Friday, March 7, 2014

ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၂)

ကိုတော်အသျှင်ကြီးကေသာရကျောင်းမှာ ယင်းနိတညာဥ့်ပင် တည်းခွင့်မရခပါ။ ကိုတော်အသျှင်ကြီးကေသာရက ဘုန်းကြီးကျောင်းမှာ လူစိမ်းမတည်းရလို့ ကျောင်းတကာပြောထားရေလို့ ပြောပါရေ။ ကျန်တော်နန့်အတူလာရေ ပန္ဇင်းကတည်းခွင့်ရပါရေ။ နှစ်ယောက်အတူတူလာစွာ တယောက်တည်းခွင့်မရကေ အောက်ကျောင်းကို ပြောင်းကတ်ဖို့နှင့်ရာဝေ ပြောပြီးကေဆရာတော်ရက္ခ၀ံသကျောင်းထိုင်ရေ စောင်တည်မြို့ထဲကျောင်းကို ပြောင်းလားခရပါရေ။ စောင်တည်မြို့ထဲကျောင်းမှာလေ့ လူလက်မခံပါ။ သင်္ဃရာတည်းခွင့်ရရေ။ တပါတ်လောက် တည်းခွင့်ရအောင် လျှောက်ဖို့ကျပါရေ။ ကိုယင်ချေအက္ကဓမ္မ အခန်းထဲမှာ နီခွင့်ရပါရေ..။


တပါတ်လောက်ဆိုကေလေ့ နှစ်ပါတ်သုံးပါတ်လောက်နီဖို့ကျပါရေ။ ငလုံးချေ (နောင်ကို ခိုင်သာအောင်နာမည်နန့် ALP မှာ ဗိုလ်ဖြစ်လာသူ။ ချင်းလက်ဝ ကြံခြင်းတိုက်ပွဲမှာ ကျဆုံး) က ညာဇာဖက်သားထမင်းကို သက်အိမ်တိက ကြက်ခိုးလို့စီ သိမ်နောက်ကနုပျိုတောမှာ ချက်စားကတ်ရပါရေ။

မကြာခင် ရခိုင်တော်လှန်းရေးသမားတယောက်ရောက်လာပါရေ။ ဗိုလ်စောထွန်းလို့ ခေါ်ကတ်ပါရေ။ ဗိုလ်စောထွန်းက AIO ကို စတင်တည်ထောင်ရာမှာ ပါဝင်ခသူတယောက်ပါ။ သူက စည်းရုံးရေး ကောင်းကောင်း ကောင်းရေလို့ အများကပြောကတ်ပါရေ။ ဒေသခံလူတိနန့်ဆက်ဆံကေ အောင်ခြီကနီ ဆက်ဆံတတ်ပါရေ။ အိမ်ထောင်သျှင်မအလုပ်တိကိုလေ့ အားလုံးကိုဝင်လုပ်တတ်ပါရေ။ ထင်းပေါက်၊ ရီခပ်၊ ထမင်းချက် ယင်းပိုင်အစခပ်သိမ်း လုပ်တတ်ပါရေ။ ယင်းအတွက်နန့် သူလားရေနီရာမှာ မိတ်ဆွေပွားတတ်ပါရေ။

ဗိုစောထွန်း (နောင်ကို ဗိုလ်ရာဇာနန့်အတူ အန္ဒိယအန္ဒမာန်းကျွန်းလုပ်ကြံမှုမှာ တိုင်းပြည်နန့်လူမျိုးအတွက် အသက်ပီးလားသူပါ) ဆရာတော်ရက္ခ၀ံသကို လာတွိပါရေ။ သူရို့ပြောဆိုဆွေးနွေးပြီးရေ နောက်ပိုင်မှာ ကျန်တော်ဖက်ကိုလက်ညှိုးထိုးပြီးကေ ``ယေ ယင်းမှာတယောက် အရေးခြင်းနန့် လာစွာယေ။ ပြောနီကတ် တနား။ ပြည်တွင်းက အကြောင်းတိကို မီးကြည့်လို့ရရေ ဝေ..။ ငါ ရီချိုးလိုက်မေ။`` ဆိုပြီးကေ သင်္ဃတန်းက ထလားခပါရေ။

ဗိုလ်စောထွန်းက ကျန်တော်ကို စမီးပါရေ..
``ဇာနှစ်တမ်းတက်ခလေ မင်း``
``လေးတန်းတက်ခပါရေ``
ဗိုလ်စောထွန်း နှခေါင်းရှုပ်လားပါရေ။
``ဇာလုပ်ဖို့ လာမင်း``
ကျန်တော်လေ့ အပြောမတတ်လို့လား မသိ။ တော်လှန်ရေးလုပ်ဖို့ လာရေဆိုကေ တမျိုး နားကြားကောင်းဖို့။
``နိုင်ငံရေးလုပ်ဖို့ လာပါရေ``
``နိုင်ငံရေးလုပ်ဖို့ အင်္ဂလိပ်စာ ဇာနှစ်လုံးတတ်လေ မင်း`` အသံမာမာနန့် ထပ်မီးပါရေ..။
``တလုံးလေ့ မတတ်ပါ``
``နိုင်ငံရေးလုပ်ဖို့လာရေ အင်္ဂလိပ်စာလေ့ တလုံးမတတ်။ လီးရာ စားလီဖိဝေ`` ပြောပြီးကေ ထွက်လားခပါရေ။

ကျန်တော်လေ့ ဗိုလ်စောထွန်းကြောခိုင်ထလားခစွာကို ကြည့်ကျန်ခပါရေ။ အေတခါ ကျန်တော်စိတ်မှာ အငြိုးစိတ်တိ စ၀င်လာပါရေ။

ဗိုလ်စောထွန်းက ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်မေဂျာနန့် ကျောင်းတက်ခရေလို့ သူများဘက်ကတဆင့် သိရပါရေ။

ကျန်းမာချမ်းသာကတ်ပါစီ
ဆက်ပါမေ

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment