သမုဒ္ဒရာ၊
တောတောင်ရီမြီ၊ လီ၊ သြကာသလောက ဖြစ်ပေါ်ခပြီး သက်ဟိသတ္တ၀ါ၊
လူတရိစ္ဆာန်အစဟိသည်ဖြင့်ပေါ်ထွန်းခသည့် သတ္တလောကကြီးကိုသင်္ခါရလောက၏
ပြုပျင်ပြောင်းလဲ စီမံဖန်တီးမှုမှာ နှစ်ပရိစ္ဆေဒ အသင်္ချအသင်္ချာ
ကြာမြင့်ခပါသည်၊၊ အသိညာဏ်ဟိသော လူသတ္တာဝါရို့ လောကသုံးပါးကို စိုးမိုးခကာ
လူသားရို့၏ယိုင်ကျေးမှုကို တည်ဆောက်ခပါသည်၊၊ ခေါမ၊ ရောမခေတ်များမှ
အနောက်တိုင်းယိုင်ကျေးမူ၊ အရှိတိုင်း ယိုင်ကျေးမှုများ
ဖြစ်ထွန်းရန်ကျောက်ခေတ်၊ သံခေတ်စသဖြင့် ခေတ်ပေါင်းများစွာကို
ဖြတ်သန်းလာခရပါသည်။ ထိုသို့ ဖြတ်သန်းလာခရာ၌ လွန်ခရေ
နှစ်ထောင်စုကာလအတွင်းများမှာ လူ့ယိုင်ကျေးမှုသည်သိသာထင်ရှားစွာ
တိုးတက်ခပါသည်၊၊
ဗုဒ္ဓပွင့်တော်မူခြင်း၊
ခရစ်တော်မွီးဖွားခြင်းစသော ဘာသာအယူဝါဒများသာမက လူမူရေး၊ နိုင်ငံရေး၊
ဘာသာရေး၊ စာပီယိုင်ကျေးမှုများလည်း လွန်ခရေထောင်စုနှစ်များကာလအတွင်း
အောက်ခြီတည်ခပေသည်၊၊ ယင်းအောက်ခြီစတည်ခသည်နှင့်အတူ ရခိုင်နိုင်ငံသည်လည်း
ကျောက်ခေတ်မှသည်
လူသားရို့စိုက်ပျိုးခြင်း၊ ချက်ပြုတ်စားသောက်ခြင်း၊
ကိုးကွယ်ယုံကြည်ခြင်းအထိ ယိုင်ကျေးနီကြသည့် အထောက်အထားများကို တွိရပါသည်၊၊
ဒွါရ၀တီသံတွဲပင်ဖြစ်ပါသည်။
လွန်ခရေ နှစ်ထောင်စုများစွာကပင် ရခိုင့်နိုင်ငံသားရို့
မြို့ပြကျွန်းရွာများဖွဲ့စည်းကာ ဘုရင်များအုပ်ချုပ်သောနိုင်ငံ
တည်ထောင်ခပါသည်၊၊
ရခိုင့်နိုင်ငံအဖို့ကား
ဗုဒ္ဓဘုရား သက်တော်ထင်ရှားဟိစိုင်က ဓည၀တီခေတ်၊ စန္ဒသူရိယမင်းလက်ထက်
ဘုရားသျှင်အားပင့်ဖိတ်၍ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် ရခိုင်ပြည်သို့ကြွရောက်ကာ
မဟာမုနိရုပ်ထုတော်အားသွန်းလုပ်ရန်ခွင့်ပြုတော်မူခလီပါသည်၊၊
သင်္ခါရမတည်မြဲခြင်းတရား၊
ဗုဒ္ဓ၏အဘိဓမ္မာကိုနာယူကာ ကနိထိတိုင် ခိုင်လုံသောဗုဒ္ဓဘာသာ
ယိုင်ကျေးမူကိုရဟိခပါသည်၊ ဗုဒ္ဓဘာသာနှင့်အတူ စာပီယိုင်ကျေးမှုမှသည်
ပိသုကာအတတ်၊ ပညာရပ်များအထိ တိုးတက်ဖွံွ့ဖြိုးလာခပါသည်၊၊
စန္ဒသူရိယခေတ်မှစတင်ကာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊
မြောက်ဦးခေတ်အထိစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စာပီယိုင်ကျေးမှုမှာ
အထွတ်ထိပ်သို့ရောက်ဟိခပါသည်၊၊ သို့သော်မြောက်ဦးခေတ်နှောင်းပိုင်းမှာကား တိုင်းတပါး၏ယုတ်မာမှုကြောင့် ပျက်စီးခြင်းမလှပျက်စီးခရပါသည်၊၊
ရခိုင်နိုင်ငံတော်သည်ဤကဲ့သို့ သမိုင်းအမွီအနှစ်များနှင့်အတူ တခေတ်ပြီးတခေတ် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ စာပီယိုင်ကျေးမှု ဖံြွ့ဖိုးတိုးတက်ခသည်ကို ရခိုင်ပြည်သူ ပြည်သားများအားလုံး အသိပင်ဖြစ်ပါသည်၊၊ ကမ္ဘာ့ပြည်သူများလည်းသိကြပါ၏၊၊
ကနိကမ္ဘာ့အလယ်တွင်လူမျိုးတမျိုးသည်
လွတ်လပ်သောလူမျိုးတမျိုးအဖြစ် ဆက်လက်တည်တံ့ခိုင်မြဲလိုလျှင်
မိမိရို့၏ဘာသာတရား၊ နောက်ခံသမိုင်း၊ စာပီယိုင်ကျေးမူများကို
မိမိရို့ဆင့်ပွားသိနားလည် ချစ်မြတ်နိုးရန်လိုအပ်ပါသည်၊၊
သိနားလည်နိုင်အောင်လည်း ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါ၏။ ထို့ကြောင့်
မိမိရို့၏စာပီ၊ ဘာသာတရား၊ ယိုင်ကျေးမှုသမိုင်းများကို
သိနားလည်ချစ်မြတ်နိုးရန်မှာ ရခိုင်သားအားလုံး၏ အလွန်အရေးကြီးသော
တာဝန်ကြီးတရပ်ဖြစ်ပါသည်။
ရခိုင်လူမျိုးရို့မှာလည်း
ရခိုင်နိုင်ငံတော်နှင့်ရခိုင်လူမျိုးကို ကမ္ဘာ့အလယ်တွင် တင့်တယ်ထည်ဝါစွာ
မြင်လိုကြားလိုပါလျှင် မိမိရို့၏စာပီ၊ ဘာသာတရား၊ ယိုင်ကျေးမှုသမိုင်းကို
ရခိုင်သူရခိုင်သားရို့ ထုတ်ဖော်ရွီးသားကြရန်၊ သိနားလည်ရန်
ကြိုးစားအားထုတ်ကြရန် လိုအပ်ပေသည်၊၊ ထိုသို့ဖြစ်ပေါ်လာစီရန်လည်း
ရခိုင့်စာပီပညာသျှင်များနှင့် ရခိုင့်တော်လှန်ရေး ဂေါင်းဆောင်ကြီးများ (၀ါ)
ရခိုင့်မျိုးချစ်ပြည်ချစ်များမှာ ပို၍တာဝန်ဟိပါသည်။
ရခိုင်စာပီယိုင်ကျေးမှုကိုမှ
ရခိုင်မျိုးချစ်ပြည်ချစ်ဂေါင်းဆောင်ကြီးများက တန်ဘိုးမထား၊
မချစ်မမြတ်နိုးလျှင် ဇာပိုင် မျိုးချစ်ပြည်ချစ်ဂေါင်းဆောင်ဟု
အကျွန်ုပ်ရို့ခေါ်ဆိုနိုင်ပါမည်နည်း။ (အမျိုးသားစည်းလုံးညီညွတ်မှု) ဆိုပျာာ
စကားလုံအလှပလှချေသုံးပြီး
မိုးဦးကျဖားချေတိပိုင်
လိုင်ကြောတင်းအောင် ငြင်းနီကတ်တေရခိုင်အမျိုးသား
တော်လှန်ရေးဂေါင်းဆောင်တချို့ကိုလည်း တွိဖူးပါသည်။ သူရို့သည် (ရီမချိုးဘဲ
သနပ်ခါးနှိမ်းထားသော တလင်ကွာမဆမနှင့် ထပ်တူဖြစ်၏)။
ယင်းပိုင်အရည်အချင်းညံ့ဖျင်းသော နိုင်ငံရေးဦးဆောင်မှုနှင့် ဇာပိုင်
အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်၍ ရနိုင်ပါမည်နည်း။
ရခိုင်စာပီမထွန်းကားသမျှကာလပတ်လုံး ရခိုင်အမျိုးသားစည်းလုံးညီညွတ်မှုကို
ဇာခါလည်း တည်ဆောက်၍ ရနိုင်လိမ့်မည်မဟုတ်ပါ၊၊
အေနီရာမှာ
စာရွီးသူတစိ့ချေတင်ပြချင်ပါသည်။ စာရွီးသူသည်အိန္ဒိယနိုင်ငံ
မီဇူရမ်ပြည်နယ်သို့ (၁၉၉၄) ခုနှစ်တွင် ရခိုင်ဒုက္ခသည်များအရေးကိစ္စကြောင့်
လားရောက်ခီပါသည်၊၊ ဗာကိစ္ဆရီဘုန်းကြီးကျောင်း၌ တညဥ့်တည်းခိုနီရာတွင်
စောင်တည်တောင်ကျောင်း ဆရာတော်အသျှင်ကြီးကေသရအပါအ၀င်
တခြားမိတ်ဆွေပန်းဇင်းပျိုများနှင့် စကားလက်ဆုံကျဖူးခပါသည်။ စကားဝိုင်း၌
ရခိုင်ပြည်ရေ အင်္ဂလိပ်လက်အောက်က၄င်း၊ ဗမာလက်အောက်က၄င်း၊ ပဇာကြောင့်
လွတ်လပ်ရေးမရပါသနည်း။ ရခိုင်သူ
ရခိုင်သားသည်၎င်း၊ ရခိုင့်တော်လှန်ရေးသည်၎င်း၊ ဇာကြောင့်စည်းလုံးညီညွတ်မှု ပြိုကွဲနီရသနည်း။ စကားရပ်နှစ်ခုထွက်လာပါသည်။
သူ့အမြင်ကိုယ့်အမြင်
ပြောဆိုဆွေးနွေးယင်းနှင့် အဖြေမရဖြစ်နီပါသည်၊၊ စာရွီးသူသည် ရခိုင်ပြည်၏
ဘာသာတရားဆိတ်သုန်နီမှု၊ ရခိုင်စာပီမထွန်းကားမှုကြောင့်
ရခိုင်သားကရခိုင်သားကို အသိအမှတ်မပြုမှု။ အပြန်အလှန်မလေးစားမှုများကြောင့်၊
ရခိုင်သားများ၊ စာရိတ္တပျက်ပြား၍ စည်းလုံးညီညွတ်မှုမရခြင်းဖြစ်ပါသည်ဟု
ဆွေးနွေးပြပါသည်၊၊
စည်းလုံးညီညွတ်မှုမဟိခြင်းကြောင့်
အင်္ဂလိပ်လက်အောက်ကသော်၎င်း၊ ဗမာလက်အောက်ကသော်၎င်း၊ လွတ်လပ်ရေးမရခြင်း
ဖြစ်ပါသည်။ ရခိုင်သားက ရခိုင်သားကိုအသိအမှတ်မပြုမှု အဓိကဗီဇလက္ခဏာသည်
ရခိုင်စာပီမှာ မူတည်ပါသည်။ ရခိုင်စာပီနှင့် ဘာသာတရားထွန်းကားလျှင်
ရခိုင်သားများညီညွတ်ကာ လွတ်လပ်ရေးအရသာကို ခံစားစံစားရစွာ
ကောင်းကောင်းကြာလားခဗျာ ဖြစ်ပါ၏။ ဤသည်ကို ဘာကိစ္ဆရီဆရာတော်ကြီးကလွဲလို့
အရာတဦးတယောက်၏လက်ခံမှုကိုမှ မရခပါ။
ဘာသာရေးဆိတ်သုန်မှု
ဘာသာရေးဆိတ်သုန်မှုနှင့်ပတ်သက်၍
စာရွီးသူကိုယ်တွိ တချို့ကိုတင်ပြပါမည်။ စာရွီးသူရို့ရွာ ဘုန်းကြီးကျောင်း၌
အမြင့်တမိုက်ခန့်ရွှေဘုရား (၁၅) ပါး၊ ငွေဘုရား (၂၅) ပါးကို
ငယ်စိုင်ခါကပင်သင်္ကြန်ကျတိုင်း ရွှီအုပ်ထဲကယူပြီး ဘုရားရီချိုးရာတွင်
မြင်ဖူးလေ့ဟိပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဘုန်းတော်ကြီးကျောင်းတွင်
ဘုန်းကြီးမြဲလေ့မဟိပါ။
တရက်နိမှာဘုန်းကြီးတပါး
ကျောင်းလာထိုင်ပါသည်၊၊ များမကြာခင် ရွှေဘုရားတပါးနှင့်ငွေဘုရားသုံးပါး
စပျောက်လားပါသည်၊၊ ရွာသားများ သင်္ကြန်ဘုရားရီချိုးသောခါ သိရပါသည်၊၊
ထိုကဲ့သို့ ဘုရားပျောက်မှုကိုသိတိုင်း ရွာထဲက မသင်ခါသူများကိုရဲခေါ်ပြီး
သတ်ပုတ်စစ်ဆီးလေ့ဟိပါသည်၊၊ လက်ပူးလက်တွဲကား မမိပါ၊၊
နှစ်များမကြာခင်
ဘုန်းကြီးကျောင်းဟိ ဘုရားပလ္လင်ခုန်တန်းမှာတင်ထားသော ရွှီအုပ်ထဲက ရွှီဘုရား
(၁၅) ပါး၊ ငွေဘုရား (၂၅) ပါးရို့ ဒေသစာရီကြွလားဟန်ပေါ်ပါသည်၊၊ ဘုရားတပါးလည်း
ကိမ်းဝပ်ခြင်းမဟိလိုက်ပါယာ၊၊
ယင်းနှစ်မိုးရာသီညဥ့်တညဥ့်မှာ
ဘုန်ကြီးကျောင်းနား စေတီ(၅) လုံးအနက် ပျက်စီးနီသောစေတီတလုံးကို
မီးလက်လက်နှင့် ဖောက်ထွင်းနီသည်ကို ရွာသားများမြင်ရပါသည်။
ရွာသားများဝိုင်းဝန်းလိုက်ရာ လူကိုကား မမိလိုက်ပါ။ သို့သော်စေတီဌာပနာကား
တခုလည်းမကျန်ပါ။ အစအနတစိချေကိုရာ တွိရပါသည်။ ၄င်းကျန်ဟိသောဌာပနာများကို
ဘုန်းကြီးကျောင်းသို့တင်ထားရန် ရွာသားများ ဆုံးဖြတ်ကြပါသည်။
ကျောင်းထိုင်ဘုန်းတော်ကြီးကိုကား ကျောင်း၌မတွိရပါ။
ကျောင်းသားမောင်သျှင်များကိုမိန်းစမ်းကြည့်ရာ
“ဆရာတော်ညဇာက လူစိမ်းနှစ်ယောက်သုံးယောက်နန့် တိုက်ခန်းထဲမှာ
စကားတိုးတိုးပြောပနာ မဆမဂေါင်းချ ကြက်တွန်ချိန်ကပင် ပျောက်လားခပါရေ”
ဟုပြောကြပါ၏။ ယင်းနိညဥ့်ခါကပင် ရွာကဘုန်းကြီး
ကျောင်းသို့တခါလည်းမကြွခလီပါပျာ။ ရွှီဘုရား၊ ငွေဘုရား၊ စေတီဌာပနာများနှင့်အတူ နိဗ္ဗာန်ဖုံသို့ ကြွလှမ်းလားပုံပေါ်ပါ၏။
နောက်တနှစ်ဆောင်းရာသီမှာ
ချောင်းသာအလယ်ကျွန်း ရွာဟောင်းဘုန်းကြီးကျောင်းကို ဓါးမြတိုက်ပါသည်။
ရွှီဘုရား၊ ငွေဘုရား တပါးမကျန်ပါလားခပါသည်။ ရွှီရောင်ကွပ်ထားသော
ပီစောင်တအုပ်လည်း ပါလားခပါသည်။ ဓါးမြတိုက်မှုနှင့်အများမကြာ
သားလွန်းတောင်ထိပ် ကံဆိပ်ရွာအနီး တောကျောင်းဘုန်းကြီးကျောင်းရှာနားက
စေတီကိုဖောက်ထွင်းသံကြားရပါသည်။ တဆက်တည်း တောင်ပုတ်ကေရွာနားက
သားလွန်းတောင်ဖျားမှာတည်ထားသော ဘုရားနောက်ပြန်ဘုရားကို ဖောက်ထွင်းပါသည်။
မိုးရာသီနားရောက်ခါနီးမှာ ပုဏ္ဏားကြီးဘုန်းကြီးကျောင်းက
ရွှီပရပိုက်ပီစောင်ကို ဓါးမြတိုက်ပါသည်။ နောက်တနှစ်မှာ ရခိုင်ပြည်တွင်
နာမည်ကြီးဘုရားတဆူဖြစ်သော
မျောက်ကြိမ်ဘုရားကို ဓါးမြတိုက်ပါသည်။
စာရွီးသူသည်
အိန္ဒိယနိုင်ငံသို့မထွက်ရောက်မှီ နွီရာသီများ၌ ခရီးလားလေ့ဟိပါသည်။ ၁၉၈၇ -
ခုနှစ် မြောက်ဦးမြို့နယ် ဆရစ်ချောင်းဘုန်းကြီးကျောင်းမှ မြဘုရား၊
စိန်ဘုရား၊ မဟာကျန်ဘုရားသုံးပါုး ဓါးမြအတိုက်ခံရပါသည်။ မြဘုရားမှာ
မီးခံတိုက်တာကိုထမ်းမပါ၍ ကျန်ခပါသည်။ ကျန်နှစ်ပါးကား ကံဆိုးမိုးမှောင်ကျ
ခိုးသားငါးရာနောက်တကောက်ကောက်
လိုက်ပါလားရပါ၏။
လက်နက်ကိုင်ဓါးမြများမှာ အယောက် (၂၀) ကျော်ပြီး၊ သူရို့၌
စက်ထိုင်ဘုတ်ပါပါသည်။ စာရွီးသူသည် ဆရစ်ချောင်းဇရပ်ဆိပ်၌
ညဥ့်အိပ်လျှက်ဟိပါသည်။ ခုနှစ်ရက်တပတ်အဖမ်းခံရပါသည်။
စစ်ဆီးသတ်ပုတ်ခြင်းခံရပါသည်။ ရွာထဲမှ
အသိမိတ်ဆွေမိသားစုတစုထောက်ခံ၍ လွတ်မြောက်လာပါသည်။
လွတ်မြောက်လာပြီးနောက်မြောက်ဦးမြို့တွင်
ငပိရောင်းနီစိုင် မြောက်ဦးမြို့နယ် ခမီးရွာတရွာဖြစ်သော အကြီးတော်မရွာ
ရွာသူကြီးနှင့် ဘုန်းကြီးကျောင်း ဓါးမြအတိုက်ခံရပါသည်။
ရွှီဘုရားများပါလားပါသည်။၊ ရွာသူကြီးထံမှရွှီငွေရတနာများ၊ ဒင်္ဂါးများ
သိန်းနှစ်ဆယ်ခန့် ပါလားခပါသည်။ ဤသည်ကို ကျားထောက်နောက်ခံပြုသူများမှာ
အုပ်ချုပ်သူအာဏာပိုင် ဖက်ခွက်စားများဖြစ်နိုင်ပါသည်။
ရခိုင်ပြည်အတွင်း
တူးဖော်ရဟိသော တန်ဖိုးမဖြတ်နိုင်သော သမိုင်းဝင်ရတနာများ၊
ခိုးယူတူးဖော်မှုများ၊ ဓါးမြတိုက်မှုများမှ ရဟိသည့်သမိုင်းဝင်ပစ္စည်းများကို
ရခိုင်ပြည်အာဏာပိုင်များမှတဆင့် မြန်မာပြည်အာဏာပိုင်မှောင်ခိုဈီးကွက်သို့
တင်ပို့ရောင်းချကြပါသည်။
၎င်းမှောင်ခိုဈီးကွက်မှ တန်ဖိုးမဖြတ်နိုင်သော ရတနာတချို့ကို ဖက်ခွက်ထောက်လှမ်းရေးများက နိုင်ငံခြားသို့တင်ပို့ရောင်းချကြပါ၏။ ၁၉၈၇ -
ခုနှစ် မြောက်ဦးမြို့နယ် ဆရစ်ချောင်းဘုန်းကြီးကျောင်း ဓါးမြတိုက်မှုမှ စိန်ဘုရားတပါးနှင့်မဟာကျန်ဘုရားတပါးကို စစ်တွေရန်ကုန်သင်္ဘောတွင်
ဖက်ခွက်ထောက်လှမ်းရေးများဖမ်းမိကြောင်း
သတင်းထွက်ပေါ်လာပါသည်။ သို့သော်မူရင်းနီရာ
ဆရစ်ချောင်းရွာဘုန်းကြီးကျောင်းသို့ကား ပြန်အပ်သံမကြားရပါ။
ဖက်ခွက်ထောက်လှမ်းရေးများလက်သို့ အပ်လိုက်ရကြောင်း ကြားသိရပါသည်။
ဖက်ခွက်များသည်
၁၉၉၆ ခုနှစ် ရခိုင်ပြည်မြောက်ဦးနန်းရာကုန်းကို သုံးလတိုင်တိုင်
တူးဖော်ပါသည်။ စိန်၊ ရွှီ၊ နီလာ၊ ပတ္တမြား အဖိုးတန်ရတနာများအားလုံးကို
သိမ်းယူလားပါသည်။ နန်းရာကုန်း၏အောင်မြီများကိုလည်း
ရွှီကျင်ပိုင်ယှောင်ကျင်ပါသည်။ မြောက်ဦးနီ
ရခိုင်ပြည်သူများကိုလက်နက်နှင့်ခြောက်ပြီး အစားထိုးမရတန်ဖိုးမဖြတ်နိုင်သော
ရှိဟောင်းပစ္စည်းများကို သိမ်းယူပါသည်။ ဥဿလင်းတိုင်း (ပလက်ဝမြို့နယ်)
ဥဿလင်းစေတီကို ၁၉၉၆ - ခု နှစ်ဆန်းပိုင်းတွင် သရော်အိုင်ဖက်ခွက်စခန်းက
ဖောက်ထွင်းပါသည်။ ရွှီဘုရား၊ ငွေဘုရား၊ စိန်ဘုရား၊ မြဘုရား တပါးမကျန်
သိမ်းယူလားခပါသည်။
ယင်းနှစ်နိုဝင်ဘာလ
ကူတောင်ကျွန်းရွာ ရခိုင်ဘုရင်မင်းဘာကြီး တည်ထားကိုးကွယ်ခသော
ဘုရားပြိုဘုရားကို တူးဖော်ပါသည်။ ညာဏ်တော် (၂) လက္မစိန်သားအစစ်ဖြင့်
ထုလုပ်ထားသော ဘုရားတဆူ၊ မြအစစ်ဖြင့်ထုလုပ်ထားသော ဘုရားတဆူနှင့်
စစ်တွေရသေ့တောင်ကားလမ်းနား ဂူလေးဝဘုရားတူးဖော်မှုမှရဟိသော စိန်လေးလုံး၊
ရွှီပန်းခိုင်၊ ငွေပန်းခိုင်များ၊ အတွင်းဌာပနာများအားလုံးကို ဖက်ခွက်များ
ရန်ကုန်သို့
သိမ်းယူလားပါသည်။
ယင်းကဲ့သို့ ရခိုင်ပြည်တွင်ဘုန်ကြီးကျောင်းဓါးမြတိုက်မှု၊
ဘုရားစေတီဖောက်ထွင်းးမှု၊ ရှိဟောင်းပစ္စည်းတူးဖော်ခိုးယူမှုရို့သည်
ရခိုင်ပြည်အနှံ့ဖြစ်ပွားနီပါသည်။ ကနိထိပင်ပေါ်ပျူလာဖြစ် ရီပန်းစားနီပါသည်။
ဘာသာတရားဆိတ်သုန်မှုမှာ ရခိုင်ပြည်ထဲ တခုတည်းကားမဟုတ်ပါ။ ရခိုင့်တော်လှန်ရေးလောကထဲမှာလည်း ထိုနည်းလည်ကောင်းဖြစ်ပါ၏။
စာရွီးသူသည်
(၈၈၈၈) အရေးအခင်း ဖြစ်ပြီးနောက် အိန္ဒိယနိုင်ငံသို့ထွက်ပြီး
လွတ်မြောက်လာပါသည်။၊ အိန္ဒိယနိုင်ငံ မဉ္ဇူရမ်ပြည်နယ်သက်ဒိစတြိတ်တွင်
နှစ်နှစ်နီးပါးနီခရပါသည်။ ရခိုင်ပြည်လွတ်လပ်ရေးအတွက် အဂယင့်အမှန်
မျိုးချစ်ပြည်ချစ်စိတ်နှင့် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး
တော်လှန်တိုက်ပွဲဝင်နီသော တော်လှန်ရေးသမားများကိုတွိဖူးရေပိုင်
ရခိုင်ရှိဟောင်းဘုရားများကိုရောင်း၍
ရခိုင့်တော်လှန်ရေးကိုတည်ဆောက်မည့်
ရခိုင်မျိုးချစ်ပြည်ချစ် ဂေါင်းဆောင်တချို့ကိုလည်း တွိဖူးပါ၏။
ထိုပုဂ္ဂိုလ်များမှာ ဘုန်းကြီးကျောင်း၌ မှီခိုကပ်ခိုနီကြရသူများဖြစ်ပါသည်။
စာရွီးသူအံ့သြမိပါသည်။ ရခိုင်ပြည်ကိုရှိဆောင်လမ်းပြလုပ်မည့်
ရခိုင်မျိုးချစ်တော်လှန်ရေးသမားများ ရှိဟောင်းရခိုင်ဘုရားများကိုရောင်း၍
ရခိုင်တော်လှန်ရေးကို တည်ဆောက်မည်ဆိုသည်မှာ အလွန်ထူးဆန်းပါ၏။
အံ့သြဖို့လည်းကောင်းပါ၏။
ဤအယူအဆကား ရခိုင်ပြည်သူပြည်သားများအား ငရဲပြိတ္တာဘ၀မှ
အကျွတ်တရားရအောင်ကယ်တင်မည့်အစား အ၀ီစိ့ငရဲကြီးသို့ ကျောက်ဟှက်ကြိုးဖြတ်
ပစ်ချလိုက်သည်နှင့်တူပါသည်။
မြန်မာမှုပြုခံ ရခိုင်စာပီ
(စာပီပျောက်က
လူမျိုးပျောက်သည်။ စာပီမြင့်မှလူမျိုးမြင့်သည်) ဆိုသည့်စကားနှင့်အညီ
ရခိုင်စာပီနှင့်ပတ်သက်၍ မိန်းခွန်းထွက်လာပါသည်။
ရခိုင်လူမျိုးများ၏အတိတ်သမိုင်းကို
မည်သည့်အက္ခရာစာပီဖြင့်မှတ်တမ်းတင်ထားခပါသနည်း၊ ရတု၊ လကာင်္ ၊ အရွဲ့၊
ကဗျာစသည့်များကို မည်သည့်အက္ခရာစာပီဖြင့်ရွီးသားခပါသနည်း။
အဖြေမှာယှင်းယှင်းချေဖြစ်ပါ၏။ ရခိုင်စာပီအက္ခရာနှင့် မှတ်တမ်းတင်ထားခသည်
မဟုတ်ပါလား။ ငြင်းမည့်သူလည်း ဟိမည်မထင်ပါ။ ယင်းပိုင်ဆိုကေ ခေတ်ကြီး (၄)
ခေတ်နှင့်အတူ ဆင်းသက်လာသော ရခိုင့်စာပီပဇာကြောင့်ပျောက်ကွယ်နီရပါသနည်း။
ပဇာကြောင့် မြန်မာမှုပြုခံနီရပါသနည်း။ ရခိုင့်နိုင်ငံတော်မာရယုမင်းအစ
မဟာသမတမင်းအဆုံး မင်းပေါင်း (၂၅၀) ကျော်နန်းစံနှစ်ပေါင်း (၅၀၀၀) ကျော်
ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊
မြောက်ဦး ခေတ်ကြီး (၄) ခေတ်ဖြင့် နီထိုင်လာရာ စာပီယိုင်ကျေးမှု၊ အနုပညာသည်မြောက်ဦးခေတ်တွင် အထွတ်အထိပ်သို့ရောက်ခပါသည်။
သို့သော်လည်း မဟာသမတရာဇာမင်းမတိုင်မှီကပင် ရခိုင်ရို့သည်ဖောင်ပျက်ဝါးပိုင်ပြိုကွဲကာ မြန်မာလက်အောက်ရောက်ခရပါ၏။
ကနိဆိုလျှင်
ရခိုင်နိုင်ငံတော်သည်သူတပါးလက်အောက်၌ နှစ်ပေါင်း (၂၂၄) နှစ်
ပြည့်လားခပြီးဖြစ်ပါ၏။ ရခိုင်စာပီပျောက်ကွယ်နီရသည်မှာလည်း ကနိအထိဖြစ်သည်။
ရခိုင်နိုင်ငံတော်သည်သူတပါးလက်အောက်ကျရောက်မှုနှင့်အတူ
ရခိုင်စာပီ၊ ယိုင်ကျေးမှု၊ သမိုင်းအမွီအနှစ်အားလုံး မြန်မာမှုပြုခံရပါသည်။
သို့ဖြစ်ပါသော်လည်း မည်သူတဦးတယောက်ကမှ ရခိုင့်စာပီမူရင်းကို
ထုတ်ဖော်ရွီးသားခြင်း မဟိပေ။ အထူးသဖြင့်လွတ်လပ်နယ်မြီရောက်
ရခိုင့်စာပီပညာသျှင်များ ပိုဆိုးပါသည်။ မြန်စာပီ၊
မြန်မာလီသံလွှမ်းနီသောစာပီ၊ မြန်မာတ၀က်ရခိုင်တ၀က် ကပျက်စာပီများကိုရာ
မှင်ယောင်လိုက် ရွီးနီကတ်ပါသည်။ တော်လှန်ရေးလောကတွင် ဖုတ်စား၍မကုန် မြင်တိွနီရပါသည်။
ကနိခေတ်မြန်မာစာကို
ရခိုင်သားများက ရခိုင်စာဟုအသျှင်ခံလျှက် ဟိပါသည်။ ကနိခေတ်မြန်မာစာသည်
မြန်မာဝေါဟာရများဖြင့် ရွီးသားထားသည်ဖြစ်သဖြင့် မြန်မာစာဖြစ်ပါသည်။
ရခိုင်စာမဟုတ်ပါ။ မြန်မာဝေါဟာရများဖြင့် ရွီးသားထားသောမြန်မာစာကို
ဇာပိုင်လုပ် ရခိုင်စာလို့အသျှင်ခံလို့ရပါဖို့လဲ့။ စကေတပွေ
အရှက်ဟိစီချင်ပါသည်။ အသျှင်ခံချင်ပါလျှင် ကိုယ်ပိုင်ရခိုင်ဝေါဟာရများနှင့်
ရခိုင်ပိုင်ရွီးကတ်ရဖို့ မဟုတ်ပါလား။
မြန်မာစာပီကို
ရခိုင်စာပီပညာသျှင်များက မှင်ယောင်လိုက် ခိုးချနီသိမ့်ရေအပြင်၊
ရခိုင်မူရင်း စာပီရတု၊ လင်္ကာ၊ အရွဲ့၊ ကဗျာ၊ ကျောက်စာ၊ ပီစာများကိုလည်း
ရက်ရက်စက်စက် လက်မတွန့်ဘဲ မြန်မာမှုပြုလျှက်ဟိပါ၏။
ကောင်းကောင်းဝမ်းနည်းဖို့ကောင်းစွာက ရခိုင့်တော်လှန်ရေးနယ်မြီထုတ်
စာစောင်မဂ္ဂဇိန်းရို့ဖြစ်ပါသည်။ မဆလခေတ်
ပြည်တွင်းရခိုင်ပညာသျှင်ကြီးများပြုစုသော
ရခိုင်ပြည်နယ်ဖြစ်စိုင် သမိုင်းစာအုပ် စာပီကဏ္ဍတွင်လည်း
သုဝဏ္ဏဒေ၀ီစောပြည့်ညို၏ သိန်ကန်မိန်တွင်ရတုကို မြန်မာမှုပြုထားပါသည်။
ရခိုင်ကံကြမ္မာ
နှစ်(၂၀၀) ( ၁၃၄၆ - ခုနှစ်ပြာသိုလပြည့်ကျော် (၇) ရက်နိထုတ်) တွင်လည်း
ဝတီခိုင်(ရခိုင်ပြည်လွတ်မြောက်ရေးပါတီ) သည်
သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံကို လက်မတွန့်ဘဲ မြန်မာမှုပြုထားသည်။ မူရင်း
သုဝဏ္ဏဒေ၀ီ၏ရွှန်းလိုက်ရတုနှင့် ရခိုင်ကံကြမ္မာနှစ်(၂၀၀) ပါ မြန်မာမူခံရတုကို
တိုက်ဆိုင်ကြည့်ပါက မည်သည်လောက် ကွာခြားသည်ကို တွိမြင်ရမည်ဖြစ်ပါသည်။
(၁)
သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွမ်းပင်မြင့်စည်၊ ကြာရှည်တာအကူး၊
တပေါင်းမင်းလွင်၊ ရွက်ကျင်တောင်လေမြူးက၊ ပြိုက်သွယ်နူးစီးသွယ်ဖြာ၊
မတတ်သာချေ၊ ဤထွေထွေကို၊ ကြည့်လေသမျှသာတည်း၊ ပင်တိုင်းမှာညှာရွက်ကြွေ၊
လေပြင်ခတ်လိုက်၊ ပရစ်ဝေေ၀နှင့်၊ ငှက်ရွှေမောင်နှံစုံ၊ ပန်းနှစ်ခက်ကို၊
ယူလျှက်နှုတ်ဝယ်ငုံ၍၊ စာခွံတုံရွှေနှစ်လို့၊ တထူးထွေလာ၊ ဘာသာလူလို၊
မကိုနှုတ်ဖြင့်တို့၍၊ ဤသို့ချစ်ဘွယ်ဆင်၊ ရာသီခွင်ဆယ့်နှစ်လမ်း၊
ငြမ်းလို့အညီ၊ မိဂသီပင်၊ ရှေ့ဆီမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခ့၊ဲ
ထောက်လှမ်းမစာနာ၊ ပညာအထု၊ မြတ်သူ့ကြည့်မှန်၊ ကြာလေဟန်မူ၊
သူရတန်မင်း၏ရင်သွေး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊ ချစ်ညီတူကြရေးကို၊
နောက်မေးမလျှောက်လို၊ နေလည်းနှစ်စင်း၊ နှစ်ပွင့်စုံညီ၊ မဒ္ဒီရှေ့အဟိုတို့၊
တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမဇ္ဈိမာ၊ ယင်းကဖြာသည်၊ ရာဇာမျိုးရို့မြတ်၏၊
ဆက်မပြတ်သိမ်းယူပြန်၊ သာဂီအဆက်၊ နွယ်မပျက်သည်၊ ကနက်ဖြန့်ကာစံ၏၊
ရှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊ ဘနန်းစံသည်၊ နန်းရံတို့အမျိုးတည်း၊
ကတိုးအနံ့လို၊ သင်းပျံ့မွှီးကြိုင်၊ ရှစ်ရပ်လှိုင်သည်၊
မဏ္ဍိုင်ချက်မြှုတ်သိုထက်၊ နဂိုပြည်ဝေသာလီ၊
ဓညနှစ်ခန်း၊
နှစ်ပြည်မှန်းသည်၊ ထီးနန်းအစီရီတည့်၊ မျိုးသာကီစဉ်မပျက်၊
နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်ရို့တက်၏၊ မယှက်မနှောပြီ၊ ရှစ်သောင်းအချာ၊
ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီမစွန်းခင်၊ အောင်စည်ယွမ်း၍၊
စက်ပန်းဖြန့်စေချင်သည်၊ နောက်ခွင်ကြာလွန်းစွတကားလည်။ ။
(နှိုင်းယှဉ်ကြည့်ရန်သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုမူရင်း)
(၁)
သိန်ကန်မိန်တွင်၊ ဆယ့်နှစ်ခွင်ကို၊ လွန်ပင်မြင့်စည်၊ ကြာရှည်တာအကူး၊
တပေါင်းမင်လွင်၊ ရွက်ကျင်တောင်လီမြူးက၊ ပြစ်သွယ်နူးစီးသွယ်ဖြာ၊ မတတ်သာပြီ၊
မှိုင်းလို့ရီကေ၊ ကြည့်လီသမျှသာတည်း၊ ပင်တိုင်မှာညှာရွက်ကြွီ၊
လီပြင်းခတ်လိုက်၊ ပရစ်ဝီ၀ီနှင့်၊
ငှက်ရွှီမောင်နှံစုံ၊
လိုင်ချင်းတွဲယှက်၊ ပန်းနုခက်ကို၊ ယူလျှက်နှုတ်ဝယ်မုံ၍၊
စာခွန့်တုံရွှင်နှစ်လို၊ တထူးထွေလာ၊ ဘာသာလူလို၊ မကိုနှုတ်ဖြင့်တို့၍၊
ဤသို့ချစ်ဖွယ်ဆင်၊ ရာသီခွင်ဆယ့်နှစ်လမ်း၊ ငြမ်းနှင့်အညီ၊ မိဂသီပင်၊
ရှိကမြင်သော်၊ စက်ခွင်မှာယောင်ယမ်းခယ့်၊ ထောက်လှမ်းမစာနာ၊
ပညာအထု၊
မြတ်သူ့ကြည့်မှန်၊ ကြာလီဟန်မူ၊ သူရတန်ရင်သွီး၊ ဒန်ရမာဇာလီ၊ ဒူရဘီနှင့်၊
ချစ်ညီတူခရီးကို၊ နောက်မီးမလျှောက်လို၊ နီလည်းနှစ်ဆင့်၊ နှစ်ပွင့်စုံညီ၊
မဒ္ဒီရှိအဟိုရို့၊ တောင်ကျွန်းညိုလောကဓါတ်၊ တိုင်းမဇ္ဈိမာ၊ ယင်းကဖြာကေ၊
ရာဇာအမျိုးမြတ်၏၊
ဆက်မပြတ်သိမ်းယူပြန်၊
သာကီအဆက်၊ နွယ်မပျက်ကေ၊ ကနက်ဖြန့်ကာစံ၏၊ သျှစ်တန်ပလ္လင်ရိုး၊ ဘိုးကဆက်ခံ၊
ဘနန်းစံကေ၊ နန်းရံကိုယ့်အမျိုးတည်း။ ကတိုးနံ့ဥဒဟို၊ သင်းပျံ့မွှီးကြိုင်၊
သျှစ်ရပ်လှိုင်သည်၊ မဏ္ဍိုင်ချက်မြုပ်သိုထက်၊ ပြည်နဂိုရ်ဝေသာလီ၊ ဓညနှစ်ခန်း၊
နှစ်ပြည်လွှမ်းကေ၊ ထီးနန်းအစီရီတည်း။ မျိုးသာကီစဉ်မပျက်၊ နှစ်ပေါင်းရှည်ကြာ၊ မဟာနွယ်မျိုးတက်၏။ မယှက်မနှောပြီ၊ သျှစ်သောင်းအချာ၊
ဆက်ကာစိုးစံ၊ နန်းရံမယ့်ဌာနီသို့၊ ရာသီခွင်မစွန်းခင်၊ အောင်စည်ရွှန်းလို့၊ စက်ပန်းဖြန်စီချင်ရေ၊ နောက်ခွင်ကြာလွန်းစွတကားလည်း။
ဤစာအုပ်တွင်ဝတီခိုင်က (ကြည့်လီသမျှ) ကို(ကြည့်လေသမျှ) ဟူ၍၄င်း၊ (ညှာရွက်ကြွီ) ကို (ညှာရွက်ကြွေ)ွ ဟူ၍၄င်း၊ (လီပြင်းခတ်လိုက်) ကို
(လေပြင်းခတ်လိုက်)
ဟူ၍၄င်း၊ (ပရစ်ဝီ၀ီ) ကို (ပရစ်ဝေေ၀) ဟူ၍၄င်း၊ (မင်း၏ရင်သွီး) ကို
(မင်း၏ရင်သွေး) ဟူ၍၄င်း၊ (နီ) ကို (နေ) ဟူ၍၄င်း၊ (နောက်မီး) ကို (နောက်မေး)
ဟူ၍၄င်း အရှက်တရားကင်းမဲ့စွာ မြန်မာမှုပြုထားသည်ကို တြွိမင်ရပါသည်။
ဤနီရာတွင် စာရွီးသူသည် ရခိုင် (နောက်မီး) ကို မြန်မာကလည်း (နောက်မီး) အဖြစ်
အတူတူသုံးသည်ဟု သတိထားမိပါသည်။ ရခိုင် (မီး) ကို မြန်မာက (မေး) ဟူ၍
မသုံးစွဲပါ၊ ၀တီခိုင်၏ (နောက်မေး) ဟူ၍ မြန်မာလွန်ကျွန်မှုဝါဒသည်ကား
ရှက်ဖွယ်အတိ ဖြစ်ပါသည်။
မှတ်ချက်။ ။
ရခိုင့်ကံကြမျာနှစ်(၂၀၀) ပါ သုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံနှင့်
မူရင်းသုဝဏ္ဏဒေ၀ီရွှန်းလိုက်ရတုပိုဒ်စုံကိုဆုံးခန်တိုင်အောင်
နှိုင်းယှဉ်ကြည့်လိုပါက ဗျာဒိတ်ပန်းမဂ္ဂဇိန်းအမှတ်(၁) ကိုရှာယူဖတ်ကြည့်ပါ။
ရခိုင်အားမာန်စာစောင်
(၁) အဖွင့်ကဗျာအဖြစ် ဖဒူမင်းညိုရွီးစပ်သော မှောက်တော်ဧခြင်း (၁) ကို
(ပေါ်ဦးကမ္ဘာ၊ ကြာငါးပွင့်လိုက်၊ ရောင်မြိုက်ဥာဏ်ဖြူ၊ ငါးဆူရှင်နည်း၊
ပွင့်မည်ချည်းတွင်၊၊ မိတ္တည်းမရောက်၊ လေးပါးနောက်ဝယ်၊ ငါးထောင်ထောက်တာ၊
သာသနာတွင်၊ ငါးစင်းအမြတ်၊ န၀တ်ရေကျ၊၊ ငါးရာရသား၊ ဂစ္ဆပနဒီ၊ ဤသည်ညာမွန်၊
ယဉ်ထန်တဘက်၊ ပင်လယ်ထွက်သော်၊ နှစ်ဘက်ကမ်းခြီ၊ ဖြားရေမှီဝယ်၊ ရှေ့ဆီပြုဗ္ဗာ၊
အာကာမှီခိုင်း၊ တောင်ပြိုင်းပြိုင်း၌၊ ဆိုင်းဆိုင်းမဏ္ဍိုင်၊ ရခိုင်ညွန့်ဖူး၊
မွန်ကြည်မြူးသို့၊ မြောက်ဥရွှေနန်း၊ တည်လတ်ထွန်းသည်၊
ဤကျွန်းဇမ္ဗူထူးတည်လေ) ဟူ၍ ရွီးသားထားသည်ကို တိရွ ပါသည်။
ဤနီရာမှာ
ရခိုင်စာပီကိုမြန်မာမှုပြုထားသည်ကိုတွိရပါသည်။ (ငါးဆူရှင်နည်း)
ဆိုသည့်အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဘုရားငါးဆူကို ညွှန်းဆိုခြင်းဖြစ်ပါလိမ္မည်။
(ငါးဆူရှင်နည်း) ကိုမြန်မာများက (ငါးဆူသျှင်နည်း) ဟုအသံထွက်ပါသည်၊
ရခိုင်ရို့ကား (ရှင်) ဆိုသောဝေါဟာရကို (သျှင်) ဟု အသံမထွက်ပါ၊ (သျှင်) ကို
ရခိုင်ရို့က ဘုရားတရား၌ အများသုံးစွဲပါသည်၊ (အရှင်ဘုရား) ဟူ၍ မဟိပါ၊
(အသျှင်ဘုရား) ဟူ၍ရာ
ဟိပါသည်။
ထိုသို့ပြောဆိုရွီးသားကြသည်မှာ မြန်မာများဖြစ်ပါသည်၊ (ရှင်)
ကိုရခိုင်ရို့က (ရုပ်ရှင်တော်မဟာမုနိ၊ ဆံတော်ရှင်ဘုရား) စသည့်နီရာများ၌
သုံးစွဲပါသည်။ (ရှင်) ဟူသည်မှာ (အသက်ရှင်သည်) ဟူ၍ အဓိပ္ပါယ်ရပါသည်။ (အရှင်၊
အသီ) ဟူ၍ ရခိုင်ရို့ကသုံးပါသည်။
(ဖြားရေမှီဝယ်)
အသုံးအနှုံးမှာလည်း ရခိုင်သားများက ရခိုင်စာပီကိုမြန်မာမှုပြုထားခြင်း
ဖြစ်ပါသည်။ (ရေ) ကိုဗမာရို့က (ယေ) လို့အသံထွက်ပါသည်။ (ရေ) ကိုရခိုင်ရို့က
(လားရေ၊ လာရေ၊ စားရေ၊ တွိခရေ၊ မြင်ခရေ၊ နီခရေ) ဟူ၍ သုံးပါသည်။ ထို(ရေ)
ကို(ရီ) ဟူ၍
ရခိုင်စာပီ၌
ပြောဆိုရွီးသားပါသည်။ (ရီကြိုင်ချောင်း၊ သောက်ရီ၊ သုံးရီ၊ ဖြားရီ၊ ကန်ရီ၊
တွင်းရီ၊ ချောင်းရီ၊ ရီအိုင်) စသည်ဖြင့်သုံးစွဲခေါ်ဝေါ်ပါသည်။
(ရှေ့ဆီပြုဗ္ဗာ) ဆိုသည့်အပိုဒ်၌လည်း (ရှေ့) စကားလုံးမှာ
မြန်မာမှုပြုခံရခိုင်စာပီဖြစ်ပါသည်။ (ရှေ့) ကိုမူရင်း ရခိုင်စာပီ၌ကား (ရှိ)
သို့မဟုတ် (ရှိယ့်) ဟူ၍ တွိရပါသည်၊ ရခိုင်စကား၌လည်း အခုထက်ထိ(အရှိ၊ အနောက်)
ဟူ၍ ပြောဆိုသုံးစွဲလျှက်ဟိပါသည်။
၎င်းရခိုင့်အားမာန်စာစောင်
(၁) အဖွင့်ကဗျာ (၂) အဖြစ်တော်လှန်ရေးစာဆို မင်းသားကြီးရွှီဗန်းရွီးသားခသော
သီတန်းစားရတုကို ရခိုင်တော်လှန်ရေးသမားများက လက်အား၍ မြန်မာမှုပြုထားပါသည်။
(မင်းသားအမှန်၊ ငါလျှင်ကြံက၊ နိုင်ငံရပ်စည်၊ တိုင်းပြည်အတွက်၊
ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ၊ ကုလားရွာ၌၊ ခန္ဓာရုပ်ဟောင်း၊ ဘ၀ပြောင်းခ့၊ဲ
ဖြစ်ကြောင်းသံသာ၊ သတ္တ၀ါတို့၊ မှန်စွာမချွတ်၊ သူမသတ်လည်း၊ မလွတ်တခါ၊
သေအံ့ရာတည်း၊ ကမ္ဘာမကြေ၊ သူတို့တွေလည်၊ အနေမစိုး၊ ငါမြေတိုးသော်၊ အရိုးတခါ၊
တွန်လိမ့်ရာ၏၊ နောင်လာနောင်လူ၊ ရခိုင်သူတို့၊ အယူမပြောင်း၊
ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်လာ၊ တိုင်းဓညာကို၊ တခါမုချ၊
ငါရို့ရအံ့။ လုံးလရှေ့သန်၊ လိုလျှင်ကြံက၊ နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်၊
စွဲမှတ်ဤစာသေတမ်းစာတည်း) ဟူ၍ ဖြစ်ပါသည်။
(သေအံ့ရာတည်း၊
လုံးလရှေ့သန်၊ စွဲမှတ်ဤစာသေတမ်းတည်း) စသောအပိုဒ်များတွင်(သေ၊ ရှေ့)
ဆိုသည့်ဝေါဟာရများမှာ မြန်မာမှုပြုခံ ရခိုင်စာပီဖြစ်ပါသည်။ (သေ) ( ရှေ့) ဟူ၍
ရခိုင်ရို့က သုံးစွဲခြင်းမဟိပါ။ ရခိုင့်စာပီ၌ (သီ) ( ရှိ) ဟူ၍ရာ
သုံးစွဲပါသည်။ စကားပြောရာတွင်လည်း
ဤအတိုင်းပင်ပြောဆိုသုံးနှုံးပါသည်။
(သူတို့တွေလည်း) ဆိုသည့်အပိုဒ်၌လည်း (တွေ) ဆိုသောဝေါဟာရကို
ရခိုင်၌လုံးဝမတွိရပါ။ (တွေ) သည်မြန်မာစကား စစ်စစ်ဖြစ်ပါသည်။
ဗမာမှုအပြုမခံရသိမ့်သော (ဓည၀တီနိဂုံးရွာများသမိုင်းသာခြင်း၊
မူရင်းသုဝဏ္ဏဒေ၀ီ၏ ရွှန်းလိုက်ရတု) များကို ဖတ်ကြည့်လေ့လာကြည့်လျှင်
ရခိုင်စာပီအရွီး အသားအစစ်များကို တွိရပါလိမ့်မည်။ (ရွှန်း)
ဆိုသောဝေါဟာရကိုလည်း (ရွှန်း) လား (သျွှန်း) လား သုတေသနပြုရန်လိုအပ်ပါသည်။
အမြင်
အမျိုးသီလကိုစောင်ထိမ်းရေဆိုသော
ရခိုင်သားကြီးရို့ အေကနိအမျိုးသီလကို ဖျက်ဆီးနီရေဆိုကေ မမှားပါ။
ရခိုင့်ကံကြမ္မာနှစ် (၂၀၀)၊ ရခိုင်အားမာန်စာစောင်၊ ရခိုင်ဘ၀၊ ဓည၀တီစာစောင်၊
လမ်းပြကြယ်စာစောင်၊ ယခု (ရခိုင်အမျိုးသားသတင်းစာ) ရို့သည်
ရခိုင့်တော်လှန်ရေးနယ်မြီကထွက်သော စာအုပ်စာစောင်များဖြစ်ပါသည်။ သို့သော်လည်း ရခိုင်စကားရခိုင်ဝေါဟာရ တလုံးတပါဒမျှ မတွိရပါ။
အထက်စာစောင်များပါ
ဆောင်းပါးကဗျာများသည်ရခိုင်စာပီထဲသို့ လုံးဝသွတ်သွင်းမရသော
မြန်မာစာပီများဖြစ်ပါသည်။ အေပိုင် မြန်မာစာပီကို ရခိုင်လူငယ်ထုအတွင်းသို့
ရခိုင့်မျိုးချစ်များက အတင်းအဓမ္မသွတ်သွင်းပီးနီမည်ဆိုပါလျှင်
အများမကြာရခိုင်သားကို
ပြတိုက်ထဲမှာကြည့်လီကတ်ပါဖိ။
ရခိုင်စာပီကို
လျစ်လျူပြု အမှုမဲ့အမှတ်မဲ့ပစ္စလက္ခတ် ပစ်ထားသည့်အပြင်
မူရင်းရခိုင်စာပီများကိုလည်း တတ်အားသမျှမြန်မာမှုပြုနီသော
ရခိုင်မျိုးချစ်ကြီးများကို ပဇောင်ပျင်လို့ မျိုးချစ်တေဟုဆိုပါဖို့။
မိမိရို့မှာ ကိုယ်ပိုင်စာပီအက္ခရာ၊ ကိုယ်ပိုင်ဘာသာစကား ဟိပါလျှက်သားနှင့်
သူများစာပီ၊ သူများစကားကိုအငှါးသုံးစွဲခြင်းသည် ကျွန်စရိုက်လက္ခဏာဖြစ်သည်။
တောင်ကျော်များက အားလုံးဖတ်နားလည်အောင်
မြန်မာပိုင်ရွီး
ရခြင်းဖြစ်သည်ဟု ဆင်ခြီပီးလေ့ဟိပါ၏။ တောင်ကျော်တိကို
ရခိုင့်အသိုင်းအ၀ိုင်းထဲက လုံးဝပစ်ပါယ်ရမည်ဖြစ်ပါသည်။ (ငတောင်ကျော်) တိ
အသက်ရှင်ဟိနီသမျှ ရခိုင်သားကျွန်ဘ၀က မလွတ်မြောက်နိုင်ပါ။ ငတောင်ကျော်တိသည်
ရခိုင့်လူ့အဖွဲ့အစည်းနှင့် ရခိုင့်တော်လှန်ရေးကိုတိုက်ရိုက်တမျိုး၊
သွယ်ဝိုက်တဖုံဖျက်ဆီးနီသော
ကာလနာများဖြစ်ပါသည်။
စာရိတ္တပျက်ပြားမှု၊
ဘာသာတရားအား အလေးအနက်မထားမှု၊ တယောက်ကိုတယောက် အပြန်အလှန်မလေးစားမှု၊
တယောက်ကိုတယောက် ဗိုလ်ကျစိုးမိုးလိုမှုရို့သည်
ရခိုင်သား၏ကျွန်ဗီဇလက္ခဏာဖြစ်သည်။ ရခိုင်တချို့ရခိုင်စကားမပြောတတ်ပါယာ။ (ယ)
နှင့်(ရ) ကိုကွဲအောင် အသံမထွက်တတ်ပါယာ။ အေပိုင်ဖြစ်လာရခြင်းသည် ရခိုင့်စာပီ
မထွန်းကားမူအပေါ် အဓိကမူတည်ပါသည်။ မြန်မာကိုကျည်း အပြစ်ပြောလို့မပြီးပါ။
ကိုယ်မျက်ချီးကိုကိုယ် မြင်ချိန်တန်ပါဗျာယ်ဖြစ်ပါကြောင်း။
အချုပ်ပြောရဖို့ဆိုကေ မြန်မာကိုခေါ်ခီစွာလည်း ရခိုင်သားပါ။
ရခိုင့်စာပီကိုမြန်မာပြုနီသူများမှာလည်း ရခိုင်သားပါ။ ရခိုင်ဘုရားများကို
သိုက်တူးရောင်းစားစွာလည်း ရခိုင်သားပါ။ မြန်မာမှုပြုခံရခိုင့်စာပီနှင့်အတူ
ရခိုင်သားဦးဏှောက်မြန်မာမှုပြုခံလားရသည်။
လွယ်လွယ်ကူကူနှင့်
ဖျောက်ဖျက်နိုင်လိမ့်မည်မဟုတ်ပါ။ ၄င်းကို ရခိုင်စကားတွင် (ဂြင်းကပ်လားယာ)
ဟုပြောပါသည်။ အေပိုင်ဆိုကေ ဆရာကြီးရို့ကျွန်တော်ရို့တိက မျိုးဆက်သစ်တိကို
ဇာအမွီမျိုးပီးရပါဖို့လဲ။ သမိုင်းဝင်ဘုရားကိုရောင်းလို့
တော်လှန်ရေးလုပ်ဖို့စွာလား။ ဘုန်းကြီးကျောင်းကိုဓါးမြတိုက်လို့
လူမှုဖုံလုံရေးလုပ်ဖို့စွာလား။ (ခင်ဗျားပျောတာ ကျနော်မကျားဘူး၊
ယခိုင်စကားမေ့သွားပျီ) ဆိုရေ အမွီမျိုလား။ သမိုင်းပီးတာဝန်ထမ်းဆောင်ယင်း
သမိုင်းကြွီးတင်နီကတ်တေ ရခိုင်မျိုးချစ်၊ ပြည်ချစ်တိ
ပဇောင်စိုင်းစားကတ်တေရောင်။ ။
ကျော်ဝင်းချေ (ချောင်းသာကြီး)
၁၉၉၈
ပါတ်ဝန်းကျင်လောက်မှာ ရွီးသားပါသည်။ နိစွဲ့ကို အသေချာ မမှတ်မိ့လိုက်ပါယာ။
ရခိုင်ကျောင်းသားလူငယ်များ အစည်းအရုံးမှ ထုတ်ဝီသော “ပတောက်စည်သံ” မဂ္ဂဇင်း၌
ဖေါ်ပြပြီးဖြစ်ပါသည်။
No comments:
Post a Comment