Thursday, April 24, 2014

ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၅)

ကျန်တော် ၁၉၉၄ ခုနှစ် ဇန္န၀ါရီလဆန်းမှာ ကိုယ်တော်ယသနန့်အတူ နယ်စပ်ကိုဆင်လိုက်ပါရေ။ ဆင်းရခြင်းအကြောင်းရင်းက နယ်စပ်ဒေသတလျှောက်မှာ ALA တပ်ဖွဲတိနန့် ဗမာမြန်မာစစ်သားတိနန့် တိုက်ပွဲ့ကြောင့် ဒေသခံရွာတချို့ကို ဗမာမြန်မာစစ်တပ်က မီးတိုက်ဖျက်စီလိုက်ကတ်ပါရေ။ ယင်းသတင်းနန့် ဒုက္ခသည်တိကို ဓါတ်ပုံရယူဖို့ လားခြင်းဖြစ်ပါရေ။ ALP ပါတီက ရဲဘော်တိနန့် အတွင်းရေးမှုခိုင်မြ၀ါကိုယ်တိုင် ကူညီဆောင်ရွက်ပီးလိုက်ပါရေ။
ဖရာဝါဒုက္ခသည်ရွာ၊ မောင်ပုဆောင်၊ ကုလားတံဖြစ်မျှားမှ အထက်ကာကီ၊ အောက်ကာကီ၊ ဘင်္ဂလာ-ရခိုင်-အိန္ဒီယာနယ်စပ်တိမှာရောက်နီကတ်တေ ရခိုင်ဒုက္ခသည်အရည်တွက်၊ အိန္တာဗျူးတိကို အပြည့်စုံရခပါရေ။



ယင်းသတင်းတိနန့်အတူ ရခိုင်သားချေ နှစ်ယောက်နန့် ရခိုင်ကွန်မြူနစ်လုထွက် ဆီးမှုတယောက်ပါလာပါရေ။ ယင်းအပြင် ALP ပါတီက ရခိုင်တော်လှန်ရေးပါတီများ ညီညွတ်ရေးကိုတောင်းဆိုရာမှာ တပ်မှုကောင်းကိုမျိုးဆွေနန့် ကိုမိုးသောက်နှစ်ယောက် ပါတီအပြင်ဖက်ကိုထွက်လားပြီး ကျန်တော်ရို့နန့်အတူ ဒေလီမြို့သို့လိုက်ပါလာကတ်ပါရေ။

ယင်းလူတိလိုက်ပါလာမှုကြောင်း ရခိုင်ကျောင်းသားတချို့က ကျန်တော်ကို အမြင်းစောင်းကတ်ပါရေ။ လူအင်အားတည်ဆောက်နီရေ။ အုပ်စုဖွဲ့ဖို့ကြိုးစားနီရေဆိုပြီးကေ ပြစ်တင်ပြောဆိုကတ်ပါရေ။ အမှန်ပြောရကေ ကျန်တော်လေ့ ရခိုင်အင်အားကို ဒေလီမြို့မှာတည်ဆောက်ပြီးကေ ရခိုင်ကျောင်းသားအဖွဲ့စည်းတခု ထူထောင်ဖို့ ရည်ရွယ်ချက်ဟိပြီးသားပါ။ ရခိုင်ကွန်မြူနစ်လူထွက် အခင်လှဖေါ်သူကို ခေါ်လာရခြင်းအကြောင်းက ဒေလီမှာနီကတ်တေ ရခိုင်သားတိ မကျန်းမမာဖြစ်ကေ ဗမာမြန်မာတိခြီကိုစီ လားကိုင်ရပါရေ။ ကောင်းအောက်ကျနောက်ကျ အပြောခံရပါရေ။ ယင်းပိုင်ပြောဆိုမှုတိကို မခံချင်လို့ ခေါ်လာရခြင်းဖြစ်ပါရေ။ အခင်လှဖေါ်သူမှာ ဆရာဝန်လက်မှတ်ကိုင်ဆောင်ထားသူ တယောက်မဟုတ်ကေလေ့ ဆရာဝန်တယောက်ပိုင် ခွဲစိတ်မှုမှာ အထူးကျွမ်းကျင်သူ တဦးဖြစ်ပါရေ။ ဒေလီရောက်ရခိုင်သားတိအတွက် အားထားစရာပါ။

``UN ယုံးကို မင်းအမိမှာလင် ဖွင့်ထားရေလို့ထင်လာ``ဆိုပြီးကေ နယ်စပ်ကို ပြန်ချလိုက်ကတ်ပါရေ။ သူရို့အကြောင်းပြချက် ``အေလူတိကို ယူအန်မရခင် အသူထမင်းကျွေးဖို့လဲ``။ ကျန်တော်က ``အောင်ကျော်ချေ (လက်ဟိ America) နန့် အခင်လှဖေါ်သူကို ကျန်တော်တာဝန်ယူရေ။ ကိုမျိုးဆွေနန့် ကိုမိုးသောက်ကို ကိုကျော်ကျော်က တာဝန်ယူဖို့ပြောလို့ ခေါ်လာစွာ။ ထွန်းထွန်း (လက်ဟိအိန္ဒာစာရ ထိုင်း၊ မလေး၊ စင်္ကာပူ၊ ကိုးရိယမှာ လှည့်လည်လျက်ဟိ။) ကိုက ကိုယ်တော်ယသ တာဝန်ယူဖို့ အာမခံထားရေ။

ယင်းအချိန်က ကျန်တော်က All Burma Students’ League (ABSL) ကျောင်းသားဥက္ကဌ ကိုညီညီလွင်ရို့နန့် အတူနီပါရေ။ ကျန်တော်လေ့ နယ်စပ်ကပါလာရေ ငှက်ဖျားကြောင့် အိပ်ရာထဲမှာ တပါတ်လောက် ထမရောက်အောင်ကို လဲလားပါရေ။ ခြောင်းဆိုးရေ၊ ငှက်ဖျားတက်တေ၊ ၀မ်းလားရေ။ ၀မ်းလားစွာ ချီညှီနံ့နံလို့ တယောက်လေ့ အနားကိုမကတ်ကတ်ပါ။ ဆီးရုံတက်ဖို့ ဖဲသားမဟိပါ။ ခြောင်းဆိုးစွာကို ဖန်ဆီတိုင်းသောက်၊ ငှက်ဖျားကို ကြွီနိုင်နန့်ကုသ၊ ၀မ်းလားစွာကို အဖန်ခြောက်မှုန်ကို ညောင်ကျအောင်ချပြီးကေ ကုသယူရပါရေ။
ကျန်တော်နှစ်ပါတ်လောက်အကြာမှ ပြန်ထလာရေခါ အခင်လှဖေါ်သူ မဟိလိုက်ပါပျာ။ နယ်စပ်ကို ပြန်ဆင်းလားခပါပျာ။ ဇာပင်ဖြစ်ဖြစ် ကျန်တော်ရယူခရေ သတင်း၊ အိန္တာဗျူးတိကို ကိုကျော်ကျော်က ဘာသာပြန်ပြီးကေ အလူ့အခွင့်ရေးအဖွဲ့စည်းတိကို ဖြန့်ဖြစ်ကတ်တေ။

၁၉၉၄ ခုနှစ် နွီရာသီလောက်မှာ အမေရိကအခြီစိုက် Human Rights Watch မှာ ဘော်လန်ဒီယာလုပ်နီရေ (ဗမာမြန်မာပြည်ဒီမိုကရေစီလှုပါယှားမှုကို သူမ PhD ဘွဲအတွက် လေ့လာပြုစုနီသူ) Christina ဆိုရေအမျိုးသမီးတယောက်က ရခိုင်ဒုက္ခသည်အကြောင်းကို လာရောက်စုံစမ်းပါရေ။ သူမက ကိုယ်တိုင်လားစုဆောင်ခရေလူနန့် တွိချင်ရေလို့ ပြောရေခါ ရခိုင့်ပညာသျှင်တိက သူကအင်္ဂလိပ်စာမတတ်လို့ ပြန်ဖြေလိုက်ကတ်တေ။ ယင်းသတင်းတိနန့်အတူ သူမထိုင်ဖက်ကို ပြန်လားခပါရေ။

မကြာပါ သတင်းကို confirm ဖြစ်အောင် ကိုယ်တိုင်လားစုဆောင်ရေလူနန့် မရမကတွိဖို့ အိန္ဒိယကို ပြန်လာပါရေ။
ယင်းခါ ဆရာဦးခိန်မောင် (လက်ဟိ Australia) နန့် ကိုကျော်ကျော် (လက်ဟိ America) ရို့က ကျန်တော်ကို Christina နန့် တွိခွင့်ပီးပါရေ။ သူမရေ ကျန်တော်ဘာသာပြန်က တဆင့်ပြောရေ စကားတိကို မှတ်သားထားပြီးကေ၊ ကျန်တော်လက်တွိမြင်ခရရေ အကြောင်းရာတိနန့် ကျန်တော် နက်နက်ချိုင့်ချိုင့်ခံစားပြီးကေ ပြောပြနီရေ အမူယာတိကို မှတ်တမ်းတင်လားပြီးကေ ရခိုင်ဒုက္ခသည်အကြောင်းနန့် ပါတ်သက်လို့ Report တစောင်ရွီးလီပါရေ။ ယင်း Report ကြောင့် အမေရိကနန့် ဥရောပကနိုင်ငံတိက ရခိုင်ဒုက္ခသည် ဟိနီကြောင်းကို သိလားကတ်ပါရေ။ သို့သော် တနှစ်လောက်နောက်ကျပြီးမှ သိကတ်စွာပါ။

ကျန်တော်က မခံချင်စိတ်နန့် ဆရာဦးခိန်မောင်နန့် ကိုကျော်ကျော်ကို မီးပါရေ
``ဇာဖြစ်လို့ ကျန်တော်ကို အယင်ကပင် မတွိခိုင်းရစွာပါလဲ```။

ဆရာဦးခိန်မောင်က ``မင်း မတောက်တခေါက် အင်္ဂလိပ်စကားနန့်ပြောကေ အလွဲလွဲအလျှော်လျှော် ဖြစ်လားလတ်မေ ကြောက်လို့`` ဒေါသတကြီး ပြန်ပြောပါရေ။

``ဆရာကို အသူကပြောလေ ကျန်တော်အင်္ဂလိပ်စားနန့် ပြောဖို့လို့။ အေကုကာ ကျန်တော်အင်္ဂလိပ်စကားနန့် ပြောရလာ။ ဆရာရို့ ဘာသာပြန်ပီးကတ်စွာ မဟုတ်လား။ ဆရာရို့ ကျန်တော်အပေါ်မှာ မရို့သားပါ။`` ယင်းစကားကြောင့် ဆရာဦးခိန်မောင်၊ ကိုယ်တော်စန္ဒာဝရ (လက်ဟိ လူထွက်..Canada။ လူနာမည် စိန်အောင်သန်း)၊ ဦးသာနိုးနန့် ကိုကျော်ကျော်ရို့ မျက်နှာပျက်လားကတ်ပါရေ။ ကျန်တော်ကို ကျောင်းသားမဟုတ်လို့ နီရာမပီးချင်ကေလေ့ ထားပါ။ လုပ်တေအလုပ်က အကျိုးအမြတ်ကိုရယူချင်ကေ အလုပ်ကိုလေ့ အသိမှတ်ပြုကတ်ရဖို့ မဟုတ်လား။ Christina နန့် ကျန်တော်တွိလိုက်ရလို့ ရာထူးရာကန်တက်လားဖို့စွာလေ့ မဟုတ်။ အလိုလို စိတ်မှာမနာလိုဖြစ်ပြီးကေ ချန်ထားစွာမျိုးပါ။

၁၉၉၅ ခုနှစ်မှာ ရခိုင်ဒုက္ခသည်အကြောင်းကို NCGUB က နော်ဝဲအစိုးရအကူညီးနန့်ထုတ်တေ ``မြန်မာ့သန္ဓိဌာန်`` စာအုပ်မှာ ပါလာပါရေ။ ဒုက္ခသည်ခြီထောက်မှာရပ်ပြီးကေ ရခိုင့်နိုင်ငံရေး နိုင်ငံတကာနိုင်ငံရေးရီစီးကြောင်းစင်ထက်ကို တဆင့်လှမ်းတက်ဖို့ ခြီလှမ်းပါ။ ``ငါရို့ အောင်မြင်ဖို့ပျာ``ဆိုပြီးကေ ကိုကျော်ကျော်နန့် ကျန်တော် ရင်ထဲမှာ တိတ်တိတ်ချေ ကျိပ်ပြီးကေ ကောင်းပျော်နီခကတ်ပါရေ။

အနောက်နိုင်ငံတိ၊ အမေရိက၊ အိန္ဒိယအစိုးရ၊ NGOs နန့် UNHCR ရို့ စိတ်ဝင်စားမှုကိုရလာပါရေ။ ဗမာမြန်မာဒီမိုကရေစီလှုပ်သူတိလေ့ ကောင်းကောင်းစိတ်ဝင်စားလာကတ်ပါရေ။ ဇာလောက်ထိလဲဆိုကေ UNHCR ယုံးမှာ ကျန်တော်အပါဝင် ရခိုင်တိပြောစကားဆိုကေ ပြောသမျှကိုလက်ခံယုံကြည်လာကတ်ပါရေ။

ယကေလေ့ အေသတင်းက ထိန်ထားလို့ရစွာကမဟုတ်။ NUPA က ဒေါက်တာခိန်မောင်၊ ကိုရန်နိုင်၊ NUPA က ခွဲထွက် DPA မောင်လူကြီးနန့် မောင်ချေ၊ ALP က ဆရာတော်ပညာဝသရို့လေ့ ရခိုင်ဒုက္ခည်အကြောင်းကို ဖေါ်ထုတ်လာကတ်ပါရေ။ ရခိုင်ဒုက္ခသည်တိကို သူရို့ရာထမင်းကျွေးထားရေအတွက်နန့် သူရို့ရာလုပ်ထိုက်တေလို့ တရားဝင်မဟုတ်တေ အကြောင်းပြချက်တိနန့် ဆင်ခြီဆင်လက်တိ ပီးကတ်ပါရေ။ RWU က စောမြရာဇာလင်း၊ ALD က ဦးသာနိုး၊ ဒေါက်တာရွှေလူမောင်ရို့လေ့ လိုက်အော်လာကတ်ပါရေ။

UNHCR, Human Rights Groups၊ NGOs တိနန့် အနောက်နိုင်ငံတိရေ ဇာသူပြောစကားကို ယုံလို့ယုံရမှန်းမသိဖြစ်လားပြီးကေ မျက်စိလည်လားကတ်ပါရေ။ ယင်းမှာ ရခိုင်ဒုက္ခသည်တိကို သူဖက်ကိုယ့်ဖက်ပါအောင် ဆွဲကတ်၊ ငင်ကတ် ခံကတ်ရပါရေ။ ရခိုင်ဒုက္ခသည်တိလေ့ ထမင်းငတ်ကတ်ရပါရေ။ ရခိုင့်နိုင်ငံရေးလေ့ ဇဇုံးနစ်လားပါရေ..။

ကျန်းမာချမ်းသာကတ်ပါစီ
ဆက်ပါမေ

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment