Wednesday, June 4, 2014

ဖေါ်ချိုးပေါ်ပျူလာမဖြစ်စီဖို့ (၂)

ကျန်တော်ဆွီဒိန်ကို ၂၀၀၇ ခုနှစ်ရောက်တေ။ ယင်းနောက်ပိုင်မှာ AASYC က အတွင်းရေးမှုပုံစံနန့် ဖွဲ့စည်းလိုက်တေ Statement တစောင်ထွက်လာရေ။ အောင်မင်းဦးက အတွင်းရေမှုနီရာယူထားစွာကို တွိလိုက်ရရေ။ အေပုံစံကို ကိုကျော်ကျော်လေ့ ကျင့်သုံးခရေ။ AASYC မဖွဲ့စည်းခင် တနှစ်အလိုလောက်က Arakan Student Congress (ASC) ကို အေစနစ်နန့် ဖွဲ့စည်းခရေ။ သူ့အကြောင်းပြချက်က ကမ္ဘာမှာအင်အားအကြီးဆုံးအဖွဲ့ဖြစ်တေ UN ကို အတွင်းရေးမှုစနစ်နန့်ဖွဲ့ထားရေ။ အေစနစ်စွာရေ အာဏာပါဝါနန့်နီရာထိုင်ခုန်ကို ညီမျှစီရေလို့ အစည်းဝေမှာ ယှင်းပြရေ။ အမှန်က အေဖွဲ့စည်းပုံစနစ်ကို ကျင့်သုံးရခြင်းရေ တခြားလူတိကို ထိမ်းချုပ်ချင်လို့။ တနည်းပြောရကေ သူ့အထက်မှာ တယောက်ကိုလေ့ နီရာမပီးချင်လို့ အချိုသတ်ပြီးကေ အဏာထိုင်ခုန်ကို ချုပ်ကိုင်ထားစွာ ဖြစ်တေ။ အောင်မင်းဦး ဇာလောက်ညာဏ်များနီလေဆိုစွာကို AASYC ကို အတွင်းရေးမှုစနစ်နန့် ဖွဲ့စည်းလိုက်စွာက ဖော်ပြနီရေ။ သူ့အထက်မှာ တယောက်လေ့ မဟိရဆိုရေ သဘောဟိရေ။ အဖွဲ့စည်း၏လုပ်ပိုင်ခွင့် အရာရာတိုင်းကို သူတယောက်တည်း ချုပ်ကိုင်ဖို့ဆိုရေ သဘောဟိရေ။


ဥပမာ အဖွဲ့စည်းတခုထူထောင်ရာမှာ ဥက္ကဌ၊ အတွင်းရေမှုစနစ်နန့်ဖွဲ့စည်းလိုက်ကေ အတွင်းရေးမှုဖြစ်တေလူက ခစ်ပညာတတ်တိက နီရာရတတ်ကတ်ပါရေ။ အေနီရာမှာ အလုပ်အများဆုံး လုပ်ရရေလူဖြစ်လို့ ပညာတတ်တေလူတိကို ဦးစားပီးလေ့ ဟိရေ။ သူ့ထက်ပညာအရည်ခြင်းနည်းရေလူကို သူ့အထက်က ဥက္ကဌာရာထူးကို မပီးချင်၊ မမြင်ချင်၊ မလိုစီချင် ဖြစ်လာလို့ အတွင်းရေမှုစနစ်ကို ကျင့်သုံးလားရေလို့ ကျန်တော်ယူဆပါရေ။

 အေင်မင်းဦး ဆွီဒိန်ကိုရောက်လာရေ။ ကျန်တော်နန့်တွိချင်ရေလို့ ဆက်သွယ်လာရေ။ လားတွိလိုက်ပါရေ။ ဇာပင်ပြောပြော AASYC စီကို မပြိုပျက်လားရအောင်ထိမ်းထားဖို့၊ နိုင်ငံရေးမှာ အလွန်ပေါ်ပျူလာဖြစ်ဖို့ မကြိုးစားသင့်၊ မ မလိုက်ဖို့၊ ဖဲသာအချုပ်ချက် မဖြစ်စီဖို့၊ အဖွဲ့စည်း၏လုပ်ပိုင်ခွင့်အာဏာကို တယောက်တည်းထိမ်ချုပ် မထားဖို့ အကြံပြုလိုက်တ။ စာအုပ်စာပီတိထုတ်ကေ ရခိုင်ပိုင်ရွီးသားကတ်ဖို့ တိုက်တွန်းလိုက်တေ။ နောက်တခု ဂေါင်းဆောင်ကိုမျှော်မနီကဲ့။ ကိုယ်ကိုတိုင် ဂေါင်းဆောင်ဖြစ်နီရေပိုင် နောက်လိုက်လေ့ဖြစ်နီရေလို့ အားပီးလိုက်တ။ ဂေါင်းဆောင်ဆိုစွာ သတ်သတ်ပေါ်ထွက်လာစွာ မဟုတ်။ လုပ်ယင်းကိုင်ယင်းနန့် ဂေါင်းဆောင်ဖြစ်လာကတ်တေ လူတိကျဲပျာ..။ ကြိုးစားပြီးကေ လုပ်လီကတ်။

ယင်းနောက် ကောင်းမကြာခင် ၀င်းအောင်ဆွီဒိန်ကိုရောက်လာရေ။ တွိချင်ရေဆိုလို့ လားတွိဖြစ်တေ။ အားပီးစကားတိနန့် ဆက်လက်လုပ်လားကတ်ဖို့ အားပီးလိုက်တေ။ AASYC မှာ ပြန်ဝင်လုပ်ဖို့က လုံးဝမဖြစ်နိုင်ပျာ။ တခြားနည်းလမ်းတိနန့်ရာ လုပ်လီဖို့ပျာ ပြောရေ။ ယေကေလေ့ မှားနီရေမြင်ကေ ၀ိုင်းဝန့်ထောက်ပြကတ်ရဖို့။ လက်ခံဖို့၊ မခံဖို့က ယင်းသူရို့အပိုင်း။ မြင်ကေထောက်ပြရဖို့စွာက ကိုယ်တာဝန်လို့ ပြောပြလိုက်တေ။

ကျန်တော်ရို့ AASYC မှာ နောက်ပိုင်းရောက်လာရေ လူငယ်ကျောင်းသားတိရေ ကောင်းတော်ကတ်ပါရေ။ ကချင်ဒေသကိုရောက်လားရေ ကျောင်းသားတိလေ့ ကောင်းတော်ကတ်ပါရေ။ ကျန်တော်ရို့ စတင်ထူထောင်ခရေ ကျောင်းသားလူငယ်တိထက် တော်ကတ်ပါရေ။ ခစ်ပညာကိုလေ့ တတ်မြောက်ကတ်တေ။ ခစ်နန့်အညီတွေးခေါ်တတ်ကတ်တေ။ လူဝင်ဆန့်ရေ လူငယ်ကျောင်းသားတိ များရေ။ ယေကေလေ့ အုပ်စုဖွဲ့ပြီးကေ ဖေါ်ချိုးပေါ်ပျူလာဖက်ကို လိုက်လားကတ်တေခါ AASYC လေ့ တစစီပျက်ထွက်လားပါရေ။ သံယောစိုင်ဇာလောက်ကြီးမားလေဆိုစွာ ကိုယ်တိုင်ပါဝင်ထူထောင်ခရေ လူတိကရာ ခံစားတတ်ဖို့။ နားလည်တတ်ပါဖို့။

ဆက်ပါမေ
ကျန်းမာချမ်းသာကတ်ပါစီ

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment