Wednesday, June 4, 2014

ဖေါ်ချိုးပေါ်ပျူလာမဖြစ်စီဖို့ (၁)

April 27-may 1, 2014 ရက်နိထိ ငါးရက်ကြာ ရခိုင်အမျိုးသားညီလာခံကို ကျောက်ဖြူမှာကျင်းပလားပါရေ။ ယင်းညီလာခံမှာ ပါတီမဟိသိမ့်ရေ ရခိုင်တပ်မတော် (AA ကချင်ဒေသ အခြီစိုက်) က ကောင်းပေါ်ပျူလာဖြစ်လားစွာကို တွိလိုက်ရပါရေ။ အားရ၀မ်းမြောက်ပါရေ။ စိတ်မှာလေ့ အမှန်ကြည့်နုဖြစ်ပါရေ။ ကိုကျော်ဟန်က ကိုယ်နန့်အတူ လုပ်ဖေါ်ကိုင်ဖက်တယောက်ဖြစ်ဖူးခရေပိုင် AASYC ကို စတင်ထူထောင်ခရေလူတိထဲမှာ ပါဝင်ခရေလူတိဖြစ်နီစွာတကြောင်း၊ နောက်ပိုင်းမှာ AASYC ဥက္ကဌဖြစ်လာစွာကတကြောင်း ပိုလို့ဝမ်းမြောက်ဖြစ်ပါရေ။ အေနိ AA မှာ စစ်ဦးစီးချုပ်နီရာနန့် ဒုစစ်ဦးစီးချုပ်နီရာတိကို ယူထားရေလူတိက တချိန်က AASYC မှာ Under Ground (UG) activists တိ လုပ်ဖူးခကတ်ပါရေ။ ယင်းလူတိကို အေနိအေပိုင်ဝတ်စုံတိနန့် မြင်ရလို့လေ့ လေးစားပါရေ။


ကျန်တော် ၂၀၀၂ ခုနှစ်က သင်တန်းတခုတက်ဖို့ ထိုင်းဖက်ကိုရောက်ခပါရေ။ သင်တန်းပြီးရေနောက်ပိုင် ချင်းမိုင်က AASYC ယုံးမှာကိုယ့်အဖွဲ့သားတိနန့် ဆွေးနွေးမူတိလုပ်ခရေ။ ယင်းအပြင် UNDC အဖွဲ့ဝင်ကိုယ်လှယ်တိနန့်လေ့ ဆွေးဖြစ်ခပါရေ။ ယင်းအချိန်မှာ ကျန်တော်က UNDC အတွင်းရေးမှူ ဖြစ်ပါရေ။ အရှိဖက်ဟိ UNDC အဖွဲ့ကိုယ်စားလှယ်တိနန့် UNDC ကစ္စတိကို ဆွေးနွေးပြီးရေနောက်ပိုင် ကိုယ့် AASYC ကိစ္စဆွေးနွေးဖို့ ညာဥ့်ခါမှာ လုပ်ဖြစ်ကတ်ပါရေ။ အကြောင်းက ကျန်တော်မှာ ဗီဇာသက်တမ်းကုန်လားလို့ဖြစ်ပါရေ

ယင်းဆွေးနွေးမှုအစည်းဝေးမှာ ရွှေသဘာဝဓါတ်ငွေ့အကြောင်း၊ ကုလတန်မြစ်စီမန်ကိန်းကြောင်းတိကို အဓိကထားဆွေးနွေးခကတ်ကေလေ့ ရခိုင့်ကျောင်းသားတပ်မတော်တခုကို ပြန်လည်ထူထောင်ဖို့ကိစ္စလေ့ ပါလာပါရေ။ ရွှေသဘာဝဓါတ်ငွေ့နန့် ကုလားတန်းမြစ်ကိစ္စကို ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာ သုံးနိုင်ငံမှာ လှုပ်ယှားဖို့ကို အဆင်ပြေပြေဆွေးနွေဖြစ်ပါရေ။ ယေကေလေ့ AASYC လက်နက်ကိုင်ကိစ္စကိုကျခါ ဥက္ကဌကိုကျော်ဟန်က အားရပါးဆွေးနွေးလာစွာကို ကျန်တော်က ကန့်ကွက်ခပါရေ။ သူ့ဆွေးနွေးချက်မှာ ချမ်းပြည်လက်နက်ကိုင်အဖွဲ့တဖွဲ့က ရခိုင်ကျောင်းသားလူငယ်တိ လက်နက်ကိုင်တပ်မတော်ထူထောင်ချင်ကေ ကူညီဖို့အဆင့်သင့်။ ငါရို့ဖက်က မီးစိမ်းပြလိုက်ကေ လိုသလောက်လက်နက်ကို တပ်ဆင်ပီးဖို့လို့ အကြိမ်ကြိမ်ကမ်းလှမ်းထားရေ။ ယင်းအပြင် ကယင်တော်လှန်ရေးကလေ့ ရခိုင်ကျောင်းသားတပ်မတော်ထူထောင်ဖို့ဆိုကေ မီးစိမ်းပြထားရေ။

ရခိုင်ပြည်တွင်းထဲမှာတိုက်ပွဲ့ဝင်ဖို့ဆိုကေ ကျန်တော်ရို့ AASYC-India side က အမြဲတမ်းလက်ခံရေ။ ကယင်ပြည်နယ်၊ ချမ်းပြည်နယ်၊ ကချင်ပြည်နယ်တိမှာ တိုက်ပွဲ့ဝင်ရဖို့ဆိုကေ ကျန်တော်ရို့ဆိုက်က ရခိုင်ကျောင်းသားလူငယ်ချေတိ အသက်သွီးကိုထား၊ ချွဲတစက်လေ့အကျမခံနိုင်လို့ ပြတ်ပြတ်ငြင်ထုတ်ခရေ။ ကယင်ပြည်နယ်၊ ချမ်းပြည်နယ်၊ ကချင်ပြည်နယ်ရို့မှာပိုင် တော်လှန်ရေးတရပ် အောင်မြင်စွာကိုမြင်ချင်ရေဆိုကေ ရခိုင်ပြည်နယ်စပ်မှာ ဗိန်းစိုက်ကတ်မေ။ လက်ထဲမှာ ဖဲသာဟိကေ လက်နက်ကို ဇာကမဆို ၀ယ်လို့ရရေ။ ယင်းပိုင်မလုပ်နိုင်ကေ အကိုရို့စုဆောင်းထားရေ လူအင်အားနန့်၊ လက်နက်အင်အားကို ရခိုင်ပြည်ကိုရောက်အောင် ဇာပိုင်လာဖို့လဲဆိုရေ နည်းလမ်းကို ယှင်းယှင်းလင်းလင်း တင်ပြနိုင်ကေ ကျန်တော်ဖက်က လက်ခံဖို့အဆင်သင့်။

ယင်းစကားကြောင်း ကိုကျော်ဟန် ယုံးမှာလေ့ မအိပ်ခပျာ။ ဆိုင်ကယ်တစီးနန့် ဇာမှာလားအိပ်ခီလေ့ မသိ။ ကျန်တော့်ကိုလေ့ စိတ်ဆိုးလားရေ ပုံးပေါ်ရေ။ မိုးလင်းလို့ ချင်းမိုင်လီဆိပ်ကိုလိုက်ပို့ဖို့ ရောက်လာရေ။

၂၀၀၃ ခုနှစ် ဘင်္ဂလာမှာ ရွှေသဘာဝဓါတ်ငွေ့ကိစ္စနန့် ပါတ်သက်လို့
ကျန်တော်ရို့ AASYC က ဆိုက်သုံးဆိုက်မှာ လှုပ်ယှားမှုကိုစတင်ဖို့ ပျင်ဆင်ရန် ဆိုက်သုံးဆိုက်က အဖွဲ့ဝင်တိရောက်လာကတ်ပါရေ။ ယင်းကိစ္စနန့်ပါတ်သက်လို့ လိုအပ်တေသင်တန်း၊ workshop တိ ပြီးလားရေနောက်ပိုင်မှာ AASYC ညီလာခံလုပ်ဖို့ပြောလာပြီးကေ အစည်းဝည်းခေါ်ပါရေ။ ယင်းအစည်းဝေးသည်ပင်လျင် AASYC ညီလာခံပျာလို့ AASYC- Bangladesh တာဝန်ခံ ကိုထွန်းကျီနန့် စိုးလင်းရို့က တင်ပြလာရေ။ AASYC တွဲဖက်အတွင်းရေးမှု၊ ထိုင်းယုံးတာဝန်ခံ ကိုခိုင်ဇော်နန့် ကျန်တော် ကန့်ကွက်လိုက်တေ။ သို့သော် ဆိုက်သုံးဆိုက်အစည်းဝေးကို ကျင်းပလို့ရရေလို့ ကျန်တော်ရို့ဖက်က လျော့ပီးလိုက်တေခါ အေလက်နက်ကိုင်ကိစ္စဖေါ်ထုတ်ဖို့ Agenda အဖြစ်နန့် ပါလာပြန်ရေ။

ကျန်တော်လေ့ ဇာပြောရမှန်မသိ။ AASYC Thai and Bangladesh က ယခင်ဟိဖူးခရေ AASYC-Arakan New Generation Army (ANGA) ကို ပြန်ဖေါ်ထုတ်ဖို့ လက်ခံထားကတ်ပျာ။ အခြေနီက အေချက်မှာ တိစိချေလောက် တင်းမာလာကတ်တေ။ ကျန်တော့် စိတ်ထဲမှာဟိရေ၊ ပေါ်လာရေအတိုင်း ပြန်တုန့်ပြန်လိုက်တေ။ ``ငါရို့ AASYC-India Side က အေကိစ္စကို လုံးဝပယ်ချရေ။ အကိုရို့ လက်နက်ကိုင်ချင်ကတ်ကေ NUPA ဟိရေ၊ UNPA ခွဲထွက် ဟိရေ၊ ALP ဟိရေ။ ယင်းပါတီတိမှာ ၀င်လုပ်လို့ရရေ။ AASYC-ANGA ကို ဖေါ်ထုတ်လိုက်ကေ ရခိုင်ပြည်အတွက် လက်နက်ကိုင် လေးဖွဲ့ဖြစ်လားဖို့။ ပေါ်ပျူလာဖြစ်ချင်ရေလူတိစွာ အုပ်စုဖွဲ့ပြီးကေ အာဏာပါဝါကို ယှဉ်ပြိုင်ဖို့ကြိုးစားရေထဲမှာ အကိုရို့မပါစီချင်။ AASYC-ANGA ကိုဖေါ်ထုတ်လိုက်ကေ ရခိုင်ပြည်တော်လှန်ရေး ကောင်းယှုပ်ထွီးလားဖို့။ ပြည်သူက ဇာသူ့နောက်လိုက်ရဖို့မှန်းမသိ ဖြစ်လားဖို့။ ပြည်သူအားကိုးလောက်တေ တပ်မတော်တခုလို့အပ်နီစွာ မှန်ကေလေ့ ပြည်သူလမ်းမွိရေအလုပ်ကို ကျန်တော်ရို့ကျောင်းသားလူငယ်ချေတိ မလုပ်သင့်။ ယင်းမှုာ အစည်းဝေးက ဆက်ဆွေးလို့မရဘဲ ရပ်လိုက်ရပါရေ။

ကျန်တော်လေ့ အလုပ်ကိစ္စတိပြီးလို့ အန္ဒိယကိုပြန်၊ ကာလာကတ္တာမှာ ထောင်ကျလားရေ။ ထောင်ထဲမှာ ကျန်တော်ရို့ကို လာတွိရေ ဆရာဦးခိန်မောင်က တဆင့် ပြည်တွင်းထဲက ၀င်းအောင်အုပ်စုထွက်လာပြီးကေ AASYC မှာ တက်တက်ကြွကြွ လုပ်နီကတ်တေလို့ ကြားရလို့ ကောင်းအားရ၀မ်းသာဖြစ်ခပါရေ။ ၂၀၀၇ ခုနှစ် ထောင်ကလွတ်လာပြီးကေ Sweden ကို ရောက်လာရေခါ AASYC က အကွဲကွဲပြဲပြဲ ဖြစ်နီကတ်ပျာ။ ကြားရစွာ စိတ်မချမ်းသာ။ အလွန်စိတ်မကောင်းလေ့ ဖြစ်ရပါရေ။ AASYC စတင်ထူထောင်ခရေ အဖွဲ့ဝင်တယောက်ဖြစ်တေအတွက် ပိုစိတ်မကောင်းပါ။ ကိုကျော်ဟန်နန့် အဆက်သွယ်ပြန်ရရေ။ ဖုန်းလေ့ပြောဖြစ်ကတ်တေ။ သူရင်ဖွင့်ခရေ စကားတလုံးက ``သမက်ကို ယောက္ခမအိမ်က နှင်ချလိုက်တေပိုင်ယာ မလား စိုးဝင်။ အထုပ်ချေကိုင်လို့ ဆင်းလာရရေ ယုံးက။``

AASYC ထိုင်းဖက်က အဖွဲ့ဝင်တိနန့် နီးစပ်တေလူတိကို မီးမြန်းကြည့်ရေခါ အုပ်စုဖွဲ့လို့ ဖြစ်လားကတ်စွာရာလို့ ပြန်ဖြေကတ်ပါရေ။ ဇာသူမှားလေ ဇာသူမှန်လေဆိုစွာက ပါဝင်ပါတ်သက်ခသူရို့ကရာ ပိုသိကတ်ပါလိမ့်မေ။

ဆက်ပါမေ
ကျန်းမာချမ်းသာကတ်ပါစီ

ခိုင်မြသိန်း (ချောင်းသာကြီး)စစစစ

No comments:

Post a Comment