ဝန်ကြီးတဦးအဖြစ်၏အဓိပ္ပါယ်မှာ
ပြည်သူလူထုအတွက် အမှုထမ်းခြင်းသတ်သတ်သာဖြစ်၏။
မည်သို့ပင်ဆိုစီကာမူ..အကယ်၍…၀န်ကြီးအဖြစ်အား သာယာကျေနပ်နှစ်သိမ်းမှု (၀ါ)
ဂုဏ်ဒြပ်သြဇာရယူရန် နည်းလမ်းတခုအဖြစ် သူ၏အတွင်းစိတ်၌ ထင်မြင်ယူဆထားပြီး
ထိုရာထူးသည် အသုံးပြုခြင်းခံရပါက၊ ပြည်သူပြည်သားများ တိုးတက်ကြီးပွားမှုကို
အဟန့်အတားဖြစ်စီ၍၊ ဖေါက်ပြန်အဂတိလိုက်စားမှုနှင့် လူ့အဖွဲအစည်းအား
သောင်းကျန်း ဗိုလ်ကျပြီး ယုတ်ညံ့သောကိုယ်ကျင်တရား လမ်းသွယ်ထဲသို့
ဇောက်ထိုးခုန်ဆင်းလိုက်ခြင်းသာ ဖြစ်သည်။ ကြောင်ရွံ့ခြင်းနှင့်
လုံခြုံမှုမဟိခြင်းများက လူ့အဖွဲ့အစည်းကို တင်းတင်းကျပ်ကျပ်
ဆုပ်ကိုင်ထားလိမ့်မည်၊ လူသားများကို တားဆီးချုပ်တည်၍ ထားကြလိမ့်မည်။
ဤသည်မှာ ကြောက်ရွံ့ခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်းများအား နှိမ်နင်းအောင်မြင်စီလိုရန် လူသားများ အတွက် သဘာဝအကြောင်းတရားဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း၌ အများစုသည် လုံခြုံမှု ဟိလာစီရန်၊ လုံခြုံမှုစိတ်ချလာအောင် အမြဲတမ်းလိုလို တခုခုလုပ်တတ်ကြပါသည်။ အကျိုး ဆက်အားဖြင့် အာဏာပါဝါ၏ထိုင်ခုန်အတွက် ကြိုးစားအားထုတ် တော်လှန်လာကြ တတ်သည်။ မည်သို့ပင်ဆိုစီ..ထိုပုဂ္ဂိုလ်များသည် အာဏာပါဝါရလာပြီးနောက် ထိုအာဏာ ပါဝါအား စွဲမက်လာကြသည်….မှာ…အမှန်စင်စစ် အာဏာပါဝါမဟုတ်ပါ။ သူရို့၏၀တ္တရားများ ဆောင်ရွက်ကြရန် ၀န်ကြီးယုံးထဲသို့ ရောက်လာကြသည့်တိုင်အောင် သူရို့သည် အနည်းဆုံး အလုပ်လောက်သာ ပြီးစီအောင်မြင်နိုင်ကြသည်။ သူရို့လုပ်ငန်းဆောင်တာ မပြီးစီးသည်ကို ကြည့်၍ သူရို့အားပြစ်တင်ပုတ်ခတ် ဝေဖန်ခြင်းမပြုပါနှင့်။ အာဏာပါဝါ၏ထိုင်ခုန်ကို ရယူ သိမ်းဆည်းလိုက်ပြီးသည့်နောက် သူရို့၏ ငါတကော့ကော့၍ ငေါ့ပြောခြင်းသည် သူရို့၏ စိတ်တွင်း၌ ကြောင်ရွံ့စိုးရိမ်လျက် ကျန်ဟိနီဆဲပင်ဖြစ်သည်။ အဟုတ်အမှန်ပင်… ကြောက်ရွံ့ စိုးရိမ်ခြင်းအမျိုးမျိုးသည် စိတ်တွင်း၌ ပိုမိုတိုးမြင့်လာသည်။ အကယ်၍ ကျပ်တည်းတင်းမာမှုနှင့် ကြောက်ရွံ့စိုးရိမ်နီပါက သင်သည်အပြုသဘောဆောင်သည့် ဖန်တီးမှုအတွီးအခေါ်သစ်နှင့် အတူ အောက်ခြီခံမြင့်မားလာနိုင်မည့် မဟုတ်ပါ။ ထို့ကြောင်း သင်သည် အလုပ်မြောက်များစွာ မလုပ်နိုင်၊ သင့်လူ့အဖွဲ့အစည်းအတွက်လည်း မလုပ်နိုင်သလို၊ သင့်ကိုယ်ရည်အတွက်လည်း လုပ်နိုင်မည်မဟုတ်ပေ။
ဝန်ကြီးများ သူရို့ရလိုကြသည့် သူရို့၏လမ်းကြောင်းကို မရောက်လျင် ၀န်ကြီးများရာထူးမှ နှုတ်ထွက်ကြမည်ဟု ခြိမ်းခြောက်တတ်ကြသည်များကို သင်ရို့မကြာမဏ ကြားကတ်ရပါ လိမ့်မည်။ တချို့နောက်လိုက်များက သူရို့ကိုသူရို့ကိုယ်တိုင် သတ်သီရန်ထိ ခြိမ်းခြောက်တတ် ကြသည်။ သို့သော် ရာထူးမှနှုတ်ထွက်ရန် ဇောတိကတက်ခြင်းသည် တာဝန်မဲ့ခြင်းသာ ဖြစ်သည်။ ဂုဏ်ယူဖွယ်ရာမဟုတ်ပါ။ အနစ်နာခံ စွန့်လွှတ်ခြင်းလည်း မဟုတ်ပါ။ ဤသည်မှာ ပြည်သူမှ အထွတ်တမြတ်လွှဲအပ်ထားသော တာဝန်ဝတ္တရားကို စွန့်လွှတ်ခြင်းအပြုအမူသာ ဖြစ်သည်။ သင်သည် သင်၏ရာထူးစွန့်လွှတ်ခြင်းအား ဇောတိကမာန်မာန ဂုဏ်မောက်ရ လောက်အောင်ထိ ၀န်ကြီးအဖြစ်သည် ဇိမ်ခံပစ္စည်းတခုကား မဟုတ်ချေ။ အလားတူပင်… ၀န်ကြီးရာထူးအား တစုံတယောက်အား အပ်နှံခြင်းသည် ၀န်ကြီးအဖြစ်ရွီးချယ်ခံရသူ၏ အကောင်းဆုံးအစေခံဝန်ထမ်းမှုကို မျှော်လင်းခြင်း၊ တောင်ဆိုခြင်းသာဖြစ်၏။ ၄င်းသည် ဆုလဒ်တခုအဖြစ် အဓိပ္ပါယ်ကောက်ယူဖွင့်ဆိုဖို့ကား မဟုတ်ချေ။
သင်၌ အေကန်စင်စစ် မွီးရာပါကိုယ်ပိုင်ပါဝါစွမ်းရည်ဟိပါက ပြည်သူအကျိုးစီးပွားအတွက် အမှန်ပင်အမှုထမ်းလိုရန် အာဏာရာထူး (၀ါ) အဏာပါဝါထိုင်ခုန်ကား မလိုအပ်ပါ။ မဟတ္တမဂန္ဒီ ပြည်သူ့အကျိုးဆောင်ရွက်နိုင်ခသကဲ့သို့ တရားဝင်ရာထူးဌာနန္တရမဟိဘဲ လူထုအကျိုးစီးပွား အတွက် သင်ပိုပြီးကောင်းကျိုးပြုနိုင်သည်။ ဆောင်ရွက်နိုင်သည်။ မကြာခဏလိုလို အုပ်ချုပ်သူ တဦးသည် မှန်ကန်ပြုပြင်ရေးသမား တယောက်မဟုတ်သလို၊ မှန်ကန်ပြုပြင်ရေးသမား သည်လည်း အုပ်ချုပ်ရေးသမားတယောက်မဟုတ်ပါ။ မှန်ကန်ပြုပြင်ရေးသမားသည် အုပ်ချုပ်မှု အာဏာကို မလိုလားပါ။ မမက်မောပါ။
ပြည်သူလူထုအများစုအား လှုံ့ဆော်မှုပင်ရင်းအချက်အလက်များမှာ ထိခိုက်လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပင်ဖြစ်၏။ စါမတတ်သူ ဦးရည်များလာသောအခါ ထိခိုက် လွယ်သော၊ ခံစားလွယ်သော စိတ်အာရုံများပို၍ ဖြစ်လာတတ်ကြသည်။ ဤနီရာမှာ ကျယ်ပြန့်သည့်ပညာရေး စနစ်နှင့်ပါတ်သက်လို ဆန်ကျင်တန်ပြန်ပြုရန် အရေးကြီးသည် တခုမှာ ဘာသာရေးပညာရပ်နှင့် သိပ္ပံပညာရပ်နှစ်ခုစလုံးပင်ဖြစ်သည်။
နိုင်ငံရေးဂေါင်းဆောင်အများစုသည် စစ်မှန်သောပြည်သူ့ဝန်ထမ်း အယူအဆအား မိုက်မဲစွာ မျက်ကွယ်ပြထားကြသည်။ ဥပေက္ခာပြုထားကြသည်။ လူမျိုး၏ထုံးတမ်းစိုင်လာ ဘောင်နယ် နမိတ်များကို ကျော်လွန်၍၊ ဘာသာရေးဓလေ့ထုံးတမ်း ဘောင်နယ်နမိတ်များကို ကျော်လွန်၍၊ အမျိုးသားရေးဆိုင်ရာ ဘောင်နယ်နမိတ်များကို ကျော်လွန်၍ အနည်းငယ်သော စွန်စား လုပ်ဆောင်ချက်များ ဟိကြပါ၏။ ထိုနယ်နမိတ်ဘောင်များနှင့် ချုပ်တည်သတ်မှတ်ထား လိုက်သောအခါ သူရို့ကိုသူရို့ကိုယ်တိုင်အား ဘေးဥပါဒ်ဖြစ်စီသလို၊ တခြားသူရို့နှင့် ဆက်နွယ်နီသည့် ပါတ်ဝန်းကျင်တခုလုံးလည်း ထိခိုက်နစ်နာ ပျက်စီးကြရသည်။ ထို့ကြောင်း နိုင်ငံရေးသမားများသည် လူမှုရေးတာဝန်ဝတ္တရားများ ထမ်းဆောင်ရာ၌၊ တိုင်ပြည်အား ဦးစီးဦးဆောင်လမ်းပြရာ၌ နိုင်ငံရေးပညာရပ်များ ကျွမ်းကျင်ရန် အထူးလိုအပ်ပါ၏။ အရေးကြီးသည့်အချိန်ကာလဖြစ်သော ကမ္ဘာမိသားစု (Global Family) ၏ အချိန်နှင့်အမျှ လျှင်မြန်လှုပ်ယှားနီကြောင်းကို ကောင်းကောင်းနားလည် သဘောပေါက်ထားရမည်။ ညက်နီအောင် တတ်မြောက်ထားရမည်။ နွးကျီအောင်လည်း သိထားရမည်။
ဝန်ကြီးများသည် မြှောက်ပင့်ကပ်မျှောင်နီသော နိုင်ငံရေးသံချီးတက်များအားဆန့်၍ ဘေးအန္ဒရယ်လုံခြုံအောင် ကာကွယ်ရန် သူရို့၏စွမ်းရည်များကို ပြုစုပျိုးထောင်ထားရန်လည်း အလွန်အရေးကြီးစွာလိုအပ်ပါသည်။ အမှန်ပင်….သူရို့၏အတွင်းစိတ် (inner voice) ကို လိုက်နာသင့်သည်။ သူရို့၏ လမ်းညွှန်မှုသည် အမှားများထဲမှ အကောင်ဆုံးမှန်ကန်မှုကို ရွီးချယ်စီးစစ်ရန် အတွင်းစိတ်၏အလွန်ကောင်းမွန်သော မူပိုင်လမ်းညွှန်မှုကို လိုက်နာ သင့်သည်။
အယုံအကြည်ကင်းမဲ့သော နိုင်ငံရေနယ်ပယ်မှ ကျန်တော်ရို့လွတ်မြောက်ရမည်။ အမုန်ပွားစီသောနိုင်ငံရေးနွံအိုင်ထဲမှ ကျန်တော်ရို့လွတ်မြောက်ရန် ကြိုးစားရမည်။ စစ်မှန်သော အမြှော်မြင် ဆင်ခြင်တုံတရားနှင့်ပြည်စုံသော နိုင်ငံရေးမူဝါဒသည် ဘာသာစကားကွဲပြားမှု၊ အယူအဆ ယုံကြည်ချက်ကွဲပြားမှု၊ ဘာသာရေးမတူကွဲပြားမှု၊ ဇာတ်နိမ့်ဇာတ်မြင့် မတူကွဲပြားမှုများအား တပြေးညီသဘောထားဖြင့် ပြုစုစောင့်ယှောက်ရန်သာဖြစ်သည်။ အစေခံအမှုထမ်းခြင်းသည် နိုင်ငံရေးအာဏာပါဝါ၏ ဦးတည်ချက်ဖြစ်လာသောအခါ (နိုင်ငံရေး) လှုပ်ယှားမှုတရပ်လုံးသည် တိုးတက်၊ ကြီးပွားချမ်းသာ၊ ဖွံ့ဖြိုးတိုးတက်မှုသို့ ပြောင်းလဲ လာကြသည်။ မည်သို့ပင်ဆိုစီ နိုင်ငံရေးပါတီများသည် မကြာခဏလိုလို အတူတကွ ဖြစ်လာကြသည့်အကြောင်းရင်မှာ ဘုံရန်သူအား တိုက်ခိုက်နှိမ်နင်းရန်အတွက် တခုတည်းသာ ဖြစ်ကြသည်။ ဘုံ်ရည်မှန်ချက်ပန်းတိုင် (သို့မဟုတ်) ဘုံအကျိုးစီးပွား (အမျိုးသားအကျိုးစီးပွား) အတွက်ကား မဖြစ်နိုင်ကြချေ။ သူရို့၏ညီညွတ်ခြင်းသည် ကြောက်ရွံ့ခြင်းနှင့် မုန်းတီခြင်း (၀ါ) ရန်ငြိုးများအား အောက်ခြီခံ၍သာဖြစ်ကြသည်။ မတူကွဲပြားခြားနားသောပါတီများ တိုင်ပြည် အကျိုး၊ ပြည်သူအကျိုး၊ အများအကျိုးများအတွက် အဘက်ဘက်မှ ဖွံ့ဖြိုးမှုတိုးမြင့်မက တိုးမြှင့်လာအောင် အတူတကွပူးပေါင်းလုပ်ဆောင်သင့်သည်။ ရန်ငြိုးအမုန်းတရားကြီး စိုးမိုး၊ လွှမ်းမိုးသည့်နိုင်ငံရေးမူဝါဒ အဆုံးသတ်သင့်ပြီဖြစ်၏။
အလွန်ချမ်းသာကြွယ်ဝသည့် မြီပိုင်သျှင်သူဌေးတယောက်သည် ပန်ခြံအလုပ်သမားနှစ်ဦး ငှား၍ ပန်းခြံ၌အလုပ်လုပ်ခိုင်စီ၏။ နှစ်ဦးစလုံးအား တလှည့်စီပြောင်း၍ လုပ်ခိုင်းစီ၏။ နှစ်ဦးစလုံးပင် ပန်ခြံအားမည်ကဲ့သို့ တိုးတက်ပြောင်းလှဲသင့်သည်။ မည်ကဲ့သို့ ပြုပြင်သင့်သည်နှင့်ပင် သဘောထားကွဲလွဲကြလီ၏။ အလုပ်သမားတဦးက မြီလောက်သာ ပြုပြင်ယှင်းလင်းထား၏။ နောက်လုပ်သမားတဦးရောက်လာသောအခါ ပထမအလုပ်သမား၏ မပြီးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲချန်ထား၍ သူလုပ်လိုသောအလုပ်ကိုသာ ပြောင်လွဲလုပ်လီ၏။ ဤကဲ့သို့ တဦး၏အလုပ်ကိုတဦးက ချန်ထားခြင်ဖြင့် လပေါင်းများစွာ ကြလာ၏။ နောက်ဆုံးမှာ ပန်းခြံကြီးသည် မည်သည့်ပန်းပင်မှ မစိုက်ပျိုးနိုင်ဘဲ၊ မည်သည့်ပန်းပွင့်မှ မထုတ်လုပ်နိုင်ဘဲ ပေါင်းမြက်ထူလျက် ဆက်လက်ကျန်ဟိနီဆဲပင်။ သူရို့၏တတ်စွမ်းမှုစွမ်းရည်များသည် အချဉ်းအနှီးကြွားဝါမှုသာ ဖြစ်လီ၏။
အထက်ဖေါ်ပြပါဥပမာနှင့် လက်ဟိနိုင်ငံရေးပါတီများ၏ မူဝါဒလမ်းစိုင်များနှင့် လုပ်ငန်းများသည် တထပ်တည်း၊ တထည်ရာတည်း ကွက်တိစွပ်ပိုက်ပင်တူနီပါ၏။ ဤကဲ့သို့လည်း ဆောင်ရွက်ကြ၏။ ယခင်ပါတီ၏ မပြီးဆုံးဘဲကျန်ဟိနီသော အလုပ်ကိုဆက်မလုပ်ဘဲ ချန်ထား၍ သွားပုတ်လီလွှင့်ပြောခြင်းဖြင့် အချိန်များကို ဖြုံးတီးပစ်ကြ၏။ ကျန်ဟိနီသော နိုင်ငံရေပါတီများ၏ လုပ်ငန်းများအား ဖြည့်စွက်လိုက်သည့်အခါ၊ နိုင်ငံရေးပါတီတခုနှင့်တခု လေးစားချီးမြှင့်လာကြသည့်အခါ အိန္ဒီယာသည် အမှန်ပင်တောက်ပြောင်ထွန်းလင်း လာလိမ့်မည်။ (ဆတ်ယူဂ (အိန္ဒီယသမိုင်း၌ အလွန်တိုးတက်ခသည့် Satyuga) ခေါတ်တခေါတ်ဟိဖူးခပါ၏။ ၄င်းခေါတ်၏လူသားများသည် အလွန်ရိုးသား၍ မင်းကောင်း မင်းမြတ်များပေါ်ခပါ၏။) သို့မဟုတ် အားလုံးသောနိုင်ငံရေးပါတီများ ဘုံဦးတည်ချက် ပန်းတိုင်သို့ ဦးတည်လာကြသည့်အခါ ရွှီရောင်လွှမ်းသောခေါတ်သို့ ရောက်လာကြလိမ့်မည်။ ဆင်းရဲခြင်းအတိဒုက္ခမှ သက်သာခွင့်ရလာကြလိမ့်မည်။ ဆင်းရဲသူဆင်းရဲသားများအား အာမခံသည့်ဘ၀ကို ထူထောင်ခွင့်ရနိုင်ကြလိမ့်မည်။ စာနာတတ်သည့်စိတ်ထားများ၊ သနားညှာတာတတ်သည့်စိတ်ထားများ ကိမ်းဝပ်နိုင်ကြလိမ့်မည်။ အပြစ်ကင်မဲ့သူပြည်သူ ပြည်သားများအတွက် လုံခြုံမှုပိုမိုရဟိလာကြမည်။ ဖေါက်ပြန်ပြီး အဂတိလိုက်စားသော နိုင်ငံရေးသမားများလည်း ပေါ်ပေါက်လာနိုင်ကြလိမ့်မည် မဟုတ်ပေ။
ဘာသာပြန်
ခိုင်မြသိန်း (ချောင်းသာကြီး)
August 31, 2004
Dum Dum Central Jail, Kolkatta, India.
Thursday, May 27, 2004 ထုတ် The Times of India သတင်းစာပါ “တရားဟောသော မဟာဗောဓီး The Speaking Tree” ကဏ္ဍမှ စာရွီးဆရာ သျှရီသျှရီရာဗီချန်ကာ (Sri Sri Ravi Shankar) ရွီးသားဖေါ်ပြသော { The Seat of Power: Pride or Service} အား ရခိုင်ဘာသာသို့ ဆီလျှော်အောင်ဘာသာပြန်ဆိုပါသည်။

No comments:
Post a Comment