀ကျေနပ်နှစ်သိမ်းခြင်း၊ အားရ၀မ်းမြောက်ခြင်း၊ ကြည်နုခြင်းများ၏ စိတ်ခံစားချက် ပင်ဖြစ်သည်။ ဇာပိုင်စွာကို အောင်မြင်မှု၏မှန်ကန်သော အတိုင်းအတာဖြစ်သည်ဟု ပြောရမည်နည်း--အပြင်ဘက်၏ Accolades ကို ပြောရမည်လား သို့မဟုတ် အတွင်းစိတ်၏ ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်းနှင့် ငြိမ်းချမ်းခြင်းကိုပြောရမည်လား။

အောင်မြင်မှုကို ကျန်တော်ရို့ကိုယ်တိုင်၌ဟိသော သက်တောင့်သက်သာဟိသည့် အနိမ့်အမြင့် ဒီဂရီနန့်လည်း တိုင်းတာ၍ရနိုင်ပါသည်။ ကျန်တော်ရို့သည် ကျန်တော်ရို့၏ ပင်ကိုယ်မူလ သဘာဝနှင့်ကိုက်ညီသော လားလာလှုပ်ယှားနီထိုင်ကြသည့်အခါ ဤအနိမ့်အမြင့်ဒီဂရီ အတိုင်အတာ ဖြစ်လာတတ်ကြသည်။ ပေါ်လာတတ်ကြသည်။ အကယ်၍ ကျန်တော်ရို့၏ လိုအင်ဆန္ဒစိတ်တိုင်းမကျ (၀ါ) လက်ခံအတည်ပြုထားသည့်နည်းလမ်းသည် သဘာဝနှင့် မကိုက်ညီဟု ကိုယ်တိုင်သိမြင်လာသည့်အခါ တခုခုလိုအပ်နီဆဲ၊ လို၍ ဟာ၍နီဆဲပင်ဖြစ်သည်။

ခေါတ်သစ်စီမံခန့်ခွဲမှုနည်းပညာက ကျေနပ်နှစ်သိမ်းနိုင်သော အလုပ်သမားကောင်းတဦးသည် လှုံ့ဆော်တိုက်တွန်းမှု အားနည်းနိုင်သည်ဟု ညွှန်းပြကြသည်။ ထို့ကြောင်းကုမ္ပဏီ (၀ါ) အဖွဲ့အစည်းအား အကျိုးမပြုနိုင်ပါ။ ပြောရဖို့ဆိုပါကေ မတင့်တိမ်မရောင့်ရဲဖြစ်ခြင်း တခုတည်းနန့် အတင်အဓမ္မလှုံ့ဆော်စီခြင်းသည် အနှုတ်လက္ခဏာဆင်သော ချဉ်းကပ်းမှု တခုသာဖြစ်သည်။
သို့သော် လူအများကအပြုသဘောဆင်သော သေသေချာချာ ကျေနပ်မှုရဟိလာကြသောအခါ သူရို့သည် သူရို့၏ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းခံစာချက်များကို တခြားသူများနှင့် မျှဝီလာချင်ကြသည်။ တခြားသူများကိုလည်း ရောင့်ရဲတင့်တိမ်စီချင်ကြပြီး၊ တခြားသူများအတွက် လူမှုရေးလုပ်ငန်းများ စတင်လုပ်ဆောင်လာကြသည်။ သူရို့၏ တိုက်တွန်းလှုံ့ဆော်မှု အဆင့်အတန်းများသည်လည်း အများသူတကာထက် မြင့်မားလာကြပြီး၊ ပို၍ပို၍ ကောင်းမွန်လာကြသည်။ သူရို့သည် အလုပ်ခွင်ထဲ၌ နစ်ပျော်လာကြပြီး၊ ပို၍စိတ်ဝင်စားလာလျက် နိုင်နင်းစွာလုပ်နိုင်လာကြသည်။ ဤသည်မှာ မဟတ္တမဂန္ဒီ၏ စိတ်ပိုင်းဆိုင်ရာ ဖေါ်ပြချက်တခုဖြစ်သည်။


အောင်မြင်မှုအတွင်း၌ ကျန်တော်ရို့၏ ဘ၀ပုံပန်းသဏ္ဍာန် အားလုံးပါဝင်နိုင်သည်။ အကျုံးဝင်နိုင်သည်။ တချို့သော ပညာသည်အလုပ်သမားများ သူရို့၏လုပ်ငန်းခွင် အသီးသီး၌ ချီးကျူးခြင်းခံရနိုင်ကြောင်း ခံရနိုင်ကြပါလိမ့်မည်။ ဂေါင်းဆောင်များသည်လည်း သူရို့၏ နယ်ပယ်ဒေသ အသီးသီးများထဲ၌ ကောင်းချီးသြဘာပြုခြင်းခံရကောင်း ခံရကြပါလိမ့်မည်။ သို့သော် မိသားစုမျက်နှာစာ၌ကား လုံးလုံးလျားလျား ပျက်ကွက်သူများဖြစ်ကောင်းဖြစ်နိုင် ကြသည်။ တချို့တချို့သောပုဂ္ဂိုလ်များ မိသားစုများအတွက် အလွန်ကောင်းသော အိမ်ထောင်ဦးစီးများ ဖြစ်ကောင်းဖြစ်နိုင်ကြသော်လည်း လူအဖွဲ့အစည်းအတွက်ကား ကိုယ်တိုင်ပါဝင်ဦးစီးဦးဆောင်ရန်ကား မတတ်စွမ်းနိုင်ကြပါ။ ဘုရားတရားအလှူလုပ်ငန်းခွင် များ၌ ဿဒါအလျှောက် လွတ်လပ်စွာပူးပေါင်းပါဝင်သကဲ့သို့ ကျန်တော်ရို့သည် လူ့အဖွဲ့အစည်းများအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရာ၌ လုံးဝလွတ်လပ်သူများ ဖြစ်သင့်သည်။ သင်သည် သရက်ခင်းဥယိုင်ထဲ၌ သရက်ပင်တပင်ဖြစ်မြောက်ရေးအတွက် မျိုးစိ့ချရာ၌ တာဝန်ယူကြည့်ပါ။ ၄င်းသရက်ပင် ကြီးပြင်းလာသည့်အခါ သင်အား၊ သင့်အသိုင်းအ၀ိုင်းနှင့် တခြားသောလူသားများအား ချိုမြသောသရက်သီးများမှ ရောင်ပြန် ဟပ်ပါလိမ့်မည်-ဟုဆိုပါလျင်-သရက်သီးအစိ့သည် ဇာလုပ်ငန်းတာဝန်ကို ဆောင်ရွက် ခပါသနည်း။ အမြင်သဘောအားဖြင့် မည်သည့်ခက်ခဲ့မှုကိုမှ ဖေါ်ဆောင်ခပုံ မပေါ်သော်လည်း သရက်သီးအစိ့မှ တဖန်သရက်သီးအဖြစ်၏ အမှန်တရားကား ဆက်လက်ကျန်ဟိနီ ဆဲပင်ဖြစ်သည်။ ဤသည်မှာ သဘာဝတရားပင်ဖြစ်သည်။


ပဇာကြောင်း ကျန်တော်ရို့လူသားများ “အောင်မြင်မှု” ကို ရဟိလိုကြပါသနည်း-ဟုဆိုလျှင် အောင်မြင်မှုသည် ကျော်ဇောကိတ္တဂုဏ်နှင့် ပြည့်စုံစီ၏။ အောင်မြင်မှုအထွတ်အထိပ်၌ ရောက်ဟိနီစီတတ်၏။ ကျေနပ်နှစ်သိမ်းမှုနှင့်ပြည့်စုံစီခြင်း၊ ပျော်ရွှင်ခြင်းနှင့်ပြည့်စုံစီခြင်း၊ လိုအင်ဆန္ဒပြည့်စုံစီခြင်း၊ လောဘတရားအတိုင်း ပြည့်စုံသည့်အဖြစ်များနှင့် အဖေါ်ပြုတတ်ရ၏။ အောင်မြင်မှုသည် ကျန်တော်ရို့ကိုယ်တိုင် လက်တွိ့ခံစား၊ စံစားရသည့် ထူးခြားသော လက္ခဏာတရပ် ဖြစ်သည်။ ၄င်းကိုပင် “အလုံးစုံပြည့်စုံသော တန်ခိုးအာဏာကြီးမားခြင်းဖြစ်၏” ဟု ဆို၏။ ကျန်တော်ရို့သည် အောင်မြင်လိုသော ပြင်ပြမှုစိတ်ဆန္ဒဟိသောကြောင့် ထိုအောင်မြင်မှု ကြီးကြီးမားမား ဆွတ်ခူးနိုင်ကြသည်။ ကြီးကျယ်ခန့်နားလိုကြသည့် အကြောင်းအရင်းမှာ ကျန်တော်ရို့လူသားများ၌ တွီးခေါ်နိုင်သောဥာဏ်စွမ်းရည်များ ဟိ၍ပင်ဖြစ်သည်။ ထို့ကြောင်း ကျန်တော်ရို့သည် အရာရာတိုင်းကို အနိုင်ရလိုကြသည်။ အရာရာတိုင်းကို ပြည့်စုံလိုကြသည်။


အကယ်၍ ကျန်တော်ရို့သည် အောင်မြင်မှုအဓိပ္ပါယ်အလုံးစုံကို နားလည်ကြပါလျင် ကျန်တော်ရို့၏အောင်မြင်မှုသည် တစုံတယောက်ယောက်၏ ယျှုံးနိမ့်ခြင်း၌မှီခိုအားထားခြင်း မပြုသင့် (သို့မဟုတ်) ပုဂ္ဂိုလ်တဦးဦးအားဖြုတ်ချ၍ အနိုင်ရယူခြင်းလည်း မဖြစ်စီသင့်။ ကျန်တော်ရို့၏ပျော်ရွှင်ခြင်း၊ ၀မ်းမြောက်ခြင်းသည် အခြားပုဂ္ဂိုလ်များ၏ ၀မ်းနည်းကြွိကွဲခြင်း၊ ပူဆွဲသောကများအပေါ် အားရမှီခိုအနိုင်ယူခြင်းလည်း မဖြစ်စီရပေ။ တခြားသူများ၏ ဒုက္ခဝေဒနာခံစာရခြင်းကိုလည်း ကရုဏာသက်တတ်ရမည်။ စာနာထောက်ထားတတ်ရမည်။ ထို့အတူ သူရို့၏အမှန်စင်စစ်ပျော်ရွှင်မှု၊ ၀မ်းမြောက်ကြည်နုမှုကိုလည်း အတွိ့အကြုံအဖြစ် သင်ခန်းစာယူတတ်ကြရမည်။


လင်္ကာဒီပကျွန်း (လက်ဟိသီရိလင်္ကာနိုင်ငံ) မှ အောင်ပွဲ့နှင့်အတူ ပြန်ရောက်လာသော ရာမအား “လင်္ကာဒီပစစ်ပွဲ့အား မည်ကဲ့သို့အောင်မြင်ခပါသနည်း” ဟု မီးလာကြသည့်အခါ သူအားစစ်ပွဲ့အတွင်း ကူညီဆောင်ရွက်ပီးကြသည့် မဟာ..ဟာနုမာန်မျောက်တပ်မဟာကြီး အပါအ၀င်၊ အခြားစစ်သည်တော်ကြီးများ၊ စစ်သူကြီးများအား တဦးမကျန်ဂုဏ်ပြုချီးကျူး ဖြေဆို၏။ စင်စစ်မှန်ကန်သော အောင်မြင်မှုသည် တခြားပုဂ္ဂိုလ်များအားလည်း ပျော်ရွှင်ကြည်နုစီ၏။ အသင်းအဖွဲ့တခုလုံး ဂုဏ်ပြုချီးကျူးရာ၌လည်း တေးကဗျာတပုဒ်ကဲ့သို့ ကြည်နုဝမ်းမြောက်စီ၏။ စစ်မှန်သောဂေါင်းဆောင်တဦး (၀ါ) အစေခံဝန်ထမ်းဂေါင်းဆောင် တဦးသည် တဦးတယောက်တည်း အောင်မြင်မှုရယူခြင်း မဟုတ်စီဘဲ အသင်းအဖွဲ့စည်းတခုလုံးကို အောင်မြင်မှုနှင့်အတူ သူရို့၏ (အသင်းဝင်၊ အဖွဲ့ဝင်) ဂုဏ်အချိန်အ၀ါကို လက်တွဲမြှင့်တင်ယူဆောင်လားကြသည်။ မယ်သီတာဟိသောနီရာကို တိတိကျကျ သတင်းရယူပြီးနောက် လင်္ကာဒီပကျွန်းမှ မဟာ..ဟာနုမာန်မျောက် ပြန်ရောက်လာသည့်အခါ မယ်သီတာဟိသောနီရာသတင်းကို ရာမထံသို့တိုက်ရိုက်မဆက်သ ဘဲ၊ ဟာနုမာန်သည် တခြားပူးပေါင်းပါဝင်ကြသည့် မျောက်စစ်သည်တော်များအားစုရုံးပြီး ထိုမျောက်စစ်သည်တော်များအား မယ်သီတာဟိသည့် နီရာသတင်း ပြည့်ပြည့်စုံစုံ အောင်မြင်စွာရယူခြင်း သံတမာန်အဖွဲ့၌ အားလုံးပါဝင်ဆောင်ရွက်နိုင်မှုကြောင့် ဤသတင်းကို ရဟိနိုင်ခသည်ဟု ချင်းပြသည်။ ထိုသတင်းကိုလည်း ရာမထံသို့ အတူတကွဆက်သကြသည်။ ထို့ကြောင့် မျောက်တိုင်းမျောက်တိုင်း တန်းတူပူးပေါင်းပါဝင်မှုကြောင့် မယ်သီတာအား ရှာဖွေတွိ့ဟိခသည်ဟု ခံယူကြသည်။ ဤသည်မှာ တကိုယ်ကောင်းမဆံသော စစ်မှန်သည့် ဂေါင်းဆောင် (၀ါ) အစေခံဝန်ထမ်းလိုသော ဂေါင်းဆောင်ရို့၏ အောက်ခြီခံကျသော အများပူးပေါင်းပါဝင်လိုသော အသင်းအဖွဲ့စိတ်ဓါတ်ပင်ဖြစ်၏။


ဘုရားသခင်သည် ကျန်တော်ရို့အား အယောက်တိုင်းစီ၏ ထူးခြားသောဂုဏ်ဝိသေဿကို ဖန်တီပီးခသည်ဟု ဆိုပါလျင် ကျန်တော်ရို့သည် မိမိကိုယ်ကိုမိမိ ယုံကြည်သူများ ဖြစ်ကြရမည်။ လောကကြီးအတွင်း၌ အတုအပလုပ်ဆောင်ကြသည့်အခါ (သို့မဟုတ်) သူတပါးအား မှာကြားလိုသောသတင်းကို ကိုယ်တိုင်သယ်ယူပို့ဆောင်လာကြသည့်အခါ မိမိကိုယ်ကိုမိမိ မှီခိုသူများဖြစ်ကြရမည်။ ကျန်တော်ရို့သည် ကိုယ့်ကိုကိုယ် ယုံကြည်သူများဖြစ်ကြရမည်။ အကယ်၍ ကျန်တော်ရို့ တစုံတယောက်ယောက်အား အတုအပလုပ်၍ အောင်မြင်မှုကို ရဟိလျှင် ထိုအောင်မြင်မှုသည် တခြားသောပုဂ္ဂိုလ်များနှင့်လည်း သက်ဆိုင်သည်။ ဆက်စပ်မှုဟိသည်။ ဒုတိယအားဖြင့် ကျန်တော်ရို့သည် လွတ်လပ်သူများဖြစ်ကြရမည်။ ပြီးမှ မိမိအလုပ်ကို ဆက်လုပ်ပါ။


အမြင်သဘောအားဖြင့် အရေးပါအရာမရောက်သည့် လှုပ်ယှားမှုကအစ-တခြားသူများအကူ အညီမပါဘဲ မိမိနီသည့်အိမ်ခန်း သပ်သပ်ယပ်ယပ် ဖြစ်လာစီရန်၊ မိမိအ၀တ်အစားများကို ကိုယ်ကိုယ်တိုင်ဂရုတစိုက်ဖြစ်စီရန်နှင့် သန့်ယှင်းသောရီချိုးခန်းတခု အမြဲဖြစ်နီစီရန် မိမိကိုယ်ကို လွတ်လပ်စွာပူးပေါင်းပါဝင်ခြင်းသည် မိမိကိုယ်တိုင်လုပ်၍ ရနိုင်ပါတကားဟု ကိုယ့်ကိုကိုယ် ယုံကြည်မှုရလာစီလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကိုမိမိ လွတ်လပ်သော လမ်းသွယ်၌ ပြုစုပျိုးထောင်ခြင်းဖြစ်၏။

ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၂၊ ၁၀၊ ၂၀၀၄၊
Dum Dum Central Jail, Kolkatta, India.
Thusday, September 28, 2004 ထုတ် The Times of India သတင်းစာပါ {တရားဟောသောမဟာဗောဓီး The Speaking Tree} အခန်းကဏ္ဍမှ စာရွီးဆရာ ဆွာမိနိပ္ခိလာနန္ဒ (Swami Nakhilananda) ရွီးသားဖေါ်ပြသော {Secret of Success: Team Spirit} အား ရခိုင်ဘာသာသို့ သင့်လျှော်အောင် ဘာသာပြန်ဆိုခြင်း ဖြစ်ပါသည်။

Monday, July 20, 2009

အာဏာပါဝါ၏ထိုင်ခုံမှာ…ဂုဏ် (သို့မဟုတ်) အမှုထမ်းခြင်း

ဝန်ကြီးတဦးအဖြစ်၏အဓိပ္ပါယ်မှာ ပြည်သူလူထုအတွက် အမှုထမ်းခြင်းသတ်သတ်သာဖြစ်၏။ မည်သို့ပင်ဆိုစီကာမူ..အကယ်၍…၀န်ကြီးအဖြစ်အား သာယာကျေနပ်နှစ်သိမ်းမှု (၀ါ) ဂုဏ်ဒြပ်သြဇာရယူရန် နည်းလမ်းတခုအဖြစ် သူ၏အတွင်းစိတ်၌ ထင်မြင်ယူဆထားပြီး ထိုရာထူးသည် အသုံးပြုခြင်းခံရပါက၊ ပြည်သူပြည်သားများ တိုးတက်ကြီးပွားမှုကို အဟန့်အတားဖြစ်စီ၍၊ ဖေါက်ပြန်အဂတိလိုက်စားမှုနှင့် လူ့အဖွဲအစည်းအား သောင်းကျန်း ဗိုလ်ကျပြီး ယုတ်ညံ့သောကိုယ်ကျင်တရား လမ်းသွယ်ထဲသို့ ဇောက်ထိုးခုန်ဆင်းလိုက်ခြင်းသာ ဖြစ်သည်။ ကြောင်ရွံ့ခြင်းနှင့် လုံခြုံမှုမဟိခြင်းများက လူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိမ့်မည်၊ လူသားများကို တားဆီးချုပ်တည်၍ ထားကြလိမ့်မည်။ဤသည်မှာ ကြောက်ရွံ့ခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းများအား နှိမ်နင်းအောင်မြင်စီလိုရန် လူသားများ အတွက် သဘာဝအကြောင်းတရားဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ အများစုသည် လုံခြုံမှု ဟိလာစီရန်၊ လုံခြုံမှုစိတ်ချလာအောင် အမြဲတမ်းလိုလို တခုခုလုပ်တတ်ကြပါသည်။ အကျိုး ဆက်အားဖြင့် အာဏာပါဝါ၏ထိုင်ခုန်အတွက် ကြိုးစားအားထုတ် တော်လှန်လာကြ တတ်သည်။ မည်သို့ပင်ဆိုစီ..ထိုပုဂ္ဂိုလ်များသည် အာဏာပါဝါရလာပြီးနောက် ထိုအာဏာ ပါဝါအား စွဲမက်လာကြသည်….မှာ…အမှန်စင်စစ် အာဏာပါဝါမဟုတ်ပါ။ သူရို့၏၀တ္တရားများ ဆောင်ရွက်ကြရန် ၀န်ကြီးယုံးထဲသို့ ရောက်လာကြသည့်တိုင်အောင် သူရို့သည် အနည်းဆုံး အလုပ်လောက်သာ ပြီးစီအောင်မြင်နိုင်ကြသည်။ သူရို့လုပ်ငန်းဆောင်တာ မပြီးစီးသည်ကို ကြည့်၍ သူရို့အားပြစ်တင်ပုတ်ခတ် ဝေဖန်ခြင်းမပြုပါနှင့်။ အာဏာပါဝါ၏ထိုင်ခုန်ကို ရယူ သိမ်းဆည်းလိုက်ပြီးသည့်နောက် သူရို့၏ ငါတကော့ကော့၍ ငေါ့ပြောခြင်းသည် သူရို့၏ စိတ်တွင်း၌ ကြောင်ရွံ့စိုးရိမ်လျက် ကျန်ဟိနီဆဲပင်ဖြစ်သည်။ အဟုတ်အမှန်ပင်… ကြောက်ရွံ့ စိုးရိမ်ခြင်းအမျိုးမျိုးသည် စိတ်တွင်း၌ ပိုမိုတိုးမြင့်လာသည်။ အကယ်၍ ကျပ်တည်းတင်းမာမှုနှင့် ကြောက်ရွံ့စိုးရိမ်နီပါက သင်သည်အပြုသဘောဆောင်သည့် ဖန်တီးမှုအတွီးအခေါ်သစ်နှင့် အတူ အောက်ခြီခံမြင့်မားလာနိုင်မည့် မဟုတ်ပါ။ ထို့ကြောင်း သင်သည် အလုပ်မြောက်များစွာ မလုပ်နိုင်၊ သင့်လူ့အဖွဲ့အစည်းအတွက်လည်း မလုပ်နိုင်သလို၊ သင့်ကိုယ်ရည်အတွက်လည်း လုပ်နိုင်မည်မဟုတ်ပေ။ ၀န်ကြီးများ သူရို့ရလိုကြသည့် သူရို့၏လမ်းကြောင်းကို မရောက်လျင် ၀န်ကြီးများရာထူးမှ နှုတ်ထွက်ကြမည်ဟု ခြိမ်းခြောက်တတ်ကြသည်များကို သင်ရို့မကြာမဏ ကြားကတ်ရပါ လိမ့်မည်။ တချို့နောက်လိုက်များက သူရို့ကိုသူရို့ကိုယ်တိုင် သတ်သီရန်ထိ ခြိမ်းခြောက်တတ် ကြသည်။ သို့သော် ရာထူးမှနှုတ်ထွက်ရန် ဇောတိကတက်ခြင်းသည် တာဝန်မဲ့ခြင်းသာ ဖြစ်သည်။ ဂုဏ်ယူဖွယ်ရာမဟုတ်ပါ။ အနစ်နာခံ စွန့်လွှတ်ခြင်းလည်း မဟုတ်ပါ။ ဤသည်မှာ ပြည်သူမှ အထွတ်တမြတ်လွှဲအပ်ထားသော တာဝန်ဝတ္တရားကို စွန့်လွှတ်ခြင်းအပြုအမူသာ ဖြစ်သည်။ သင်သည် သင်၏ရာထူးစွန့်လွှတ်ခြင်းအား ဇောတိကမာန်မာန ဂုဏ်မောက်ရ လောက်အောင်ထိ ၀န်ကြီးအဖြစ်သည် ဇိမ်ခံပစ္စည်းတခုကား မဟုတ်ချေ။ အလားတူပင်… ၀န်ကြီးရာထူးအား တစုံတယောက်အား အပ်နှံခြင်းသည် ၀န်ကြီးအဖြစ်ရွီးချယ်ခံရသူ၏ အကောင်းဆုံးအစေခံဝန်ထမ်းမှုကို မျှော်လင်းခြင်း၊ တောင်ဆိုခြင်းသာဖြစ်၏။ ၄င်းသည် ဆုလဒ်တခုအဖြစ် အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုဖို့ကား မဟုတ်ချေ။သင်၌ အေကန်စင်စစ် မွီးရာပါကိုယ်ပိုင်ပါဝါစွမ်းရည်ဟိပါက ပြည်သူအကျိုးစီးပွားအတွက် အမှန်ပင်အမှုထမ်းလိုရန် အာဏာရာထူး (၀ါ) အဏာပါဝါထိုင်ခုန်ကား မလိုအပ်ပါ။ မဟတ္တမဂန္ဒီ ပြည်သူ့အကျိုးဆောင်ရွက်နိုင်ခသကဲ့သို့ တရားဝင်ရာထူးဌာနန္တရမဟိဘဲ လူထုအကျိုးစီးပွား အတွက် သင်ပိုပြီးကောင်းကျိုးပြုနိုင်သည်။ ဆောင်ရွက်နိုင်သည်။ မကြာခဏလိုလို အုပ်ချုပ်သူ တဦးသည် မှန်ကန်ပြုပြင်ရေးသမား တယောက်မဟုတ်သလို၊ မှန်ကန်ပြုပြင်ရေးသမား သည်လည်း အုပ်ချုပ်ရေးသမားတယောက်မဟုတ်ပါ။ မှန်ကန်ပြုပြင်ရေးသမားသည် အုပ်ချုပ်မှု အာဏာကို မလိုလားပါ။ မမက်မောပါ။ပြည်သူလူထုအများစုအား လှုံ့ဆော်မှုပင်ရင်းအချက်အလက်များမှာ ထိခိုက်လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပင်ဖြစ်၏။ စါမတတ်သူ ဦးရည်များလာသောအခါ ထိခိုက် လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပို၍ ဖြစ်လာတတ်ကြသည်။ ဤနီရာမှာ ကျယ်ပြန့်သည့်ပညာရေး စနစ်နှင့်ပါတ်သက်လို ဆန်ကျင်တန်ပြန်ပြုရန် အရေးကြီးသည် တခုမှာ ဘာသာရေးပညာရပ်နှင့် သိပ္ပံပညာရပ်နှစ်ခုစလုံးပင်ဖြစ်သည်။နိုင်ငံရေးဂေါင်းဆောင်အများစုသည် စစ်မှန်သောပြည်သူ့ဝန်ထမ်း အယူအဆအား မိုက်မဲစွာ မျက်ကွယ်ပြထားကြသည်။ ဥပေက္ခာပြုထားကြသည်။ လူမျိုး၏ထုံးတမ်းစိုင်လာ ဘောင်နယ် နမိတ်များကို ကျော်လွန်၍၊ ဘာသာရေးဓလေ့ထုံးတမ်း ဘောင်နယ်နမိတ်များကို ကျော်လွန်၍၊ အမျိုးသားရေးဆိုင်ရာ ဘောင်နယ်နမိတ်များကို ကျော်လွန်၍ အနည်းငယ်သော စွန်စား လုပ်ဆောင်ချက်များ ဟိကြပါ၏။ ထိုနယ်နမိတ်ဘောင်များနှင့် ချုပ်တည်သတ်မှတ်ထား လိုက်သောအခါ သူရို့ကိုသူရို့ကိုယ်တိုင်အား ဘေးဥပါဒ်ဖြစ်စီသလို၊ တခြားသူရို့နှင့် ဆက်နွယ်နီသည့် ပါတ်ဝန်းကျင်တခုလုံးလည်း ထိခိုက်နစ်နာ ပျက်စီးကြရသည်။ ထို့ကြောင်း နိုင်ငံရေးသမားများသည် လူမှုရေးတာဝန်ဝတ္တရားများ ထမ်းဆောင်ရာ၌၊ တိုင်ပြည်အား ဦးစီးဦးဆောင်လမ်းပြရာ၌ နိုင်ငံရေးပညာရပ်များ ကျွမ်းကျင်ရန် အထူးလိုအပ်ပါ၏။ အရေးကြီးသည့်အချိန်ကာလဖြစ်သော ကမ္ဘာမိသားစု (Global Family) ၏ အချိန်နှင့်အမျှ လျှင်မြန်လှုပ်ယှားနီကြောင်းကို ကောင်းကောင်းနားလည် သဘောပေါက်ထားရမည်။ ညက်နီအောင် တတ်မြောက်ထားရမည်။ နွးကျီအောင်လည်း သိထားရမည်။ ၀န်ကြီးများသည် မြှောက်ပင့်ကပ်မျှောင်နီသော နိုင်ငံရေးသံချီးတက်များအားဆန့်၍ ဘေးအန္ဒရယ်လုံခြုံအောင် ကာကွယ်ရန် သူရို့၏စွမ်းရည်များကို ပြုစုပျိုးထောင်ထားရန်လည်း အလွန်အရေးကြီးစွာလိုအပ်ပါသည်။ အမှန်ပင်….သူရို့၏အတွင်းစိတ် (inner voice) ကို လိုက်နာသင့်သည်။ သူရို့၏ လမ်းညွှန်မှုသည် အမှားများထဲမှ အကောင်ဆုံးမှန်ကန်မှုကို ရွီးချယ်စီးစစ်ရန် အတွင်းစိတ်၏အလွန်ကောင်းမွန်သော မူပိုင်လမ်းညွှန်မှုကို လိုက်နာ သင့်သည်။အယုံအကြည်ကင်းမဲ့သော နိုင်ငံရေနယ်ပယ်မှ ကျန်တော်ရို့လွတ်မြောက်ရမည်။ အမုန်ပွားစီသောနိုင်ငံရေးနွံအိုင်ထဲမှ ကျန်တော်ရို့လွတ်မြောက်ရန် ကြိုးစားရမည်။ စစ်မှန်သော အမြှော်မြင် ဆင်ခြင်တုံတရားနှင့်ပြည်စုံသော နိုင်ငံရေးမူဝါဒသည် ဘာသာစကားကွဲပြားမှု၊ အယူအဆ ယုံကြည်ချက်ကွဲပြားမှု၊ ဘာသာရေးမတူကွဲပြားမှု၊ ဇာတ်နိမ့်ဇာတ်မြင့် မတူကွဲပြားမှုများအား တပြေးညီသဘောထားဖြင့် ပြုစုစောင့်ယှောက်ရန်သာဖြစ်သည်။ အစေခံအမှုထမ်းခြင်းသည် နိုင်ငံရေးအာဏာပါဝါ၏ ဦးတည်ချက်ဖြစ်လာသောအခါ (နိုင်ငံရေး) လှုပ်ယှားမှုတရပ်လုံးသည် တိုးတက်၊ ကြီးပွားချမ်းသာ၊ ဖွံ့ဖြိုးတိုးတက်မှုသို့ ပြောင်းလဲ လာကြသည်။ မည်သို့ပင်ဆိုစီ နိုင်ငံရေးပါတီများသည် မကြာခဏလိုလို အတူတကွ ဖြစ်လာကြသည့်အကြောင်းရင်မှာ ဘုံရန်သူအား တိုက်ခိုက်နှိမ်နင်းရန်အတွက် တခုတည်းသာ ဖြစ်ကြသည်။ ဘုံ်ရည်မှန်ချက်ပန်းတိုင် (သို့မဟုတ်) ဘုံအကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား) အတွက်ကား မဖြစ်နိုင်ကြချေ။ သူရို့၏ညီညွတ်ခြင်းသည် ကြောက်ရွံ့ခြင်းနှင့် မုန်းတီခြင်း (၀ါ) ရန်ငြိုးများအား အောက်ခြီခံ၍သာဖြစ်ကြသည်။ မတူကွဲပြားခြားနားသောပါတီများ တိုင်ပြည် အကျိုး၊ ပြည်သူအကျိုး၊ အများအကျိုးများအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးမှုတိုးမြင့်မက တိုးမြှင့်လာအောင် အတူတကွပူးပေါင်းလုပ်ဆောင်သင့်သည်။ ရန်ငြိုးအမုန်းတရားကြီး စိုးမိုး၊ လွှမ်းမိုးသည့်နိုင်ငံရေးမူဝါဒ အဆုံးသတ်သင့်ပြီဖြစ်၏။အလွန်ချမ်းသာကြွယ်ဝသည့် မြီပိုင်သျှင်သူဌေးတယောက်သည် ပန်ခြံအလုပ်သမားနှစ်ဦး ငှား၍ ပန်းခြံ၌အလုပ်လုပ်ခိုင်စီ၏။ နှစ်ဦးစလုံးအား တလှည့်စီပြောင်း၍ လုပ်ခိုင်းစီ၏။ နှစ်ဦးစလုံးပင် ပန်ခြံအားမည်ကဲ့သို့ တိုးတက်ပြောင်းလှဲသင့်သည်။ မည်ကဲ့သို့ ပြုပြင်သင့်သည်နှင့်ပင် သဘောထားကွဲလွဲကြလီ၏။ အလုပ်သမားတဦးက မြီလောက်သာ ပြုပြင်ယှင်းလင်းထား၏။ နောက်လုပ်သမားတဦးရောက်လာသောအခါ ပထမအလုပ်သမား၏ မပြီးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲချန်ထား၍ သူလုပ်လိုသောအလုပ်ကိုသာ ပြောင်လွဲလုပ်လီ၏။ ဤကဲ့သို့ တဦး၏အလုပ်ကိုတဦးက ချန်ထားခြင်ဖြင့် လပေါင်းများစွာ ကြလာ၏။ နောက်ဆုံးမှာ ပန်းခြံကြီးသည် မည်သည့်ပန်းပင်မှ မစိုက်ပျိုးနိုင်ဘဲ၊ မည်သည့်ပန်းပွင့်မှ မထုတ်လုပ်နိုင်ဘဲ ပေါင်းမြက်ထူလျက် ဆက်လက်ကျန်ဟိနီဆဲပင်။ သူရို့၏တတ်စွမ်းမှုစွမ်းရည်များသည် အချဉ်းအနှီးကြွားဝါမှုသာ ဖြစ်လီ၏။အထက်ဖေါ်ပြပါဥပမာနှင့် လက်ဟိနိုင်ငံရေးပါတီများ၏ မူဝါဒလမ်းစိုင်များနှင့် လုပ်ငန်းများသည် တထပ်တည်း၊ တထည်ရာတည်း ကွက်တိစွပ်ပိုက်ပင်တူနီပါ၏။ ဤကဲ့သို့လည်း ဆောင်ရွက်ကြ၏။ ယခင်ပါတီ၏ မပြီးဆုံးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲ ချန်ထား၍ သွားပုတ်လီလွှင့်ပြောခြင်းဖြင့် အချိန်များကို ဖြုံးတီးပစ်ကြ၏။ ကျန်ဟိနီသော နိုင်ငံရေပါတီများ၏ လုပ်ငန်းများအား ဖြည့်စွက်လိုက်သည့်အခါ၊ နိုင်ငံရေးပါတီတခုနှင့်တခု လေးစားချီးမြှင့်လာကြသည့်အခါ အိန္ဒီယာသည် အမှန်ပင်တောက်ပြောင်ထွန်းလင်း လာလိမ့်မည်။ (ဆတ်ယူဂ (အိန္ဒီယသမိုင်း၌ အလွန်တိုးတက်ခသည့် Satyuga) ခေါတ်တခေါတ်ဟိဖူးခပါ၏။ ၄င်းခေါတ်၏လူသားများသည် အလွန်ရိုးသား၍ မင်းကောင်း မင်းမြတ်များပေါ်ခပါ၏။) သို့မဟုတ် အားလုံးသောနိုင်ငံရေးပါတီများ ဘုံဦးတည်ချက် ပန်းတိုင်သို့ ဦးတည်လာကြသည့်အခါ ရွှီရောင်လွှမ်းသောခေါတ်သို့ ရောက်လာကြလိမ့်မည်။ ဆင်းရဲခြင်းအတိဒုက္ခမှ သက်သာခွင့်ရလာကြလိမ့်မည်။ ဆင်းရဲသူဆင်းရဲသားများအား အာမခံသည့်ဘ၀ကို ထူထောင်ခွင့်ရနိုင်ကြလိမ့်မည်။ စာနာတတ်သည့်စိတ်ထားများ၊ သနားညှာတာတတ်သည့်စိတ်ထားများ ကိမ်းဝပ်နိုင်ကြလိမ့်မည်။ အပြစ်ကင်မဲ့သူပြည်သူ ပြည်သားများအတွက် လုံခြုံမှုပိုမိုရဟိလာကြမည်။ ဖေါက်ပြန်ပြီး အဂတိလိုက်စားသော နိုင်ငံရေးသမားများလည်း ပေါ်ပေါက်လာနိုင်ကြလိမ့်မည် မဟုတ်ပေ။

ဘာသာပြန်ခိုင်မြသိန်း (ချောင်းသာကြီး)
August 31, 2004
Dum Dum Central Jail, Kolkatta, India.
Thursday, May 27, 2004 ထုတ် The Times of India သတင်းစာပါ “တရားဟောသော မဟာဗောဓီး The Speaking Tree” ကဏ္ဍမှ စာရွီးဆရာ သျှရီသျှရီရာဗီချန်ကာ (Sri Sri Ravi Shankar) ရွီးသားဖေါ်ပြသော { The Seat of Power: Pride or Service} အား ရခိုင်ဘာသာသို့ ဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။

Wednesday, July 15, 2009

ဂေါင်းဆောင်၏တန်ဘိုး--မနာလိုအားကျခြင်း (၀ါ) ပြိုင်ဆိုင်ခြင်း

ဂေါင်းဆောင်မှုသည် တန်ခိုးစွမ်းရည်ကြီးသော လုပ်ငန်းတခုဖြစ်သည်။ ဂေါင်းဆောင်တဦးသည် ရာထူးနှင့်လုပ်ပိုင်ခွင့်များကို အားကျကြသလို ထိုရာထူးနှင့်လုပ်ပိုင်ခွင့်များ၌ နစ်ပျော်တတ်ကြသည်။ သူသည် မြှော်ပင့်လွန်ခြင်း (သို့မဟုတ်) အရို့သေလွန်ခြင်းတခုခုကို လက်ခံရဟိတတ်သည်။ ပြိုင်ဖက်မဲ့ချန်ပီယံတယောက်အဖြစ် နာကျော်ကြားခံရတတ်သည်။ မြှောက်စားခြင်းခံရတတ်သည်။

ဂေါင်းဆောင်တယောက်သည် မကြာခဏ ပြိုင်ဆိုင်ခြင်းခံရသောအခါ အနည်းငယ်အံ့သြစရာကောင်းသည်မှာ အားကျဖွယ်ရာကောင်းခြင်းပင်ဖြစ်၏။ အချိန်အ၀ါမြင့်မားမှုနှင့် တန်ခိုးအဏာကြီးသော ရာထူးများအတွက် စိတ်အားထက်သန်ပြင်းပြစွာ သူရို့၏ကတိဂ၀တ်၊ သစ္စာများဖြင့် ကြွေးကြော်တတကြသည်။ ယင်းနောက် တိုင်းပြည်အတွင်း အမြင့်မားဆုံးသောရာထူးကို မြူဆွယ်ရယူကြ၏။

ဆိုနီယာဂန္ဒီ (Sonia Gandhi) သည် တိုင်ပြည်၏အမြင့်ဆုံး အာဏာရာထူးအားစွန့်လွှတ်ရခြင်း အကြာင်းအရင်းများသည် ပြည်သူလူထုအား အငြင်းပွားဖွယ်ရာဖြစ်လာသည့်တိုင်အောင် သူမ၏ ပထမထဲက ပထမဆုံးအပြုအမူမှာ “ဤရာထူးအားမယူပါ” ဟု ငြင်းဆိုဖေါ်ပြခြင်း ဖြစ်ပါ၏။ တိုင်ပြည်အတွင်း၌ အရေးအကြီးဆုံးနှင့် လုပ်ပိုင်ခွင့်အာဏာ အဟိဆုံးရာထူးအား စွန့်လွှတ်ရသည်မှာ အကြောင်းအရင်တစုံတခုကို အောက်ခြီခံ၍ အလိုအလျှောက် သဘောပေါက် ယုံကြည်ထားခြင်းသည် သူမ၏အတွင်းစိတ်၌ “ဤရာထူးအားမယူပါ” ဟု တိုက်တွန်းနှိုးဆော်လျက် ဟိခပါလိမ့်မည်။ ထိုတိုက်တွန်းနှိုးဆော်မှုနှင့်အတူ ဣနြေ္ဒရရ သူမ၏ဆုံးဖြတ်ချက်အား တည်ခင်းပြသနိုင်ခပါ၏။

ယခု ထို “စူးငြောင့်သရဖူ” အား မာန်မိုဟန်စိန် (Manmohan Singh) ဥဂေါင်း၌ ၀တ်ဆင်ပီးလိုက်သည်။ ဤသည်မှာ “ဂေါင်းဆောင်မှုနည်းလမ်းမှာ ပဇာကိုခေါ်ပါသနည်း” ဟု ကြည့်ရှု့မှတ်သားဖွယ်ရန် ဥပမာပြသလိုက်ခြင်း ဖြစ်ပါ၏။ နှစ်ဦးစလုံး (Sonia and Manmohan Singh) ဂေါင်းဆောင်များဖြစ်လာကြပြီး အတူတကွ ဦးစီးဦးဆောင်ကြပါလိမ့်မည်။ အမှန်ပင် အစိုးရအဖြစ်အုပ်ချုပ်စီမံခန့်ခွဲသော ပါတီ (၀ါ) အဖွဲ့အစည်းတခု၏ဥနှောက်သည် အလွန်ပင်ကြီးမားပါ၏။ (သို့မဟုတ်) တိုင်ပြည်သည် နယ်နမိတ်မဲ့နီးပါး ကျယ်ပြန့်သော အကျပ်အတည်းအခက်အခဲများကို ဖြေယှင်းနိုင်သော ဥာဏ်အမြှော်မြင်ဖြင့် ပြည်ချံလုနီးနီး ဟိပါလိမ့်မည်။ သူ၏ (မာန်မိုဟန်စိန်) စီမံခန့်ခွဲမှုနှင့် အမိန့်စကားများသည် တရားဥပဒေဖြစ်၍ မင်းမျှောင်ကပ်စားကပ်ဖါးများလည်း ပေါများကြပါလိမ့်မည်။ မည်သို့ပင်ဆိုစီ ဂေါင်ဆောင်တဦးတယောက်မျှ ဂေါင်းဆောင်မှုဝန်ထုပ်ဝန်ပိုးမှ မလွတ်မြောက်နိုင်ခြင်းမှာ အမှန်ပင်ဖြစ်၏။ ဤသည်ကို ကတ်ဒီလခ်မော်တာကားကုမ္ပဏီ (Cadillac Motor Car Company) မှ တိုတုတ်ပြတ်သားစွာ ရွီးချယ်ခေါ်ဝါလိုက်သည်မှာ “ဂေါင်းဆောင်မှုပြစ်ဒါဏ်”--သည်--တချိန်တခါက သမိုင်းတွင်ခပြီး၊ ယင်းကဲ့သို့ ဆက်လက်တည်ဟိဆဲဖြစ်သည်။

လူလောကနယ်ပယ်တိုင်း၌ ကြိုးစားအားထုတ်မှုနှင့်ဆက်စပ်လျက် ထိုပုဂ္ဂိုလ် (ဂေါင်းဆောင်) သည် ပထမဆုံးနာမည်ကျော်ကြားမှု အလင်းရောင်ဖြူထဲ အမြဲမပြတ်ဆက်လက်ရှင်သန်လျက် ဟိပါလိမ့်မည်။ ဂေါင်းဆောင်မှုအာဏာကို ပုဂ္ဂိုလ်တဦးအားအပ်နှံရန်ဖြစ်စီ သို့မဟုတ် ကုန်ပစ္စည်းတခုခုထုတ်လုပ်ရာ၌ဖြစ်စီ ယှဉ်ပြိုင်ခြင်းနှင့်အားကျမနာလိုမှုများသည် (လုပ်ငန်းခွင်၌) အမြဲတမ်းဖြစ်တတ်ကြသည်။ ပန်းချီအနုပညာနယ်ပယ်ထဲ၌ဖြစ်စီ၊ စာပီလောကထဲ၌ဖြစ်စီ၊ တေးရွီးအနုပညာလောကထဲ၌ဖြစ်စီ၊ စက်မှုလက်မှုလုပ်ငန်းခွင်၌ဖြစ်စီ၊ ဆုလါဒ်နှင့်ပြစ်ဒါဏ်ပီးခြင်းသည် အမြဲတမ်းတဘောတည်း တူညီကြသည်။ ဆုလါဒ်သည် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခြင်းဖြစ်၍ ပြစ်ဒါဏ်ပီးခြင်းသည် ပြင်းထန်သောငြင်းဆိုခြင်းနှင့် ဂုဏ်သိက္ခာလျော့ပါးစီအောင်ပြုခြင်း ဖြစ်ပါသည်။

ပုဂ္ဂိုလ်တဦးဦး၏အလုပ် (သို့မဟုတ်) လုပ်ရပ်သည် လောကတခုလုံးအတွက် စံမှီအဆင့်အတန်းတခုဖြစ်လာသောအခါ၊ ၄င်းအဆင့်အတန်းသည် အနည်းဆုံး မနာလိုအားကျမှုမြှားဦးများ၏ ပစ်မှတ်တာဂတ်တခု ဖြစ်လာတတ်သည်။ အကယ်၍ သူ၏လုပ်ရပ်သည် ထူးခြားသည့်ဂုဏ်သတ္တိမဟိပါက (၀ါ) ရွက်ကြမ်းရီကြိုမျှသာဖြစ်နီပါက ပြင်းထန်သောအခက်ခဲအကျပ်အတည်းများနှင့်အတူ သူသည် တယောက်တည်း ၀ိုင်းပယ်ထားခြင်းခံရမည်မှာ သေချာပါ၏။ အကယ်၍ ထိုပုဂ္ဂိုလ်သည် ထူးခြားပြောင်မြောက်သည့် အတွီးအခေါ်အယူအဆ၊ လက်ရာများနှင့် အောင်မြင်မှုအထွတ်အထိပ်သို့ရောက်နီပါက လှုပ်ယှားသယောင်ယောင်၊ အနစ်နာခံသယောင်ယောင်ပြုပြတတ်သော ကပ်စားကပ်ဖားများ ချီးကျူးမှုဘာသာစကား သောင်းခြောက်ထောင်နှင့် ပြည်ချံဝိုင်ရံလျက် ဟိနီပါလိမ့်မည်။ မနာလိုသ၀န်တိုမှုများသည်လည်း အစွမ်းထွက်လာကြလိမ့်မည်မဟုတ်ပါ။ ထိုအစွမ်းမထွက်မှုသည် နှစ်ဖက်ခွဘာသာစကားနှင့် သုခမီအနုပညာသျှင်သည် အများနှင့်သက်ဆိုင်သော၊ အများလက်ခံသော ပန်းချီကားချပ်ကိုရွီးဆွဲပါလိမ့်မည်။ ဇာမဆို သင်သည် ရွီးသားဖေါ်ပြနိုင်သည်။ ဆီးချယ်ရွီးဆွဲနိုင်သည်။ တီမှုတ်သီဆိုနိုင်သည်။ ဖွဲ့စည်းတည်ထောင်နိုင်သည်။ ထူးခြားထက်သန်သော ပညာဥာဏ် (၀ါ) စစ်မှန်သောဆီးတဆိပ်နှင့် သင့်လုပ်ရပ်အား ချယ်မှုန်းမဖျက်ဆီးနိုင်သမျှကာလပတ်လုံး သင်အား မည်သူတဦးတယောက်ကမျှ ထူးကဲကျော်လွန်နိုင်မည် မဟုတ်သလို ဂုဏ်သရည်ပျက်ပြားအောင် မကောင်းသတင်းများလည်း လွှင့်နိုင်ကြလိမ့်မည်မဟုတ်ပါ။ ကြီးကျယ်မြင့်မြတ်သောအလုပ် (သို့မဟုတ်) ကောင်းမွန်သောအလုပ်များလုပ်ပြီး ပြည့်စုံခပြီးအချိန်များ--များစွာကြာပြီးနောက် ထိုပုဂ္ဂိုလ်များ (နောက်လိုက်များ (သို့) တခြားများ) သည် မျှော်လင်းချက်ပျက်ပြီမှု၊ စိတ်ပျက်မှု (၀ါ) မနာလိုစိတ်ထားများဖြင့် သူရို့၏ ဂေါင်းဆောင်၏လုပ်ငန်းများ ပြီးပြည့်စုံခြင်းမပြုနိုင်ခကြောင်း ထုပ်ဖေါ်ပြောဆိုကြပါလိမ့်မည်။

ဂေါင်းဆောင်သည် နှိမ်းနင်းတိုက်ခိုက်ခြင်းခံရသည့် အကြောင်းအရင်းမှာ ဂေါင်းဆောင်တဦးဖြစ်သောကြောင့်ပင်ဖြစ်၏။ ထိုကဲ့သို့ တိုက်ခိုက်မှုသည် သူအားတရားမျှတမှု၊ ညီမျှမှုအား ကြိုးစားအားထုတ် လုပ်ဆောင်စီခြင်း--ထင်ယှားသိသာသောဂေါင်းဆောင်မှု သက်သီသာဓကအဖြစ် ပေါင်းစပ်ပီးလိုက်ခြင်းလည်းဖြစ်၏။ တန်းတူညီမျှမှုချို့တဲခြင်း (ချွတ်ယွင်းချက်) သို့မဟုတ် တန်းတူညီးမျှမှု ပိုမိုကောင်းမွန်ခြင်းများအား ရှာဖွေ၍ နောက်လိုက်များ ချုံ့ချဖျက်ဆီးတတ်ကြသည်။ သို့သော် ပို၍သေချာခိုင်မာသည်မှာ ကြိုးစားအားထုတ်နီရာယူနိုင်မှု ဂုဏ်သိက္ခာကြီးမားခြင်းကိုကား မည်သူတဦးတယောက်မှ တိုက်ဖျက်၍ရနိုင်မည်မဟုတ်ပေ။ ဤသည်မှာ ထူးထူးခြားခြား၊ ထူးထူးဆန်းဆန်းမဟုတ်ပါ။ ကမ္ဘာကြီးစတင်လာစကပင်၊ လူသားများဆန္ဒအာရုံ (တဏှာ) စတင်လာစကပင် ကြီးပွားလိုစိတ်၊ လောလရမ္မက်၊ စိုးရိမ်ကြောက်ရွံ့ခြင်း၊ စိုးရိမ်သောက၊ မနာလိုခြင်း၊ အားကျခြင်းနှင့် သူတပါးထက် ထူးကဲကျော်လွန်လိုသော စိတ်ဆန္ဒများသည်လည်း ကမ္ဘာဦးစတင်ခါကပင် စတင်လာခြင်းဖြစ်သည်။ အရာရာတိုင်း အကျိုးမပြုနိုင်သော်လည်း အကယ်၍ ဂေါင်းဆောင်သည် တည်းတည်းမတ်မတ်၊ မှန်မှန်ကန်ကန်၊ မျှမျှတတ၊ ရိုးရိုးသားသား ဦးစီးဦးဆောင်နိုင်ပါက သူသည်--“ဂေါင်းဆောင်”--အဖြစ် ဆက်လက်ကျန်ဟိနီမည်မှာ အေကန်မလွဲပါ။

အိန္ဒီယနိုင်ငံကျွန်းရွာတောဓလေ့ အချေသူငယ်များ အမြဲတမ်းပုံပြောပြကြသည့် ရွာဓလေ့ပုံပြင်ဝတ္ထုတပုဒ်ဟိပါသည်။ ၄င်းပုံပြင်ကို အလွန်ယှင်းလင်းလွယ်ကူစွာ “အဆိပ်အတောက်ဖြစ်သော ဂေါင်းဆောင်” ဟု ခေါ်ဝါကြသည်။ ဤပုံပြင်သည် အချေသူငယ်များသာမက လူကြီးအတွက်လည်း အလွန်အကျိုးဖြစ်ထွန်းစီပါ၏။

တနိ့သောအခါ နန်းတွင်းအစေးခံ ကျွန်မကြီးသည် ဘုရင်မိဘုရားမကြီး လွှတ်တော်ခန်းမအား သန့်ယှင်းရေးလုပ်နီစိုင် အရိုးအဆစ်များကိုက်ခဲ၍ လက်သီခါးပန်းကျ ညောင်းညာလာ၏။ လုပ်နီကျ နိ့စိုင်သန့်ယှင်းရေးလုပ်ငန်းများ ပြန်လည်မစတင်ခင် နန်းတွင်းဟိ မိဘုရားမကြီး၏ အိပ်ရာသည် သူမအား တရီးတမောအညောင်းဖြေရန် ဆွဲဆောင်ဖိတ်ခေါ်နီသယောင်ယောင် ခံစားလာရ၏။ အစေခံနန်းတွင်းကျွန်မကြီး အိပ်စက်အနားယူနီချိန် မိဘုရာကြီး အမြင်မတော်သောအဖြစ်ကို မြင်သောအခါ အပြစ်ဟိသော “ရာဇ၀တ်ကောင်…. ရာဇ၀တ်ကောင်….အလွန်ရိုင်းစိုင်းယုတ်မာသော ရာဇ၀တ်ကောင်” ဟု အော်ဟစ်လီ၏။
အခွေအရံနန်းတွင်းစစ်သည်တော်များ ကျွန်မကြီးအား ဂေါင်းဖြတ်ပြစ်ဒါဏ်ပီးရန် ဆွဲထုတ်မည်ဆဲဆဲ၌ ရုတ်တရက်အံ့သြမိသည့်အသံဖြင့် ကျွန်မကြီးသည် ဘုရင်မိဘုရားကြီးအား နှုတ်မြွက်ထွက်ဆိုလိုက်သည်မှာ “အကျွနှုပ်သည် မိဘုရားမကြီးအိပ်ရာ၌ ငါးမိနစ်မျှသာ အိပ်စက်အနားယူမှုအား ဤမျှလောက် လူသားမဆန်စွာ ကြီးလဲသောပြစ်ဒါဏ်ခပ်ပါ၏။ ဤအိပ်ရာထက်၌ မိဘုရားမကြီး ယခုအချိန်ထိ နှစ်ပေါင်းမြောက်များစွာ နိ့စိုင်ရက်ဆက်မပြတ် အိပ်စက်တော်မူခြင်းအား မည်မျှကြီးမားသော ပြစ်ဒါဏ်မျိုးခပ်ခြင်း ခံပါမည်နည်း။ မတွီးဝံ့စရာပါ ဘုရား” ဟု လျှောက်တော်မူ၏။



ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
May 27. 2004
Dum Dum Central Jail, Kolkatta, India
Friday, May 21. 2004 ထုတ် The Times of India သတင်းစာပါ “တရားဟောသောမဟာဗောဓီ The Speaking Tree” ကဏ္ဍမှ စာရွီးဆရာ အစ် လီလဗသီ (S Lealavathi) ရွီးသားဖေါ်ပြသော “The Price of Leadership: Emulation & Envy” အား ရခိုင်ဘာသာသို့ သင့်လျှော်အောင် ဘာသာပြန်ဆိုပါ၏။

Monday, July 6, 2009

တြိဂံပုံကို ပြောင်းပြန်လှန်လိုက်သည့်အခါ အစေခံဝန်ထမ်းဖြစ်လာသော ဂေါင်းဆောင်များ

ဂေါင်းဆောင်မှုသည် အာဏာပါဝါနှင့် အမြဲတမ်းဒါမ်တွဲလျက်ဟိနီတတ်ပါ၏။ ယုခုခေါတ်ကာလ၌ကား အနှုတ်လက္ခဏာဆင်နီသော ပုံတူအဓိပ္ပါယ်ဆင့်ပွားများ (မတိမ်းမယိမ်း ဆင့်တူနိုင်ငံရေး) ကို အထူးသဖြင့် နိုင်ငံရေးလောကထဲ၌ အချိန်အကန့်အသတ်အလိုက် ရယူထားကြသည်ကို တွိ့ဟိကြပါလိမ့်မည်။ ဂေါင်းဆောင်မှုနှင့် ဆက်စပ်လို့ အရေးပါအရာရောက်မှု အမီးပုစ္ဆာများဟိကောင်းဟိကြပါလိမ့်မည်။ ဂေါင်းဆောင်များ မဟိမဖြစ်လိုအပ်သည်ဟု ရွီးချယ်အသိအမှတ်ပြုခံရသောအခါ-၄င်းဂေါင်းဆောင်များသည် လူသားများအတွက် (၀ါ) ပြည်သူပြည်သားများအတွက် တလောကလုံးကလက်ခံထားသော အောက်ခြီခံလိုအပ်သည့်သဘောတရားနှင့် တာဝန်ဝတ္တရားများကိုလိုက်နာသော အစေခံဝန်းထမ်ဂေါင်းဆောင်များဖြစ်ကြ၏။ သူရို့၏ပထမဆုံးအလုပ်မှာ ပြည်သူဝန်ထမ်းသာဖြစ်၏။

ထုံးတမ်းစိုင်လာ သက်ဦးဆံပိုင်စနစ်မှာ ဂေါင်းဆောင်မှုစနစ် အသီးသီးခွဲထားသော ပုံစံသစ်များသို့ တဖြည်းဖြည်း ပြောင်လဲလာကြသည်ကို ကျန်တော်ရို့ စတင်သိဟိနားလည် သဘောပေါက်လာကြသည်။ ဤပုံစံသစ်၏ ဂေါင်ဆောင်များသည် အစေခံဝန်ထမ်းများသာဖြစ်ကြ၏။ ထိုအစေခံဝန်ထမ်းဂေါင်းဆောင်များသည် ဂေါင်းဆောင်မှု၏ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှု၊ တဦးချင်းတယောက်ချင်း ပါဝင်ပေါင်းစပ်၍ဖွဲ့စည်းနိုင်သည့် အရည်ခြင်းဟိမှု၊ လူမျိုးတမျိုးနှင့် သက်ဆိုင်သောအပြုအမှုများကို ဂရုတစိုက်တန်ဘိုးထားတတ်ခြင်း၊ လူ့အဖွဲ့အစည်းအလိုက် ပူးပေါင်းပါဝင်လိုသည့်ဆန္ဒဖြင့် အလိုအလျှောက် ဆုံးဖြတ်ချက်ချတတ်စီမှုများ တချိန်တည်းတပြိုင်နက်တည်းမှာ တိုးတက်ဖြစ်ပေါ်လာတတ်ကြပါသည်။

အစေခံဝန်ထမ်းဂေါင်းဆောင်များသည် လူမျိုးတမျိုးနှင့်သက်ဆိုင်သော အာဏာပါဝါ (၀ါ) လုပ်ပိုင်ခွင့်အာဏာအား အသုံးပြုမှုနှင့်ဆက်နွယ်လျက် လက်တွိ့ကျသော အတွီးအခေါ်ပညာသျှင်များလည်း ဖြစ်ကြသည်။ အစေခံဝန်ထမ်းဂေါင်းဆောင်များသည် အာဏာပါဝါနှင့် လုပ်ပိုင်ခွင့်အာဏာများအား ပြည်သူပြည်သားများ (သို့မဟုတ်) နောက်လိုက်များ ကြီးပွားချမ်းသာ တိုးတက်လာကြစီရန် ကူညီပီးသည့်ကရိယာများအဖြစ်သာ လက်ခံယုံကြည်ကြ၏။ ထိုအာဏာပါဝါနှင့် လုပ်ပိုင်ခွင့်အာဏာများသည် ပြည်သူများ (၀ါ) နောက်လိုက်များကို ဗိုလ်ကျကြီးစိုးရန်မဟုတ်ပါ။ သွီးစုတ်ဂေါင်းပုံဖြတ်ရန်မဟုတ်ပါ။ လက်တဆုပ်စာ အာဏာပါဝါဟိသူများသာ အကျိုးအမြတ်ရယူဖို့ရန် မဟုတ်သလို အုပ်စုတစုနှင့်တစု (၀ါ) ပုဂ္ဂိုလ်တဦးနှင့်တဦး အချင်းချင်း ဆန့်ကျင်တိုက်ခိုက်ရန်လည်း မဟုတ်ပေ။
ခေါတ်သစ်စီးပွားရေစနစ် အရဲတော်ပုံလှုပ်ယှားမှုထဲ၌ ဂေါင်းဆောင်ကြီးတဦးဖြစ်သူ ရောဘာတ်ဂြိန်းလိဖ် “Robert K Greenleaf” သည် အစေခံဝန်ထမ်း ဂေါင်းဆောင်များအကြောင်းနှင့်ပါတ်သက်၍ တီထွင်ဖေါ်ပြခသည်မှာ “အစေခံဝန်ထမ်း ဂေါင်းဆောင်၏ ပထမဆုံးအလုပ်မှာ အစေခံဝန်ထမ်းသာဖြစ်၏။ နက်ချိုင်းသည့်နှစ်လုံးသားထဲမှ ပေါ်ထွက်လာသော အစေခံဝန်ထမ်းလိုသောစိတ်-ခံယူချက်တခုတည်းနှင့် သူရို့၏အလုပ်ကို စတင်ဆောင်ရွက်တတ်ကြ၏။ ပြီးမှ ဦးဆောင်ရန်ဆန္ဒဟိလာတတ်ကြ၏။ ဤသည်မှာ အကောင်းဆုံးစမ်းသပ်မှုဖြစ်ပြီး အခက်ခဲဆုံးသော စီမံခန့်ခွဲမှုနှင့် ရင်ဆိုင်ရသည်--မှာ--ထိုပုဂ္ဂိုလ်များအား အစေခံဝန်ထမ်း ဂေါင်းဆောင်အဖြစ် ပြုစုပျိုးထောင်ပီးရမည်လား၊ တိုင်ပြည်အတွက် အစေခံဝန်ထမ်းသည့်အခါ ကျန်းမာသန်စွမ်းသည့် အပြစ်အနာဆာ ကင်းသူများဖြစ်ကြမည်လား၊ ဆင်ခြင်မှုတရားနှင့် ပြည်စုံသည့် ပညာအမြှော်အမြင်ဟိကြသူများ ဖြစ်ကြမည်လား၊ လွတ်လပ်သူများ--လွတ်လပ်စွာတွီးခေါ်တတ်သူများ ဖြစ်ကြမည်လား၊ ကိုယ်ပိုင်အုပ်ချုပ်နိုင်သူ (ကိုယ့်ကိုကိုယ်အုပ်ချုပ်နိုင်သူ) များ ဖြစ်ကြမည်လား၊ သူဖာသာသူ အလိုအလျှောက် အစေခံဝန်ထမ်းများအဖြစ် ခံယူတတ်ကြမည်လား၊ အထွေထွေ ပြဿနာများပင်ဖြစ်၏”။

အစေခံဝန်ထမ်းဂေါင်ဆောင်သည် ကြံကြံခိုင်ရပ်တည်လျက် ထုံးတမ်းစိုင်လာ ဂေါင်ဆောင်များအား ဘက်ပြိုင်အံတုတတ်သည်။ ဤစံနမူနာသည် လူအဖွဲ့စည်း တိုးတက်ပြုပြင်ပြောင်လဲရာ၌၊ အဖွဲ့အစည်းများ အင်အားတိုးမြှင့်ရာ၌ ဆုံးဖြတ်ချက်ချရန်နှင့် ဝေဖန်သုံးသပ်ဆင်ခြင်နိုင်ကြရန် ထောက်ခံအားပီးသည့် အနီကပ်ဆုံး လိုက်လျော့ညီထွေအောင် ပြုပြင်ထားသော နည်းလမ်းတခုဖြစ်သည်။ ၄င်းစံနမူနာသည် အားလုံးဆန္ဒအလျှောက် ပူးပေါင်းပါဝင်သော သဘောတူညီချက်ဖြင့် ဗဟိုရ်ဦးစီးချုပ်ကိုင်သော စနစ်ဟောင်ဂေါင်းဆောင်ထံမှ အာဏာပါဝါကို ရယူရာ၌လည်း အကောင်းဆုံး၊ အထိရောက်ဆုံးစနစ်ဖြစ်သည်။ တချို့က ဤပုံစံမျိုးကို တြိဂံသုံးဒေါင့်ပုံကို ပြောင်းပြန်လှန်ထားသော အဆင့်အသီးသီးသတ်မှတ်ခွဲဝီ၍ အုပ်ချုပ်သော စနစ်ဟုခေါ်ဝါကြသည်။ ထို့ကြောင့် အစေခံဝန်ထမ်းဂေါင်းဆောင်၏ စိတ်ထဲ၌ အလိုအပ်ဆုံးမှာ အလုပ်သမားများ၊ လက်လီလက်ကြားဖောက်သည်၊ စားသုံးသူ၊ နယ်မြီများနှင့် လူ့အဖွဲ့အစည်းဖြစ်သည့် ကုမ္ပဏီကြီးများတည်ဟိနီစေရန် အရေးကြီးဆုံးအကြောင်းအရင်းများ ဖြစ်ကြသည်။ အစေခံဝန်ထမ်းဂေါင်းဆောင်များ စိုင်းစားချဉ်းကပ်ရန် ကျန်ဟိနီသည့်အချက်တခုမှာ ဂျပန်လူမျိုးများ၏ ဂေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပုံစံ (သို့မဟုတ်) စံနမူနာသည် အကောင်းဆုံးဥပမာဖြစ်၏။

အစေခံဝန်ထမ်းဂေါင်းဆောင်တယောက်၏ ထူးခြားထင်ယှားသော လက္ခဏာ (၁၀) ချက်နှင့် ဆက်စပ်လို့ အတွီးခေါ်ပညာသျှင် ရောဘာတ်ဂြိန်းလိဖ်က သူ၏နောက်လိုက်များကို အခိုင်အမာဖေါ်ပြခသည်မှာ…နားထောင်တတ်မှုစွမ်းရည်၊ စာနာနားလည်တတ်မှုစွမ်းရည်၊ ဝေဒနာကိုပျောက်ကင်းအောင် ကုဿတတ်မှုစွမ်းရည်၊ သတိပြုမိတတ်သည့်စွမ်းရည်၊ ဆွဲဆောင်တတ်မှုစွမ်းရည်၊ ထင်မြင်ယူဆ တွီးခေါ်တတ်မှုစွမ်းရည်၊ ဥာဏ်အမြှော်အမြင်ကြီးမားမှုစွမ်းရည်၊ ဘဏ္ဍာစိုးစွမ်းရည်၊ ပြည်သူလူထု တိုးတက်ကြီးပွားချမ်းသာအောင် အာမခံနိုင်သည့်စွမ်းရည်နှင့် လူ့အဖွဲ့စည်းတည်ဆောက်နိုင်မှု စွမ်းရည်များဖြစ်ကြပါ၏။

ဤစွမ်းရည်များအနက် တချို့သောစွမ်းရည်များသည် တခြားပုဂ္ဂိုလ်များထက် သူရို့သဘာဝအလျှောက် ပို၍သာလွန်ကောင်းမွန်တတ်ကြသည်။ သူရို့၏ သဘာဝအလျှောက် ထူးခြားထင်ယှားသော လက္ခဏာစွမ်းရည်များထဲမှ ဤကဲ့သို့သော စာနာနားလည်တတ်မှုစွမ်းရည်၊ ဝေဒနာကိုပျောက်ကင်းအောင် ကုဿတတ်မှုစွမ်းရည်နှင့် ဘဏ္ဍာစိုးစွမ်းရည်များသည် ဖွံ့ဖြိုးတိုးတက်ရန်နှင့် သင်ယူရန် တခြားလက္ခဏာများထက် ပို၍ခက်ခဲသည့် စွမ်းရည်လက္ခဏာများဖြစ်ကြပါ၏။ ယေပင်ငြားလည်း ဤလက္ခဏာစွမ်းရည်ကြီးသုံးရပ်သည် အစေခံဝန်ထမ်းဂေါင်ဆောင်များ၏ အောင်မြင်မှုအတွက် မဟိမဖြစ်လိုအပ်သည့် လက္ခဏာစွမ်းရည်များဖြစ်ကြပါ၏။

နားထောင်တတ်မှုစွမ်းရည်၊ သတိပြုမိတတ်မှုစွမ်းရည်၊ ဆွဲဆောင်တတ်မှုစွမ်းရည်၊ ထင်မြင်ယူဆတွီးခေါ်တတ်မှုစွမ်းရည်၊ ဥာဏ်အမြှော်အမြင်ကြီးမားမှုစွမ်းရည်၊ တိုးတက်ကြီးပွားချမ်းသာစီရန် အာမခံနိုင်မှုစွမ်းရည်နှင့် လူအဖွဲ့အစည်းတည်ဆောက်နိုင်မှုစွမ်းရည်များသည် သင်ယူ၍ရနိုင်သော စွမ်းရည်များဖြစ်ကြပြီး အစေခံဝန်ထမ်းဂေါင်းဆောင်များ၏ ပုံမှန်တိုးတက်ဖွံ့ဖြိုးနိုင်သော စွမ်းရည်များဖြစ်ကြပါ၏။

အိန္ဒီယနိုင်ငံ၏ ခြိတ်ကတ် (Cricket) အသင်းဂေါင်ဆောင် ဂျွန်ရိုတ် (Jhone Right) သည် အစေခံဝန်ထမ်းခေါင်းဆောင် တယောက်အဖြစ် ဂုဏ်အရည်အချင်း (၀ါ) စွမ်းရည်များဟိသူဖြစ်သည်။ သူသည် ကျိတ်လိပ်ခိုင်မာသည့် တဦးနှင့်တဦး အချင်းချင်း သဟဇာတကျကျ အပြန်အလှန်အကျိုးပြု အားကိုးသော၊ စိတ်ချယုံကြည်သော အိန္ဒီယအမျိုးသား ခြိတ်ကတ်အသင်းကို ထူထောင်နိုင်ခသူဖြစ်ပါသည်။ ခြိတ်ကတ်အသင်းသားများ တဦးနှင့်တဦးအပြန်အလှန် နားထောင်တတ်မှုစွမ်းရည်များဟိကြပြီး၊ မတူခြားနားသော အလေ့အထ၊ အကျင့်စရိုက်၊ အတွီးအခေါ်၊ သဘောထား၊ ဘာသာ၊ လူမျိုးများပြဿနာနှင့် တခြားအကြောင်းအရင်းများ၌ မူတည်၍ အကျပ်အတည်းအခက်အခဲများကို စုပေါင်းရင်ဆိုင်ဖြေယှင်းနိုင်သော စိတ်ထားများဟိလာကြစီရန် မိမိရို့၏စိတ်အတွီးများကို အကြိမ်ကြိမ်အဖန်ဖန် စီးစစ်ကြည်စေ၏။ မိမိကိုယ်ကို ဆန်းစစ်ဝေဖန်သုံးသပ်ကြည့်စေ၏။

အသင်းထဲ၌ တဦးတယောက်ချင်း ဂုဏ်ကျက်သရည်သိက္ခာနှင့် ပြည်စုံစေလျက်၊ အသင်းတခုလုံး အောင်မြင်မှုရဟိလာစေရန် အသင်းသားများ၏ ပိုဂ္ဂိုလ်ရေးအတ္တမာန်မာဏများကို ဘေးချိပ်ထားစေ၍ အများပူးပေါင်းပါဝင်မှု (၀ါ) အသင်းသားအားလုံး ပူးပေါင်းပါဝင်မှုဖြင့် အသင်းတခုလုံးဟိ အယောက်စီတိုင်းကို ဆူပါစတား (Super Stars) အဖြစ် လူသိများစေ၏။ ဤသည်မှာ အိန္ဒီယခြိတ်ကတ်အသင်းထူထောင်သူ မစ္စတာဂျွန်ရိုတ်၏ ထူးခြားသောစွမ်းရည်များပင်ဖြစ်၏။

လက်ဟိအိန္ဒီယနိုင်ငံ၏ ၀န်ကြီးချုပ်အဖြစ် ရွီးချယ်တင်မြှောက်ခြင်းခံရသူ မာန်မိုဟန်စိန် (Manmohan Singh) သည် အစေခံဝန်ထမ်းဂေါင်းဆောင်မှု အတွီးအခေါ်မျိုးကို အမြတ်တနိုးတန်ဘိုးထား လေးစားကျင့်သုံးဟန်တူပါသည်။ သို့သော်လည်း အိန္ဒီယနိုင်ငံ၏၀န်ကြီးချုပ် သက်တမ်းတလျှောက်၌ မာန်မာနကင်းမဲ့စွာ စိတ်သဘောထား ပျော့ပျောင်းနုညံ့၍ အကျင့်သီလ၊ ဂုဏ်သိက္ခာသမာဓိနှင့်ပြည့်စုံသော ဂေါင်းဆောင်တဦးဖြစ်ခပါလျှင်--၄င်၏သက်တမ်း ကုန်ဆုံးသောအခါ ပြည်သူတရပ်လုံးက တန်ဘိုးထားလေးကြပါလိမ့်မည။် ကောင်းချီးသြဘာပီးကြပါလိမ့်မည်။(သို့မဟုတ်) အကဲဖြတ်ဝေဖန်ကြပါလိမ့်မည်။ ချုံ့ချပုတ်ခတ်ကြပါလိမ့်မည်။


ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
၀၃၊ ၀၆၊ ၂၀၀၄
Dum Dum Central Jail (Kolkatta, India)
Monday, may 31, 2004 ထုတ် The Times of India ၏ တရားဟောသောမဟာဗောဓီး (The Speaking Tree) ကဏ္ဍမှ စာရွီးဆရာ ချဲရ်ဒီးပ် အစ် ဘာဂါ (Chirdeep S Bagga) ရွီးသားဖေါ်ပြသည့် Inverting the Pyramid: Leaders as Servants အား သင့်လျှော်အောင် ရခိုင်ဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်ပါ၏။

Sunday, July 5, 2009

ဖခင်ဖြစ်လာမည့်သား

တလောကလုံးကို အပြစ်ကျည်းမြင်တတ်သည့် အပြစ်ကင်စင်သော လူငယ်ရို့၏စကားသံသည် တခါတလေမှာ အိပ်မော့ကျနီသည့် ကျန်တော်ရို့၏နှစ်လုံးသားကို တုန်လှုပ်လားစီ၏။ ညကဇာဖက်သားမှာ အန္ဒရာပြဒေခ်ျ (Andhara Prudesh) ပြည်နယ်ဝန်ကြီး ချန္ဒရာဘာဘူနာဒူး (Chandrababu Nadu) ၏ မဲယှုံးရခြင်းအကြောင်းကို ဖြူစင်ရို့သားပွင့်လင်းသောသဘောထားဖြင့် ပြောဆိုထောက်ပြနီသော ရာဟုဂန္ဒီ ( Rahul Gandhi) အပေါ် TV Channel လှိုင်းကို ပြောင်း၍နားထောင်လိုက်ပါသည်။ ခိုင်လုံသည့်အထောက်အထား၊ စုံစမ်းလေ့လာမှုမဟိဘဲ (၀ါ) မနာလိုအားကျကြီးစွာ လူငယ်စိတ်ထားပီပီ ရာဟုသည် ချန္ဒရာဘာဘူနာဒူး ပြည်သူအတွက် ပင်ပန်းအနစ်နာခံ၍ ဆယ်နှစ်ကျော် ပြည်သူအကျိုးပြုခသည်ဟု ထောက်ပြလာသည်။ သတင်းမီဒီယာအတွက်မသင့်လျှော်သော်လည်း တခြားဝေဖန်အကဲ့ဖြတ်သူများ ရုတ်တရက် သူကိုကျယ်ပြန့်စွာအာရုံစိုက်လာကြသည်။ အေ ဘီ ဘာဂျဘာယီ (A B Vajpayee) က သူကို “အကောင်ချေ” ခေါ်ရေလို့ တစုံတယောက်က ပြောလိုက်သောအခါ “ဟုတ်ပါရေ၊ ကျန်တော် ကောင်းကောင်းငယ်ပါသိမ့်ရေ၊ လုပ်ယင်းကိုင်ယင်း၊ ကြိုးစားယင်းနန့် တနိကျန်တော် အကောင်ကြီး (လူကြီး) တယောက်ဖြစ်လာဖို့စွာရာ” လို့ သူပြန်ဖြေလိုက်သည်။

ဖေါ်ပြချက်တခုတည်းကို အောက်ခြီခံ၍ (၀ါ) နိုင်ငံရေးနီပယ်ထဲ စတင်ဝင်ရောက်လာသူ တယောက်အနီနှင့် အဂုပိုင်သဘောထားကြီးကြောင်း ပြောကောင်းပြောနိုင်ပါလိမ့်မည်။ အမှန်ပင် အန္ဒရာပြဒေခ်ျ့ပြည်နယ်ဝန်ကြီး ချန္ဒရားဘာဘူနာဒူး ရွီးချယ်ခံရသည့် သက်တမ်းနှစ်ကြိမ် တလျှောက်လုံး၌ အငြင်းပွားစရာမလိုအပ်အောင်ပင် နိုင်ငံရေး၊ စီးပွားရေ၊ လူမှုရေး၊ ပညာရေး၊ ကျန်မာရေးများ တိုးတက်ကောင်းမွန်လာအောင် ပြည်သူအကျိုးကို ဆောင်ရွက်ပီးနိုင်ခသည်။ ထိုကဲ့သို့ တိုးတက်ထက်မြက်သည့် အမြှော်အမြင်ကြီးကြီးနှင့် လူငယ်ဥနှောက်သျှင်များ တိုင်းပြည်များအတွင်း၌ မြောက်များစွာဟိကြပါ၏။ ဥပမာ ၀ီလီယံပဲ့ဒ် (Willian Pitt) သည် အသက် ၂၃ နှစ်မှာ ဗြိန်တိန်နိုင်ငံ၏ တိုးတက်သစ်လွင်သည့် လူငယ်ဝန်ကြီးချုပ်ဖြစ်ခသည်။ ရာဟုဖခင် ရာဂျိဖ်ဂန္ဒီလည်း တိုးတက်သစ်လွင်သည့် အတွီးအခေါ်နှင့်အတူ အသက် ၄၀ ဆယ်မှာ အိန္ဒီယနိုင်ငံ၏ ၀န်ကြီးချုပ်ဖြစ်လာသည်။

၁၉၈၄ ခုနှစ် ရာဟုဂန္ဒီ၏အဘောင်မ အိန္ဒရာဂန္ဒီ၏အဖြစ်အပျက်သည် ရာဟုအားတစုံတရာအတိုင်းအတာအထိ အမှတ်တရဖြစ်စေသည့် အကြောင်းပြချက်များပင်ဖြစ်သည်။ ဖခင်နှင့်တထည်ရာတည်းသော အတွီးအခေါ်မျိုး၊ သွက်လက်မှု၊ စွမ်းအားနှင့်ပြည်စုံသောလူငယ်မျိုး၊ ရှိသို့တွီးခေါ်မြှော်မြင်တတ်သည့် လူငယ်မျိုး၊ ပြည်သူတရပ်လုံးနှင့် တသဘောတည်းတူညီသည့် အမြင်စိတ်ကူးမျိုးကို လက်ရဆုပ်ကိုင်ထားသော လူငယ်တယောက်ဖြစ်သလို၊ ဟောင်းနွမ်းအိုမင်းလျက်ဟိသော ငြိမ်းငွေ့စရာကောင်းသော အနှုတ်လက္ခဏာဆင်နီသည့် အိန္ဒီယနိုင်ငံ နိုင်ငံရေးသီအိုရီကို တဆင့်မြှင့်ပြောင်းလှဲရန်ကြိုးနီသော လူငယ်တဦးပင်ဖြစ်မည်။

ဤကဲ့သို့သော သေးခံခွင့်လွှတ်တတ်ခြင်း၊ ပွင့်လင်းဖြူစင်သော စိတ်သဘောမျိုးနှင့် ပြောဆိုလာသော ရာဟုအားအံ့သြဖွယ်ရာ ဖြစ်ချင်မှဖြစ်ကြပါလိမ့်မည်။ ရာဟုဂန္ဒီသည် အိန္ဒီယာလူမျိုးများ၏ တန်ဖိုးမဖြတ်နိုင်လောက်အောင် ကြီးမားသောအမျိုးသားဂေါင်ဆောင်ကြီး နေရူး+ဂန္ဒီမိသားစုမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူ၏မိသားစုမျိုးဆက်ပြုံးအောင် သတ်ဖြတ်ခြင်းခံရသည့်တိုင်အောင် ရဟုသည်လစ်ဟင်းနီသောနိုင်ငံရေး လိုအပ်ချက်များကို ဖြည့်စွက်ရန် ထူးခြားစွာကျန်ဟိနီလိုက်ခြင်းပင်ဖြစ်သည်။ သူ၏ချန္ဒရာဘာဘူနာဒူးအား လေ့လာစုံစမ်းခြင်းသည် အိန္ဒီယနိုင်ငံ နိုင်ငံရေးနယ်ပယ်ထဲ၌ ဂုဏ်ကျက်သရည်ဟိဟိ အပြုအမူဖြင့်၊ သစ်လွင်သောလမ်းကြောင်းသစ်ဖြင့် အတိုက်အခံပါတီအား တိုက်ခိုက်ထိုးနက်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် နှိမ်နင်းလိုက်ခြင်းဖြစ်သည် သံမဏိကဲ့သို့မာကြောလျက် ကြီးထွားဖွံ့ဖြိုးလားခြင်းသည် “အသစ်တဖန်” အဖိုးတန်အိန္ဒီယာနိုင်ငံရေးယိုင်ကျေးမှုသို့ ပြန်ဆိုက်ရောက်လာသည်ဟု မှတ်ချက်ချကြရမည်ဖြစ်၏။

အာကာဘာ (Akabar) ဘုရင် ဘုန်းတန်ဂိုးကြီးရသည့် အကြောင်းအရင်းမှာ စုပေါင်းပါဝင်အကျိုးပြုနိုင်သည့် နိုင်ငံရေးပေါ်လစီကို ချမှတ်နိုင်ခြင်းကြောင်းပင်ဖြစ်၏။ အာကာဘာဘုရင်ကြီးသည် တဖက်ရန်သူကို အမျိုးပြုတ်တိုက်ခိုက်နှိမ်နင်းသည့် ပုံစံမျိုးမဟုတ်ဘဲ-ရန်သူကိုစုပေါင်းအကျိုးတူ ပေါ်လစီမျိုးနှင့် သူ၏အင်ပါယာထဲ ပေါင်းစပ်သိမ်းသွင်းယူပြီး မတူခြားနားသည့် လူမျိုးများ၏ယိုင်ကျေးမှု၊ ဘာသာ၊ ဓလေ့ထုံးတမ်း၊ အယူအဆများ အားလုံးလက်ခံလာနိုင်အောင်လည်း ပြုလုပ်နိုင်ခသည်။ ဂြိခ် (Greek) အင်ပါယာမှာ အောင်နိုင်သူစစ်သူကြီး အလယ်ဇန္တာ (Alexander) က “ဇာပိုင်ပုံစံမျိုးနှင့် စစ်သုံးပန်းများအား ပြုစုစောင့်လျှောက်ရမည်နည်း” ဟု စစ်သုံးပန်းပိုရူး (Poru) အားမီလိုက်သောအခါ စစ်သုံးပန်းပိုရူးက “ဘုရင်တပါး တိုင်းသူပြည်သားများကို ပြုစုစောင့်လျှောက်သကဲ့သို့ ပြုစုစောင့်လျှောက်ရပါမည် ဘုရား” လျှောက်တော်မူ၏။

အောင်နိုင်ခြင်းသဘောထားကြီးမှုနှင့် ယျှုံးနိမ့်ခြင်းဥပေက္ခာများသည် အိန္ဒီယာနိုင်ငံသမိုင်းကို ပြန်ပေါ်လွင်လာအောင် ဖေါ်ထုတ်လိုက်ခြင်းဖြစ်သော ဤအတွီးအခေါ်မျိုးကို အိန္ဒီယာလွတ်လပ်ရေးကြိုးပမ်းခသည့်ကာလ၌ တွိ့မြင်နိုင်ကြပါလိမ့်မည်။ ရှိတန်းစစ်မျက်နှာပြင်၌ အသီခံစစ်သားများအဖြစ်အသုံးပြုခသည့် မဟတ္တမဂန္ဒီ၊ ရာဟုအဖိုးဖြစ်သူ ဂျဝါဟာလာနေရူးရို့၏ မှုပိုင်အတွီးအခေါ်များဖြစ်၏။ ထိုအတွီးအခေါ်နှင့်အတူ ပြည်သူတရပ်လုံး၏ ကံကြမ္မာတခုလုံးကို ယင်းအချိန်ကစ၍ မဟတ္တမဂန္ဒီနှင့် ဂျဝါဟာလာနေရူးရို့၏ နှစ်လုံးသားထဲသို့ အပ်နှံလိုက်ကြသည်။ ယခုတဖန် ကျန်တော်ရို့၏ အမျှော်လင်းဆုံး မျှော်လင်းချက်များသည် ရာဟုဂန္ဒီ၏နှစ်လုံးသားထဲသို့ ဆိုက်ရောက်လာကြ၏။

လာမည့် သူရို့၏ထူးခြားသည့် လူငယ်မျိုးဆက်သစ်များကိုလည်း ပြည်သူတရပ်လုံးက ပိုင်ဆိုင်ကြသလို၊ ပြည်သူတရပ်လုံးကို ပိုင်ဆိုင်သူမျိုးဆက်သစ်များလည်း ဖြစ်ကြပါလိမ့်မည်။ ဤသည်ပင်လျှင် အတိတ်ကထိမ်းချုပ် ချုပ်နှောင်ထားသည့် နယ်နမိတ်ဘောင်လက်ထိပ်မှ လွတ်မြောက်ခြင်း ဖြစ်ကြပါလိမ့်မည်။ အတွင်းစိတ်၌တည်ဟိနီသော စိတ်ဝေဒနာ နာကျဉ်းချက်များကို ဖြိုဖျက်လိုက်သကဲ့သို့ ဆိုးသွမ်းယုတ်မာစွာ အနစ်ထိုင်လျက်ဟိသော ကံကြမ္မာဆိုးအား သွန်မှောက်ဝဲပစ်လိုက်နိုင် ကြပါလိမ့်မည်။

လူမျိုးတိုင်း၏အမှတ်ရနီကြသည့် နောက်ခံသမိုင်းဆိုးများကို အောက်ခြီခံလျက် ဖြစ်ပေါ်လာသော အတိတ်ကရန်ငြိုးအမွီအနှစ်များကို လူတဦးတယောက်ချင်းသော်၎င်း၊ လူအဖွဲ့စည်းအလိုက်သော်၎င်း ဆယ်စုနှစ်ပေါင်းများစွာ ကျန်တော်ရို့ ရင်ဆိုင်ခံစားလာကြရသည်။ အမှန်ပင် လွတ်လပ်ရေးရသည်နှင့်တပြိုင်နက် အိန္ဒီယနိုင်ငံကို တဖန်မွီးဖွားလိုက်သည်မှစတင်၍ အရှင်လတ်လတ် ခွဲစိတ်ခြင်းခံရသည်မှ ရဟိလာသော ပြင်းထန်းသည့်ဝေဒနာကို ရင်ဝယ်ပိုက်လျက် တမွိ့မွိ့ခံစားနီကြရသော ပြည်သူပြည်သားများ၏ ဒါဏ်ရာဒါဏ်ချက်များအား ယနိထိ ဆီးကုဿခြင်းမပြုနိုင်ကြပါသိမ့်။

ဂျမူးကတ်ခ်ျမီးယားပြည်နယ် ဖဲ့ထုတ်ခြင်းခံရပြီးနောက် နိစိုင်နှင့်အမျှ သွီးယိုစီးနီသော မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့်နိုင်ငံရေးအနာကြီးရောဂါ- ၄င်းကုစက်မရသော အနာကြီးရောဂါအတွင်း မွီးဖွားလာကြသော လူငယ်မျိုးဆက်သစ်အများစုသည် ဤအနာကြီးရောဂါ၏ အတိဒုက္ခဝေဒနာကို ဖြေချင်းဆီးကုဿရန် ကျန်ဟိနီဆဲပင်ဖြစ်သည်။ ဤမျိုးဆက်သစ်များသည် အလွန်ရိုင်းစိုင်းယုန်မာသော သဆီသရဲများ၏ ရက်စက်မှုအကျိုးဆက်များကို ရင်ဆိုင်နီကြရမည်မှာ သေချာပါ၏။ တိုင်ပြည်၏မွီးရာပါ (အတိတ်က) ပဓိပက္ခကို ပြုပြင်ပြောင်းလှဲရာ၌ ကတ်ခ်ျမီးယားတိုက်ပွဲအတွင်း အသက်ပေါင်းများစွာ စတည်းခံလားရသော လူငယ်မျိုးဆက်သစ်များ၊ ဆိုင်ချိန်း(Chaichen-in Kashmir) တိုက်ပွဲ၌ ကြမ်းတမ်းသောနှင်းမုန်တိုင်းဒါဏ်ကြေင့် အသက်စွန့်လားရသော ရာပေါင်းများစွာသောလူငယ်များနှင့် တခြားတိုက်ပွဲများအတွင်း ကျဆုံးလားကြရသည့် လူငယ်များကို ရွီတွက်၍ရမည်မထင်ပါ။ တိုင်းပြည်အတွက် အသက်စွန့်စတည်းလားကြသည်မှာ လူငယ်များသာဖြစ်ကြသည်။ ဤကဲ့သို့ သမိုင်းအမွီဆိုးကို ဇာသူဖန်တီခပါသနည်း။

သမိုင်းအားဖြင့် ဖေါ်ပြရပါလျှင် အလွန်ကြီးမားသောတန်ဘိုးကို ပီးဆပ်ပြီးခပြီဖြစ်ပါ၏။ ဖြီဖျက်ပစ်ဖို့ အချိန်တန်နီပြီး ဖြစ်ပါ၏။ ဖယ်ချားပစ်ဖို့လည်း အချိန်ရောက်နီပြီး ဖြစ်ပါ၏။ ယနိ ဤပြဿနာအားလုံးသည် ရာဟုဂန္ဒီပုခုံးထက်ကျရောက်လာသလို၊ သူ၏မှန်ကန်ပြတ်သားသော ရောင်ပြန်ဟပ်မှုအကျိုးကို အိန္ဒီယပြည်သူပြည်သားများအားလုံး တွိ့မြင်ခံစားကြရပါလိမ့်မည်။ ကြံခိုင်သောအဓိဌာန်ပုံသဏ္ဍာန်သစ်တခု မိုးဂုတ်စက်ဝိုင်းအတွင်း ပေါ်ထင်လာလိမ့်မည်။ အတိတ်၏သမိုင်းအမွီဆိုး နောက်တကြိမ် အနစ်ထိုင်လာလိမ့်မည် မဟုတ်သလို၊ ကြောက်ရွံခြင်း အကြောက်တရားများသည်လည်း သူ၏ပုခုံးထက်၌ ပျောက်ကွယ်လားကြပါလိမ့်မည်။

ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)

May 15. 2004
Dum Dum Central Jail (Kolkatta-India)
Friday, May 14, 2004 ထုတ် The Times of India သတင်းစာပါ “ တရားဟောသော မဟာဗောထီ..The Speaking Tree” ကဏ္ဍမှ စာရွီးဆရာ အိန္ဒူဂျိန်း (Indu Jain) ရွီးသားဖေါ်ပြသည့် The Child is the father of man အား ရခိုင်ဘာသာသို့ ဆီလျှော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါ၏

Sunday, June 28, 2009

စာဂေါင်းမကြီး

ဒေါင်းယောင်ဆောင်သောကျီးသည် တနိသောအခါ လီပြင်းမုန်တိုင်းကျရောက်ရာ ကော်ကပ်ထားသော ဒေါင်းမွှီးများကျွတ်ကျကုန်သည်။ ဒေါင်းများက ဒေါင်းယောင်ဆောင်သော ကျီးကန်းမိုက်မကိုမြင်၍ နုတ်သီးများဖြင့် ထိုးဆိတ်သောအခါ ဒေါင်းတောင်များသာမက မူရင်းလက်ငုတ် ကျီးမျှင်များပါ ကျွတ်ထွက်ကုန်သည်။ ကျီးရွာပြန်ရောက်သောအခါလည်း ကျီးမိုက်မကို ကျီးများက ထိုးဆိတ်ကြသည်။ ထိုအခါ ကျီးမိုက်မမှာ နီစရာ ဇကာမဟိ။ သပေါက်ဇာခြုံထဲလားပုန်းရသည်။ ဒေါင်းများ ကျီးများက ထိုးဆိတ်လိုက်သော ဒါဏ်ရာကြောင့် အစာထွက်မရှာနိုင်သောအခါ နဂိုရ်က ဆူဖြိုးသော ကျီးကိုယ်မှာ ပိန်ကျလားသည်။ ကိုယ်ခန္ဓာပိန်ချုံးလားသော်လည်း ဥက္ခောင်းကားမပိန်။ ထို့ကြောင့် လူအများက စာဂေါင်းမကြီးဟု သမုဒ်ခြင်းဖြစ်သည်။ သို့သော် စာဂေါင်းမကြီးသည် ဥဒေါင်းဖြစ်လိုစိတ်ကားမပျောက်။ ဒေါင်းမွှမ်ပြီး (အိုးဝေ အိုးဝေ) ဟု မိုးထက်ညဇာ အော်သည်။ သို့သော် (အိုးဝေ အိုးဝေ) ကားမထွက် (ဥ၀ါ ဥ၀ါ) ရာ ထွက်သည်။ (ဥ၀ါ ဥ၀ါ) အသံကြားလျှင် တိုင်းပြည်ပျက်သည်ဟု ရှိလူကြီးများက နမိတ်ဖတ်သည်။ ထို့ကြောင့် (ဥ၀ါ ဥ၀ါ) မြည်သော စာဂေါင်းမကြီးကို ပြည်ဖျက်ငှက်ဟု ကဲ့ရဲ့ခြင်းပြုသည်။ တောထဲ၌ ယခု အကျွန်ုပ်ရို့ မြင်တွိနီရသော စာဂေါင်းမကြီးမှာ ဒေါင်းမွှီးကျွတ် ကျီးမိုက်မဖြစ်သည်။

ပတ်စားခွီး

ရခိုင်ပြည်တွင် ခရမ်းသီးဇတ်တခေတ်ထွန်းခပါသည်။ ခရမ်းသီးဇတ်ဆိုသည်မှာ ရခိုင်သားများ မြန်မာစကားမပီကလာ ပီကလာဖြင့် ဖြေဖျော်ကပြသောဇတ်ဖြစ်ပါသည်။ ဆောင်းနှင့်နွီရာသီများတွင် ရခိုင်ပြည်မြောက်ပိုင်းအနှမ့် လှည့်လည်ကပြလေ့ဟိပြီး နာမည်ကြီးဇတ်မှာ အောင်နိုင်ဌေးဇတ်ဖြစ်ပါသည်။ မင်းသမီးဝါ၀ါနိုင်မှာ အလွန်နာမည်ကြီးပြီး ယခုအခါ ပုဏ္ဏားကျွန်းမြို့တွင် (ပတ်တီးမြောက်ထွန်း)နှင့်အိမ်ထောင်ကျလျှက် ခရမ်းသီးဇတ်လောကမှ အနားယူလားပြီးဖြစ်ပါသည်။

ပတ်တီးမြောက်ထွန်းမှာ ၄င်းအောင်နိုင်ဌေးဇတ်တွင် ပတ်မတီးသောပတ်ဆရာကြီးဖြစ်ပါသည်။ ပတ်တီးမြောက်ထွန်းမှာ ပတ်တီးအလွန်တော်သဖြင့် သူ့ကိုလူအများက (ပတ်တီးမြောက်ထွန်း)ဟု ကင်းပွန်းတပ်ခြင်းဖြစ်ပါသည်။ သူသည် ဂင်တိုတိုနှင့် လက်ဖံလက်မောင်းအလွန်အားကောင်းသူဖြစ်ပြီး ညဥ့်လုံးပေါက်မနားတမ်းပတ်တီးနိုင်ပါသည်။ ပတ်တီးသောအခါတွင်လည်း စိတ်ပါလက်ပါအားရပါးရ တီးလေ့ဟိသည်။ မင်းသမီးဝါ၀ါနိုင်နှင့် အလွန်လိုက်ဖက်ညီသောအတွဲဖြစ်ပါသည်။ ပတ်တီးယင်း မင်းသမီးဝါ၀ါနိုင်နှင့်ငြိစွမ်းပြီး ဘာသာဘာဝ သံဝါသ နှစ်ဦးနှစ်ဖက်မိတ္တာမျှလျှက် အိမ်ထောင်ကျခြင်းဖြစ်ပါသည်။ တဦးကိုတဦးအလွန်ချစ်ခင်မြတ်နိုးစုံမက်သဖြင့် မင်းသမီး၏ငါးဆက်မြောက်အိမ်ထောင်ဆက်မှာ နောက်ဆုံး ပတ်တီးမြောက်ထွန်းနှင့်ခိုင်မြဲပြီး သားသမီးရတနာ (၄) ဦးထွန်းကားပါသည်။

ပတ်တီးမြောက်ထွန်းဟုခေါ်ဆိုသဖြင့် လူအများကသူ့အား ရန်ဖြစ်ဂေါင်းကွဲပတ်တီးစည်းရသော (လူမိုက်ပတ်တီးမြောက်ထွန်း) ဟု အထင်မှားလေ့ဟိပါသည်။ အမှန်မှာ ပတ်တီးမြောက်ထွန်းမှာ ၀ါသနာအလျှောက်ခရမ်းသီးဇတ်သဘင်လောကသို့ ၀င်ရောက်လာသူဖြစ်ပါသည်။ သူ၏မိဘများမှာ ကုန်သည်လယ်လုပ်ချမ်းသာကြွယ်ဝသောမိသားစုမှ ပေါက်ပွားလာသူဖြစ်ပါသည်။ ဘာသာရေး အလွန်ကိုင်းယှဉ်းပြီး ၀ါတွင်းကာလများတွင် ဥပုသ်ဖြင့်ပျော်မွိသူဖြစ်ပါသည်။ သူသည် သူတပါးအားလည်း ရိုင်းပင်းကူညီတတ်သည်။ ဒုက္ခရောက်နီသော သူ့မိတ်ဆွေများအား ရသမျှသောသူ့ဝင်ငွေမှ ဖဲ့ကုတ်ကူညီလေ့ဟိပါသည်။

အိမ်ထောင်ကျပြီး ခရမ်းသီးဇတ်လောကမှအနားယူသောအခါတွင် ပုဏ္ဏားကျွန်းဘုတ်ဆိတ်တွင် သမ္မာအာဇီဝထမင်းဆိုင်ဖွင့်လျှက် သက်မွီးဝမ်းကြောင်းပြုကာ ရိုးရိုးကျင့်မြင့်မြင့်ကြံနီထိုင်သူတဦးဖြစ်ပါသည်။ သူ၏ရိုးသားပွင့်လင်းမှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ အသောက်အစားကင်းမှုများကြောင့် ကုသိုလ်ကံအကျိုးကို တမဟုက်ချင်းခံစားရကာ ဖြားရီတက်ယှောင် နိချင်းညချင်းကြီးပွားချမ်းသာလာသူတဦးဖြစ်ပါသည်။ ပုဏ္ဏားကျွန်းဝရစ်တောင်ဘုရား ဂေါပကအသင်းတွင်လည်း ဂုဏ်သရေဟိ လူကြီးလူကောင်းစာရင်း အသွင်းခံထားရသည်။ ၀ရာဇ်တောင်ဘုရားမြောက်ဖက်ဇောင်းတန်းဘေးတွင် ဥပုသ်သည်များအတွက် ဇရပ်တဆောင် ဆောက်လုပ်လှုဒါန်း၍ သူ့အား (ဘုရားတကာပတ်တီးမြောက်ထွန်း)ဟု လူအများ၏ ချီမွှမ်းခေါ်ဆို သမုတ်ခြင်းခံရပါသည်။

သူပတ်တီးဘ၀တုန်းက အလွန်ချစ်ခင်ပြီးဂရုတစိုက် ကျွေးမွီးပြုစုထားသော ခွီးချေတကောင်ဟိပါသည်။ ၄င်းခွီးချေအား သူလားရာမကွာ ခေါ်လားလေ့ဟိသည်။ ခွီးချေမှာ အသျှင်လားရာနောက်လိုက်၍ တကောက်ကောက်ပါလေ့ဟိသည်။ သူပတ်တီးနီစဉ်တွင်လည်း အနားတွင်ပင် အိပ်ပျော်လေ့ဟိသည်။ ၀ါဝါနိုင်တေးခြင်းဆို၍ အသျှင်က အားရပါးရပတ်တီးသောအခါ သူကလိုက်အူမြူးလေ့ဟိသည်။ ပတ်တီးမြောက်ထွန်းမှာ မိုးလင်း၍ ပွဲသိမ်းဖျာသိမ်းသောအခါ သူ့လက်စွဲတော်ခွီးချေအား ပတ်စာခွာကျွေးလေ့ဟိပါသည်။ ခွီးချေမှာ ပတ်စာစားရ၍လားမသိ ၀ထီး၍ချစ်ဖို့အလွန်ကောင်းသည်။ လူအများနှင့်ချစ်ကျွမ်းဝင်၍ ကိုက်ခြင်းရန်လိုခြင်းလုံးဝမဟိ။ ထို့ကြောင့်သူအားချစ်ခင်၍ လူအများက (ပတ်စားခွီးချေ) ဟု တော့ခေါ်ကြပါသည်။ ပတ်စားခွီးချေမှာ ပတ်စာစားပြီးတိုင်းအိပ်ပျော်လေ့ဟိသည်။

ထိုအကျင့်သည် ပတ်တီးမြောက်ထွန်းခရမ်းသီးဇတ်သဘင်လောကမှ အနားယူပြီးသည့်တိုင် ဖျောက်ဖျက်၍ မရနိုင်တော့ပေ။ ရိုးတွင်းခြင်ဆီထိအောင်စွဲလားပြီးဖြစ်သဖြင့် အသျှင်မှာ (ပတ်စားခွီးချေ)အတွက် ပတ်စာတကူးတက လုပ်ကျွေးရသည်ဟူ၏။ ပတ်စာစားပြီးတိုင်း ထူမွှမ်လျှက် အိမ်မက်မက်သည်ဟူ၏။ အိမ်မက်ထဲတွင် (ပတ်စားခွီးချေ)သည်လည်း (ပတ်တီးမြောက်ထွန်း)ကဲ့သို့ ဘုရားတကာကျောင်းတကာဟူ၏။

ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။