၁၉၉၂ ခုနှစ်
ဂျွန္န၀ါရီ ၂၄ ရက်နိ ကျန်တော်ရို့ရခိုင်လူငယ်လေးယောက် (ကိုရန်နိုင်…ဗိုလ်ရာနှင့်အတူတိုင်ပြည်အတွက်
အသက်ပီးကျဆုံး၊ ကိုနိုင်ဝင်း၊ ကိုဘအောင်၊ ကျန်တော်စိုးဝင်း) နယူဒေလီမြို့သို့ ရောက်လာကြသည်။
ကျန်တော်ရို့မတိုင်ခင် ရခိုင်ကျောင်းသားသုံးယောက် ရောက်ဟိပြီးဖြစ်ပါသည်။ ယင်းရို့မှာ
ကိုရွှေဇံ၊ ကိုပြည်အေး၊ ဘုန်းကြီးလူထွက် ကိုယ်တော် (လူနာမည်မသိ၊ ဘုန်းကြီးလုပ်ခလို့
ကိုယ်တော်ခေါ်ဖန်များလာသောကြောင့် လူနာမည်ပျောက်လားပါ၏။) ရို့ဖြစ်ကြပါသည်။ ကိုရွှေဇံက
နယူဒေလီမြို့ကို ပထမဆုံးရောက်ဟိလာသော ရခိုင်ကျောင်းသားဖြစ်ပါသည်။ ယင်းနောက်မှာ ကိုယ်တော်၊
ကိုပြည်အေးရို့တက်လာကြသည်ဟု သိရပါ၏။ ကိုရွှေဇံက ရခိုင်ကျောင်းသားအများစုဟိရာ ဘင်္ဂလားဒဲခ်ျကို
ထွက်လားခသည်ဟု သိရပါ၏။
Rakhine (Arakan ရခိုင်)
ဟာသ       
ရတုလကၤာ       
ဆောင်းပါးများ       
ကဗျာများ       
အချစ်ကဗျာများ       
အေဆွပ်ပုံပြင်များ       
Tuesday, November 12, 2013
Friday, December 7, 2012
Letter to Indian Prime Misnister
Dr. Manmohan Singh
The Prime Minister of India,
C/O High Commissioner for India
India House
Aldwych
London
WC2B 4NA
22 June 2009
Dear Prime Minister,
We are writing to express our deep concern over the detained 34 members of Karen and Arakanese freedom fighters who are currently held in Kolkata 's Presidency jail in India. We write to urge you to release them immediately and unconditionally.

ဖုန်းကွယ်ခံကျွန်ပုန်းကိုလိုနီ (Hidden Colony)
“ကိုလိုနီ” (Colony)
ဆိုလျင် အင်အားကြီးနိုင်ငံတခုက တခြားအင်အားငယ်နိုင်ငံတခုကို (သို့မဟုတ်)
နိုင်ငံအများကို သဘောတူသည်ဖြစ်စီ၊ မတူသည်ဖြစ်စီ စစ်ရေးအရကျူးကျော်
ဝင်ရောက်သိမ်းပိုက်ပြီး အချုပ်အချာကိုထိမ်းချုပ်ကာ
လက်အောက်ခံနိုင်ငံပြုလုပ်သည်ဟု ယေဘူယနားလည်ကြသည်။ “ကုန်ကြမ်းထုတ်
ကုန်ချောယူ” ဆိုသည့် စီးပွားရေအရသော်၎င်း၊ စစ်ရေးအရ
“အစောင့်ယှောက်ခံနိုင်ငံ” အဖြစ်၎င်း၊ သို့မဟုတ် “ရှိတန်းစစ်စခန်း”
အဖြစ်၎င်း၊ နှစ်ခုစလုံးအတွက်သော်၎င်း၊ နိုင်ငံတကာနယ်ချဲ့များ
ကျင့်သုံးခသည့်နယ်မြီများဖြစ်သည်။
ယိုင်ကျေးသောနယ်ချဲ့များသည်
မိမိရို့အကျိုးအမြတ်ရဟိရေးအတွက် နယ်ချဲ့ခံနယ်မြီးများ တိုးတက်ရေးကို
အာရုံစိုက်ခကတ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊
ကုန်သွယ်ရေး၊ ယိုင်ကျေမှု၊ အဖက်ဖက်မှ ဒေသခံများတိုးတက်အောင် ဖန်တီးခကတ်သည်။
ဒေသခံအလိုတော်ဟိများ တိုးတက်လီ နယ်ချဲ့များအမြတ်ရလီ။ တချိန်တည်းမှာ
အလိုတော်ဟိမဟုတ်သော ဒေသခံများ အမြင်ကျယ်လာလီ လွတ်လပ်ရေးတိုက်ပွဲများ
ပေါ်ထွက်လာလီ ဖြစ်၏။
သမီးတက်ပွဲ့
တရက်နိ ညဇာဖက် ကရင်နီမိသားစုတခုက
အိမ်ကိုအလည်လာဖို့ခေါ်ရေ။ အလုပ်လားနီရလို့ ညောင်းရေ၊ မလာချင်ပျာ၊
စနီနိလာလည်မေလို့ ပြန်ပြောလိုက်တေ။ မရမက ခေါ်ရေ။ ပြောစရာလေ့ဟိရေ။ မီးစရာလေ့
ဟိရေ။ နောက်ပြီးကေ ပြစရာလေ့ဟိရေ။ နောက်ဆုံး ခေါ်လို့မရေကေ အပျိုမချေတိကို
အကြောင်းပြုလှမ်းခေါ်ရေ။ မမချေတိ ဟိရေဆိုလို့ စိတ်ဝင်စားစွာနန့်
လားလည်လိုက်တေ။
အိမ်ခန်းထဲကို ၀င်လိုက်စွာနန့် အပျိုမချေတိက ငါဝယ်ဖို့၊ သူဝယ်ဖို့နန့် တခန်းလုံးဆူညံလားရေ။ ဈီးလျှော့ရောင်းပါ။ မတတ်နိုင်လို့ပါ။ အကိုကြီးက လိမ္မာပါရေ။ ဈီလျှော့လို့ရောင်းနန်း......။ ယင်း မမချေတိ မီးစကား၊ ပြောစကားကို နားမလည်နိုင်ဖြစ်နီရေ။ ၀ဲလယ်လယ် ဖြစ်လားရေ။ ဇာပြောကတ်စွာလေ။ နင်ရို့ပြောစွာကို ငါတခုလေ့ နားမလည်။ အုံမာက ကိုခိုင်မြသိန်း ထိုင်ပါ။ အေမှာ အကျန်ရို့ရုပ်ရှင်ကြည့်နီကတ်တေ။ ရခိုင်ကဂီရိမုန်တိုင်းရန်ပုံအတွက် စတိတ်လျှိုးကိုကြည့်နီကတ်တေ။ ရှင်သန်နိုးထ အာရက္ခလို့ နာမေပီးထားရေ။ ယင်းချင့်မှာ ရုပ်ရှင်မင်းသားဘုန်းလျှံပြောရေ `ရခိုင်မှာ သမီးသျှင်က သမက်သျှင်ကို ၀ယ်ရရေဓလေ့ဟိရေ` လို့ ပြောရေ။ ယင်းချင့်ဟုတ်လာ။ ကိုခိုင်မြသိန်းလေ့ ဈီးကောင်းကောင်းမျှော်ယင်းနန့် လူပျိုကြီးဖြစ်လားရေဟန်....နတ်ယောင်ကားတ၀က်၊ အမှန်တ၀က်မီးလာရေ။ ကျန်တော်လေ့ ဇာပြန်ပြောရမှန်းမသိ ဖြစ်လားရေ။ ယင်းချင့်က အမှန်ပါ။ ကျန်တော် ကိုယ့်မွီးရပ်မြီရခိုင်ပြည်မှာ အသက် (၁၇) နှစ်သားထိ နီထိုင်ခရေ။ သမက်ဝယ်ရေလို့ တခါလေ့မကြားဖူးခ။ မြင်လေ့မမြင်ဖူး။ သမီးတက်တေလို့ တခါလေ့မကြားဖူးခ။ မမြင်ဖူးခပါ။ သမက်တက်တေလို့ရာ ကြားဖူးမြင်ဖူးခရေ။ အေကုက ဗြောင်ပြန်ဖြစ်နီရေ။

အောင်မြင်မှုချှို့ဝှက်ချက်…“အသင်းအဖွဲ့စိတ်ဓါတ်”
အောင်မြင်မှုသည်
အတွင်း၊ အပြင်နှစ်ခုစလုံးဖြစ်နိုင်၏။ အပြင်ဘက်-၄င်းသည် ကောင်းမွန်သော
အလုပ်တခု (၀ါ) အောင်မြင်မှုအပ်ါအောက်ခြီခံ၍ လူအဖွဲ့အစည်းမှ
အသိအမှတ်ပြုခြင်းသည် အပြင်ဘက်၏တိုင်တာခြင်းပင်ဖြစ်၏။ အတွင်း-၄င်းသည်လည်း
လိုအင်ဆန္ဒတခု ပြီးပြည့် စုံသည့်အခါ (၀ါ) အလုပ်တာဝန်တခု
ပြီးစီးအောင်မြင်လားသည့်အခါ ထိုအောင်မြင်မှုအား
အပြည့်အ၀ကျေနပ်နှစ်သိမ်းခြင်း၊ အားရ၀မ်းမြောက်ခြင်း၊ ကြည်နုခြင်းများ၏
စိတ်ခံစားချက် ပင်ဖြစ်သည်။ ဇာပိုင်စွာကို အောင်မြင်မှု၏မှန်ကန်သော
အတိုင်းအတာဖြစ်သည်ဟု ပြောရမည်နည်း--အပြင်ဘက်၏ Accolades ကို ပြောရမည်လား
သို့မဟုတ် အတွင်းစိတ်၏ ၀မ်းမြောက်ဝမ်းသာဖြစ်ခြင်းနှင့်
ငြိမ်းချမ်းခြင်းကိုပြောရမည်လား။
အာဏာပါဝါ၏ထိုင်ခုံမှာ…ဂုဏ် (သို့မဟုတ်) အမှုထမ်းခြင်း
ဝန်ကြီးတဦးအဖြစ်၏အဓိပ္ပါယ်မှာ
ပြည်သူလူထုအတွက် အမှုထမ်းခြင်းသတ်သတ်သာဖြစ်၏။
မည်သို့ပင်ဆိုစီကာမူ..အကယ်၍…၀န်ကြီးအဖြစ်အား သာယာကျေနပ်နှစ်သိမ်းမှု (၀ါ)
ဂုဏ်ဒြပ်သြဇာရယူရန် နည်းလမ်းတခုအဖြစ် သူ၏အတွင်းစိတ်၌ ထင်မြင်ယူဆထားပြီး
ထိုရာထူးသည် အသုံးပြုခြင်းခံရပါက၊ ပြည်သူပြည်သားများ တိုးတက်ကြီးပွားမှုကို
အဟန့်အတားဖြစ်စီ၍၊ ဖေါက်ပြန်အဂတိလိုက်စားမှုနှင့် လူ့အဖွဲအစည်းအား
သောင်းကျန်း ဗိုလ်ကျပြီး ယုတ်ညံ့သောကိုယ်ကျင်တရား လမ်းသွယ်ထဲသို့
ဇောက်ထိုးခုန်ဆင်းလိုက်ခြင်းသာ ဖြစ်သည်။ ကြောင်ရွံ့ခြင်းနှင့်
လုံခြုံမှုမဟိခြင်းများက လူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ်
ဆုပ်ကိုင်ထားလိမ့်မည်၊ လူသားများကို တားဆီးချုပ်တည်၍ ထားကြလိမ့်မည်။
ဂေါင်းဆောင်၏တန်ဘိုး--မနာလိုအားကျခြင်း (၀ါ) ပြိုင်ဆိုင်ခြင်း
ဂေါင်းဆောင်မှုသည်
တန်ခိုးစွမ်းရည်ကြီးသော လုပ်ငန်းတခုဖြစ်သည်။ ဂေါင်းဆောင်တဦးသည်
ရာထူးနှင့်လုပ်ပိုင်ခွင့်များကို အားကျကြသလို
ထိုရာထူးနှင့်လုပ်ပိုင်ခွင့်များ၌ နစ်ပျော်တတ်ကြသည်။ သူသည်
မြှော်ပင့်လွန်ခြင်း (သို့မဟုတ်) အရို့သေလွန်ခြင်းတခုခုကို လက်ခံရဟိတတ်သည်။
ပြိုင်ဖက်မဲ့ချန်ပီယံ တယောက်အဖြစ် နာကျော်ကြားခံရတတ်သည်။
မြှောက်စားခြင်းခံရတတ်သည်။
ဂေါင်းဆောင်တယောက်သည် မကြာခဏ ပြိုင်ဆိုင်ခြင်းခံရသောအခါ အနည်းငယ်အံ့သြစရာကောင်းသည်မှာ အားကျဖွယ်ရာကောင်းခြင်းပင်ဖြစ်၏။ အချိန်အ၀ါမြင့်မားမှုနှင့် တန်ခိုးအဏာကြီးသော ရာထူးများအတွက် စိတ်အားထက်သန်ပြင်းပြစွာ သူရို့၏ကတိဂ၀တ်၊ သစ္စာများဖြင့် ကြွေးကြော်တတကြသည်။ ယင်းနောက် တိုင်းပြည်အတွင်း အမြင့်မားဆုံးသောရာထူးကို မြူဆွယ်ရယူကြ၏။

Subscribe to:
Posts (Atom)