Friday, March 7, 2014

ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၄)

၁၉၉၂ ခုနှစ် ဒေလီမြို့နွီရာသီအပူချိန်က ဇာပိုင်ပူလေ။ ကိုင်ပြောဖို့မတတ်လောက်အောင်ကို ပူပါရေ။ ကျန်တော်ရို့ ရခိုင်လေးယောက်က Vikas Puri ရပ်ကွက်မှာ ၈ ပေ၊ ၆ ပေ အိမ်ခန်းတခန်းကို တလမှာ ရူပီးငွေ ၄၀၀ နန့် ငှားနီကတ်ပါရေ။ ယင်းအခန်းထဲမှာ ချက်စား ယင်းအခန်းထဲမှာ အိပ်ကတ်ရပါရေ။ အိမ်သာ၊ ရီချိုးခန်းက ပေါင်းသုံး။ ယင်းလောက်ပူစွာမှာ ကျန်တော်ရို့ လီပင်ကာမ၀ယ်နိုင်ပါ။ အိမ်ခန်းသမာန်တလင်းကြမ်းပြင်ကို ရီဆွတ်ပြီးကေ နီရပါရေ။ အပူချံလို့ မြိတ်ပေါက်စွာ အင်းဗျိုင်ထရေပိုင် ဖြစ်နီပါရေ။


ကျန်တော်နန့် ကိုဘအောင်က အင်္ဂလိပ်စာကို (self study) ကိုယ့်စွာကို လေ့လာကတ်ရပါရေ။ ကျန်တော်ရို့မှာ သုမဏသဒ္ဒါ (Thumana Grammar) တယောက်တအုပ်စီ ပါလာကတ်ပါရေ။ သုမဏသဒ္ဒါစာအုပ်ကို A. C. B. D. E. F က စပြီးကေ စာတအုပ်ဆုံးအောင်ထိ အလွတ်ကျက်ကတ်ပါရေ။ ဘုန်းကြီးတိ ပါဠိစာကိုသင်ရေပိုင် အလွတ်ကျက်၊ အလွတ်ရအောင်ရွီးကတ်ရပါရေ။

တရက်နိ ညာဇာပိုင်းမှာ ဗမာမြန်မာနိုင်ငံမှာ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခရေ ဦးနုသမီး သန်းသန်းနု ကျန်တော်ရို့အိမ်ကို စည်းရုံးရေးလာဆင်းပါရေ။ သူနောက်မှာ ဘော်ဒီကပ်အဖြစ် (All Burma Students Union- ABSU အဖွဲ့ဝင်တိ) မိုးချုပ်၊ ဗိုလ်ဗိုလ်နန့် ကိုဗိုလ်ကြီး(မန္တလေးသား..နောက်ပိုင်း လက်နက်ချ အမှောင်ဝင်) ရို့ ပါလာကတ်ပါရေ။ ကျန်တော်ရို့အတွက် အ၀တ်ဟောင်းအင်္ကျီ၊ ဘောင်းဖီ၊ ပလစတိတ်သဘောက်နန့် ပုဆို့ (ဒယောမဟုတ်ပါ၊ ချုံအိပ်တေပုဆို့ပါ) တိပါလာပါရေ..။

ကျန်တော်ရို့နှစ်ယောက်ကလေ့ တုံးတုံးကျင်းကျင်း။ ဘောင်ဖီတိုချေ တယောက်တလုံးဝတ်လို့ပါ။ ပူရေခါ ကိုယ်မှာအင်္ကျီမတင်နိုင်ပါ။ အိမ်ခန်းထဲဝင်စွာနန့် ``ကိုရန်နိုင်မရှိဘူးလား`` မိုးချုပ်က လှမ်းမီးပါရေ။

``ကိုရန်နိုင်နဲ့ကိုနိုင်ဝင်းက Janta Quota ကို သွားကြတယ်။ ကျန်တော်တို့ဘဲရှိတယ်။ လာပါ။ ၀င်ထိုင်ကြပါ``

ထိုင်ပါလို့ပြောစွာရာ ထိုင်ဖို့နီရာ မဟိပါ။ ကြမ်းပြင်တခုလုံးကို ရီဆွတ်ထားလို့ပါ။ အားလုံးက ရပ်စောက်ကိုင်းလိုင်း။ သန်းသန်းနုက ကျန်တော်ရို့လက်ထဲမှာကိုင်ထားရေ သုမဏသဒ္ဒါစာအုပ်ကိုကြည့်ပြီးကေ ``နင်တိုးက ကျောင်းသားတွေ မဟုတ်ဘူးလား`` လတ်။

နီပူပြင်းလို့ ဦးဏှောက်ခြောက်နီစွာနန့် နားထဲမှာ အဆန်ရာကြားရေ `` မဟုတ်ဘူး။``

``ဒါဆို ကျောင်းသားအတုတွေပေါ့။ အန်တီက ကျောင်းသားတွေ ထင်နေတာ။ နွားကျောင်းသားတွေ ဖြစ်နေဒါကို`` ကိုယ်ရံတော်နှစ်ယောက်က ကျန်တော်ရို့ကို သရော်ပြီး ၀ိုင်းဟားလိုက်ကတ်ပါရေ။ ကိုဗိုလ်ကြီးက မရယ်ပါ။

ကိုဗိုလ်ကြီးက ``အန်တီကလဲ....`` အသံထွက်လာပြီး ပြန်တိတ်လားပါရေ။

အေတခါ ကျန်တော်သည်းမခံလိုက်ပါ ``၈၈ အရေးခင်းမှာ ကျောင်းသားတွေဘဲ ဆန္ဒပြတာမဟုတ်ဘူး။ ဘစ်ကားစပယ်ယာလည့်ပါတယ်၊ ဈေးသည်လည့်ပါတယ်။ နွားကျောင်းသားတွေလည့် ပါတာပေါ့`` မျက်နှာထားမဲမဲနန့် ပြန်ချယ်ပလိုက်ပါရေ။ ကျန်တော်မျက်နှာထားပြောင်းလားစွာကို ကြည့်ပြီးကေ ချက်ချင်းပြန်ထွက်လားကတ်ပါရေ။

ကိုဗိုလ်ကြီးက ``စိတ်မဆိုးနဲ့ ညီလေး။ အလကားပါကွာ..။ စိတ်ထဲမှာ ဘာမှမထားနဲ့``

ကျန်တော်လေ့ အမြင်ကတ်လို့ ပီးလားစွာတိကို အားလုံးကို အမှိုက်ပုံးထဲ လားဝဲပစ်ခီပါရေ။ ပလစတိတ်သဘောက်ကိုက ချန်ထားလိုက်ပါရေ။ ကိုရန်နိုင်ရို့ရောက်လာရေခါ အကျိုးကြောင်းပြန်ပြောပြလိုက်ပါရေ။ ကိုရန်နိုင်က ပစ္စည်းတိကိုဝဲပစ်လို့ စိတ်မကောင်းပါ။ ``မိတ်ပျက်တေ မလားဝေ`` လို့ ပြန်ပြောပါရေ။ ကိုနိုင်ဝင်းက ``သူများဝတ်ထားစွာတိကို ဇာလုပ်ဖို့လဲ။ ၀ဲသတ်ပစ်လိုက်စွာ ကောင်းရေ စိုးဝင်`` လို့ ပြောပါရေ။

ယင်းအချိန်က ဗမာမြန်မာနိုင်ငံ၏ ဦးနုသမီး သန်းသန်းနုကို ဒေလီလောကမှာ ဗမာမြန်မာနိုင်ငံသားတိ တယောက်လေ့ကျော်လို့ မရောက်ပါ။ နိုင်ငံတကာ ထောက်ပံ့ကူညီမှုတိက သူဘက်ကိုဝင်ပါရေ။ ဂျပန်၊ အမေရိကန်နန့် အနောက်နိုင်ငံတိ အလှူငွေတိနန့် ထင်တိုင်းကြဲနီရေ အချိန်ပါ။ ဂေါင်းပုံဖြတ်စားစွာမဟုတ် တခါတည်း အားလုံးကိုမျိုချပစ်လိုက်စွာမျိုး။ ကျောင်းသားတိကိုပြပြီးကေ အကူညီတောင်းစွာမှာ (မျောက်ပြလို့ ဆန်တောင်းစွာမှာ) သန်းသန်းနုနန့် ဦးမောသီရိရို့ (All India Radio-မြန်မာပိုင်းဌာနမှာ ဒါရိုက်တာ) ပထမဆုံးပါ။

ကျန်းမာချမ်းသာကတ်ပါစီ
ဆက်ပါမေ

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment