Tuesday, November 12, 2013

ထမင်းငတ်မှရခိုင်စကားပြောပါသည်

၁၉၉၂ ခုနှစ် ဂျွန္န၀ါရီ ၂၄ ရက်နိ ကျန်တော်ရို့ရခိုင်လူငယ်လေးယောက် (ကိုရန်နိုင်…ဗိုလ်ရာနှင့်အတူတိုင်ပြည်အတွက် အသက်ပီးကျဆုံး၊ ကိုနိုင်ဝင်း၊ ကိုဘအောင်၊ ကျန်တော်စိုးဝင်း) နယူဒေလီမြို့သို့ ရောက်လာကြသည်။ ကျန်တော်ရို့မတိုင်ခင် ရခိုင်ကျောင်းသားသုံးယောက် ရောက်ဟိပြီးဖြစ်ပါသည်။ ယင်းရို့မှာ ကိုရွှေဇံ၊ ကိုပြည်အေး၊ ဘုန်းကြီးလူထွက် ကိုယ်တော် (လူနာမည်မသိ၊ ဘုန်းကြီးလုပ်ခလို့ ကိုယ်တော်ခေါ်ဖန်များလာသောကြောင့် လူနာမည်ပျောက်လားပါ၏။) ရို့ဖြစ်ကြပါသည်။ ကိုရွှေဇံက နယူဒေလီမြို့ကို ပထမဆုံးရောက်ဟိလာသော ရခိုင်ကျောင်းသားဖြစ်ပါသည်။ ယင်းနောက်မှာ ကိုယ်တော်၊ ကိုပြည်အေးရို့တက်လာကြသည်ဟု သိရပါ၏။ ကိုရွှေဇံက ရခိုင်ကျောင်းသားအများစုဟိရာ ဘင်္ဂလားဒဲခ်ျကို ထွက်လားခသည်ဟု သိရပါ၏။ 

ကျန်တော်ရို့က ရောက်ခါစဆိုခါ အယင်ရောက်ဟိနီသော ကျောင်းသားတိထံမှ အစစအရာရာ အကူညီတောင်းရပါသည်။ ယုံးလား၊ အိမ်ငှား၊ ဈီးဝယ် အစုံပါ။ ရခိုင်ကျောင်းသားနှစ်ယောက် ဟိသည်လို့ သိရသောကြောင်း အလွန်ဝမ်းမြောက်မိပါသည်။ အချင်းချင်းအပြန်အလှန် အားကိုးရမည်ထင်ခပါသည်။ ယင်းအချိန်က ဒေလီမြို့မှာဆန်၊ ရီနံဆီဝယ်ရစွာ အလွန်အခက်ခဲဟိပါ၏။ ကျန်တော်ရို့မှာ ဗမာပြည်ပြန်ဟိန္ဒူအမျိုးသားတိနှင့် အသိမိတ်ဆွေမဟိသောကြောင့်ပင် ပို၍ခက်ခဲပါ၏။

တရက်နိ Janta Quarter ရပ်ကွက်က ကိုပြည်အေးနီသောအိမ်သို့ ကျန်တော်ရို့ရောက်လားပါသည်။ လက္ဖရည်နှင့် ဧည့်ခံပါသည်။ အပြန်အလှန်မီးကြ၊ ဖလှယ်ကြပ။ တခါတခါမှာ အလွန်စိတ်ဓါတ်ကျစရာကောင်းသော၊ အလွန်ကြောက်မက်ဖွယ်ကောင်းသော အတွိအကြုံတိလေ့ ဟာသသဖွယ် ရယ်စရာဖြစ်နီတတ်မှုကြောင့် တဟားဟား ရယ်ကြရပါ၏။ ကျန်တော်သတိထားမိ၏။ ကိုပြည်အေးက ရခိုင်စကားတခွန်းလေ့ မပြောပါ။ ဗမာမြန်မာက အများစုဖြစ်လို့ အားလုံးနားလည်အောင် ဗမာမြန်မာစကားနှင့် ပြောစွာရာဖြစ်လိမ့်မည်ဟု မှတ်ယူလိုက်ပါ၏။ 

ညဇာပိုင်းလောက်ရောက်သောခါ ရီနံဆီရာချံစာအုပ်ငှားရန် ကိုပြည်အေးနှင့်ကျန်တော် နှစ်ယောက်တည်းထွက်လာကြသည်။ ကျန်တော်က ဗမာမြန်မာစကားပြောရစွာ အလွန်ပင်ပန်းပါ၏။ အသံထွက်မပီ၊ လျှာကလုံး၊ ကျန်တော်ပြောသော ဗမာမြန်မာစကားကို နားထောင်ရရေလူလေ့ ကောင်းကောင်း ပင်ပန်းပါ၏။ နားမလည်သူ များကြသည်။ ကျန်တော်က ကိုပြည်အေးကို အားရပါးရ ရခိုင်စကားနှင့်စပြောပါ၏။ ကိုပြည်အေးက ကျန်တော်ကို ပြန်ပြောလိုက်သည်မှာ `ညီလေး ဗမာလိုပြော၊ ရခိုင်စကား မေ့သွားပြီကွ။ ကိုကရခိုင်စကားမသုံးတာကြာတော မေ့သွားပြီ။´ ကျန်တော်လည်း မနီနိုင်မထိုင်နိုင် ပြန်မီးလိုက်၏။ `ကိုပြည်အေးက ရခိုင်စကားမပြောရတာ ဘယ်လောက်တောင် ကြာသွားပြီလဲ။´ `တက္ကသိုလ်စတက်ကတဲက အခုထိမပြောရတာ။ အကုန်မေ့သွားပြီ။´ ကျန်တော်ဇာပြန်ပြောရမှန်မသိ၊ ပါးစပိတ်ပြီးကေ သူပြောသမျှ အုံးခံ၍ နောက်ကလိုက်လားရပါ၏။ ဤသည်မှာ ကိုပြည်အေးနှင့် ပထမဆုံး ပြောဖြစ်သော စကားဖြစ်၏။

နောက်တပါတ်အကြာမှာ သောက္ကြာနိညာဥ့်ဈီးကို ကိုရန်နိုင်နှင့်ကျန်တော် ဈီးဝယ်ရန်ထွက်လာကြသည်။ ဈီးဝယ်ယင်း ကိုယ်တော်နန့်တခြားဗမာမြန်မာ ကျောင်းသားအုပ်စုနှင့် တွိကြပါ၏။ ကိုရန်နိုင်က ကျန်တော်အား ကိုယ်တော်အပါဝင် ဦးနုသမီး အရီးသန်းသန်းနုသြဇာခံ Burma Students Union ဥက္ကဌဖြစ်သူ ကိုမြတ်သူနှင့် မိတ်ဆက်ပီးပါ၏။ ကိုယ်တော်က BSU အဖွဲ့ဝင်ဖြစ်သည်ဟုလေ့ သိရပါ၏။ ကိုရန်နိုင်နှင့်ကိုမြတ်သူရို့က ကျန်တော်ရို့အုပ်စုကထွက်၍ တိုးတိုးတိတ်တိတ် တိုင်ပင်နီကြသည်။ ကျန်တော်ကကိုတော်နှင့် သတင်းမီးယင်း၊ ဇာတိ၊ ရခိုင်ပြည်ဇာမြို့နယ်ကလဲ စုံးစမ်းမီးမြန်းပြောဆိုနီကြသည်။ ကိုယ်တော်နှင့်အခြားဗမာမြန်မာ ကျောင်းသားတယောက်က ကျန်တော်ရို့ကို သူ့ရို့ BSU မှာ အဖွဲ့ဝင်ဖို့ စည်းရုံးလာ၏။ ကျန်တော်က ဒေလီကိုရောက်ခါစ၊ တိုက်ရိုက်ငြင်းဆန်လို့လဲမကောင်း၊ ကိုယ်ရို့သဘောထားတိကို လူရှိသူရှိမှာ ထုတ်ဖေါ်ပြလို့လဲမကောင်း၊ ယင်းကြောင်း ရခိုင်ပိုင်ပြန်ပြောလိုက်၏။ ``လောလောစိုင် ကျန်တော်ရို့မှာ တခုလေ့ဆုံးဖြတ်ချက် မဟိသိမ့်ပါ´´။ ``ဟာ…ညီလေး ဘာပြောတာလဲ။ မင်းပြောတာ နားမလည်ဘူး။ ဗမာလိုပြောပါလား..´´ ကိုယ်တော်က ဖြတ်မီးလာ၏။ ကျန်တော်ဂေါင်းတိထူပြီး ပူထွက်လားပိုင် တွိလိုက်ရ၏။ မျက်ငြိုကုတ်ပြီး တချက်စိုက်ကြည့်လိုက်၏။ ကျောက်တော်မြို့နယ် သရက်တပင်ကလူက ရခိုင်စကားနားမလည်လတ် စိတ်ထဲမှာကောင်းဒေါဿဖြစ်မိသည်။ ကျန်တော်လေ့ မဗာမြန်မာလို့ ပြန်ဖြေလိုက်ရသည်။ ``လောလောစဉ် နိုင်ငံရေးအကြောင်း ဘာလုပ်ရမှန်း မသိသေးဘူး၊ ကိုရန်နိုင်နဲ့ဆွေးနွေးရင် ပိုကောင်းမယ်´´။

ကိုယ်တော်မှာ ရခိုင်ပြည်တွင်းနီခချိန်က ဗမာမြန်မာပြည်သို့ တခေါက်တခါမျှ မရောက်ဖူးခပါ။ ပလက်ဝမြို့နယ်ကိုဖြတ်၍ မယ်ဇူးရမ်း (Mizoram) ပြည်နယ်မှတဆင့် ဒေလီမြို့ကို တက်လားသူဖြစ်ပါသည်။ ကျန်တော်ရို့နှင့်တွိသောအချိန်မှာ ကိုယ်တော်ဗမာမြန်မာနှင့် အတူနီရေသက်တမ်း သုံးနှစ်လောက်ရာ ဟိပါသိမ့်၏။ သုံးနှစ်အတိုးအတွင်းမှာ နှစ်ပေါင်းသုံးဆယ်နီးပါးပြောလာသော မိခင်ဘာသာစကားကို လုံးဝမိ့လားသည်ဟု မိမိကိုယ်ကိုမိမိ ၀န်ခံခြင်းသည် ဥဏှောက်ပျက်ရောဂါလား၊ ကျွန်စိတ်ဓါလား မပြောတတ်ပါ။ ၁၉၉၈ ခုနှစ် တမူးတာဟန်းဖက်မှာ လက်နက်ချအညံ့ခံ၍ ဗမာမြန်မာစစ်တပ် ပစ်သတ်ခံရသောနိထိ ဗမာမြန်မာစကားကို ပြောလားခပါ၏။

(ခုနှစ်၊ ရက်စွဲကို တိတိကျကျ မမှတ်မိ့ပါ) ၁၉၉၇၊ ၁၉၉၈ ခုနှစ်လောက်ပါတ်ဝင်ကျင်မှာ နော်ဝေးအခြီစိုက် Democratic Voice of Burma (DVB) တိုင်းရင်းသားအသံလွှင့်အစီစိုင်မှာ ထိုင်းနှင့်အိန္ဒိယဖက်သို့ ယုံးဖွင့်ရန်ရောက်လာကြသည်။ ယင်းသတင်းကြားရသောအခါ ကိုပြည်အေးတယောက် ကျန်တော်ရို့ခိုင်ကျောင်းသားတိ နီထိုင်ရာ Utam Nagar, LIG Flat မှ အိမ်နံပါတ် 630 အိမ်ကိုရောက်လာပြီး ကိုကျော်မြကို အိမ်ခေါင်မိုးကိုခေါ်၍ ရခိုင်အသံလွှင့်အစီစိုင်မှာ သူနှင့်အတူလုပ်လိုကြောင်း ဆွေးနွေးတိုင်ပင်လာပါ၏။ ယင်းတိုင်ပင်နီမှုကို ကြားရသော ကျန်တော်က ကြားဖြတ်ဝင်မီးလိုက်သည်။ ``ရခိုင်အသံလွှင့်ဖို့ အကိုရခိုင်စကားတတ်လို့လား´´။ ကိုပြည်အေးက ``အဝေး ငါရခိုင်သား။ ကောင်းအထင်သေးရေကာ မင်း…ငါကို။ ငါ..ရခိုင်သား ဝေး… ရခိုင်သား´´ ကျန်တော်ရင်ဖတ်ကို လက်ညှိုးနှင့်ထောက်၍ ပြန်ဟောက်လိုက်၏။ ကျန်တော်သောက်နီသော ဘယ်ရီဆီးလိပ် ပါးစကလွတ်ထွက်လားပါသည်။

ကိုပြည်အေးသည် ယင်းအချိန်မတိုင်ခင်က UN လာစာကို အပြတ်ထုတ်ယူလိုက်ပြီး၊ နယ်စပ်သို့ပြန်ဆင်း၊ အိမ်ထောင်ကျကာ ဒေလီသို့ပြန်တက်လာသောအခါ UN လစာပြန်မရပါ။ အိမ်ချင်မနှင့် အချေတိအတွက်ကိုသာ UN က ထောက်ပံ့ပါသည်။ သူ၏ရပ်တည်ရေး အလွန်ခက်ခဲနီသောအချိန်ဖြစ်သည်။
ကိုကျော်မြက ``အကို ရခိုင်စကားပြောစွာ အေကုမှ ကြားရရေ။ ကျန်တော်နန့် ဆွေးနွေးနီရေအချိန်ထိ အကိုရခိုင်စကားတခွန်းလေ့ မပြော။ ဇာပိုင်ယုံခီဖို့လဲ အကိုယ့်ကို။ မာန်မပါကဲ့။ အကိုရခိုင်စကားပြောစွာကို ကျန်တော်ရို့ကြားချင်နီစွာ ကောင်းကြာပျာ။´´ ပြုံရယ်ပြီး ကြားဖြတ်လိုက်သည်။ 

ထမင်းငတ်မှ ရခိုင်စကားပြောလာသော်လည်း ရခိုင်သားတိုင်းက ကြည်ကြည်ဖြူဖြူနှင့် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ကိုပြည်အေးအတွက် ဦးစားပီးဆောင်ရွက်လိုက်ကြပါသည်။ ယင်းနောက်ပိုင်မှာ ကိုပြည်အေးအသံကို DVB ရခိုင်အသံလွှင်အစီစိုင်မှာ နှစ်များစွာကြားနီခရပါ၏။

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment