Monday, April 13, 2015

အေလူတိကိုမဲပီးဖို့ပင်က


မတ်လ ၁၃ ရက်နိက အောင်တံခွန်သင်္ဘော (၃) နစ်မြုတ်လားခရေ။ လူဦးရေရာဂဏန်းနီးပါး သီဆုံးလားခရရေ။ ရာဂဏန်းနီပါး ပျောက်ဆုံးနီရေ။ ရခိုင်ဂေါင်းဆောင်တိ တယောက်လေ့ဖဝါးယားပြီးကေ ရောက်မလာကတ်။ အားလုံးနယ်ပြည်တော်မှာ၊ ရန်ကုန်မှာ မျှိုင်းနီကတ်တေ။ သနားစာနာဖို့စွာကိုထား၊ ဂရုနာသက်တေလို့တောင် စကားတခွန်းမကြားလိုက်ရ။

ကျန်ခသူမိသားစုတိနန့်အတူ ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း လာရောက်ပြသဖို့စွာကို ယင်းလောက်ခက်ခဲနီကတ်ကေ ဇာပိုင်ပျင်လို့ အေလူတိကိုယုံခီရဖို့လဲ။ လူကြီးတိမာလာနိုင်ကေလေ့၊ ရခိုင့်ပြည်သူလွှတ်တော်အမတ်တိ မလာနိုင်ကေလေ့၊ ပြည်နယ်လွှတ်တော်အမတ်တိလောက်ခန်း လာကြည့်ခကေ ပြည်သူတိ ဇာလောက်စိတ်ကျေနပ်ကတ်လိမ့်မေ မသိ။

အေနီရာမှာ ဗမာမြန်မာဂေါင်းဆောင်တိ မလာကေလေ့၊ ရခိုင်ဂေါင်းဆောင်တိက ရောက်လာသင့်ရေ။ ANP ဥက္ကဌဒေါက်တာအေးမောင်ရို့ပိုင် ဂေါင်းဆောင်တိ သင်္ဘောနစ်မြုတ်တေ အသံကိုကြားစွာနန့် ချက်ချင်းရောက်လာရဖို့လူတိ၊ ရောက်လာဖို့စွာကိုထား သတင်းတောင်မီးပုံမရ။ အခင်းကြီးအေးသာအောင် ၂၀၁၅ မှာ မြေပုံမြိုနယ်က မဲအရွီးခံဖို့လို့လေ့ ပြောသံကြားရေ။ သူ့မဲဆန္ဒနယ်မှာဖြစ်လားရေကစ္စ သူကိုယ်တိုင်ရောက်လာသင့်ရေ။

တခြားတိုင်းပြည်က နိုင်ငံဂေါင်းဆောင်တိ၊ လူမျိုးဂေါင်းဆောင်တိ၊ တာဝန်ဟိလူကြီးတိ၊ သူနိုင်ငံသားတခုခုဖြစ်တေ ပြောသံကြားစွာနန့် ချက်ချင်းလိုက်လာကတ်တေ။ အားပီးစကားတိ ပြောကတ်တေ။ သူရို့တိ ဂေါင်းဆောင်ပီသမှုကို ပြကတ်တေ။ တာဝန်ကျီပြွန်မှုကို ပြကတ်တေ။ ငါရို့ဂေါင်းဆောင်တိက ``ဇာသူသီသီ ငါနီရာရကေကျီ`` ဗမာမြန်တိဘက်ကူးနီရေအကျင့်တိနန့် ငါရို့ကိုဦးဆောင်လို့က ကောင်းထူးဖို့မမြင်ကာ။

အေလူတိကို ၂၀၁၅ နိုဝင်ဘာမှာ မဲပီးဖို့ပင်က၊ တခြားပီးဖို့လူ မဟိခါ ထပ်ပြီးကေ ပီးကတ်ရဖို့ပျာယေ...။ ဂေါင်းဆောင်ပီသမှုကိုပြနိုင်စွမ်းမဟိရေ ဂေါင်းဆောင်တိကို ထပ်လို့မဲပီးကတ်ဖို့ပျာယေ..။ ယင်းအတွက်နန့်ဟိဖို့ တခြားရွီးချယ်မှုမဟိနိုင်ရေ နည်းလမ်းကိုကြွေးကြော်နီကတ်စွာ ``ရခိုင်အမျိုးသားပါတီ ANP`` တခုတည်းရာ ရခိုင်ပြည်ကိုကိုယ်စားပြုဖို့ ပြောနီကတ်စွာ..။

................ 
ခိုင်မြသိန်း (ချောင်းသာကြီး)
စစစစ

No comments:

Post a Comment