Friday, December 7, 2012

ဖုန်းကွယ်ခံကျွန်ပုန်းကိုလိုနီ (Hidden Colony)


“ကိုလိုနီ” (Colony) ဆိုလျင် အင်အားကြီးနိုင်ငံတခုက တခြားအင်အားငယ်နိုင်ငံတခုကို (သို့မဟုတ်) နိုင်ငံအများကို သဘောတူသည်ဖြစ်စီ၊ မတူသည်ဖြစ်စီ စစ်ရေးအရကျူးကျော် ၀င်ရောက်သိမ်းပိုက်ပြီး အချုပ်အချာကိုထိမ်းချုပ်ကာ လက်အောက်ခံနိုင်ငံပြုလုပ်သည်ဟု ယေဘူယနားလည်ကြသည်။ “ကုန်ကြမ်းထုတ် ကုန်ချောယူ” ဆိုသည့် စီးပွားရေအရသော်၎င်း၊ စစ်ရေးအရ “အစောင့်ယှောက်ခံနိုင်ငံ” အဖြစ်၎င်း၊ သို့မဟုတ် “ရှိတန်းစစ်စခန်း” အဖြစ်၎င်း၊ နှစ်ခုစလုံးအတွက်သော်၎င်း၊ နိုင်ငံတကာနယ်ချဲ့များ ကျင့်သုံးခသည့်နယ်မြီများဖြစ်သည်။
ယိုင်ကျေးသောနယ်ချဲ့များသည် မိမိရို့အကျိုးအမြတ်ရဟိရေးအတွက် နယ်ချဲ့ခံနယ်မြီးများ တိုးတက်ရေးကို အာရုံစိုက်ခကတ်သည်။ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကုန်သွယ်ရေး၊ ယိုင်ကျေမှု၊ အဖက်ဖက်မှ ဒေသခံများတိုးတက်အောင် ဖန်တီးခကတ်သည်။ ဒေသခံအလိုတော်ဟိများ တိုးတက်လီ နယ်ချဲ့များအမြတ်ရလီ။ တချိန်တည်းမှာ အလိုတော်ဟိမဟုတ်သော ဒေသခံများ အမြင်ကျယ်လာလီ လွတ်လပ်ရေးတိုက်ပွဲများ ပေါ်ထွက်လာလီ ဖြစ်၏။
ယင်းကြောင်း မတိုးတက်သောဒေသများမှာ ဒေသငယ်မှဒေသကြီးသို့၊ မြို့ပြနိုင်ငံမှ အမျိုးသားနိုင်ငံအဆင့်သို့ မြင့်မားခကတ်ရသည်။ လွတ်လပ်သောအမျိုးသားများနိုင်ငံ၊ ဓနသဟာယနိုင်ငံ၊ အစောင့်ယှောက်ခံနိုင်ငံများ ပေါ်ထွန်းလာကြသည်။ မတူကွဲပြားခြားနားသော ယိုင်ကျေးမှု၊ ရိုးရာဓလေ့များ၊ လူနည်းစုများ ရှင်သန်တည်တံ့ရေးကို အလေးပီးခသည်။ ကောင်းကျိုးများဟိခသလို၊ ဆိုးကျိုးများလည်း အမြောက်အများဟိခပါ၏။ နယ်ချဲ့ခံနိုင်ငံများ၏ လူသားအရင်းမြစ်များ၊ သဘာဝအရင်းအမြစ်များကို နယ်ချဲ့နိုင်ငံများက သူရို့အကျိုးအမြတ်အတွက် ဘက်စုံအသုံးချခကတ်သည်။ နယ်မြီများကိုမူ ဒေသခံပြည်သူများ ဆန္ဒမပါဘဲ သူရို့အုပ်ချုပ်ရလွယ်အောင် အခြမ်းခြမ်းစိတ်ဖြာကတ်သည်။ စိတ်ပိုင်းဆိုင်ရာများကို ကိုလိုနီကျွန်စိတ်များ သွတ်သွင်းထားခကတ်သည်။ နယ်ချဲ့များကို အသျှင်သခင်များဟု အမြင်ရောက်စီအောင်လုပ်ကြသည်။ တော်လှန်လိုစိတ်များ ကင်းမဲ့အောင်ဖန်တီးထားကြသည်။ ၁၉၆၀ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂက နိုင်ငံတကာနယ်ချဲ့စနစ် (International Colonialism) ချုပ်ငြိမ်းလားပျာဟု ကြေငြာလိုက်ချိန်မှာ မလွတ်လပ်သိမ့်သော လွတ်လပ်ရေးတိုက်ပွဲဝင်နိုင်ငံများအတွက် အကျပ်ရိုက်လားရသည်။ ယင်းအချိန်မှာ ကမ္ဘာကြီး၌ အုပ်စု (၃) စု ခွဲထားသည်။ အရင်းသျှင်ကမ္ဘာကို ပထမကမ္ဘာ၊ (1st World)၊ ဆိုချယ်လစ်ကမ္ဘာကို ဒုတိယကမ္ဘာ (2nd World)၊ လွတ်လပ်စနိုင်ငံများကို တတိယကမ္ဘာ (3rd World) ဟူ၍ ခွဲခြားထားခကတ်၏။
သို့သော် လွတ်လပ်စကမ္ဘာအတွင်း (နိုင်ငံများအတွင်း) မလွတ်လပ်သိမ့်သောအမျိုးသားများ မြောက်များစွာဟိနီသိမ့်သည်။ သမိုင်အရ ကိုယ့်မင်းကိုယ့်ချင်းနှင့် နီလာသောအမျိုးသားများကို ပြည်သူ့ဆန္ဒမပါဘဲ ကမ္ဘာ့နယ်ချဲ့များက ဤတတိယကမ္ဘာအတွင်း ထည့်သွင်းထားခကတ်၏။  သူရို့သည် မလွတ်လပ်သိမ့်သော ကိုလိုနီများဖြစ်ကြသည်။  သို့သော် ကမ္ဘာ့ကိုလိုနီစနစ် ချုပ်ငြိမ်းလားပျာဟု ကြောငြာလိုက်ချိန်မှာ  ဒေသန္ဒရကိုလိုနီနယ်ချဲ့များ (Regional Colonists) လက်အောက်မှာ  ၄င်းရို့ကျန်ဟိနီခရ၏။
ဤလွတ်လပ်စကမ္ဘာများသည် ကမ္ဘာနယ်ချဲ့များက ဒေသခံပြည်သူများ (၀ါ)  လူမျိုးများဆန္ဒကိုမယူဘဲ သူရို့အုပ်ချုပ်မှု အဆင်ပြေမှု၊ နယ်ချဲ့အချင်းချင်းသဘောတူညီမှုများအပေါ် အောက်ခြီခံပြီး နယ်မြီများခွဲခြားမှုအပေါ် လူမျိုးတမျိုးထက်ပို၍နီထိုင်သော တိုင်းပြည်များဖြစ်ကြသည်။ ဤတိုင်းပြည်များတွင် တချို့က လူ့အခွင့်ရေး၊ ဒီမိုကရေစီရေး၊ ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ပိုင်ခွင့်ရဟိရေးကို အာမခံချက်ဟိပြီး နိုင်ငံရေးအရ တန်းတူအခွင့်ရေးများဟိသော ဖိုင်ဒရယ်နိုင်ငံအဖြစ်၎င်း၊ ကွန်ဖိုင်ဒရယ်နိုင်ငံအဖြစ်၎င်း တည်ဆောက်နိုင်ကြပြီး၊ ဤအခွင့်ရေးများမပီးသောနိုင်ငံမှာ ဒေသန္ဒရကိုလိုနီစနစ် (Regional Colonialism) ကို ဆက်လက်ကျင့်သုံးလားကြသည်။
သို့သော် ကမ္ဘာက ၄င်းဒေသန္ဒရကိုလိုနီနယ်ချဲများ (Regional Colonists) ကို နယ်ချဲ့များဟု မသတ်မှတ်ကြသဖြင့် သူရို့သည် “ဖုန်းကွယ်ခံ နယ်ချဲ့များ (Hidden Colonists)” ဖြစ်လာကြ၏။ သူရို့လက်အောက်မှာ နယ်ချဲ့ခံအမျိုးသားများသည် “ဖုန်းကွယ်ခံ ကျွန်ပုန်းကိုလိုနီ (Hidden Colony)” ဖြစ်လာကြရသည်။ ဤသည်ကို စတုတ္ထကမ္ဘာ (4th World) ဟု သတ်မှတ်ရမည်။ အေနိကမ္ဘာတွင် “ကိုယ်စားပြုမခံရသော အမျိုးသားများနှင့် ပြည်သူများအဖွဲ့ (Unrepresented Nations and Peoples Organiztion – UNPO)” သည် စတုတ္ထကမ္ဘာ (4th World) အဖွဲ့ဝင် ကျွန်ပုန်းကိုလိုနီများအသင်း ဖြစ်သည်။ တမျိုးပြောရပါလျင် မလွတ်လပ်သိမ့်သော ကျွန်ပုန်းကိုလိုနီများ၏ ကမ္ဘာ့ကုလသမဂ္ဂ (Shadowed UN) ဖြစ်သည်။ ဤအ၀ိုင်းအ၀န်းက လွတ်လပ်လားလျင် (UNO) ၏ အဖွဲ့ဝင်ဖြစ်လာရမည်။ ၁၉၉၈ ခုနှစ်တွင် (UNPO) ၏ ကြွေးကြော်သံသည် “လွတ်လပ်သောနိုင်ငံများပြည်ထောင်စု (Federation of Independent State) ဖြစ်လာသည်။ ကျန်တော်ရို့ (NUPA) သဘာပတိကြီး အခင်-မောင်စိန်ညွန့်က  ၁၉၉၆ ခုနှစ်မှာ “လွတ်လပ်သောလူမျိုးများ ဆန္ဒအလျောက် ပူးပေါင်းနီထိုင်သော စနစ် (Voluntary Association of Free Nations) ကို ကျင့်သုံးလားမည်ဟု မဟာမိတ်များ (KNU, KNPP, KIO, MNSP, DPNS and PLF) ရို့နှင့် တွိ့ဆုံစိုင်က ပြောကြားဖူးခပါသည်။
အေနိ ဗမာပြည်ထောင်စုခေါ် နိုင်ငံတွင် ချမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်ရို့သည် ကျွန်ပုန်းကိုလိုနီများဖြစ်ကြပါသည်။ ဗမာစစ်အာဏာသျှင်သည် နယ်ချဲ့ပုန်း (Hidden Colonist) ဖြစ်သည်။ ဤကျွန်ပုန်းကိုလိုနီစနစ် (Hidden Colonialism) တွင် နယ်ချဲ့စစ်အာဏာသျှင် နအဖ က ဗမာမဟုတ်သောလူမျိုးများကို ဗမာမှုပြု (Burmanization) ရန် အောက်ပါစနစ်များကို ကျင့်သုံးနီသည်။
၁) ဗမာယုံးသုံးအမျိုးသားရေးဝါဒ (Burman Official Nationalism)
၂) ဗမာဒေသကို စီးပွားရေးအရ ဗဟိုပြုဝါဒ (Economic Centralism)
၃) ယိုင်ကျေးမှုအရ ၀ါးမျိုမှု (Cultural Hegemonism)
၎) ကိုလိုနီသွီးသားရောနှောမှု (Colonial Assimilation) များကို ကျင့်သုံးနီသည်။
အကျိုးဆက်အဖြစ် နအဖစစ်အာဏာသျှင်လက်အောက် ကျွန်ပုန်းကိုလိုနီများသည် အောက်ပါ စနစ်ဆိုးအောက်တွင် ဗမာမှုပြုခြင်း (Burmanization) ခံနီရသည်။
၁) တဆင့်ခံလူမျိုးငယ်များ (Sub-nation Status)
၂) ရွှိ့ပြောင်းအလုပ်သမားများ (Migrant Workers)
၃) ယိုင်ကျေမှုဓလေ့ထုံးစံများ ဖျက်ဆီးခံရခြင်း (Cultural Genocide)
၎) လူမျိုးပျောက်ကွယ်ခြင်း (National Extinction or Ethnic Cleansing) အထိ ရောက်လားရမည်။
ဗမာယုံးသုံးအမျိုးသားရေးဝါဒ (Burman Official nationalism)
“ဗမာပြည်သည် တို့ပြည်၊ ဗမာစကားသည် တို့စကား၊ ဗမာစာသည် တို့စာ၊ ဗမာပြည်ကို ချစ်ပါ၊ ဗမာစကားကို လေးစားပါ၊ ဗမာစာကို မြတ်နိုးပါ” ဟူ၍ အုပ်ချုပ်သူ ဗမာပါလီမာန်အစိုးရသော်၎င်း၊ စစ်အာဏာသျှင်အစိုးရသော်၎င်း ကြွေးကြော်ကျင့်သုံးကြပါသည်။ ဗမာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နီသည့်ကာလက ဗမာလူမျိုးတရပ်လုံးကို အမျိုးသားရေစိတ်ဓါတ် တက်ကြွစီရန်သုံးခစိုင် မှန်ခသလောက် လွတ်လပ်ရေးရပြီးနောက် ဆက်လက်ကျင့်သုံးခြင်သည် အခြားအမျိုးသားများအား “၀ါးမျိုရေး” မူကို ကျင့်သုံးရာရောက်သည်။ အေနိဗမာမဟုတ်သော အမျိုးသားဒေသများတွင် ဤကြွေးကြော်သံများနှင့်အတူ နအဖစစ်အစိုးရက “ဗမာ” လုပ်နီသဖြင့် ဗမာမဟုတ်သော အမျိုးသားများသည် “လူမျိုးငယ်များ” (Sub-nations) အဆင့်သို့ ကျရောက်ခရသည်။ မိမိရို့၏ယိုင်ကျေးမှုဓလေ့ထုံးစံများ၊ အမျိုးသားလက္ခဏာများ ၀ါးမျိုးခံခရသည်။ အမျိုးသားရေးစိတ်ဓါတ်များ လျော့ကျလာခရသည်။ နောက်ဆုံး မိမိရို့အမျိုးသားကို မြတ်နိုးစိတ်ကုန်ခန်းလာကြသည်။ ဤသည်မှာ မိမိရို့လူမျိုးပျောက်ကွယ်ရမည့်လမ်းကို လက်ပိုက်ထိုင်ကြည့်နီရခြင်းဖြစ်သည်။
ဗမာဒေသကိုစီးပွားရေးအရ ဗဟိုပြုခြင် (Economic Centralism)
လမ်းပန်းဆက်သွယ်ရေးသည် နိုင်ငံတနိုင်ငံ၏ စီပွားရေးအသက်သွီးကြောဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံရသော ဒေသသည် စီးပွားရေးပျက်ပြိုရမည်သာဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကို အမှီသဟဲပြုနီရသော စီးပွားရေးလုပ်ငန်းသျှင်များ စီးပွားပျက်ရသည်။ ယေဇူနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောဒေသသို့ ပြောင်ရွှိ့လားရသည်။ စက်ရုံအလုပ်ရုံမဟိသောဒေသသည် ကုန်ကြမ်းထုတ်၊ ကုန်ချောပို့ခံရသော ကိုလိုနီဈီးကွက်ဖြစ်ရ၏။ ယင်းဒေသမှ ပညာတတ်များသည် အလုပ်လက်မဲ့ဖြစ်ပြီး စက်ရုံအလုပ်ရုံဟိရာဒေသသို့ ရွှိ့ပြောင်းလားရသည်။ အေနိဗမာဒေသကို လမ်းပန်းဆက်သွယ်ရေး အကောင်းဆုံးဖြစ်အောင်လုပ်ထားသည်။ ကုန်ချောစက်ရုံများ ဗမာဒေသတွင် ဗဟိုပြုတည်ဆောက်ထားသည်။ စီးပွားရေးဗဟိုချက်မ ဖြစ်အောင်ဖန်တီးထားသည်။ ဗမာမဟုတ်သော အမျိုးသားများဒေသမှ စီးပွားရေးအဆင်မပြေသူများ၊ အလုပ်လက်မဲ့များ၊ ပညာတတ်များ ဗမာဒေသသို့ မလွဲမယှောင်သာ ရွှိ့ပြောင်းလားခရသည်။ အမျိုးသားများဒေသတွင် လူဦးရည်လျော့နည်းလာရသည်။ ဥဏှောက်ယိုစီးမှုများ ဖြစ်လာရသည်။ အမျိုးသားများဒေသ၌ အတတ်ပညာသျှင်များ၊ အသိပညာသျှင်များ မိမိမြီကိုစွန့်ခွာ လားကြရသည်။
ယိုင်ကျေးမှုအရ ၀ါးမျိုမှု (Cultural hegemonsim)
ဗမာစာကို ယုံးသုံးစာ၊ ဗမာစကားကို ယုံးသုံးစကား၊ ဗမာ့ယိုင်ကျေးမှုကို အမျိုးသားယိုင်ကျေးမှုအဖြစ် အသိအမှတ်ပြုလိုက်ရာမှ တခြားဗမာမဟုတ်သော အမျိုးသားများ၏ စကား၊ စာပီ၊ ယိုင်ကျေးမှုစသော အမျိုးသားစလက္ခဏာများ မှေးမှီလားရသည်။ ယိုင်ကျေးမှုဝါးမျိုခံလိုက်ရသည်။ ဤသည်မှာ လူမျိုးတမျိုး၏ အမျိုးသားရေစိတ်ဓါတ်ကို ချိုးနှိမ်ခံလိုက်ရခြင်းဖြစ်သည်။ မျိုးချစ်စိတ်ဓါတ်ကျဆင်းစီသည်။ အခြားတဖက်မှာ ဗမာပြုခြင်းကို အတင်ကြီးစိတ် ဖြစ်ပေါ်စီ၏။ မိမိလူမျိုးနှင့်ယိုင်ကျေးမှုကို အထင်ငယ်အမြင်ငယ် ဖြစ်စီပါသည်။
ကိုလိုနီသွီးရောနှောမှု (Colonial Assimilation)
ယင်းကဲ့သို ဗမာအမျိုးသားရေးကို ပြည်ထောင်စု၏ ယုံးသုံးအမျိုးသားရေးအဖြစ် ဖန်တီထားခြင်း၊ ဗမာပြည်ကို စီးပွားရေးဗဟိုချက်မ ဖန်တီးလိုက်ခြင်း၊ ဗမာယိုင်ကျေးမှုကို နိုင်ငံတော်ယိုင်ကျေးမှုအဖြစ် သတ်မှတ်လိုက်ခြင်းများသည် ဗမာမဟုတ်သော တခြားအမျိုးသား၏ ဘ၀တည်ငြိမ်မှုကို ပျက်စီးစီသည်။
၎င်းရို့၏ယိုင်ကျေးမှုများကို ၀ါးမျိုးလွှမ်းမိုးလိုက်ခြင်းသည် ထိုလူမျိုးကို ပျောက်ပျက်စီသည်။ အမျိုးသားလူမျိုးများသည် အသိတရားအရသော်၎င်း၊ ရုပ်ဘ၀အရသော်၎င်း၊ ခံစားချက်၊ ခံယူချက်များ ပြောင်းလဲလာရသည်။ အမျိုးသားဘ၀ပျောက်ကွယ်ခရသည်။
ယင်းကြောင်း ကျွန်ပုန်းကိုလိုနီဘ၀ကျရောက်နီရသော အမျိုးသားများ၏ နောက်ဆုံးဘ၀မှာ “လူမျိုးဆိတ်သုဉ်းမှု (၀ါ) ပျောက်ကွယ်မှု” ဖြစ်သည်။ ငါရို့သည် မိမိရို့လူမျိုးဆိတ်သုဉ်းပျောက်ကွယ်ရေး လမ်းကြောင်းမှ ငါရို့လူမျိုးကို ကယ်တင်ရမည်။ ဤလုပ်ငန်းသည် မျိုးဆက်တဆက်ပြီးတဆက် လက်ဆင့်ကမ်းဆောင်ရွက်ရမည့် သမိုင်ပီးတာဝန်ဖြစ်သည်။ ငါရို့သည် နောင်မျိုးဆင်များအား “အချုံးပီးဝါဒ (Defeatism) ကို သမိုင်းဆိုးမွီအဖြစ် မပီးအပ်သင့်။ ငါရို့၏အဖိုးအဖီးများသည် ငါရို့ကို ဤဆိုးမွီများ မပီခ၍ အေနိတိုင် အမျိုးသားဘ၀ အာမခံချက်ဟိမည့် အမျိုးသားရေးတာဝန်များကို ထမ်းဆောင်ရန် တာဝန်ပီးခသဖြင့် ဆက်လက်ထမ်းဆောင်နီခြင်းဖြစ်သည်။ နောင်မျိုးဆက်သစ်များကိုလည်း ဆက်လက်လက်ဆင့်ကမ်းရမည် ဖြစ်သည်။ နိဂုံးချုပ်ရလျင် နိုင်ငံတကာကိုလိုနီစနစ်မှာ လူမျိုးများရှင်သန်တိုးတက်မှုဟိခသလောက် ဒေသန္ဒရကိုလိုနီတွင် တနည်း ကျွန်ပုန်းကိုလိုနီစနစ်တွင် လူမျိုးဆိတ်သုဉ်းမှုကို ဖြစ်ပေါ်စီသည်ဖြစ်၍ ငါရို့အမျိုးသားမပျောက်ပျက်၊ မဆိတ်သုဉ်းရအောင် အမျိုးသားတည်တံ့ရှင်သန်ရေးအတွက် ငါရို့နှင့်တကွ နောင်မျိုးဆက်များသည် အဆပေါင်းများစွာ ဆက်လက်တိုက်ပွဲဝင်ကြရမည်ဖြစ်သည်။ ငါရို့၏အမျိုးသားဘ၀ ရှင်သန်ရေးအတွက် တိုက်ပွဲဝင်ရာတွင် ပထမအဆင့်အားဖြင့် လူမျိုးမပျောက်ရအောင် ဘက်ပေါင်းစုံမှ ခုခံကာကွယ်ရမည်မှာ ရခိုင်သားတိုင်းတာဝန်ဖြစ်သည်။
“ကိုယ့်ကြမ္မာကိုယ်ဆုံးဖြတ်ဖန်တီးခွင်မဟိသော လူမျိုးတမျိုးသည် ဂုဏ်ကျက်သရည်လည်းမဟိ၊ တန်းတူရေးလည်းမဟိ၊ အမျိုးသားဘ၀လုံခြုံမှုနှင့် နယ်မြီတည်တံ့ခိုင်မြဲရေးလည်း အာမခံချက်မဟိ။”
(မှတ်ချက်။   ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ “ဗမာ” မှုပြုခံရသော ရခိုင့်လူအဖွဲ့စည်း၏ ဖြစ်ရပ်မှန်များ။
၁) အယင်ကာလက ရခိုင့်လူ့အဖွဲစည်းမှ ရခိုင်ရို့သည် ရခိုင်ပြည်တွင် အလုပ်လက်မဲ့ဘ၀ကို ဖြေယှင်းနိုင်ရန်အတွက် ရွင်ဂျာ (Migrants) ဘ၀ဖြင့် စီးပွားရေးဗဟိုချက်မအဖြစ် ဖန်တီးထားသော ဗမာဒေသသို့ မလွဲမယှောင်သာ ပြောင်းရွှိလားကြရသည်။ သူရို့သည် မည်သည့်နီရာသို့ပင်ရောက်ရောက် အိမ်ထောင်ပြုချိန်ရောက်လျင် မိမိရို့ဆွေမျိုးသားချင်းသော်၎င်း၊ မိမိရပ်ရွာမှသော်၎င်း လားရောက်အိမ်ထောင်ပြုလေ့ ဟိကြသည်။ လူမျိုးခြား၊ ဘာသာခြားများကို အိမ်ထောင်ပြုလေ့ မဟိ။ ယှားယှားပါးပါး အိမ်ထောင်ပြုမိခလျင်လည်း ၄င်းမိသားစုသည် ရခိုင်မိသားစုသာဖြစ်ခရပါသည်။ အေကုကာလတွင်ကား လုံးဝပြောင်းလဲလားပျာဖြစ်၏။ ရခိုင်-ချမ်း၊ ချင်း-ရခိုင်၊ မွန်-ရခိုင်၊ ရခိုင်-ကယင်၊ ရခိုင်-ဗမာ စသည်ဖြင့် အိမ်ထောင်ပြုမိခလျင် ရလာသောသားသမီးများမှာ ဗမာဖြစ်လားရသည်။ ယင်းထက်ဆိုးဝါးသည်မှာ အမိရခိုင်-အဖရခိုင်ဖြစ်လျက် “ကျွန်တော်ဗမာ” ဖြစ်နီကြပါ၏။ မိဖများထိမ်းသိမ်းမှု အထူးအရေးကြီးလာသည်။
၂) အယင်က ရခိုင်ရို့သည် မိမိဘာသာစကားကို အမြတ်တနိုးတန်ဘိုးထား ပြောကြသည်။ သားသမီးများကို အပြင်တွင်ဗမာစကား သို့မဟုတ် တခြားဘာသာစကား ပြောချင်သလောက်ပြော ပြဿနာမဟိသော်လည်း အိမ်ကိုရောက်လျင် ရခိုင်စကား (မိခင်စကား) ကိုသာ ပြောစီသည်။
အေကုမူ သားသမီးများဗမာစကား (၀ါ) ဘာသာခြားစကားကို အိမ်တွင်းပြောနီသည့်အခါ နားထောင်ကောင်းသလိုလို မိဖများကလိုက်ပြောကြသည်။ မိဖိများကိုယ်တိုင် ဘာသာခြားစကားကို  လိုလိုချင်ချင် ပြောနီကြသည်။ တချို့ဆိုလျှင် ရခိုင်ပြည်မှဗမာပြည်ဖက်ကူးသည်နှင့် ရခိုင်စကားမပြောတတ်ပါပျာ။ ယင်းထက်ဆိုးသည်မှာ ရခိုင်အသံနှင့်ထိန်း၍မရ၊ ဗမာအသံဖြင့် ထိန်းမှရသည့် အဆင့်ဖြစ်နီပါသည်။
၃) စာပီနှင့် ပါတ်သက်လာလျှင် အေနိ့ဗမာစာသည်ပင်လျင် ရခိုင်စာဖြစ်နီသည်။ ဗမာစာမူလသည် ရခိုင်စာဖြစ်သည်။ မြစေတီကျောက်စာက သက်သီပြနီပါသည်။ (သို့သော် လက်ဟိမြန်မာစာသည် ဗမာဝေါဟာရ လွှမ်းမိုးထားသည်)။ အယင်က ရခိုင်ပြည်တွင်း မြန်မာစာကိုပြလျင် ရခိုင်ရို့ရခိုင်အသံနှင့် ဖတ်ကြပါသည်။ ဗမာဆရာ၊ ဆရာမများ (၂) လ (၃) လ အကြာတွင် ရခိုင်ဆရာ၊ ဆရာမများ ဖြစ်လားကြရသည်။ အေကုမူ ရခိုင်ပြည်တွင်း “မြန်မာစာ” ကို “ဗမာအသံ” ဖြင့် ဖတ်ရမည်ဟု နအဖ က အတင်းအဓမ္မခိုင်းစေလာသည်။ ဤလုပ်ရပ်အားလုံးသည် “ဗမာမှု” ပြုခံနီရသော ရခိုင်သားရို့၏ ဘ၀မှန်ဖြစ်သည်။ ကျွန်ပုန်းကိုလိုနီဘ၀ နောက်ဆုံးလားရာလမ်းသည် “ရခိုင်လူမျိုးဘ၀” ပျောက်ကွယ်ရေးပင်ဖြစ်သည်။
စည်းရုံးရေးနှင့်ပြန်ကြားရေဌာန
ရခိုင်ပြည်အမျိုးညီညွတ်ရေးပါတီ (NUPA)

No comments:

Post a Comment