Monday, April 13, 2015

အေလူတိကိုမဲပီးဖို့ပင်က


မတ်လ ၁၃ ရက်နိက အောင်တံခွန်သင်္ဘော (၃) နစ်မြုတ်လားခရေ။ လူဦးရေရာဂဏန်းနီးပါး သီဆုံးလားခရရေ။ ရာဂဏန်းနီပါး ပျောက်ဆုံးနီရေ။ ရခိုင်ဂေါင်းဆောင်တိ တယောက်လေ့ဖဝါးယားပြီးကေ ရောက်မလာကတ်။ အားလုံးနယ်ပြည်တော်မှာ၊ ရန်ကုန်မှာ မျှိုင်းနီကတ်တေ။ သနားစာနာဖို့စွာကိုထား၊ ဂရုနာသက်တေလို့တောင် စကားတခွန်းမကြားလိုက်ရ။

ကျန်ခသူမိသားစုတိနန့်အတူ ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း လာရောက်ပြသဖို့စွာကို ယင်းလောက်ခက်ခဲနီကတ်ကေ ဇာပိုင်ပျင်လို့ အေလူတိကိုယုံခီရဖို့လဲ။ လူကြီးတိမာလာနိုင်ကေလေ့၊ ရခိုင့်ပြည်သူလွှတ်တော်အမတ်တိ မလာနိုင်ကေလေ့၊ ပြည်နယ်လွှတ်တော်အမတ်တိလောက်ခန်း လာကြည့်ခကေ ပြည်သူတိ ဇာလောက်စိတ်ကျေနပ်ကတ်လိမ့်မေ မသိ။

အေနီရာမှာ ဗမာမြန်မာဂေါင်းဆောင်တိ မလာကေလေ့၊ ရခိုင်ဂေါင်းဆောင်တိက ရောက်လာသင့်ရေ။ ANP ဥက္ကဌဒေါက်တာအေးမောင်ရို့ပိုင် ဂေါင်းဆောင်တိ သင်္ဘောနစ်မြုတ်တေ အသံကိုကြားစွာနန့် ချက်ချင်းရောက်လာရဖို့လူတိ၊ ရောက်လာဖို့စွာကိုထား သတင်းတောင်မီးပုံမရ။ အခင်းကြီးအေးသာအောင် ၂၀၁၅ မှာ မြေပုံမြိုနယ်က မဲအရွီးခံဖို့လို့လေ့ ပြောသံကြားရေ။ သူ့မဲဆန္ဒနယ်မှာဖြစ်လားရေကစ္စ သူကိုယ်တိုင်ရောက်လာသင့်ရေ။

တခြားတိုင်းပြည်က နိုင်ငံဂေါင်းဆောင်တိ၊ လူမျိုးဂေါင်းဆောင်တိ၊ တာဝန်ဟိလူကြီးတိ၊ သူနိုင်ငံသားတခုခုဖြစ်တေ ပြောသံကြားစွာနန့် ချက်ချင်းလိုက်လာကတ်တေ။ အားပီးစကားတိ ပြောကတ်တေ။ သူရို့တိ ဂေါင်းဆောင်ပီသမှုကို ပြကတ်တေ။ တာဝန်ကျီပြွန်မှုကို ပြကတ်တေ။ ငါရို့ဂေါင်းဆောင်တိက ``ဇာသူသီသီ ငါနီရာရကေကျီ`` ဗမာမြန်တိဘက်ကူးနီရေအကျင့်တိနန့် ငါရို့ကိုဦးဆောင်လို့က ကောင်းထူးဖို့မမြင်ကာ။

အေလူတိကို ၂၀၁၅ နိုဝင်ဘာမှာ မဲပီးဖို့ပင်က၊ တခြားပီးဖို့လူ မဟိခါ ထပ်ပြီးကေ ပီးကတ်ရဖို့ပျာယေ...။ ဂေါင်းဆောင်ပီသမှုကိုပြနိုင်စွမ်းမဟိရေ ဂေါင်းဆောင်တိကို ထပ်လို့မဲပီးကတ်ဖို့ပျာယေ..။ ယင်းအတွက်နန့်ဟိဖို့ တခြားရွီးချယ်မှုမဟိနိုင်ရေ နည်းလမ်းကိုကြွေးကြော်နီကတ်စွာ ``ရခိုင်အမျိုးသားပါတီ ANP`` တခုတည်းရာ ရခိုင်ပြည်ကိုကိုယ်စားပြုဖို့ ပြောနီကတ်စွာ..။

................ 
ခိုင်မြသိန်း (ချောင်းသာကြီး)
စစစစ

ရခိုင်သူမချေတိရီကူးတတ်သင့်ရေ

ကျန်တော်ရို့ရခိုင်ပြည်စွာ မြေင်း၊ ချောင်း၊ မြစ်၊ ပင်လယ် ပေါများရေဒေသဖြစ်တေ။ နီရာတိုင်းမှာ ရီမျက်နှာပြင်ကို လှမ်းမြင်နီရရေ၊ လှိုင်ဆူသံ၊ လှိုင်းအူသံတိကို သာခြင်းသဖွယ်နားထောင်နီရရေ ဒေသလေ့ဖြစ်တေ။ ယိုင်းသာခြင်းကိုနားဝင်ချိုရေပိုင် လှိုင်အူသံ၊ လှုှိုင်းဆူသံတိက ကျန်တော်ရို့ကို သာယာစီပါရေ။ ရမ်းပေါက်လီထသံ၊ ဆင်ခေါင်းလီသံ၊ တောင်လီထသံ၊ စုံလီညှင်းသံ၊ ရာဟုလီပြင်းသံတိက ကျန်တော်ရို့အတွက် ပလွယ်ကျော်မှုတ်သံလောက်ရာ သဘောထားကတ်တေ။ မိုးရာသီတိုင်းမှာ မုန်တိုင်းကြီးငယ်တိကို အသားကျရင်ဆိုင်နိုင်ကတ်တေ။ ရီလုပ်ငန်းစွာ ကျန်တော်ရို့အတွက် မဟိမဖြစ် အသက်ရှင်ရပ်တည်မှုကို ထောက်မပီးရေ.။

ရီးဆိုစွာ ကျန်တော်ရို့အတွက် ကြောက်စရာကောင်းရေ အရာတခုမဟုတ်ကေလေ့ ရီဘဲကြုံလာကေ သီဘဲစီဆိုက်လားကတ်တေ။ ယင်းချင့်ဇာကြောင်းလေး....?

ကျန်တော်ကိုယ်တွိတခု တင်ပြပါမေ။ ကျန်တော်လူပျိုပေါက်စအရွယ်က ကြုံခရေအဖြစ်ပျက်တခုပါ။ ကျန်တော်ရို့ရွာ မိုးရာသီမှာ မိန္မချေတိမှိုလ်ဟင်းခူးလာကတ်တေ။ တေးခြင်းဆိုသံ တကျော်ကျော်ကြားလိုက်တေ။ များမကြာ ငိုသံကျွီးသံတိကြားရရေ။ ကျန်တော်က အနားကကုန်တန်းမှာ ကျွဲကျောင်းနီပါရေ။ ငိုသံကျွီးသံကြားလို့ ပြီးလာကြည့်ရေခါ မိန္မချေတယောက် တာတမံတွင်းမှာ ရီနစ်နီစွာကိုတွိလိုက်တေ။ ခုန်ဆင်းပြီးကေ ဆယ်ယူလိုက်တေ။ ရီးမွမ်းလားကေလေ့ အသက်ကရှင်လိုက်တေ။ သို့သော်မှာ ထပိန်မပါဘဲ လင်ကြဲကြဲတုံးတုံးဖြစ်နီရေ။ ထပိန်ကရီတွင်းထဲမှာ ကျွတ်ကျန်ခရေ။ ကျန်တော်ဒယောကို ချွတ်ပီးဖို့ကျရေ။ ကျန်တော်မှာက ယင်းခေတ်က လှဆန်းယဉ်ဘောင်ဘီတို ဝတ်တေ။ ကျွဲကျောင်းသားတိဖြစ်လို့ အမြဲရီကူးရရေအတွက် ဘောင်ဘီတိုဝတ်ရရေ။

ယင်းမိန္မချေက လှစံသိန်းလို့ခေါ်ရေ။ သူအမိက ကျန်တော်နန့် မောင်နှမတော်ရေ။ လှစံသိန်နန့် ကျန်တော်က တူဝရီးဆိုကေလေ့ ရွယ်တူတိဖြစ်နီခါ တယောက်ကိုတယောက် ကောင်းရှက်ကတ်တေ။ အသက်ရှင်လိုက်စွာက ကောင်းကံကောင်းရေလို့ပြောရဖို့။ သူတယောက်တည်း ရီးကူးမတတ်စွာလား၊ မဟုတ်ပါ ကျန်တော်ရို့ရွာမှာ အမျိုးသမီးတိုင်း၊ မိန္မချေတိုင်း ရီးကူးမတတ်ကတ်ပါ။ ရီကူးတတ်တေ မိန္မချေတိကောင်းယှားပါရေ။ မိန္မချေတိကို ရီးကူးတတ်အောင် သင်ပီးရေအလေ့အထလေ့ မဟိကတ်ပါ။
မိန္မချေတိရာ ရီကူးမတတ်စွာလားလို့ပြောကေ ယောကျ်ားချေတိလေ့ ၂၀% လောက် ရီးကူးမတတ်ကတ်ပါ။ ယင်းချင့်စွာ ဇာနန့်လားဆိုင်လဲဆိုကေ ယဉ်ကျေးမှုနန့် ကောင်းသက်ဆိုင်ပါရေ။ မိန္မချေတိရီကူးကဇာတ်ကေ ညီးအစ်ကိုယ်မောင်နှမတိ၊ မိဖတိ၊ ဆွေမျိုးတိက `ယောကျ်ားနန့် နှိုင်းလို့ထော၊ လင်းပြာတက်မ၊ ထမ်းပင်မှာ ငပြီတက်တက်လို့၊ ကောင်းပင်လေ့ လွရေကားနင်´ ဆဲကတ်တေ။ အဆဲခံရစွာက ဟုတ်သိမ့်ယင့်။ တချို့က အရှက်မရ ရစွာနန့်ကောက်သတ်ခံရရေ။ ယောကျ်ားချေတိကိုကာ ရီကူးတတ်အောင် မိဖ၊ ညီးအစ်ကိုယ်၊ ဆွေမျိုးတိက သင်ပီးကတ်လာ။ တယောက်လေ့ မသင်ပီးပါ။ အားလုံး သူရို့စွာနန်သူရို့ အချင်းချင်းသင်ယူလို့ တတ်လားကတ်စွာပါရာ။

တိုးတက်တေနိုင်ငံတိမှာ မူကြိုကျောင်းမှာခါကပင် ရီးကိုမကြောက်ရအောင် ရီကဇာဖို့ခိုင်းထားပျာ။ တပါတ်မှာတကြိမ်းနှုန်းနန့် ကဇာတ်ခိုင်ထားကတ်ပျာ။ ရီအလွန်ကြောက်တတ်တေ အချေတိကိုကျခါ ကျောင်းဆရာမ၊ ဆရာတိက မိဖတိကိုခေါ်ယူဆွေးနွေးရေ။ မိဖကိုယ်တိုင်လိုက်လို့ ရီကဇာတ်ပီးရရေ။ မူလတမ်းကျောင်းပြီးလို့ ယင်းအချေရီကူးမတတ်ခဆိုကေ ယင်းအချေရေ ရီကြောက်တတ်တေဆိုင်ကိုဟိရေလို့ သတ်မှတ်တေ။ ကျောင်းမှတ်တမ်းမှာ ထည်ရွီးပြီးကေ မှတ်တမ်းတင်ထားကတ်တေ။ Commune ထိ တင်ပြရရေ။ မိဖ၊ ဆရာအပါဝင် ကျွမ်းကျင်သူတိနန့် ရီမကြောက်တတ်အောင် ရီကူးသင်ပီးကတ်တေ။

ကျန်တော်ရို့နီရာမှာ အစိုးရကလုပ်မပီးနိုင်ကေလေ့ ကိုယ်ထူကိုယ်ထ လုပ်လို့ရနိုင်ရေ။ မိဖ၊ ညီးအစ်ကိုယ်မောင်နှမ၊ ဆွေမျိုးတိ သင်ပီးလို့ရနိုင်ရေ။ တခုဟိရေ အယူဟေင်းတိကို စွန့်ရဖို့။ ပေါင်ပေါ်ဒူးပေါ်စွာ ပြသနာမဟုတ်။ ဖင်ပေါ်လို့သီနီရေအလောင်းကို ရှက်ပါရေဆိုပြီးကေ မိဖညီအစ်ကိုယ်မောင်နှမတိက ချန်ထားခလို့ ရနိုင်ဖို့လား။

ရခိုင်ပြည်မှုာ အင်းအိုင်၊ ကမ်းဘိုင်တိပေါပါရေ။ ချောင်းမြစ်မှာ မကူးတတ်ခင် အင်းအိုင်၊ ကမ်းဘိုင်တိမှာ သင်ပီးလို့ရပါရေ။ အချိန်စကေက ပီးရဖို့နှင့်ရာ။ ကိုယ်သားသမီးအပေါ်မှာ မိဖ၊ ညီအစ်ကိုယ်မောင်နှမ၊ ဆွေမျိုးသားချင်း ပီသချင်ကေ ကြုံလာရေရီဘဲက အနည်းဆုံး ၅၀% လွတ်မြောက်နိုင်အောင် ရီးကူးသင်ပီးသင့်ရေ။ ကောင်းခက်ခဲရေအလုပ် မဟုတ်ပါ။ လူတိုင်းလုပ်ပီးနိုင်ရေ အလုပ်တခုပါရာ...။

ကျမ်းမာချမ်းသာကတ်ပါင်္စီ။ 

´´´´´´´´´´´´´
ခိုင်မြသိန်း (ချောင်းသာကြီး)
၂၀၁၅၊ ၀၃၊ ၁၇

ကြမ်းကေခွင့်မလွှတ်ကဲ့

ချင်းပျံတော်လှန်ရေးမှာ ဗိုလ်ကျော်ထွီးနန့်အပေါင်းပါ တောင်ပိုင်းဒေသက မြို့စားနယ်စားတိကို အမြစ်ပြုတ်အယှင်းခံရဖို့ဖြစ်လာခါ ဗိုလ်ကျော်ထီးရို့အုပ်စု ဗိုလ်ချင်းပျံလက်အောက်က ထွက်ပြီးဖို့ကျကတ်။ ကပ်ဖားကောင်တိ သွီးထိုးမှုကြောင်း မဖြစ်သင့်စွာတိ ဖြစ်ပေါ်ခရရေ။ နောက်ဆုံးဗိုလ်ချင်းပျံလေ့ ယိုးတရုတ်ဒေသက လက်ဟိဘင်္ဂလားဒေ တောနက်ထဲကို ဝင်ပြီးဖို့ကျရေ..။

ဗိုလ်ရာဇာစစ်ဦးစီးချုပ် ဦးဆောင်ရေ NUPA က ဦးသိန်ဖေရို့အုပ်ခွဲထွက်လားစွာလေ့ ဗိုင်ရာဇာပါးစကြောင်း ၆၀% လောက်ပါရေ။ ကျန်ရေ ၄၀% တပ်တွင်ပြသနာတိကြေင့် ခွဲထွက်လားစွာဖြစ်တေ။ ဗိုလ်ရာဇာက လူတော်တယောက်ပါရာ။ ငွေကြေးရှာနိုင်ရေ။ လက်နက်ရှာနိုင်ရေ။ ရလာရေငွေကြေးနန့်လက်နက်တိကို ရခိုင်ဒေသကိုရောက်အောင်ပို့နိုင်ခရေ။ လက်ဟိခေတ်မှာ သူအတော်ဆုံးရခိုင်တော်လှန်ရေးဂေါင်းဆောင်တယောက်လို့ ပြောရဖို့။

ယေကေလေ့ သူအကျင့်က ပါတီတွင်းမှာဟိရေ လူကြီးတိကိုအနိုင်လိုချင်ရေစိတ်က တခါလေ့ မလျော့ခ။ ဗိုလ်ရာဇာ ထိုင်းဖက်က တခေါက်စီပြန်ရောက်လာကေ စခန်းထဲမှာဟိရေ ပါတီတွင်းလူကြီးတိစွာ နီစရာနီရာမဟိဖြစ်လားရေ။ ကြောက်လို့မဟုတ်။ မတော်တဆ သူကိုသတ်မိဖို့စွာကို စိုးရိမ်လို့ သည်းခံကတ်စွာဖြစ်တေ။ သူ့အလိုကျ ကပ်ဖားလုပ်တေလူတိမှ တစိချေမျက်နှာသာပီးရေ။

စခန်းထဲက ထမင်းစားဝိုင်းတိမှာ ပါတီတွင်းကလူကြီးတိကို ဗိုလ်ရာဇာ မကြာမကြာ ဆဲနီကျစကားလုံး ```လီးစုပ်ကတ်၊ မင်းရို့အမိလင် ရှာထားဖဲသာတိယေ။ လီးစုပ်ကတ် ဝအောင်လီးစုပ်ကတ်´´´။ ကိုယ်သားအရွယ်လောက်ဟိရေ လူငယ်ချေတယောက် ယင်းပိုင်အဆဲခံရရေခါ လူကြီးတိစွာ နီရထိုင်ရ ကောင်းကျပ်လာကတ်တေ။ စိတ်လိုက်မာန်ပါ ထသတ်ဖို့ကလည့် သားတယောက်ပိုင်ချစ်ကတ်တေ။ အခြားတဖက်မှာ သူ့အနားကလူတိကိုလေ့ ကြောက်ရရေ။ ယင်းလူကြီးတိ ဇာနှခါ၊ ဇာနှရက်၊ ဇာလောက် အဆဲခံနိုင်ဖို့လဲ။ နောက်ဆုံးစောက်မြင်ကတ်ပုဒ်မနန့် အယွဲတိုက်ပလိုက်တေခါ စခန်းမှာကင်းစောင့်ဖို့ သနပ်မကျန်ခဖြစ်လားရေ။

ဒေါက်တာခိန်မောင်ကို ဆဲရေစကားလုံး ``အမိကိုလိုးပုဏ္ဏား ဝမ်းလဖားနန့်´´။ မယုံကေ ဒေါက်တာခိန်မောင်ကိုမီးကြည့်လို့ရရေ။ ရှက်လို့ပြောချင့်မှပြောပါလိမ့်မေ။ ယင်းနည်းတူ ဆရာဦးခိန်မောင်ရို့ဆိုက မျက်နှာမှာသွီးတစက်မဟိအောင် အဆဲခံဖူးရေ။ ယင်းပိုင် ပါးစကြမ်းရေပိုင် လက်လေ့အလွန်ကြမ်းရေ၊ ဇရိုက်လေ့ အလွန်ကြမ်းခရေ လူတယောက်ပါရာ။

NUPA ဦးသိန်ဖေရို့အုပ်စု ခွဲထွက်လားရေခါ လူတိုင်းကလက်ညှိုးထိုးကတ်တေ ``သစ္စာဖေါက်လောက်ကောင်တိ´´။ သူရို့ဇာလောက်ခံစားခရလေဆိုစွာကို ကျန်တော်အပါဝင် တယောက်လေ့မသိနိုင်။ဦးသိန်းဖေကို ကောင်းကြောင်းပြောနီစွာ မဟုတ်ပါ။ အဖြစ်မှန်ကို တင်ပြစွာပါ။ နောက်မှာ NUPA လေ့ပြုန်း၊ ဗိုလ်ရာဇာလေ့ဆုံး၊ ဦးသိန်းဖေရို့အုပ်စုလေ့ ဆီးဆုံးလားရေ။
လာပြန်ပျာ ANP ။ ANP က လူတိနှုတ်ထွက်ကတ်တေလတ်။ ဇာဖြစ်လို့နှုတ်ထွက်ကတ်လေချင့်။ အကြောင်းရင်းကို လေ့လာမိရေခါ RNDP က လူဟောင်းတိက ALD ကလူဟောင်းတိကို အသိမှတ်မပြု၊ နိုင်ထက်စီးနင်းလုပ်တေ၊ မလေးမခန့်လုပ်ကတ်တေ။ ယင်းထက်အပြင် ``ထပိန်ရည်သောက်တိ´´ လို့ ယိသတ်သတ်အပြောခံကတ်ရရေ။ မင်းရို့ ဇာလုပ်နိုင်ခလိုလဲဆိုရေ စကားမျိုးတိ အနိုင်ယူကတ်တေ။

ဟုတ်လီဖို့လား ကောင်းမယုံးချင်ဖြစ်မိရေ။ အွင်လိုင်းထက်က ပညာတတ်ပါရေဆိုရေလူကြီးတိ၊ အတွိကြုံအားဖြင့် ရင့်ကျက်ပါရေဆိုရေလူကြီးလူကောင်းတိက ``ဝါကြီးမ ထပိန်နားခိုနီရေ အကောင်တိ´´ လို့ ရွီးကတ်စွာကို တွိရရေ။ သာမာန်လူတိ ဇာလောက်ပြောလီကတ်ဖို့လဲ့ဆိုစွာကို တွေးကြည့်လို့ရရေ။ အပြောခံရရေလူတိ ဇာလောက်ခံစားကတ်ရဖို့လဲ ကိုယ်ချင်းဆာကြည့်။ နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်နီးပါး ထောင်ကျခံ၊ နှိပ်စက်ခံ၊ သားမယားကွဲခံ၊ အိမ်ထောင်ပျက်ခံ၊ စီးပွားပျက်ခံပြီးကေ အနစ်နာခံလုပ်ခကတ်တေလူတိကို တစိချေလေ့ ကိုယ်ချင်းဆာညှာတာမှု မဟိကတ်။ နိုင်ငံရေးသမားဆိုကေ အဖကိုတောင် အိမ်းတည်းမခံဝံ့ရေအကောင်တိ အေနိခါလက်သီလက်မောင်းတန်းလို့။
စစ်အစိုးရလက်ထက်မှာ မျက်လုံးချေပြူလို့ မကြည့်ဝံ့ရေအကောင်တိ။ ကြီးနိုင်ငယ်ညှင်း´´လီးစုပ်ဖင်ခံ`` လုပ်လာရေအကောင်တိ အေနိခါကုလားကိုဘန်းပြလို့ မျိုးချစ်ပြနီရေ။ မာဏ္ဍာန်းတိုင်တက်ပြနီကတ်တေ။ တည့်ပြောကေ ရိုင်းရေဆိုဖို့။ ကိုယ်ရို့လုပ်ရပ်ကိုလေ့ ပြန်ကြည့်သင့်ရေ။ နှုတ်ထွက်လားရေလူတိကိုကျဲ အပြစ်ဖို့ချနီကတ်တေ။ နှုတ်ထွက်လားအောင်၊ စိတ်ပျက်လားအောင် လုပ်တေလူတိကိုကျကေ သူကောင်းတင်းလို့။ နှုတ်ထွက်လားရေလူတိကို သစ္စာဖေါက်လတ် စွပ်စွဲနီကတ်တေ၊ လက်ညှိုးထိုးနီကတ်တေ။ ညီးညွတ်ရေးကို အကြောင်းပြပြီးကေ ကိုယ့်ကိုကိုယ်သစ္စာဖေါက်နီစွာကို ကြည့်မိကတ်လာ။
ဟုတ်ပျာ။ ဆက်ပြောကေ အေချင်ထက်ကြမ်းလာဖို့....။

......................... 
ခိုင်မြသိန်း (ချောင်းသာကြီး)
၂၀၁၅၊ ၀၃၊ ၀၃

အိုးမပူခင်ခွက်ဆူရေ

``အိုးမပူခင်ခွက်ပူရေ`` လူကြီးသူမတိပြောစကား သွီးထွက်အောင်မှန်စွာမလား။ ကျန်တော် အမဲစွပ်ပြုတ်၊ ကြက်စွပ်ပြုတ်စားတတ်တေ အလေ့ထဟိရေ။ ယင်းအတွက် စတီးအိုးကြီးတလုံး အမှိုက်ပုံးကကောက်ထားရေ။ အိုးကြီးက ဆန် ၅ kg လောက်ကို ပေါ့ပေါ့ချေချက်လို့ရနိုင်ရေ အရွယ်စားမျိုး။

တရက်မှာ ထိုင်းနိုင်ငံကလာရေ အသားမာ၊ အရိုးမာ ကြက်တကောင်ကို အိုးကြီးထဲမှာထည့်ပျာ ရီအပြည်ထည့်ပြုတ်ထားလိုက်တေ။ မီးကိုပြင်ပြင်ဖွင့်ထားရေ။ အဖုံး ဖုံးထားလိုက်တေ။ ပြီးကေ အိုးဆူအောင်စောင့်ယင်း ဖုန်းဖွင့်ပျာ chess ကဇာတ်နီလိုက်တေ။ Chess ပွဲ့က ယှုံးလိုက်နိုင်လိုက်နန့် ဒေါသလေ့ ထွက်ခါထွက်ပ။ ဆယ်ငါးမိနစ်လောက်အကြာမှာ စွိ...ဆိုပြီးကေ အနားခြောက်ဆူသံတခု ကြားလိုက်တေ။ ပျောကြည့်လိုက်မှာ အိုးအဖုံးထက်မှာ တင်နီရေရီတဇွန်းစာလောက်ရီရေ အငွေ့ပျံထွက်လို့ ဆူနီစွာကို တွိလိုက်ရရေ။ အိုးနံရံကိုတချက် လက်နန့်ကိုင်ကြည့်လိုက်မှာ နွီးတောင်ကမနွီးသိမ့်။ လူကြီးသူမတိပြောစကား ကောင်းပင်လေ့ မှန်ရေကား။ ``အိုးမပူခင်ခွက်ဆူနီပျာ´´ သတိထားမိလိုက်တေ။

ကိုယ်ကိုတိုင် မထင်းဟင်းချက်ဖူးလူတိုင်း သတိထားမိကေ လူတိုင်းသိကတ်ဖို့ရာ။ ယင်းပိုင်နန့် ဆက်ပြီးကေ တွေးနီလိုက်တေ ရခိုင်ပြည်က လက်ဟိဖြစ်ပျက်နီရေ အကြောင်းရာတိကိုပ။ ဗမာမြန်မာအစိုးရက White Card မဲ့ထည့်ခွင့်ဟိသည်လို့ ပြောလိုက်စွာရာ ဟိသိမ့်ရေ ရခိုင်ပြည်က ငန်းဖျားတက်ပြီးကေ ဂယောင်လျှောက်ယှားဖြစ်ပျာ ပြည်ပျက်နီကတ်ပျာ။ ဗမာမြန်မာပြည်တွင်းထဲမှာ လီပြေလီညှင်ချေတောင် မဟပ်သိမ့်။ ပင်မနန့်ပင်ဖျားမှာ ပင်ဖျားကိုင်ပြတ်ကျိုးကျလားကေလေ့ ပင်မကပုံမှန်အနီထား။ အားဟိကေ အာဘာဒ်မလာဆိုမလား..။

ဗမာမြန်မာအစိုးရက ရခိုင်သားတိအဌာကို ကောင်းကောင်းနပ်ထားပျာ။ ရခိုင်သားကိုတခုနန့်လေ့ ခြိမ်းခြောက်စရာ မလို။ သိမ်းသွင်းစရာလေ့ မလို။ ကုလားနှစ်ကောင်းကို ထောင်ပြလိုက်ကေ၊ နောက် ဖဲတချပ်ကို လှန်ပြစရာမလိုဘဲ ဒိုင်စားလို့ရရေ။ စိတ်ဓါတ်စစ်ဆင်ရေးအရ ဇာလောက်အယှုံးပေါ်နီလေဆိုစွာကို လူတိုင်းသိကတ်ပါလိမ့်မေ။

ကမ္ဘာမှာ လူမျိုးရေးမုန်းတီရေ လူမျိုး၊ လူမျိုးရေးခွဲခြားရေ လူမျိုး၊ လူမျိုးရေးအစွမ်းရောက်တေ လူမျိုးအဖြစ် ထင်ပေါ်ကျော်ကြားအောင် ဗမာမြန်မာတိက ဝှက်ဖဲချေတချပ်နန့် ဖန်တီးထားလိုက်တေ။ ကမ္ဘာကလေ့ ရခိုင်သားဆိုကေ တောက်ချီးခါအောင်မုန်းကတ်တေ။ ရခိုင်သားရို့ကြိတ်ပြီးကေခံစားနီရရေ ဝေဒနာကို ဇာနိုင်ငံကလေ့ ကိုယ်ချင်းမဆာ။ ဖြစ်နိုင်ကေ ဂျောက်ထဲတိုးချလိုက်ဖို့ နိုင်ငံတိက များနီရေ။
ရခိုင်ကုလားပြသနာရေ ရခိုင်သားတိလက်ထဲမှာ လုပ်ပိုင်ခွင့်၊ ဖန်တီးပိုင်ခွင့်အာဏာ မဟိလို့ ဖြစ်နီစွာကိစ္စာရာလို့ ရခိုင်သားတိုင်းက နားလည်ထားကေလေ့ စိတ်မအီးနိုင်ရေးခါ ကျောက်ခဲပစ်တိုင်း လိုက်ဟောင်နီရရေအဆင့်။

``ဘင်္ဂလီကုလားတိ လွတ်လပ်စွာလားလာခွင့် မရဟိခြင်းသည်၊ ရိုးမတောင်တဖက်ကျော် ခရီးလားလာခွင့်ပိတ်ပင်တားမြစ်ထားခြင်းသည် လူ့သားအခွင့်ရေးကို ချိုးဖောက်ခံရရေ`` လို့ ဇာရခိုင်သားတယောက်လေ့ ပါးစပ်ယားပြီးကေ ဖွင့်ပြောဝံ့ရေသတ္တိမဟိ။ UN လာကေ အေအချက် Advocate လုပ်ပြီးကေ ပြောဝံ့ရေရခိုင်သားတယောက်လေ့ မဟိသိမ့်။ ရခိုင်သားတိကို ထွက်လားခွင့်ပြုထားပြီးကေ ကုလားတိကို ပိတ်လှောင်ထားခြင်းသည် ရခိုင်လူမျိုးကို မျိုးတုံးအောင် မျိုးဖျောက်နီစွာ။

ဂေါင်းစည်းကို ပြန်ကောက်ရကေ ဗမာမြန်မာပြည်စွာ ပင်မဖြစ်ပြီးကေ ရခိုင်ပြည်က ပင်ဖျားဖြစ်နီရေအတွက် ဗမာမြန်မာတိမပူခင် ရခိုင်သားတိပြည်ဆူနီရရေ။ အေပြသနာကို ဖြေယှင်းဖို့ဆိုကေ ဗမာမြန်မာနန့်လေ့ ပူးပေါင်းလို့မရရေပိုင် ဘာင်္ဂလီတိကိုလေ့ ယုံလို့မရရေကြားမှာ လမ်းတခုခုကို ဖွင့်ပီးလိုက်သင့်ရေ။

...................... 
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၀၂၊ ၂၀၁၅
စစစစ

အာဏာသျှင်ထက်ကြောက်ဖို့ကောင်းရေ ဘာသာရေးဂေါင်းဆောင်

ဘာသာတရားတိကို လုပ်စားဘာသာရေးဂေါင်းဆောင်တိ ပြန်ပွဲဆွဲအသုံးချလားရေခါ ဘာသာတရားရေ အလွန်တရာကြောက်ဖို့ကောင်းရေ၊ အန္ဒရယ်ကြီးမားရေ လက်နက်ကြီးတိ ဖြစ်နီရရေ။ လူ့လောကတခုလုံးကိုလေ့ အမှောင်ထုချပလိုက်တေ။

ဘာသာရေးဂေါင်းဆောင်တိစွာ ကောင်းဗျူ ရိုကရတ်ဆန်ရေဝါဒကို လက်ကိုင်ထားကတ်တေ။ သူရို့ကို လူတိကဝေဖန်ကေ ငရဲရေဆိုရေစကားလုံးနန့် ကိုင်ပေါက်တေ။ အပယ်လားရေ။ ဋိတ်ထီးအယူဟိရေ။ ဘာသာသာသနာကို ဖျက်တေလို့ စွပ်စွဲကတ်တေ။ မကောင်းဆိုးဝါးလို့ လက်ညှိုးထိုးကတ်တေ။


ဘာသာရေးဂေါင်းဆောင်တိကို၊ ဘာသာရေးနောက်လိုက်တိကို၊ ဘာသာရေးအသိုင်းဝိုင်းတိကို တခုခုမှန်ရာကိုပြောမိ့ကေ ယင်းလူစွာရေ လူ့အဖွဲ့စည်းက ပိုက်ပယ်ခြင်းခံရကတ်တေ။ အချို့ဘာသာတိမှာဆိုကေ မတော်ကေ ဂေါင်ဖြတ်သတ်ခံရအောင်ထိ အကြောက်တရားနန့် ခြိမ်းခြောက်နှိပ်ကွပ်ကတ်တေ။ နိမ္ဗာန်ရောက်ကြောင်းတရားဟောယင်း ငရဲပြည်ကိုတိုးချနီကတ်တေ။ အမှောင်ထုထဲကို တိုးချကတ်တေ။

ဗျူ ရိုကရတ်ဘာသာရေးဂေါင်းဆောင်တိ လွှမ်းမိုးခံထားရရေ လူ့အသိုင်းဝိုင်းမှာလေ့ တယောက်ယောက်က ချွန်းပြီးကေ အမှန်တခုခုကိုပြောမိ့လားကေ ယင်းလူ့အသိုင်းဝိုင်း တခုလုံးက ထိုလူဇာကြောင်းပြောလေဆိုစွာကို ဉာဏ်လိုက်မမှီရေခါ ပြောရေလူကို ဝိုင်းပြီးကေ အပုဒ်ချကတ်တေ။ ဝိုင်းပယ်ကတ်တေ။ လူရာမဝင်အာင် ဝိုင်းကျင်ပလိုက်ကတ်တေ။

ဘာသာရေးဂေါင်းဆောင်တိစွာ အမြဲတမ်းအကြောက်တရားနန့် နောက်လိုက်နောက်ပါတိကို ထိမ်းချုပ်ထားကတ်တေ။ ကျွတ်ရာလွတ်ရာ နိမ္ဗာန်လမ်းကြောင်းကို တဖက်ကကိုင်ထားပြီးကေ၊ မကျွတ်မလွတ်နိုင်ရေ သံသရာလမ်းကြောင်းကို တဖက်ကကိုင်ထားပြီးကေ ထိုနောက်လိုက်နောက်ပါတိကို ထိမ်းချုပ်ထားရေ။ မီးတဖက်၊ ရီတဖက်ကိုင်ထားရေပိုင်ပ။ လိုအပ်ကေ ငရဲ၊ ပိတ္တာ၊ အဝီစိ့၊ သဆီ၊ သရဲဆိုရေ လက်နက်တိကို ထုတ်သုံးရေ။ သူရို့လက်နက်တိရေ ရုပ်ဝတ္ထုပိုင်ကိုင်တွယ်လို့ မရကေလေ့ ကိုင်တွယ်လို့ရရေ ရုပ်ဝတ္ထုလက်နက်ထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းပါရေ။ ရုပ်ဝတ္ထုက ရွီတွက်နိုင်ရေဂဏာန်းလောက်ကိုရာ အန္ဒရယ်ပြုနိုင်ရေ။ သူရို့လက်နက်က ရွီတွက်မကုန်မခန်းနိုင်အောင် အန္ဒရယ်ပြုပါရေ။ မျိုးဆက်ပေါင်းမြောက်များစွာကိုမက သူရို့အတွေးခေါ်ကိုလက်ခံထားသမျှကာလထိ အန္ဒရယ်ပြုနိုင်ရေ။

အာဏာသျှင်ကို မျိုးဆက်တဆက်နှစ်ဆက်အတွင်းမှာ အမြစ်ပြုတ်အောင် ကုသလို့ရရေ။ တွန်းလှန်ပလိုက်လို့ရရေ။ အာဏာသျှင်ထက်ကြောက်ဖို့ကောင်းရေ ဘာသာရေးဂေါင်းတိ၏ အတွေးခေါ်မှားနောက်ကိုလိုက်မိ့ကေ ရာစုနှစ်ပေါင်းထောင်ချီ၊ မဟုတ်ကေ ထောင်စုနှစ်ပေါင်းသောင်းသိန်းချီလို့ လူသားတိကိုအန္ဒရယ်ပြုနိုင်ရေ။

ယင်းအတွက်နန့်
ဘုန်းကြီးမြင်တိုင်း ရှိမခိုးလီကဲ့ ဂေါင်းကိုခြီထောက်နန့် ကျောက်တတ်တေ။
ရဟန်မြင်တိုင်း တရားရဖို့မထင်လီကဲ့ ပြစ်မှာတတ်တေ။ ပြစ်မှားနီကတ်တေ။
ဘာသာရေဂေါင်းဆောင်မြင်တိုင်း ငြိမ်းချမ်းနိုင်ဖို့လို့ မထင်လီကဲ့ စစ်ဖြစ်တတ်တေ။ စစ်ဖြစ်နီကတ်တေ။

......................... 
ခိုင်မြသိန်း (ချောင်းသာကြီး)
၃၀၊ ၀၁၊ ၂၀၁၅