Friday, June 5, 2020

ကိုယ်ပိုင်ပြဌာန်းခွင့်ဟိသောပြည်သူ

အပိုင်း ၁
-----
နိုင်ငံတကာဥပဒေ နှစ်ခုဖြစ်သော "နိုင်ငံရေးနှင့် လူမှုအဖွဲ့စည်းအခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက် "(the International Covenant on Civil and Political Rights) နှင့် "စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက်" (the International Covenant on Economic, Social and Cultural Rights) ရို့တွင် ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ကို
ပြည်သူ (people) ကို အပ်နှင်းထားသည်။ ၎င်းနိုင်ငံတကာဥပဒေနှစ်ခုလုံး၏ပုဒ်မ () တိုင်းတွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

"All people have the right of self-determination . By virtue of that right they freely determine their political status and freely pursue their economic, social and cultural development. “

ဆီလျော်အောင် ဘာသာပြန်ဆိုလျှင်-
" ပြည်သူတိုင်းသည် ကိုယ်ပိုင်ပြဌာန်းခွင့်ဟိသည်။ ထိုအခွင့်အရေးအရ ပြည်သူတိုင်းသည်၊ ၎င်းရို့၏နိုင်ငံရေး အဆင့်အတန်းကို လွတ်လပ်စွာဆုံးဖြတ်နိုင်သည်။ ၎င်းရို့၏ စီးပွားရေး၊ လူမှု့ရေးနှင့် ယဉ်ကျေးမှုရေးရာရို့ ဖွံ့ဖြိုးတိုးတက်ရေးရို့အတွက်လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်သည်