Friday, March 7, 2014

ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၃)

အေတခါ မတတ်လို့ နွားဖြစ်စွာ။ အပြစ်တင်လို့မရကေလေ့ စိတ်ထဲမှာက လုံးဝမခံချင်။ ၁၉၉၂ ခုနှစ် ဇွန္န၀ါရီလ ၂၄ ရက်နိ နယူဒေလီကို ကိုရန်နိုင်၊ ကိုနိုင်ဝင်း၊ ကိုဘအောင်နန့် ကျန်တော်ရို့ ရောက်လာကတ်ပါရေ။ အိမ်ခန်းငှားလို့မရသိမ့်ခင် NLD ပါတီက အမတ်တဦးဖြစ်သူ ဒေါက်တာတိန့်ဆွေ (Dr Tint Swe တင့်ဆွ၊ ပုလဲမြို့နယ် မဲဆန္ဒ ၁။ နောင်မှာ NCGUB ၀န်ကြီးချုပ်ယုံးဝန်ကြီးတာဝန်ခံ) အိမ်မှာ တည်းကတ်ရပါရေ။


UN Card မြန်မြန်ဆန်ဆန် ရအောင်လို့ UN လျှောက်ဖို့ လျှောက်လွှာရွီးကတ်ရပါရေ။ ဗမာမြန်မာပိုင်ရွီးပြီးကေလေ့ အင်္ဂလိပ်ပိုင်ဘာသာပြန်ဖို့ မတတ်ရေခါ တိန့်ဆွေကို အကူညီးတောင်းဖို့ကျပါရေ။ ကိုရန်နိုင်က သူလျှောက်လွှာကို သူနန့်ရင်နှီးရေ ကိုဗိုလ်ကြီးကို ရွီးခိုင်ပုံပေါ်ရေ။ ဗမာမြန်မာပိုင်ရွီးထားရေစာကို တိန့်ဆွေက အင်္ဂလိပ်ပိုင်ဘာသာပြန်ပီးပါရေ။ ဘာသာပြန်နီရေအချိန်မှာပင် တိန့်ဆွေက ကျန်တော်နန့်ကိုဘအောင်ကို ``မောင်ရင်တို့ ဘယ်နှစ်တန်းအောင်ခဲလေ`` လို့ မယုံသင်ခါ ပုံစံမျိုးမီးလာပါရေ။ မီးလာရေပုံစံက သခင်နန့်ကျွန်ပုံစံမျိုးလေ့ ပါနီရေ။ ကိုဘာအောင်က ကျန်တော်မျက်နှာတချက်ကြည့်ပြီးကေ ပြန်ဖြေလိုက်ဆိုရေသဘောနန့် မိတ်ချေကိုပင့်ပြနီပါရေ။

``ကျန်တော်တိုးနှစ်ယောက်စလုံး ကျောင်းမတက်ဖူးပါဘူး``

``ဟာ...ဒါဆို....နွားကျောင်းသားပေါ့..။ ကျောင်းသားအတုတွေပေါ့`` အံ့သြရေလီသံနန့် ပြောချလိုက်ပါရေ။

အမှန်လေ့ ကျောင်းသားအတုပါရာ။ ကျန်တော်ရို့ယူအန်လျှောက်လွှာမှာ ဆယ်တန်းတက်ခရေလို့ ရွီးထားပါကေလေ့ အမှန်တိုင်းပြန်ဖြေလိုက်ပါရေ။

ကျန်တော်ကောင်းစိတ်ဓါတ်ကျလားရေပိုင် ခံစားလိုက်ရပါရေ။ ဒေါသလေ့ ကောင်းထွက်လားပါရေ။ ခုန်အောက်မှာ လက်သီးဆုပ်မိပါရေ။ ကျန်တော်ရို့နှစ်ယောက်လေ့ တခွန်းလေ့ပြန်မပြောဘဲ တိန့်ဆွေကို ထိုင်ကြည့်နီကတ်ပါရေ.။

``ကိုရန်နိုင်ပြောတော မောင်ရင်တို့ ရခိုင်ကျောင်းသားတွေဆို့....``

``မဟုတ်ဘူး``

``ဒါဆို ဘာလုပ်ဖို့ ဒေလီကိုတက်လာကြတာလဲ``

``နိုင်ငံရေးလုပ်ဖို့ လာတာပါ``

``ဟဲ..ဟဲ..ဟဲ...`` ကွမ်းဂျီးရောင်တက်နီရေ သွားကိုဖြဲလို့ လှောင်ပြောင်ရယ်လိုက်ပါရေ။

နောင်တချိန်မှာ နွားကျောင်းသားစိုးဝင်း Dr Tin Swe ရို့နန့် နိုင်ငံရေးဆွေးနွေးဖူးခပါယင့်၊ အလုပ်အတူ လုပ်ဖူးခပါယင့်၊ ဆန္ဒအတူပြဖူးခပါယင့်၊ အစည်းဝေးအတူ ထိုင်ဖူးခပါယင့်။ နိုင်ငံရေးအတူ ငြင်းခုန်ဖူးခပါယင့်။ အတိုက်ခံလေ့ လုပ်ဖူးခပါယင့်။

ဒေါက်တာတိန့်ဆွေရေ UNPA ဥက္ကဌဒေါက်တာခိန်မောင်နန့် ကျောင်းနီဖက်သူငယ်ချင်းတိလို့ ကြားဖူးပါရေ..။

ဆက်ပါမေ
ကျန်းမာချမ်းသာကတ်ပါစီ

ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment