Friday, December 7, 2012

သမီးတက်ပွဲ့

တရက်နိ ညဇာဖက် ကရင်နီမိသားစုတခုက အိမ်ကိုအလည်လာဖို့ခေါ်ရေ။ အလုပ်လားနီရလို့ ညောင်းရေ၊ မလာချင်ပျာ၊ စနီနိလာလည်မေလို့ ပြန်ပြောလိုက်တေ။ မရမက ခေါ်ရေ။ ပြောစရာလေ့ဟိရေ။ မီးစရာလေ့ ဟိရေ။ နောက်ပြီးကေ ပြစရာလေ့ဟိရေ။ နောက်ဆုံး ခေါ်လို့မရေကေ အပျိုမချေတိကို အကြောင်းပြုလှမ်းခေါ်ရေ။ မမချေတိ ဟိရေဆိုလို့ စိတ်ဝင်စားစွာနန့် လားလည်လိုက်တေ။

အိမ်ခန်းထဲကို ၀င်လိုက်စွာနန့် အပျိုမချေတိက ငါဝယ်ဖို့၊ သူဝယ်ဖို့နန့် တခန်းလုံးဆူညံလားရေ။ ဈီးလျှော့ရောင်းပါ။ မတတ်နိုင်လို့ပါ။ အကိုကြီးက လိမ္မာပါရေ။ ဈီလျှော့လို့ရောင်းနန်း......။ ယင်း မမချေတိ မီးစကား၊ ပြောစကားကို နားမလည်နိုင်ဖြစ်နီရေ။ ၀ဲလယ်လယ် ဖြစ်လားရေ။ ဇာပြောကတ်စွာလေ။ နင်ရို့ပြောစွာကို ငါတခုလေ့ နားမလည်။ အုံမာက ကိုခိုင်မြသိန်း ထိုင်ပါ။ အေမှာ အကျန်ရို့ရုပ်ရှင်ကြည့်နီကတ်တေ။ ရခိုင်ကဂီရိမုန်တိုင်းရန်ပုံအတွက် စတိတ်လျှိုးကိုကြည့်နီကတ်တေ။ ရှင်သန်နိုးထ အာရက္ခလို့ နာမေပီးထားရေ။ ယင်းချင့်မှာ ရုပ်ရှင်မင်းသားဘုန်းလျှံပြောရေ `ရခိုင်မှာ သမီးသျှင်က သမက်သျှင်ကို ၀ယ်ရရေဓလေ့ဟိရေ` လို့ ပြောရေ။ ယင်းချင့်ဟုတ်လာ။ ကိုခိုင်မြသိန်းလေ့ ဈီးကောင်းကောင်းမျှော်ယင်းနန့် လူပျိုကြီးဖြစ်လားရေဟန်....နတ်ယောင်ကားတ၀က်၊ အမှန်တ၀က်မီးလာရေ။ ကျန်တော်လေ့ ဇာပြန်ပြောရမှန်းမသိ ဖြစ်လားရေ။ ယင်းချင့်က အမှန်ပါ။ ကျန်တော် ကိုယ့်မွီးရပ်မြီရခိုင်ပြည်မှာ အသက် (၁၇) နှစ်သားထိ နီထိုင်ခရေ။ သမက်ဝယ်ရေလို့ တခါလေ့မကြားဖူးခ။ မြင်လေ့မမြင်ဖူး။ သမီးတက်တေလို့ တခါလေ့မကြားဖူးခ။ မမြင်ဖူးခပါ။ သမက်တက်တေလို့ရာ ကြားဖူးမြင်ဖူးခရေ။ အေကုက ဗြောင်ပြန်ဖြစ်နီရေ။

ဆယ်စုနှစ် နှစ်စုကျော် ရခိုင်ပြည်နန့်ဝီးကွာလားရေနောက်ပိုင်းမှာ သမက်ဝယ်ရေဓလေ့ချေတခု ရခိုင်ပြည်မှာ ရှင်သန်ကျင့်သုံးနီရေ ဆိုစွာကို ကြားလိုက်ရရေခါ ဂေါင်းထဲမှာ ကောင်းချုပ်ချက်ခတ်လားရေ။ မယုံတ၀က်နန့် ဟုတ်ယင့်လားဟိုင်....နင်ရို့လိမ်ပြောနီကတ်တေဟန်။ ငါကိုတချက် ဖွင့်ပြ။ နားထောင်ကြည့်မေ တချက်။ Shwevideo.net ကိုဖွင့်လိုက်တေ။ ရုပ်ရှင်လိုင်မှာ တင်ထားရေ ရှင်သန်နိုးထအာရက္ခကို ဖွင့်ရေ။ နောက်ဆုံး သရုပ်ဖေါ်ဇာတ်ပြကွက်တခုမှာ လားတွိ့ရရေ။ ဘုန်းလျှံက ခန့်စည်သူကိုပြောရေ စကားပြောခန်းတခုမှာ `ကျန်တော်တို့ ရခိုင်ဒေသမှာ ဓလေ့တခုရှိတယ်။ သမီးရှင်ကနေ သမက်ရှင်ကို ၀ယ်ရတယ်။ အဲဒါရခိုင်ဓလေ့လေ` ပြောထားရေ။ အေစကားကို ကြားလိုက်ရရေခါ ကျန်တော့်နားရွက်တိ ကြီးလားရေ။ ဒေါသလေ့ ဖြစ်လားရေ။ ရှက်လေ့ရှက်တေပိုင် တွိ့ရေ။  မပြောတတ်ပျာလို့ရာ ပြန်ဖြေလိုက်ရရေ။ အယင်က သမက်တက်တေဓလေ့ချေအကြောင်းကိုရာ ပြန်ပြောလိုက်တေ။ ယင်းဓလေ့က အမျိုးသမီးတကိုတန်ဘိုးမြှင့်တင်ရာရောက်တေ။ ချစ်စရာကောင်းရေ ဓလေ့တခု။ ယင်းပိုင်နန့် ညာဥ့် ၁၁ နာရီလောက်မှာ စိတ်က တခုခုတွေးယင်း အိမ်ပြန်ပါလတ်တေ။ စိတ်က အိမ်ပြန်မရောက်ဘဲ အိန္ဒိယနိုင်ငံကိုရာ ရောက်လားခရေ။

အိန္ဒိယနိုင်ငံက Dowry (လင်ဝယ်လက်ထပ်စနစ်) လက်ထပ်စနစ်ကို လားသတိရရေ။ ဟိန္ဒူလူမျိုးတိမှာ သူရို့ယိုင်ကျေးမှုအရ သမီးသျှင်က သမက်သျှင်ကို ဖဲသာအမြောက်များပီး ၀ယ်ယူရရေစနစ်ဟိရေ။ အေစနစ်ကို လက်ဟိခေါတ်ကာလမှာ မဟိသင့်ပျာလို့ အမျိုးသမီးတိတိုက်ပွဲယင်း တဖြည်းဖြည်းနန့် အစိုးရဥပဒေတိက တားဖြစ်ထားရေအဆင့်ကိုထိ ရောက်ဟိပါလတ်တေ။ အိန္ဒိယနိုင်ငံ အထင်ကရအမျိုးသမီးဂေါင်းဆောင်းတယောက်ဖြစ်ခရေ အိန္ဒရာဂန္ဒီကိုယ်တိုင် ပါလီမာန်မှာဥပဒေချမှတ်ပြီးကေ တားဖြစ်ခရေ။ သို့သော် ယင်းအချိန်က ထင်သလောက်မအောင်မြင်ခရေပိုင် ထိရောက်မှုလေ့ ကောင်းနည်းခရေ။ အေကုတောခါ ပျောက်လုနီပါးဖြစ်ပါလတ်ပျာလို့ အိန္ဒိယအမျိုးသမီးလူ့အခွင်းရေး လှုပ်ယှားရေဘလောခ်တိမှာ ဖတ်ရရေ။

အေ Dowry လက်ထပ်စနစ်ကြောင့် အမျိုးသမီးငယ်ရို့ဘ၀တိ ဆုံးချုံးမှု၊ နစ်နာမှု၊ ဖိနှိပ်ခံရမှု၊ မတော်နတရား ပြုကျင့်ခံရမှုတိ အများကြီးကို အိန္ဒိမှာကိုယ်တိုင်နီထိုင်ဖူးခလို့ သိခွင့်၊ မြင်ခွင့်ရခရေလို့ ဆိုရဖို့။ ဥမမာ မိသားစုတခုမှာ သမီးများလားကေ ဖခင်ဖြစ်သူက သမီးတိကို လင်ပီးဇာတ်ယင်း ဟိသမျှဖဲသာတိ ကုန်ခန်းလားလို့ ကုန်းကောက်စရာမဟိရေ ဘ၀ကိုရောက်လားရေ။ ဇာလောက်ပင်ချမ်းသာလီပါတ်စီ သမီးသုံးယောက်လောက်ပါလာကေ အေတိုင်မွဲကျလားရေ။ တချို့ဆိုကေ အစ်ကိုယ်၊ မောင်ဖွားဖြစ်သူရို့ပါ ညီမ၊ အဲမဖြစ်သူရို့ လင်သားရနိုင်ရေးအတွက် ငွေးကြေးလိုက်ရှာစုဆောင်းရရေ။ တချို့ပညာတတ်အမျိုးသမီးချေတိဆိုကေ သားလင်ဝယ်ယူရေးအတွက် ကျောင်းထွက်လို့ အလုပ်လုပ်၊ ဖဲသာရှာစုဆောင်းကတ်ရရေ။ ယင်းပိုင် လင်တယောက်ရရေးအတွက် အမျိုးမျိုးအခက်ခဲတိကို ရင်ဆိုင်ပျာ ဖဲသာရှာကတ်ရရေ။ ယင်းပိုင် သားလင်တယောက်ကို ဖဲသာမြောက်များစွာ ပီးဝယ်ပဇာတ်နိုင်မှ ဂုဏ်ဟိရေလို့ ယူဆကတ်တေ။ တချို့မိဖတိမှာလေ့ သမီးသုံးယောက်လောက်ကို လင်ဝယ်ပီးဇာတ်လို့ ကုန်ကျရေ ငွေကြေးကို သားတယောက်တည်းနန့် အမြတ်ထွက်အောင်ထိ ရောင်းစားရေအလေ့ထကို ဆောင်ရွက်ကတ်တေ။ လင်ရလားခကေလေ့ ဖဲသာငွေးကြေးတင်ဝယ်မှုနည်းပါက လင်ဖြစ်သူ၊ ယောက္ခမဖြစ်သူ၊ ခအိုဖြစ်သူရို့ နှိပ်စက်မှုကိုခံကတ်ရရေ။ ယင်းပိုင်နှိပ်စက်မှုကို မခံနိုင်ကေ မိဖ၊ မောင်ဖြစ်သူရို့ဘက်ကို အပူလာကပ်ရရေ။ သမီးတယောက်ရထားစွာရေ ဧရာမမီးပုံမှာရီစက်ချရရေပိုင် ဘ၀မီးပူဟပ်ခြင်းကို ခါးစည်းခံကတ်ရရေ။

တချို့ လူလပ်တန်းစား၊ ဆင်းရဲသားမိသားစုတိမှာဆိုကေ လင်မ၀ယ်နိုင်လို့ အပျိုကြီးဘ၀နန့် အိမ်တွင်းပုန်ယင်း ဘ၀နိဂုဏ်းချုပ်လားရစွာတိက အဏမတက်က။ ဘ၀ကိုအယှုံးပီး ကြိုးစွပ်ချသီဆုံးလားကတ်တေ အမျိုးသမီးချေတိလေ့ တပုံတခေါင်းကြီး။ တချို့အမျိုးသမီးတိဆိုကေ ဖခင်ဖြစ်သူက စိတ်မှားယုတ်မာမှုတိအောက်မှာ ဘ၀ပျက်ရစွာတိက တမျိုး၊ အစ်ကိုယ်၊ မောင်ဖြစ်သူရို့က ဗလကာယပြုပြီးမှ ညီမ၊ အဲမဖြစ်သူရို့ လင်ဝယ်ပီးဇာတ်ခြင်းခံရရေ။ အဖြစ်ပျက်ချေတခုကို တင်ပြပါမေ။ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က နာလန္တာတက္ကသိုလ်မှာ ကျောင်းပြနီရေ ကျောင်းဆရာတယောက်မှာ သမီးသုံးယောက်ဟိရေ။ သမီးတိက ရှိဆင့်နောက်ကြီးလာကတ်တေ။ သမီးအကြီးဆုံးဖြစ်သူကို လင်ဝယ်မပီးဇာတ်နိုင်ရေခါ ဖခင်ဖြစ်သူကျောင်းဆရာက သူ့သမီးကို ပြစ်မှားရေ။ ကိုယ်ဝန်ရလို့ ဖုံးဖိမနိုင်ရေခါ အရပ်ထဲက ယောက်ျားချေတိနန့် ကမြင်းရေဆိုပြီးကေ အိမ်ကနှင်ချလိုက်တေ။ မမချေခင်မှာ လေးဖက်မိုက်လားပြီးကေ ဗုဓ္ဒဂါယာ၊ ပါတာနာရထားလမ်းမှာ ရထားလားနီချိန် ဂေါင်းဝင်တိုက်ပြီးကေ ဘ၀ကိုအဆုံးစီရင်လိုက်တေ။ သတင်စာတိမှာ ဟောလဲတကျော် ပါခပါရေ။

ချမ်းသာရေအသိုင်းဝိုင်းတိမှာလေ့ သားသမီးတိကို အိမ်ထောင်ခရာဝါသချပီးကေ နှစ်ဖက်သောမိဖတိက လက်ထပ်ခါစဇနီးမောင်နှံကို စီးပွားရေအဆင်ပြောလာ ၀ိုင်ပြီးကေလက်ဖွဲကတ်တေလို့ရာ ကြားဖူး၊ မြင်ဖူးရေ။ မိဖတိုင်းက သားသမီးတိကို ကောင်းကြောင်းရာ ကြားချင်၊ မြင်ချင်ကတ်တေ။ အေချင့်က သဘာဝပါ။ သမက်သျှင်က သမီးသျှင်ကို ရွှီငွေ၊ ကျွဲ၊ နွား၊ စပါး၊ လယ်ယာတိနန့် တင်တောင်ရေ ရခိုင့်ရို့ရာယိုင်ကျေးမှုကို ကျော်လွန်ပြီးကေ Dowry (လင်ဝယ်စနစ်)ကို ကျင့်သုံးလာကတ်တေ လူချမ်းသာတိလုပ်ရပ်ကြောင့် နောင်ကို လူဆင်းရဲတိဒုက္ခရောက်နိုင်ရေ။ အေကုဆိုကေ ဆယ်စုနှစ် နှစ်စုကျော် ကျင့်သုံးလာကတ်တေ။ ဗြုန်းတိုင်းဖျောက်ပစ်လိုက်ဖို့ကား လုံးဝမဖြစ်နိုင်။ လင်ဝယ်စနစ်ကိုရာ ရခိုင်အများစုက အတုယူကျင်သုံးလာကေ ရခိုင်အမျိုးသမီးချေတိဘ၀ မတွေးဝံ့စရာအန္ဒရာယ်တိနန့် ရင်ဆိုင်လာနိုင်ရေ။

ဖဲသာငွေကြေးချမ်းသာလို့ သမီးဖြစ်သူရို့ကို လင်သားဝယ်ယူပီးဇာတ်ခြင်းစနစ်ရာ ရခိုင်ပြည်မှာအေထက်မက ထွန်းကားလာကေ အမျိုးသားပညာတတ်လူငယ်ချေရို့အချစ်ကို ဥစ္စာဓနနန့်ရောင်းစားရေဘ၀ကိုရောက်လားရေပိုင် အမျိုးသမီးချေရို့ဘ၀တိလေ့ ကိုယ်ချစ်တေ၊ ကြစ်တေလူငယ်ချေတိ ဆုံစည်းခွင့်မရဘဲ အိမ်ထောင်ရေပဓိပက္ခတိနန့် ကြုံလာနိုင်ရေ။ မိဖမောင်ဖွားတိဘက်က သားလင်ခိုင်စေမှုကြောင်း ငွေညှစ်တေအဖြစ်နန့်လေ့ မကြုံနိုင်လို့ ဒါသီမပြောနိုင်။ ရခိုင်သမီးပျိုချေတိ ဖဲသာမဟိကေ လင်မရနိုင်ရေအဆင့်ကို မရောက်လားလို့လေ့ မပြောနိုင်။ အေပိုင်ရာကြုံလာကေ အလစ်သုတ်ဖို့ချောင်းနီရေ ဗမာမြန်မာတိအတွက်က အကွက်ကောင်းပျာ။ ရခိုင်သူမချေတိက ကုလားကိုမယူစွာက သေချာရေ။ ဗမာမြန်မာဆိုကေ ကိုးကွယ်ရေဘာသာလေ့တူရေ၊ လူမျိုးလေ့နီးစပ်တေ၊ အေအချက်ရေ ဗမာမြန်မာတိအတွက် ရခိုင်လူမျိုးကို မျိုးဖျောက်ဖို့ အကွက်ကောင်းဖြစ်လားနိုင်ရေ။

အေချင့်တိကို ၀ိုင်းပြီးကေ ပြုပျင်လားသင့်ရေ။ အထူးသဖြင့် ရခိုင်လူငယ်ပညာတတ်ချေတိ ဓနဥစ္စာနန့်ရောင်းဝယ်ခြင်းခံရမှုတိကို ဆန့်ကျင်သင့်ရေလို့ တိုက်တွန်းချင်ရေ။ အိမ်ထောင်ပြုခြင်းမှာ ဥစ္စာဓနလောဘက် မမက်မောဖို့ အရေးကြီးရေ။ မဖြစ်သင့်လို့လေ့ မြင်ပါရေ။ လုံးဝလုံးဝ မဖြစ်သင့်ပါ။

ရခိုင်အမျိုးသမီးချေတိကလေ့ ဘွဲရ၊ ဆရာဝန်၊ စစ်ဗိုလ်၊ ပါမောက္ခတိကိုရမှ အိမ်ထောင်ရေတင့်တေရေ၊ ဂုဏ်ဟိရေဆိုရေ အတွေးတိကို ဖယ်ယှားလို့ စစ်မှန်ရေချစ်ခြင်းမောတ္တာတိ၊ တယောက်ကိုတယောက် အပြန်အလှန်နားလည်မှုတိနန့် တည်ဆောက်ထားရေ အိမ်ထောင်ရေတိကို ရွီးချယ်တည်ဆောက်စီချင်ရေလို့ စေတနာသမုဒ္ဒရာနန့် တိုက်တွန်းလိုက်ရပါရေ။

အေလောက်ပျာ။ ထောက်ပြ၊ ရွီးပြဖို့ဆိုကေက အများကြီးရာ။

ကျန်းမာချမ်းသာကတ်ပါစီ။ Dowry စနစ်က လွတ်မြောက်နိုင်ကတ်ပါစီ။


ခိုင်မြသိန်း (ချောင်သာကြီး)
၀၁၊ ၁၀၊ ၂၀၁၀
Glada Hudik

No comments:

Post a Comment