Friday, March 7, 2014

ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ.. (၁)

`ငါ....ပညာတတ်တိကို ဇာဖြစ်လို့အမြင်စောင်းရလေ...`လို့စီ အမြဲတမ်းစဉ်းစားပါရေ။ တခါခါမှာ အတန်းပညာတတ်တိကိုဆိုကေ ကောင်းကောင်းမုန်းရေစိတ်တိ ပေါ်လာတတ်တေ။ အတန်းပညာနန့်ပါတ်သတ်လာကေ ၁၀ တန်း၊ ကောလိပ်၊ တက္ကသိုလ်ပညာတိနန့် ကိုယ့်ကိုဖိပြီးကေပြောလာကေ ယင်းလူကိုထသတ်ချင်စိတ်စီ ပေါက်လာရေ။ ကျန်တော့်စိတ်ထဲမှာ အေချင့်ဆိုင်ကိုယ်တခုပိုင် ဖြစ်နီပါရေ။ ကြာပါပျာဒေ။


ကျန်တော် ၁၉၈၉ ဂျွန္န၀ါရီလမှာ အိန္ဒိယနိုင်ငံမယ်ဇူရမ်းပြည်နယ်ကို စရောက်ခပါရေ။ မောင်ဘုဆောင်ရွာကနီ စောင်တည်ဖက်ကို တက်လာရေခါ စောင်တည်မြို့ဟိ တောင်ကျောင်းမှာ ရခိုင်ဘုန်းကြီးတပါး ကျောင်းထိုင်လို့ဟိပါရေ။ ကိုယ်တော်ဘွဲနာမည်က အသျှင်ကြီးကေသာရလို့ ခေါ်ပါရေ။ ကျန်တော်နန့်အတူပါလာရေ ပန္ဇင်းပျိုတပါးက တောင်ကျောင်းမှာတည်းဖို့ပြောလို့ ကျန်တော်ရို့ တောင်ကျောင်းဘုန်းကြီးကျောင်းဖက်ကို တက်လားပါရေ။

ဘုန်းကြီးကျောင်းက ၀ါးကျောင်ရာဟိပါသိမ့်ရေ။ ယင်းကျောင်းမှာ တော်လှန်ရေးက ထွက်ကျလာရေလူတယောက်နှစ်ယောက် ဆွမ်းတကာလုပ်လို့ဟိပါရေ။ ကျန်တော်ရို့ တည်းခိုရန်လျှောက်ထားရေခါ ကျန်တော်ကို ကိုယ်တော်အသျှင်ကြီးကေသာရက ကောင်းအကဲ့ခတ်ပါရေ။ ကျန်တော်ပုံစံက ကျောင်းသားတယောက်ပုံစံပေါက်နီပါရေ။ ကျန်တော်ဝတ်ထားရေ ကချင်ဒယောအစိမ်းနန့် အင်္ကျီအဖြူလက်ပိုင်ဝတ်လို့ပါ။ ရယ်ရယ်ပြုံ့ပြုံ့နန့်၊ မျှော်လင်းချက်ပါရေအကြည့်နန့် ကိုယ်တော်က စမီးပါရေ။ ``ဇာနှစ်တန်းရောက်ခလေ ဝေ..။ တက္ကသိုလ်ကျောင်းသားလား။ ရန်ကုန်မှာတက်လာစွာလာ..။``

``ကျောင်းမတက်ဖူးခပါ ကိုယ်တော်။ လေးတန်းလောက်ရာ သင်ဖူးခပါရေ။``

ကိုယ်တော်မျက်နှာတိ မဲလားပါရေ။ ဒေါသလေ့ထွက်လားပုံပေါ်ပါရေ။ ``ယကေ ဇာလုပ်ဖို့ လာမင်း။``

ကျန်တော်လေ့ အဖြစ်ပျက်အပြည့်စုံကို မပြောဘဲ တိုတိုနန့်လိုရင်ကို ပြောလိုက်ပါရေ ``နိုင်ငံရေးလုပ်ဖို့ လာစွာပါ။``

``နိုင်ငံရေးဖို့ လရုပ်ပင်ကဝေ...။ နိုင်ငံရေးကို နွားကျောင်းသားလုပ်လို့ ရဖို့လားဝေး.....`` ပြောပြီးကေ အထဲကို ၀င်လားပါရေ။ ကျန်တော်နန့်အတူလာရေပန္ဇင်းက ဂေါင်ခါပြီးကေ တချက်စိုက်ကြည့်လိုက်တေ..။ ကျန်တော် ထိုင်နီစွာက အပြင်ကိုထွက်လားခပါရေ..။

ကိုယ်တော်အသျှင်ကြီးကေသာရမှာ ဆယ်တန်းအောင်ပြီး ရဟန်ဘောင်ထဲဝင်ပျာ ဗုဒ္ဓဘာသာစာပီသင်ကြားခရေလို့ နောက်ပိုင်းမှာ သိရပါရေ။ ယင်းအတွက်နန့် မယ်ဇူရမ်မှာ သင်္ဃအများက အားထားကတ်ပါရေ။

ဆက်လက်ဖေါ်ပြပါမည်။
ကျန်းမာချမ်းသာကတ်ပါစီ

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment