Saturday, June 14, 2014

ဖေါ်ချိုးပေါ်ပျူလာမဖြစ်စီဖို့ (၃)

AASYC လေ့ တဖြည်းဖြည်းပျောက်ကွယ်လားရေပိုင်၊ မြောက်ဝင်ရိုးစွမ်းက နီမ၀င်ရေညာဥ့်တညာဥ့်မှာ ဖြုတ်စိကြယ်ချေထွက်တေပိုင် ANC ပေါ်ထွက်လာရေ။ လူအများက ကောင်းစိတ်ဝင်စားကတ်ပုံးမပေါ်။ ၄င်း ANC အောက်မှာ လက်နက်ကိုင် AA ဆိုရေ အဖွဲ့တဖွဲ့ပေါ်ထွက်လာရေ။ ဇာလောက်အောင်မြင်မှုဟိလေဆိုစွာကို ရခိုင်ပြည်သူထက် DKBA ရာ အသိဆုံးဖြစ်ဖို့ထင်ရေ။


Miss-call ဖုန်းတလုံးဝင်လာရေ။ ဇာသူလေချင့်...။ ဇာကလဲ...ကုတ်နံပါကို သေချာကြည့်လိုက်တေ။ ထိုင်းကဖြစ်နီရေ။ ပြန်ခေါ်လိုက်တေ။ ကိုကျော်ဟန်ဖြစ်နီရေ။ မဲဆောက်ကိုရောက်နီရေ။ အိမ်ချင်မလေ့ပါလာရေ။ အိမ်ချင်မ နီမကောင်းဖြစ်လို့ ဆီးခန်းပါပြယင်း အလုပ်ကိစ္စတိကို ဆောင်ရွက်ဖို့ ရောက်နီရေ။ ကျန်းရေးမာရေးလူမှုရေးတိကို ပလ္လင်ခံပြောဖြစ်ကတ်တေ။ ခိုင်ခိုင်နန့် စကားပြောကတ်ယာ။ စိုးဝင်းနန့် ကိုဘအောင်ကို မကြာမကြာပြောဖြစ်ကတ်တေကား အိမ်မှာ။ တဖွဲ့တည်းသားတိပီပီ၊ ရင်ရင်နှီးနှီး အာလာဘ၊ သလာဘ၊ ရယ်စရာဟာသချေတိနန့် ပြောဖြစ်နတ်ဖြစ်ကတ်တေ။ နိုင်ငံရေးသမား၊ တော်လှန်ရေးသမား သားမယားတယောက်အဖြစ် ပီပီပြင်ပြင် ဖြစ်ရဖို့ယေ။ ယေမှရာ သားလင်ဖြစ်သူက နိုင်ငံရေး၊ တော်လှန်ရေးကို ဇောက်ချလုပ်လို့ရဖို့လို့ အားပီးစကားချေတိ ပြောလိုက်တေ။

ကိုကျော်ဟန်နန့် နာရီဝက်၊ တနာရီနီးပါး ဖုန်းပြောဖြစ်တေ။ ပထမပိုင်းမှာ ကျန်တော်က UN လျှောက်ပြီးကေ အနောက်နိုင်ငံတခုခုကို ထွက်ဖို့တိုက်တွန်းရေ။ နောက်ရောက်လာရေ လူငယ်ချေတိ ဆက်လုပ်ကတ်လိမ့်မေ။ သူရို့တိအတွေးခေါ်လေ့ မဆိုး၊ ကောင်းထက်မြက်ကတ်တေ။ သူရို့အတွက် နီရာဖယ်ပီးရဖို့။ လမ်းပြပီးရဖို့။ ကိုယ့်လမ်းကိုယ် လျှောက်တတ်ကေ လွှတ်ပီးလိုက်။ အားလုံးစွာမှာ ငါပါ၊ ငါလုပ်မှဖြစ်ဖို့ဆို့ မရပျာ။ နော်ဝဲ၊ ဗြိန်၊ အမေရိကရို့ရကေ ထွက်ဖိ။ လက်မခံချင်သလိုလို၊ လက်ခံချင်သလိုလို ယနာနာ ပြန်ဖြေရေ။ ပြီးကေ သူပြောချင်စွာတိ၊ ဆွေးနွေးချင်စွာတိကို ပြောလာရေ။

အကောင်ထည်တခုဖေါ်ဖို့ ပျင်နီရေဒေ ကချင်နန့် ကယင်ဒေသဖက်မှာ။ နိုင်ငံတကာရောက် ရခိုင်သားတိလေ့ ၀ိုင်းဝန်းကူညီကတ်ကေ ကောင်းကောင်း ကောင်းဖို့။ ယင်းဖက်က ဥရောပဖက်က ခိုင်မာရေတ်ာလှန်ရေးအင်းအားစုတခုဖြစ်အောင် ပံ့ပို့ပီးကတ်ရဖို့ စိုးဝင်း။ ကချင်ဒေသဖက်မှာ ရခိုင်လူငယ်ချေတိ ကောင်းတက်တက်ကြွကြွ ကြိုးစားနီကတ်တေ။ အားပါဖို့လေ့ ကောင်းရေ။ လေးစားဖို့လေ့ ကောင်းရေ။ ၀ိုင်းဝန်းပီးကတ်ရဖို့ဒေ စိုးဝင်းရို့ဖက်က လူတိလေ့။

အကိုလေ့ အေစိတ်ဓါတ်ကို တခါလေ့မလျှော့ မလားယေနန့်။ တစိုက်မတ်မတ် ကြိုးစားနီစွာကို လေးစားပါရေ ကို။ ဂုဏ်ယူရေ။ စိတ်သစ်လူသစ်၊ အတွေးခေါ်အသစ်တိနန့် လုပ်ခကတ်စွာလေ့ များပျာ။ ခရီးမဆုံးခင် ခါးပြတ်ကျလားကတ်စွာလေ့ အကြိမ်းပေါင်း မနည်းပျာ။ အေဖက်မှာ ဟိကတ်တေလူတိကိုလေ့ တီးခေါက်ကြည့်မေ။ အားပီးရေ လူတိလေ့ ဟိကတ်ဖို့နှင့်ရာ။ ဖုန်းကပ် ဖဲသာကုန်လို့ ပြတ်လားရေ။ အေချင်က ကိုကျော်ဟန်နန်ပ စကားပြောဖြစ်စွာ အေနိချိန်ထိနောက်ဆုံး ဖြစ်တေ။ သူလေ့ အလုပ်တိ များရေဟိဖို့ အဆက်သွယ် မဖြစ်လိုက်ပျာ။ သူသတင်းချေတိကို သိချင်ကေ ဆက်စပ်တေလူတိဘက်တဆင့် မီးမြန်းရရေ။

ကိုကျော်ဟန်နန့် နောက်ဆုံးဖုန်းအဆက်သွယ်ရခရေအချိန်ကပင် စိုင်းစားနီစွာတခုဟိရေ။ အေတပ်အင်အားတိ ရခိုင်ပြည်ကို ဇာပိုင်ရောက်အောင်လာကတ်ဖို့လဲ။ ဥက္ကဌခိုင်မိုးလင်းနည်းနန့်လား၊ ဗိုလ်ရာဇာနည်းလမ်းနန့်လား။ မဟုတ်ကေ မှန်လုံးကားစီးလိုက်ငှားလို့ လာနိုင်ဖို့လား။ လီယဉ်ပျံပြန်ပွဲဆွဲပြီးကေ ရခိုင်ေးသကိုလာဖိုပလား။ UFO ကို ငှားလို့က ရနိုင်ဖို့လား။ ဇာပင်ပြောပြော နည်းတခုခုနန့် ရခိုင်ပြည်တွင်းထဲကို ရောက်မှဖြစ်မေ။ ရောက်လာကေ အေလောက်အင်အားစုကို ဇာဖဲသာနန့်ရပ်တည်လားကတ်ဖို့လဲ။ ပြည်သူဘက်က အခွန်ကောက်ပြီးကေ ရပ်တည်းလားဖို့လား။ သိုမဟုတ် ဘင်္ဂလားပင်လယ်ပြင်မှာ ဖဲသာရှာလို့က ရနိုင်ခမ်းသိမ့်လာ။

မရောက် ရောက်အောင်လာဖို့နည်းလမ်းနန့် အသက်ရှင်ရပ်တည်မှုနည်းလမ်းကို ဇာပိုင်ကြံဆကတ်ဖို့လဲ ငါရို့။

ဆက်ပါမေ
ကျန်းမာချမ်းသာကတ်ပါစီ

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment