မှတ်ချက်။
(စာရွီးသူ ၀န်ခံချက်) ။ အေ၀တ္ထုသည် ကိုဦးသာဇံမိသားစုနှင့်
ကိုဖိုးလှမိသားစုများ၏ ကိုယ်တွိအဖြစ်အပျက်ကို အခြေခံရွီးသား ဖေါ်ပြပါသည်။
၎င်းရို့ခွင့်ပြချက်ကြောင်း ထုတ်ဖေါ်ရွီးသားခြင်းဖြစ်ပါသည်။
အားလုံးကိုအထူးကျေးဇူးတင်ဟိပါကြောင်း....
(အခန်း ၁)
မိုးဂုတ်စက်ဝိုင်းတခုလုံးအား ကြယ်တာယာများနှင့် ထိမ်ထိမ်သာအောင် တန်းဆောင်ဘုန်းလ ညာဥ့်တညာဥ့်ကိုအလှဆင်ထားကြသည်။ နတ်မြစ်တဖက်ကမ်းမှ တာကါနာ (ကယုချောင်း) မြို့၏ညအလှကလည်း လျှစ်စစ်မာကျူရီရောင်စုံကြာပွင့်များနှင့် အလှဆင်ထားသည်က မိုးဂုတ်စက်ဝိုင်ကို အပြိုင်အဆိုင်။ စီတန်းနီသော ဖြူဝါရောင်မီးသီးကြီးများအောက်မှာ ဆလိုက်မီးသီးငယ်များ တရှုတ်ရှုတ်တချွီးချွီး ပြီးလွှားနီကြသည်ကလည်း မီးရောင်အောက်မှာ မနီဖူးသူတဦး၏ နှစ်လုံးသားကို လွယ်ကူစွာဆွဲဆောင်နီကြ၏။ လှည့်ယူဖမ်းစာနီကြ၏။ စိတ်ဝင်စားစရာ၊ နှစ်သက်စရာမြင်ကွင်းသစ်များကို ကြည့်ရှု့ရစွာက စိတ်ထဲမှာကြည်နုစရာတမျိုး။ ယင်းကဲ့သို့သော တိုးတက်မှုများနှင့် ကိုယ့်တိုင်းကိုယ့်ပြည်ကို အလှဆင်ချင်စိတ်က တသွင်သွင်စီကျလာ၏။ စိတ်အာရုံတခုလုံးကို လွှမ်းမိုးနီရာယူထားလိုက်၏။ “အို……နက်ဖန်မိုးသောက်အာရုံရောက်ကေ ငါရို့လည်း ယင်းဖက်ကမ်းမှာဟိနီလီဖို့……..” စိတ်ထဲမှာ ရည်ရွယ်ယင်း ဒယောစွမ်ကို မဖြုတ်တမ်းဆွုကိုင်ထားသော ညီမငယ်ကို ကောက်ရွက်လိုက်သည်။ “အကိုကြီး..မိမိ….ဇာမာလဲ၊ မိမိကို…….ဇာခါတွိ့ရဖို့လဲ”။ အဖ မမြင်ဖူး၊ မိခင်ကိုရာတမ်းတတတ်သော ၀ါဝါ၏မျက်ရည်ရွှမ်းနီသော မျက်လုံးအစုံနှင့် သူမ၏မိခင်ကို လွမ်းဆွဲနီသောစကားသံများက အစ်ကိုယ်ကြီး၏နှစ်လုံးသားကို တစစီကြွီမွလားစေ၏။ ပြောမထွက်နိုင်သော ခံစားချက်၊ နာကျဉ်းချက်များ အစ်ကိုယ်ကြီးရင်ထဲမှာ အလုံးကြီးဆို့လို့။ မျက်နှာကို အရဲတင်းပျာ မပွင့်တပွင့်ပြုံလျက် တဘက်ကမ်းကိုလက်ညှိုးထိုးကာ… “မိမိနန့်ဘာဘာရို့ ထိုဘက်ကမ်းမှာ။ နက်ဖန်ခါ မိုးထက်စောစောကြီး အပုချေ၊ အကိုချေ၊ အမယ်ကြီး၊ အကိုကြီးရို့ကို လာခေါ်လာဖို့။ အပုချေဖို့ မုန်အများကြီး ၀ယ်လာဖို့လတ်။ အင်္ကျီအလှပချေတိလည်း ၀ယ်လာဖို့လတ်။ ထော….ထိုမှာကြည့်ဇမ်ချက် မီးသီးချေတိပြီးနီကတ်တေထွား…။ ပဇောင်လှရေချင့်…..၊ ကြည့်ဇမ်ချက်…..” “မိမိ..ယင်းမာလာ” “အုံ….ယင်းဖက်ကမ်းမှာ။ ကကောင်းလိမ်မာရေကား….အေသူ။ နက်ဖန်ခါ မိမိနန့် အပုချေနန့် ဂါရီအတူတူစီးကတ်ဖို့တေ။ ၀ူး………၀ူး……၊ ပွင်း……ပွင်း…..ပွင်း………နန့် ပင် မြည်ပျာ ၀ူး…..ထွက်လားလီဖိုယေ။ ဂါရီရှိဆုံးမာ အသူထိုင်ဖို့လဲ….” “၀ါဝါ….ထိုင်ဖို့….”။
“လာ….လာ….ပြန်ကတ်မေဝေး…၊ တနားချေကြာကေ နစက.က အိပ်စရင်းလာစစ်ဖို့၊ မှတ်ပုံတင်လာစစ်ဖို့တေ..။ လာ….လာ….လားကတ်မေ။” ညီချေ၊ ညီမချေရို့ကို လှမ်းခေါ်လိုက်၏။ အပုချေကိုလျော့ပျာ တည်းခိုနီသော ထမင်းဆိုင်သို့ ညီအစ်ကိုယ်မောင်နှစ်မတတော လမ်းလျှောက်ပြန်လာကြသည်။ ထမင်းဆိုင်သည်မကြီး အိမ်ဇိုးဖြူ ဆိုင်ရှိထွက်ကာ ကျန်တော်ရို့အား စောင့်နီဟန်ပေါ်၏။ ကျန်တော်ရို့ကို မြင်စွာနန့် “ဟိုင်း….ဇါကိုလားခီကတ်လေ..နင်ရို့၊ ထောက်လှမ်းရေးက မှတ်ပုံတင်၊ အိပ်စရင်းလာစစ်လို့ မတွိ့ကေ အားလုံးအဖမ်းခံရဖို့တေ…သိယင့်လား။ လာ..အိမ်ထဲကိုဝင်။” အော်၍ လှမ်းခေါ်လိုက်၏။ ဆိုင်သည်မကြီးက သူသမီးကို အိပ်ရာချပီးရန်လည်း “စောယိုင်ဖြူ…..အေ…အချေတိကို ယောင်ပြင်မှာ အိပ်ရာချပီးလိုက်ကား” တဆက်တည်းလှမ်းပြောလိုက်၏။
တန်းစီအိပ်ရာယူထားကြသော ကုန်သယ်အမျိုးသမီးကြီးများ အိပ်စရင်းလာစစ်ရန် မအိပ်ဘဲ ပြောယင်းဆိုယင်း ထိုင်စောင့်နီကြသည်။ အမျိုးသမီးကြီးတဦးက “မောင်မောင်…မင်းရို့ ဇာကလေးဝေ” “စစ်တွေလမ်းမတော်ကပါ” “အရီးလည်း စစ်တွေစံပြကဝေ၊ မင်းရို့ဇာကို လားကတ်တေ”။ “ထိုဖက်ကမ်းကိုလားပါဖို့။” မ၀ံ့မရဲ ပြန်ဖြေလိုက်ရ၏။ “ဘင်္ဂလားကိုလာ၊ မင်းမိဖရို့ ယင်းဖက်ကမ်းမှာလာ။” “ယင်းဖက်ကမ်းမှာဟိလို့ လားကတ်တေမလားယေ” နောက်အမျိုးသမီးကြီးတယောက်က ကြားဝင်ပြောလိုက်၏။ “အရီးရို့လည်း ယင်းဖက်ကမ်းကို လားဖို့ဝေ။ အတူတူလားကတ်ဖို့နန့်။” ပြောဆိုနီကြယင်း ဓါတ်မီးတလက်လက်ထွမ်းလျက် ထောက်လှမ်းရေး အော်ခေါ်သံများကြားလိုက်ရ၏။ ထမင်းဆိုင်သည်မကြီး၊ သမီးဖြစ်သူရို့ ထမင်းဆိုင်ရှိသို့ထွက်လာကာ တဆိုင်ပြီးတဆိုင် ၀င်ထွက်အိပ်စရင်းစစ်လာကြသော နစကစစ်ဗိုလ်၊ ရက်ကွက်ကောင်စီနှင့် ဆယ်အိမ်ကောင်းရို့အား ကြို၍စကားပန္လင်ခံထားကြသည်။ ကွမ်းကြုပ်နှင့်အဖန်ရည်ဘဲကို စားပွဲခုန်မှာချကာ “ထိုင်ပါ..ထိုင်ပါ..ထိုင်ကျပါ။ ကွမ်းယာစားပါဗိုလ်ကျီး။” လှိုက်လှဲစွာကြိုဆိုနီသည်။ တဆက်တည်း ဆိုင်သည်မကြီးက “အကျွန်တို့ဆိုင်မှာ အာဂန္တု (၂၀) လောက်ချိပါတယ်။ မှတ်ပုံတင်က လူတိုင်းပါကျပါတယ်။ အကျွန်ခေါ်ပေးမယ်..အို..ကွမ်းယာစားပါ ဗိုလ်ကျီး။” ယာထားသောကွမ်းယာကို လှမ်ပီးလျက် တည်းခိုနီကြသော ခရီသည်အာဂန္တုများအား လှမ်းခေါ်နီ၏။ ကုန်သယ်အမျိုးသမီးကြီးများ၊ အမျိုးသားများ ထမင်ဆိုင်ခန်းမကြီးသို့ စုလာကြပြီး သူရို့၏မှတ်ပုံတင်များ၊ အကျင့်ဇာရိတ္တကောင်းမွန်းကြောင်း မ၀တထောက်ခံစာ၊ ရပ်ကွက်ဥက္ကဌထောက်ခံစာ၊ ဆယ်အိမ်ဂေါင်းထောက်ခံစာများနှင့်အတူ စစ်ဆေးခံနီကြရ၏။ တချို့ကလည်း နစကစစ်ဗိုလ်နှင့် ရင်းနှီးနီကြပုံပေါ်၏။ ရင်းရင်းနှီးနှီး ပြောကြဆိုကြ၊ ရယ်ကြသွန့်ကြနှင့် ပြီးဆုံးလားကြ၏။ သို့သော် ကျန်တော်ရို့မောင်နှစ်မတတောမှာကား ရင်တခုန်ခုန်နှင့် ဗိုလ်ကြီးဆိုသောစကားလုံသည် ထမင်းလုံးသဆီ၊ သရဲခြောက်သကဲ့သို့ ခြောက်လှန့်နီပါ၏။ တသက်လုံးမမြင်ချင်သော အစိမ်းရောင်စစ်ယူနီဖောင်းကလည်း ကြောက်သီးမွှီးညှင်းထလားအောင် ခြောက်လှန့်နီ၏။ နစကစစ်ဗိုလ်ကြီး ကျန်တော်မျက်နှာကို လှမ်းကြည့်လျက် မှတ်ပုံတင်၊ ထောက်ခံစာများထုတ်ပြရန် မိတ်ပင့်၍ လှမ်းတောင်းလိုက်သည်။ ရင်တဖုန်းဖုန်းခုန်လျက် အသက်ကဆံဖျားမှာရောက်နီသည်။ စိုးရိမ်စိတ်များနှင့်အတူ အဆင်သင့်ကိုင်ထားသော မှတ်ပုံတင်၊ ထောက်ခံစာများအား ရိုသေစွာလှမ်းပီးလိုက်၏။ မှတ်ပုံတင်ကို စူးစိုက်ကြည့်လျက် “နာမည် ဘယ်လိုခေါ်လဲ”။ “ဦးကျော်သိန်းပါ”။ “အဖေနာမည်ကော”။ ဘာဘာနာမည်မီးလာသံကြားရသည့်အခါ တကိုယ်လုံး ကြောက်သီးမွှီးညှင်းထလား၏။ ကြောစိမ့်လာ၏။ နားပန်းဆံများ ထောင်တက်လား၏။ စိတ်အာရုံတခုလုံးမိုးကြိုးပစ်သကဲ့သို့ တုန်လှုပ်ချောက်ချားလား၏။ “….ဘာဘာက ဒီမိုကရေစီ တော်လှန်ရေးသမား။ တခေါက်ချေရာ သိလားကေ ဒုက္ခကြီးကျပျာ…..” ဟု အသိအာရုံထဲ ဗြုန်းတိုင်းဝင်ရောက်လာ၏။ ”ဦးသာဇံပါ။ အမေနာမည်က ကြာသိန်းဖြူပါ။” မူမပျက်ရအောင် အသံထားမှန်မှန်ဖြင့် မပြောမလွတ် ပြန်ဖြေလိုက်ရ၏။ “ဘယ်သွားမှာလဲ”။ “ဘင်္ဂလားသွားပါဖို့”။
ဘင်္ဂလားဒေခ်ျအတွင်း တော်လှန်ရေးသမားများ မြောက်များစွာဟိနီကြ၏။ တော်လှန်ရေးသမားများနှင့် အဆက်အသွယ်ဟိသူရို့၊ ဆွေမျိုးတော်စပ်သူအား စစ်တပ်ကမျက်ခြီမပြတ် စောင့်ကြည်နီကြသည်။ ဆက်သွယ်မှုသတင်းပေါက်ကြား၍ အဖမ်းခံ၊ အနှိပ်စက်ခံရသူရို့လည်း အမြောက်အများ။ ကျန်တော်ရို့မောင်နှစ်မတတောမှာကား တော်လှန်ရေးသမား သားသမီးများဖြစ်နီကြသည်မှာ အဆက်အသွယ်ဟိသူရို့ထက် ပို၍ကြောက်စရာ၊ စိုးရိမ်စရာကောင်း၏။ ပို၍အန္ဒရာယ်ကြီးမာ၏။ ဒုက္ခကိုဘုရားကယ်လို့ ရမည်မထင်။ စိုးရိမ်စိတ်များအတွဲလိုက် ဥနှောက်ထဲတန်းစီဝင်လာကြ၏။ ဟန်ပျက်လုနီပါး “အဲဒီဘက်မှာ မိမိနန့် ဘာဘာတို့ ဆိုင်ယောင်းနီကျလို့ အလည်သွားတာပါ။” “ဘယ်မှာယောင်းနေကျတာလဲ။” “ကောက်စ်ဘာဇာမှာပါ။” “ကောင်မလေးနာမည်က ဘယ်လိုခေါ်လဲ။” “သန္တာနီ” ကျန်တော့်ညီမ သန္တာနီက သွက်သွက်လက်လက်ပင် ပြန်ဖြေလိုက်၏။ မည်သည့်တခုမှ စိုင်းစားနီဟန်မပေါ်။ “အသက်ဘယ်လောက်ချှိပျီလဲ” “၁၀ နှစ်” မဆိုင်မတွန့် ပြန်ဖြေနီသော ညီမငယ်အား တချက်ပြန်ကြည့်ကာ….“သတ္တိကောင်းရေထော…” ဟု ချီကျူးမိ၏။ နစကစစ်ဗိုလ်ကြီးသည် ထမင်းဆိုင်သည်မကြီးဖက်လှည့်၍ မျက်ခုန်းပင့်အမူအယာဖြင့် တခုခုတောင်ဆိုနီဟန်ပေါ်၏။ ဆိုင်သည်မကြီးလည်း ပြုံရယ်ပြီး အလစ်သိဟန်ဖြင့် “ဒီနေ့အာဂန္တုလေး နည်းပါတယ်။ ဆိုင်လေးသိပ်မယောင်းယဘူး။ ၃၀၀၀ လောက်ယူသွားပါ..ဗိုလ်ကျီး။” ဒန္ကား ၃၀၀၀ ကို နစကစစ်ဗိုလ်လက်ထဲထည့်ပီးလိုက်၏။ ထိုဒန္ကား ၃၀၀၀ ကို ဆိုင်သည်မကြီးအပါအ၀င် အာဂန္တုများဝိုင်းဝန်းကျခံကြရ၏။ ရပ်ကွက်ဥက္ကဌ၊ ဆယ်အိမ်ဂေါင်း၊ နစကစစ်ဗိုလ်များ ထမင်းဆိုင်မှ ပြန်ထွက်လားပြီးမှ ကျန်တော်စိတ်ဒုန်းဒုန်းကျလားရ၏။ အသက်ချှူပေါက်ရလာ၏။ ပုခုန်းထက်ပိုး၍အိပ်ပျော်နီသော ညီမချေ ၀ါဝါနှင့်ညီးချေ၊ ညီးမချေရို့အား အိပ်ရာချပီးကာ၊ နက်ဖန်မိုးသောက် အာရုံရောက်လျင် ဆက်ရမည့်ခရီးကို စိုင်စားလျက် ဘုရားတရားအာရုံပြု၍ အိပ်ရာ၌ဂေါင်းချလိုက်၏။
(အခန်း ၂)
တန်းဆောင်ဘုန်းလ မိုးထက်ခြင်း၏နှင်းပါးပါးအောက်မှာ တာကာနာမြို့လမ်းများ တိုးမပေါက်နိုင်သောလူဦးရည်များနှင့် ပြည့်ချံနီ၏။ ကျန်တော်ရို့နှင့်အတူ ခရီးကြုံလာကြသော ကုန်သည်အမျိုးသမီးကြီးများအား တာကာနာရွာတော်ကားဂိတ်သို့ လိုက်ပို့ရန်အကူညီတောင်းလိုက်သည့်အခါ ထိုအမျိုးသမီးများအနက် နှစ်ဦးသောအမျိုးသမီးကြီးသည် ရွာတော်သို့တဆက်တည်းလားမည်ဟု သိလိုက်ရသည်။ အကျန်တော်အလွန်ဝမ်းသာလားသည်။ ချောမွီ့စွာအဆင်ပြေလှပါ၏….ဟု သက်ပြင်းချလိုက်ရသည်။ ဤမျှလောက်ကြီးမားသော လူ့သမုဒ္ဒရာကြီးကို မတွိ့ဖူးမမြင်ဖူးသော ကျန်တော်ညီချေညီမငယ်များ ကျန်တော်လက်ကိုမဖြုတ်တမ်းကိုင်ထားကြ၏။ ကားထက်မှာတက်ထိုင်လိုက်ကြ၏။ တနာရီလောက်ကြာသောအခါ ကားလမ်းဘဲလဲယောင်းစောင့်မျှော်နီသော ရွာတော်ရွာကြီးသို့ ရောက်လာကြသည်။ ရွာထဲသို့ ၀င်လိုက်သည်နှင့် ရခိုင်စကားသံများကြားလိုက်ရသည့်အခါ အလွန်နွီးထွီးလား၏။ အမျိုးသမီးကြီးတဦးက “မောင်မောင်…မင်းမိဖရို့နီရေအိမ်ကိုသိလာဝေ..။ မင်းးလားချင်ရေ ရွာတော်ကိုရောက်ပျာတေ။” မီးလာ၏။ ကျန်တော် ဇာပြန်ပြောရမှန်မသိ ဖြစ်လား၏။ “မသိပါ၊ စုံစမ်းကြည့်ရပါဖို့သိမ့်။” ပြန်ဖြေလိုက်ရ၏။ “ယင်းပိုင်ဆိုကေ လာ….၊ အရီးရို့တည်းရေအိမ်က တဆင့်စုံစမ်းကြည့်မေ…လာ…လာ။
ကံကောင်းထောက်မလို့ ဘာဘာနှင့်မိမိရို့ ရွာတော်ကိုရောက်နီကြသည်ဟု ကြားသိရ၏။ ဘာဘာနှင့်မိမိရို့တည်းခိုနီသော အခင်မောင်လုံဖြူအိမ်သို့ ဆက်လိုက်လာကြသည်။ အခင်မောင်လုံဖြူအိမ်သို့ ၀င်ဝင်ချင်း “အခင်….အခင် ဘာဘာရို့မိမိရို့ အေမာဟိပါလာ။ ကျန်တော်ရို့ ဘာဘာနန်မိမိကို လိုက်ရှာနီကတ်ပါရေ”။ “မင်းဖနန့် မင်းမိရို့ ဘုန်ကြီးကျောင်းကို စာပီးဖို့လားကတ်တေ…ဝေ။ လိုက်လားဖို့ဆိုကေ အပါးချေရာဝေ။ လာ အခင်လိုက်ပြမေ။
ဘုန်ကြီးရှိ သင်္ဃာတန်းအောက်မှာ ကြောခိုင်းထိုင်လျက် စကားသာလာဘကျနီကြသည်ကို မြင်လိုက်သောကျန်တော် စိတ်မထိမ်းနိုင်ဘဲ၊ ကျောင်းကန်သိမ်ပုထိုးအား အာရုံမပြုနိုင်ဘဲ “မိမိ…..မိမိ…..အို…မိမိ” အသံတကြီ်း အော်ခေါ်လိုက်၏။ ကျန်အော်ခေါ်သံကြောင့် ဘုန်းကြီးကျောင်းတခုလုံ ပဲ့တင်ခပ်လျက် တကျောင်းလုံဟိသင်္ဃာ၊ လူမကျန် ရုပ်တရက်လန့်ဖြန့်လားကြ၏။ တယောက်မကျန် ကျန်တော်ဟိရာ ကျောင်းတန်းခါးဝသို့ အာရုံစိုက်လှည့်ကြည့်နီကြသည်။ မိခင်သည် ကြောခိုင်းထိုင်ရာမှ နောက်ပြန်လှည့်ကြည့်ကာ “ဦးကျော်သိန်း….မောင်ကြီး….ဦးကျော်သိန်း” ကျန်တော်ဟိရာသို့ ပြီးထလာပြီး ကျန်တော်အားဖက်ထားလိုက်၏။ ကျန်တော့်ဆံပင်များကို ယုယစွာပွတ်ကိုင်လျက် “အသက်ရှည်…ဘုန်းသျှင်” မျက်ရည်များစီးဆင်လျက် “ညီမချေညီချေရို့ကာ မောင်ကြီး” မိခင်၏အသံ မိနစ်များစွာရပ်လား၏။ “အားလုံးသူပါလာပါရေ….ရွာထဲမာကျန်ခပါရေ။” သားသမီလွမ်းနာကျနီသော မိခင်ကြီးသည် ငိုတဖက်ရယ်တဖက်နှင့် အလွန်ပျော်လား၏။
နိုလွတ်ခါစချန်ထားခရရေ ရင်သွီးငယ်ဝါ၀ါနှင့်သားသမီးများကို တွိ့ချင်ဇောနှင့် ရွာသို့ဗျာယာခတ်ဆင်းလာကြသည်။ သားသမီများကို မမြင်ရဘဲဝီးကွာနီရသော မိဖနှစ်ပါးသည် သားချေသမီးရို့ကို မြင်လိုက်ရသည့်အခါ အိမ်ခြံထဲသို့ ပြီးဝင် ၀င်လားကြ၏။ အိမ်ရှိပြင်ထိုင်စောင့်နီကြသော ညီချေညီမချေရို့လည်း ရုပ်တရက် “မိမိ….မိမိ၊ ဘာဘာ…ဘာဘာ” ငိုတ၀က်ရယ်တဖက်အော်သံများနှင့်အတူ ပြီးဖက်ထားလိုက်ကြ၏။ ကျန်တော်သည် အိမ်ခြံလမ်းဝက တပ်တိုင်ကိုကိုင်လျက် အတိုင်းအဆမဟိသော၊ နှိုင်ဆမနိုင်သော မိဖရို့၏ မဟာမောတ္တာသမုဒ္ဒရာနှင့်၊ သောက်သုံးမ၀နိုင်သော သားသမီးရို့၏ မိဖမောတ္တဆာလောင်ခြင်း လှုပ်ယှားမှုမြင်ကွင်းအား နောက်ကစောင့်ကြည့်လျက် အလွန်ပီတိဖြစ်မိ၏။ လူလားမမြောက်နိုင်သိမ့်သော သားသမီးများ၏မိဖမောတ္တာ ဆာလောင်မှုသည် မိဖနှစ်ပါးအား ပဒါမယ်ပြာလူးသကဲ့သို့၊ သားသမီးချေရို့လည့် သမုဒ္ဒရာရီကို သောက်သုံးသကဲ့သို့ သောက်ပြီးယင်းသောက်ယင်း မ၀နိုင်ကြ။ အာသီဿမပြေနိုင်ကြ။ မိဖမောတ္တာရီအိုင်ကလည်း ခမ်းခြောက်ခြင်းအစိုင်မဟိ။ ဤမြင်ကွင်းသည် ကျန်တော်၏ အမြင်အာရုံထဲက မည်သည့်အခါမှ မှုံဝါးလားလိမ္မည်မဟုတ်။ ကမ္ဗည်းကျောက်စာခပ်သကဲ့သို့ ကျန်တော်၏နှစ်လုံးသား၌ ထာဝါရစွဲကျန်နီပါလိမ္မည်။ မျက်ရည်များလည်း ကျန်တော်ပါးပြင်ပေါ်သို့ စီးကျလာကြသည်။
ဖခင်ကိုမမြင်ဖူးသောဝါ၀ါသည် ဖခင်နှင့်လိုက်ရန်တစိမ်းဆန်နီ၏။ ငိုရယ်မျက်နှာနှင့် ကျန်တော်၏ဖခင်သည် သိန်းအောင်ကျော်နှင့် မြသန္တာရို့အား ရွက်လျက် အိမ်သျှင်မကြီး၊ ခရီးကြုံလာကြသည့်အမျိုးသမီးဘကီးရို့အား အထူးကျေးဇူးတင်စကား ပြောပြပြီးနောက် မိသားစုအားလုံ အခင်မောင်လုံဖြူအိမ်ထွက်လာကြသည်။ လမ်းတလျှောက်လုံး ၀ါဝါသည် သမ၏မကျေနပ်ချက်များ၊ ခံစားချက်များအား၊ အဘောင်သျှင်ပြောစကားများ၊ အစ်ကိုယ်လပ် ပြုမူဆက်ဆံမှုများ၊ အစ်ကိုယ်ကြီး၊ အစ်မကြီးများက သူမအားဂရုမစိုက်၊ အစ်ကိုယ်ချေက အနိုင်ကျင့်မှုများအား တခုမကျန် မိခင်အားလျှောက်လွှာတင်လျက် မိခင်၏ရင်ခွင်၌ပိုးလျက်လိုက်လာ၏။ သူမအလွန်ဝမ်းနည်းနီ၏။ သူမအလွန်အားတက်ပျော်ရွှင်နီ၏။
(ခန်း ၃)
ရောက်ဖူးသည်ဟိအောင် ဒါကာမြို့သို့မိသားစုများနှင့်အတူ အလည်တခေါက်ရောက်အောင် လားခပြီးနောက်၊ မိဘများနှင့်တိုင်ပင်ဆွေနွေးပြီး အိုမင်းးမစွမ်းဖြစ်နီသော အဘောင်သျှင်နှင့် ညီငယ်အောင်ကျော်သိန်းရို့အား လုပ်ကျွေးပြုစုရန် ရခိုင်ပြည်သို့ ပြန်လှည့်လာ၏။ မခွဲမခွာချင်လိုကြသော ညီးမငယ်၊ ညီငယ်များ အစ်ကိုယ်လပ် အောင်ကျော်သိန်းအား ခေါ်ယူလာပြီး ပြန်လာလတ်ရန် တတွတ်တွတ်မှာလိုက်ကြ၏။ အဘောင်သျှင်၌ အားကိုးအားထားပြုရန် သားသမီဆွေမျိုးဟူ၍ နောက်ထပ်မဟိ။ တဦးတည်းသောသမီး ကြာသိန်းဖြူသည် သူမ၏လင်ယောက်ျား ဝေသန္တာရာနိုင်ငံရေးသမားနောက်သို့ ပါရမီဖြည့်မင်းသမီဖြစ်ရလီ၏။ ဤသည်မှာ အဘောင်သျှင်အားပြုစုစောင့်လျှောက်ရမည့် တာဝန်တခုလုံးသည် ကျန်တော်၏ပုခုန်းထက်သို့ အလိုအလျှောက်ကျရောက်လာ၏။
ကျောက်တော်မြို့နယ်ထဲသို့ တိုက်ရိုက်ပြန်ကြမည့် နွားကုန်သယ်များနှင့်အတူ ခရီလမ်းကြုံလိုက်လာ၏။ တောင်တန်းကြီးများ အထပ်ထပ်ကိုကျော်ဖြတ်ရမည့် လမ်းခရီသည် အလွန်ကြမ်းတမ်းပါ၏။ လက်နက်ကိုင်ရခိုင့်တော်လှန်ရေးများ ကြီးစိုးထားသော ဒေသဖြစ်သကဲ့သို့ ဗမာစစ်တပ်၏အထူးစစ်ဆင်ရေးနယ်ပယ်ဖြစ်၍ စစ်တပ်များထူထပ်စွာချထားကြ၏။ မည်သိုပင်ဆိုစေ မိမိ၌အထောက်အထား ပြည့်ပြည့်စုံစုံ
ပါလာသည့်အပြင် ဒီမိုကရေစီတော်လှန်ရေးသမားတဦး၏ သားဖြစ်နီမှုကို မည်သူမှသိမည်မထင်။ ထို့ကြောင်းပင် ကျောက်တော်မြို့နယ် ပီချောင်းဖျား၌ ချထားသော ဗမာစစ်တပ်များမီးမြန်းစစ်ဆည်းခြင်းမှ အောင်မြင်စွာလွတ်မြောက်လါပါ၏။ နွားကုန်သယ်များနှင့် လမ်းခွဲ၍ ကျောက်တော်မြို့သင်္ဘောဆိပ်ဟိ ထမင်းဆိုင်တဆိုင်၌ ကျောက်တော်စစ်တွေ သင်္ဘောအဆင်းကိုစောင့်ယင်း တည်းခိုနီလိုက်၏။ ကျောက်တော်နှင့်တဖက်ကမ်းမှ ကျောက်တော်တောင်စေတီကြီးသည် ဗုဒ္ဓသမိုင်း၊ ရခိုင်ရို့၏ပြောင်မြောက်ခသော သမိုင်းများကို ရင်ဝယ်ပိုက်လျက် မားမားမတ်မတ်ရပ်ကာ သမိုင်းတခေါတ်ကို ကြံကြံခံလျက်၊ သမိုင်မှန်နွံမနစ်သော နောက်တကြိမ်တောက်ပြောင်လာမည့် သမိုင်းသစ်ကို စောင့်မျှော်နီဟန်ပေါ်၏။ အလွန်ပင်ခန့်ညားဌေ၀ါပ၏။ သမိုင်ဟူသည် ပတ္တမြား၊ ပတ္တမြားမှန်နွံအောက်မကျွံဟူသော ပညာဟိများ၏စကား အလွန်ပင်မှန်လှပါ၏။ တည်းခိုနီသောထမင်းဆိုင်ရှိမှ ထိုင်လျက် ကျောက်တော်တောင်ကြီးအား ငေးမောကြည့်လျက် ဤသို့သောသမိုင်းအချိန်အ၀ါကြီးမားမှုကြောင့် သားသမီပစ်၊ မယားပစ်၊ ဆွေမျိုးပစ်လျက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တိုင်ပြည်နန့်လူမျိုးအတွက် အဖက်ဖက်မှသက်စွန့်ကြိုးပမ်းခသော၊ ကြိုးပမ်းနီကြသော ရခိုင်မျိုးချစ်များအား အထူးကြည်ညိုလေးစားမှုနှင့်အတူ ရခိုင်ပြည်ကြီးလွတ်မြောက်အောင် ကြိုးစားနိုင်ကြပါစီ…ဟု အားပီးအားမြှောက်ပြမိ၏။ ရခိုင်ပြည်ကြီး ကမ္ဘာတည်သ၍ တည်တမ်းနိုင်ပါစီ..ဟုလည်း ရည်သွမ်းမိ၏။
လမ်းခရီးတလျှောက်လုံး ခြီကျင်လျှောက်လာရသောကြောင့် ညောင်းညာနီ၏။ တကိုယ်လုံးလည်းကိုက်ခဲနီ၏။ စောစောအိပ်ရာဝင်ထားမှ ကောင်းမည်။ မိုးမလင်းခင် သင်္ဘောလက်မှတ်ဖြတ်ထားရန်၊ နီရာဦးယူထားရန် အရေးကြီး၏။ စောစောစီးစီး လှဲယောင်းနီလိုက်၏။
ထမင်းဆိုင်တခုလုံးဓါတ်မီးများဖြင့် ရုပ်တရက်ထိမ်လင်းလား၏။ ဂျီသရီး၊ ဂျီဖိုးပြောင်းဝများ ကျန်တော်ထံသို့ ယင်မြန်စွာဆိုက်ရောက်လာ၏။ ကျန်တော်မျက်စိပြူးလား၏။ ဗြုန်းဒိုင်းဝင်ရောက်လာသော စစ်ဖနပ်ခွာတဖက်သည် ကျန်တော်ရင်ဝသို့ပြီးဝင်လား၏။ နောက်ဘုတ်ဖနပ်တဖက်သည် ကျန်တော်၏မျက်နှာကို ရောင်စုံပတလုံးများတောက်အောင် နမ်းလိုက်၏။ နှာခေါင်းမှ သွီးစက်များဖြာထွက်လား၏။ သနပ်ဘောင်များ နောက်ကုန်းသို့ တဘုန်းဘုန်းကြွီကျာလာကြ၏။ ရင်ညွတ်ကို ပြောင်းဝဖြင့်အကြိမ်းများစွာ ထိုးသတ်ကြ၏။ နားနှစ်ဖက်မှ သွီးစက်များယိုထွက်လာ၏။ သွားများငလျှင်လှုပ်လားကြ၏။ ထမင်ဆိုင်ဝမှ ကျောက်ချလိုက်သည်ကိုသာ အသိစိတ်၌မှတ်မိ၏။ ကျန်တော်၏အသိအာရုံတခုလုံး နှစ်ခြစ်စွာ အိပ်မောကျလားရပါ၏လော။
မျက်နှာသို့ရီစက်များ သွန်ကျလာသည်။ ကျန်တော်လန့်နိုးကျလား၏။ ခန္ဓာကိုယ်တခုလုံး တုံခါနီ၏။ နာကြင်နီ၏။ မျက်နှာတခုလုံးလည်း စည်တင်းသကဲ့သို့ ရောင်တင်းနီ၏။ နောက်ကုန်း၊ ရင်ဖတ်များလည်း အောင့်နာနီ၏။ ခြီထောက်ကိုတချက် ဆွဲမိ၏။ ကျန်တော့်ခြီထောက်နှစ်ဖက်စလုံး ဆွဲမပါလာ။ မျက်ခုန်းဖုံးနီသော မျက်စိတစုံကို အားဓမ္မဖွင့်၍ ရှာကြည့်လိုက်သည်။ ခြီနှစ်ဖက်စလုံး ထိပ်တုံးကြားကို ရောက်နီ၏။ ပထ၀ီမြီကြီး အီစက်မှုကြောင်း အလွန်ချမ်းလာ၏။ တဟိန့်ဟိန့်ကြိုင်းလျက် မိဘများအားတမ်းတမိ၏။ ဘုတ်ဖနပ်တစုံ ကျန်တော့်မျက်နှာရှိ၌ရပ်လျက် “ဟဲ….ယခိ၊ ယခိ” ယိ့သပ်သပ်ခေါ်နီသည်။ မျက်လုံဖွင့်၍ကြည့်မိသည်။ “ယခိ..သတိယပြီလား၊ မင်းနာနည်ဘာလဲ”။ “ဦးကျော်သိန်း” လျှာလုံ၍ပြန်ဖြေလိုက်သည်။ အံဘောင်များ၊ လျှာရင်းများ မလှုပ်နိုင်အောင်နာကြင်နီ၏။ “ဘယ်လို….ဉ်ီးကျော်သိန်း..ဟုတ်လာ။ မှန်မှန်ပြော၊ မပြောယင် အသေသတ်ပစ်မယ်….ကြားလာ” ဟောက်ငေါက်လာ၏။ “အဖေနာမည် ဘယ်လိုခေါ်လေ။” “ဦးသာဇံ” “ဘယ်ကပြန်လာတာလဲ” “ဘင်္ဂလားဒါခ်ျ”။
လွယ်ထားသောသနပ်ကို ဘဲသို့လွှဲလိုက်ပြီး၊ ကျန်တော်မျက်နှာနား ထိုင်ချလိုက်သည်။ “အဲဒီမှာ ဘာသွာလုပ်လေ” မကြားရ၍ အနားကပ်မီးလာသည်။ “ညီလေ၊ ညီမလေးတွေကို မိမိနဲဘာဘာတို့ဆီလိုက်ပို့ခဲတယ်။” “မင်းမိဘတွေ ဘင်္ဂလားဒါခ်ျမှာ ဘာလုပ်လေ။ ဖာခံနေကျတာလား” မိဖနှစ်ပါးအားစော်ကားလိုက်၏။ “ဒီမိုကရေစီ ဖာခံနေတာလား…ဟုတ်လာ” ပို၍ယုတ်မာလာ၏။ “ဆိုင်ယောင်းနေကျတယ်။” “မအေလိုး ညာနေသေးတယ်” အော်ဆဲလိုက်ပြီး ကျန်တော့်ဆံပင်ကို ဆွဲဆုပ်ကိုင်လိုက်လျက် တညဇာလုံး အသတ်ခံထားရသောမျက်နှာ ဖူးရောင်မဲညိုနီသည်ကို လက်ဝါးဖြင့်ထပ်၍ ပိတ်သတ်လိုက်သည်။ မျက်လုံးများပြူးထွက်လားမတတ် ခံစားလိုက်ရ၏။ နှာခေါင်းမှ သွီးတောက်များယိုထွက်ကျလာ၏။ တဆပ်ဆပ်ခါနီသော ကျန်တော့်ကိုယ်ခန္ဓာကို မြီကြီးသို့ ဆောင့်ချလိုက်ကာ၊ ရင်ညွတ်ကို ဒူးငုတ်ဖြင့် ထောင်းချလိုက်သည်။ ပါးစပ်မှ သွီးခဲများအော့ထွက်လာ၏။ စစ်သားသုံးလေးယောက် အခန့်ထဲဝင်လာကြပြီး ကျန်တော်အား ထိပ်တုံးမှပြန်ဖြုတ်ကာ ခြီထောက်နှစ်ချေင်းကို ပူးချိုင်လျက် ဇောတ်ထိုးမိုးပြန် တွဲလောင်းချိုင်ထားလိုက်သည်။ မျက်နှာကို အ၀တ်ဖဲ့ဖြင့်ချုပ်ထားကြသည်။ ၀တ်ထားသော အင်္ကျီ၊ ဒယောများကို ဆွဲချွတ်လိုက်ကြသည်။ အ၀တ်မဲ့ကိုယ်ခန္ဓာအား လိပ်ကျောက်ပုတုံးဖြင့် အဆက်မပြတ် တဖျိန်းဖျိန်းသတ်ကြသည်။ နောက်ကုန်း၊ ရင်ဖတ်၊ ၀မ်းကြောများမှ သွီးစက်များယိုထွက်ကျလာ၏။ တွဲလောင်းချိုင်ထားရာ ဂေါင်းအောက်မှာ ရီဖြည့်ထားသော စည်ပိုင်၌ ကျန်တော့်ဂေါင်းကို မြှုတ်လိုက်၊ ဖေါ်လိုက်နှိပ်စက်ကြသည်။ လုံးဝမခံနိုင်သည့်နောက်ဆုံး ညီးငယ်ညီမငယ်များအား မိဖထံသို့ လိုက်ပို့ခကြောင်း၊ ဖခင်သည် Arakan League for Democracy (ALD ရခိုင်ီမိုကရေစီအဖွဲ့ချုပ်) ပါတီဝင်ဖြစ်ကြောင်း၊ လက်ဟိဘင်္ဂလားဒါခ်ျနိုင်ငံဆိုင်ရာ တာဝန်ခံဥက္ကဌဖြစ်ကြောင်း အမှန်တိုင်းယှင်းပြလိုက်ရ၏။
မီမြန်းစစ်ဆေးပြီးနောက် တွဲံလောင်းချိုင်ထားရာမှ ပြန်ဖြုတ်လိုက်ကြသည်။ ကျန်တော်အားလက္ဘက်ရည်တခွက်တိုက်ကြပြီး၊ ဆီးကရက်တလိပ်ကို မီးစွဲလို့ပီးလာ၏။ ဆီးကရက်နှင့် လက္ဘက်ရည်ကိုသောက်ရန်ကား ကျန်တော့်လက်ချောင်းများ မစွမ်းသာချေ။ ကျန်တော်ပါးစပါထဲ ဖြဲ၍လောင်းထည့်ကြသည်။ ကျန်တော်ဆီးကရက်ကို ချိပ်သောက်လိုက်သည့်နောက် မျက်လွှာများ မျက်စိများအား တခါးပိတ်ကျလာသည်။ ကိုယ်ခန္ဓာညောင်းညာလာသည်။ တဖြည်းဖြည်း ကျန်တော်အိပ်ချင်လာ၏။ အမှောင်ခန်းထဲမှာ နှစ်ရက်လုံးလုံး အိပ်ပျော်လားပြီးနောက်၊ ကျန်တော်အား နောက်တခန်းသို့ပြောင်း၍ ဆီးထိုး၊ ဆီးပွတ်လုပ်ကြပြီး၊ ကျောက်တော်တရားယုံး၌ နိုင်ငံတော်ပုန်ကန်သူများအား သတင်းပီးအမှုဖြင့် ကျန်တော်အားတရားစွဲဆိုလိုက်ကြ၏။
ကျောက်တော်ထောင်ချုပ်ထဲ၌ (၆) လခန့်ထားပြီးနောက် စစ်တွေထောင်သို့ ထောင်ပြောင်းလိုက်ကြသည်။ ကျောက်တော်စစ်တွေ သင်္ဘောထက်၌ ၀ိုင်ကြည့်ခံရသည်။ မည်သူတဦးတယောက်မျှ ကျန်တော်အား စကားစပ်ပြောချင်ကြဟန်မပေါ်။ သို့သော် ကျန်တော်အနီးအနားဟိသူများထံမှ ဆီးလိပ်တောင်းသောက်ကြည့်သည်။ တချို့ကလည်းမပီးချင်ကြသည့်အပြင် အထင်အမြင်မချင်းသောမျက်နှင့် ကြည့်ကြ၏။ တချို့ကလည်း အိပ်ထဲကဖက်ဆီးလိပ်များထုတ်ပီးကြ၏။ စစ်တွေဆပ်ရကျချေင်း သင်္ဘောဆိပ်၌လည်း လူများကျန်တော်အားဝိုင်းအုံကြည့်နီကြသည်။ ကျန်တော်၏ကိုယ်ခန္ဓာတခုလုံး ဒါဏ်ရာဒါဏ်ချက်၊ အမာရွက်များနှင့် ပြည်ချံနီ၍ မည်သူမှ မှတ်မိပုံမပေါ်။ ရုပ်သွင်ပြောင်းနီသော ဦးကျော်သိန်း၏ လက်နှစ်ဖက်ကို နောက်ပြန်လက်ထိပ်ခတ်ထားသည်ကို ၀ိုင်ကြည့်ကြဟန်ပေါ်၏။ ကျန်တော် မျက်နှာမဖေါ်ဝံ့အောင်ပင် ရှက်နီ၏။
စစ်တွေထောင်တွင်း၌ ကျန်တော်အား ရာဇ၀တ်မှုကြီးသူများ၊ ကြိုးစင်တင်ရန်ထားသော ထောင်သားများနှင့်အတူ တိုက်ပိတ်ထား၏။ ညီငယ်အောင်သိန်းနှင့် အဘောင်သျှင်ရို့အား ဆက်သွယ်ရန် အလွန်ခက်ခဲ့နီချိန် ရမာန်းတပါတ်ယုံးချိန်းကျသောနိ့ တရားယုံးအချုပ်ခန်းထဲ၌ မှတ်မထင်ဘဲ သူငယ်ချင်းတယောက်နှင့် တွိ့ခွင့်ရလိုက်၏။ သူငယ်ချင်းအား စာတိုတစောင်ကို ညီဖြစ်သူအောင်ကျော်သိန်းထံ ရောက်အောင်ပို့ပီးရန် ကုညီတောင်းလိုက်ရ၏။
အခန်း (၄)
“အောင်ကျော်သိန်း၊ အောင်ကျော်သိန်း” အသံတုန်တုန်ဖြင့် အဘောင်သျှင်အော်ခေါ်သံကြားရသော အောင်ကျော်သိန်းသည် ရီဆိုင်းထမ်းကို ဒရွင်းစည်ပိုင်းနား မျှောင်ချထားလိုက်ပြီး လက်နှစ်ဖက်ကိုခါးထောက်လျက် “ဇာလေ… ကျွိ့ကျွိ့ခေါ်နီရေ၊ ရီမပြည့်သိမ့်။ ရီခပ်ရဖို့သိမ့်။ ဇာလုပ်ဖို့လဲ ခေါ်စွာ” စိတ်ဆိုးဆိုးဖြင့်ပြန်မီးလိုက်သည်။ “အဘောင်သျှင်တခုပြောမေ၊ ဒေမာ စာတစောင်ရောက်နီရေ။ ဇာလေချင့် ဖတ်ကြည့်ဇမ်”ပြောယင်း အိမ်ရှိသို့ထွက်လာသော အဘောင်သျှင်လက်မှ အောင်ကျော်သိန်း စာကိုလှမ်ယူဖတ်ကြည့်လိုက်သည်။
သို့
ညီချေ အောင်ကျော်သိန်း
ရက်စွဲ ၆၊ ၀၇၊ ၉၉
အားကိုးကြီးစွာနန့် အကိုကြီးစာရွီးသတင်းပို့လိုက်တေ။ အကိုကြီး ဘင်္ဂလားဒါခ်ျက ညီချေ၊ ညီမချေရို့ကို လိုက်ပို့လို့အပြန်ခရီးမာ နွားကုန်သယ်တိသတင်ပီးရေအတွက်ကြောင့် ကျောက်တော်မြို့ထက်မာ စစ်တပ်နန့်စစ်ထောက်လှမ်းရေးက ဖမ်းဆီးချုပ်နှောင်လိုက်ကတ်တေ။ အေကု စစ်တွေထောင်ကို ရောက်နီရေ။ အကိုကြီးကို တိုက်ပိတ်ထားရေ။ တယောက်နန်လေ့ ဆက်သွယ်မရစွာ (၄) လ လောက်ကြာလားပျာ။ ထောင်ထဲမာ တယောက်တည်းစိတ်ကိုဖြည့်တင်းပြီး နီနီရရေ။ အကိုႀကီးမာ ဒေယာ၊ အက်ႌ၊ ပဆို တခုလည့္မဟိ။ သမာန်တလင်းထက်မာ အ၀တ်မဲ့အိပ်နီရရေ။ စစ်ထောက်လှမ်းရေက နှိပ်စက်လို့ အကိုကြီး ကျန်းမာရေး ကောင်းနီမကောင်းဖြစ်နီရေ။ အထက်က ဖေါ်ပြထားရေ ပစ္စည်းတိကိုယူလာပြီးကေ ထောင်ဝင်စာတခေါက် လာတွိပါဝေ…..ညီချေ…..
မင်းအကိုကြီး
ဦးကျော်သိန်း
စစ်တွေထောင်
“သီ……..သီ…….၊ လေးဆယ်ငါးခါ…သီ။ မင်းမသီကေ…အသူသီဖို့လဲဝေ အကိုကြီး။ မင်းကို ငါအမြှုတ်ထွက်အောင် ပြောလိုက်တေ။ အချေတိကို လိုက်မပို့ခီကဲ့။ မင်းဒုက္ခကို မင်းခံ၊ ငါနန့်တခုလေ့မဆိုင်” ဒေါသကြီးတတ်သော အောင်ကျော်သိန်းသည် အန်ကြိတ်မြည်တွန်လိုက်၏။ “ဇာလေချင် မင်းအကိုကြီး ဇာဖြစ်နီလေ။ အဘောင်သျှင်ကိုချက် ပြောပြပလင်” သိချင်ဇောကြီးဖြင့် မီးလာသော အဘောင်သျှင်အား နောက်တကြိမ် အသံထွက်ဖတ်ပြလိုက်သည်။ “ဘုရား…..ဘုရား….ဒုက္ခငရဲကြီး” မြည်တွန်လျက် သူမ၏ပါးရီလိပ်များကြားသို့ မျက်ရည်စက်များ ဖြတ်စီးဆင်းလားကြ၏။ “ဇာလောက်ဒုက္ခ ရောက်နီလိမ့်မေ မသိမြီးချေ။ ဦးကျော်သိန်းကိုလားတွိကတ်မေနန့် မြီးချေနန့်” အားကိုးမဲ့စွာမီးလာ၏။ “အဘောင်သျှင်လားတွိခီ……ငါမတွိ။ ယင်းသူကို ယင်းလောက်ပြောလိုက်တေ အချေတိကို လိုက်မပို့ခီကဲ့။ သားသမီးကို ဂရုမစိုက်တေမိဖကို ဇာလုပ်ဖို့လိုက်ပို့ဖို့လဲ့။ ငါရို့တိကို ကမြင်းလို့မွီးပစ်ခစွာလာ။ သားမစစ်သမီးစစ် ထွက်ပြီးလားခကတ်တေ။ သားသမီးကိုမစစ်တေမိဖကို သားသမီးကစစ်ရဖို့လား။ ယင်းသူဒုက္ခကို ယင်းသူခံ…ငါနန့်တခုလေ့မဆိုင်။ တွိ့ချင်ကေ အဘောင်သျှင်လားတွိ့ခီ။ ငါမတွိ့” အဘောင်သျှင်ကို ငေါက်အော်ပြာဆိုပြီး အောင်ကျော်သိန်း ရီဆိုင်းထမ်းကိုထမ်းလျက် ရီခပ်ထွက်လားလီ၏။
ထောင်တွင်းထဲ၌ နှစ်တာရှည်ထောင်ဒါဏ်ကျနီသော ထောင်သားတဦး ကျန်တော့်ထောင်တန်းခါးဝရှိမှာရပ်လျက် “ဦးကျော်သိန်း…..မင်းဖနာမေ ဇာခေါ်လေ” မီးလာ၏။ “ဦးသာဇံ….” “အိမ်ကလူလာတွိ့ရေ….ငါနောက်ကို လိုက်ပါလတ် ဝေး” ကျန်တော်လည့် ထောင်ဝင်စာလာတွိ့ရာနီရာသို့ ဥိးဆောင်လားနီသော ထိုထောင်သားနောက်သို့ လိုက်လာ၏။
သံဇာကာပေါက်များကြားမှ အိုမင်းမစွမ်းရောက်နီသော အဘောင်သျှင်၊ ညီချေအောင်ကျော်သိန်းရို့ကို လှမ်းမြင်လိုက်ရ၏။ စိတ်ထဲ၌ ၀မ်းမြောက်အားတက်မိသော်လည့် အဘောင်သျှင်သည် ရုပ်ပျက်နီသော ကျန်တော်အားမြင်လိုက်ရသည့်အခါ ၀မ်းနည်းကြီးကွဲစွာ အော်ငိုလိုက်၏။ မျက်ရည်များသူမ၏ ပါးရီလိပ်ကြားများသို့ ၀င်ပြီးလားကြ၏။ ပါးရီလိပ်များကြားမှ ပြီးထွက်လာကြ၏။ “ဦးကျော်သိန်း….ဥိးကျော်သိန်း” အောင်ခေါ်ပြီး သူမစားသံများရပ်နားလားဟန်ပေါ်၏။ အဘောင်သျှင်အား စိတ်ဓါတ်မကျအောင် အားပီးစကားများပြောပြီး၊ အောင်ကျော်သိန်းအား ရှိနီငှားရန်တိုက်တွန်းလီ၏။ သို့သော် အောင်ကျော်သိန်း၏ ဒေါဿက မီးတောင်ပေါက်ကွဲလာသကဲ့သို့ တဟုန်းဟုန်းစီးထွက်လာ၏။ “အဝေး…..အကိုကြီး မင်းကိုငါ အကြိမ်ကြိမ်ပြောလိုက်တေ။ အချေတိကိုလိုက်မပို့ခီကဲ့။ သားသမီးတရွီကိုပစ်လို့ လင်နောက်ကိုလိုက်ပါလားခရေ မိမိလေ၊ ငါရို့ကိုထက် ဘာဘာကိုရာချစ်တေ..ဝေ…၊ အများလူတကာ ကျောင်းတက်နီရေအချိန်မာ ငါရို့လက္ဘရည်ဆိုင်မာ စပွဲထိုးလုပ်လို့၊ ကားဝက်ချွက်မာ သံချီးခြစ်လို့ ညီချေညီမချေတိ လုပ်ကျွေလို့ကျန်ခရရေ။ ဘာဘာထွက်လားလို့မကျီ၊ နိုညှီမစင်ရေ အချေကိုပစ်လို့…..ငါရို့အမိလေ…လင်နောက်ကိုရာလိုက်လားခရေ။ ဖြတ်ဖြတ်တီလို့ လိုက်လားခရေ။ သားသမီးကိုထက် လင်ကိုချစ်တေဝေး……။ ကမ္ဘာမီးလောင်သားကောင်ကိုရာခုထိုင်ရေဝေး…….။ လင်ကောင်ကိုခုထိုင်ရေလို့မဟိ….မှတ်ထားမင်း။ မိဖ၀တ္တရားမကျီပြွန်ရေ….အေပိုင်မိဖမျိုးကို…ငါအောင်ကျော်သိန်း….ဘာဘာဦးသာဇံ၊ မိမိကြာသိန်းဖြူရို့ကို မိဖအဖြစ်က တသက်ပါတ်လုံး စွန့်လွှတ်လိုက်ပျာဝေး….အကိုကြီး။ တရပ်ကွက်လုံးမာ အောင်ကျော်သိန်းမာ မိဖမဟိလို့ မောင်းခတ်ကြေငြာလိုက်ပျာ။ သားသမီးမစစ်တေမိဖကို မိကောင်းဖခင်လို့ မခေါ်ဝေး………၊ ယင်းပိုင်စွန့်ပစ်ခြင်းခံရရေ သားသမီးကိုလေ့ မိကောင်းဖခင်သားသမီးလို့ မခေါ်ဝေး……..မှတ်ထားမင်း။ ကောင်းကောင်းရှက်ဖိုကောင်းရေဝေ အကိုကြီး။ ငါ့ကိုငါရှက်တေ။ ယေဇူနန့် လူတောသျှင်တောကို ငါမလား။ မိဘမဟိဆိုခါမှ ညီးအကိုမောင်နှစ်မလေ့ ဟိသိမ့်လာ။ ဒေမာ မင်းအတွက် အဘောင်သျှင်မာယူခရေ အ၀တ်အစားနန့် ထမင်းခြောက်တပူး ရဲသားဘက်မာထားခယင့်။ လားပျာယေ။ ကိုယ့်ပြဿနာကို ကိုယ်ဖြေယှင်။” ဒေါဿမုန်းတိုင်းတိုက်ပြီး အောင်ကျော်သိန်း ထောင်ဝင်စာလာတွိ့ရာမှ နောက်ပြန်လှန်ထွက်လားလီ၏။
ဤအဖြစ်အပျက်တခုလုံးသည် မိဘနှစ်ပါးမှာလည့် အပြစ်မဟိသလို ညီချေအောင်ကျော်သိန်းမှာလည်း အပြစ်မဟိဟု ကျန်တော်ကောင်းကောင်း သဘောာပေါက်မိ၏။ သို့သော် အောင်ကျော်သိန်းအား သဘောပေါက်နားလည်လာအောင် ယှင်းပြရန်ကား ပြောပေါက်မရလိုက်ချေ။ မိဘနှစ်ပါးသည် အုပ်ချုပ်သူဗမာစစ်ထောက်လှမ်းရေးနှင့် ၄င်းစစ်အာဏာသျှင်ရို့၏ သားကောင်းဖြစ်လာရသလို သူရို့၏သားသမီးများသည်လည်း နိုင်ထက်စီးနင်းမှု လောင်းရိပ်အောက်မှာ အသစ်အအုံဖျက်စီးခြင်းခံလိုက်သည်မှာ ဖိနှိပ်စိုးမိုးသူရို့၏ စနစ်ဆိုးကြောင်းသာဖြစ်ရ၏။ သားသမီးများသည်လည်း မိဘရို့၏ ရင်ဝယ်အောက်က ခွဲထုတ်ခြင်းခံလိုက်ရသည်။ ထိုအတူ မိဘနှစ်ပါးသည်လည်း ချစ်လှစွာသော သားသမီးများအား မလှမပခွဲခွာကြရ၏။ ဤသည်မှာ အုပ်ချုပ်ခံသူရို့၏ အပြစ်ကားမဟုတ်။ ကျူးကျော်လွှမ်းမိုးထားသူရို့၏ လက်ချက်သာဖြစ်သည်။ စနစ်ဆိုးဝါဒဆိုးသာဖြစ်သည်။ ညီချေအောင်ကျော်သိန်း နားလေနိုင်စွမ်းနည်းပါးမှုမှာ သဘာဝမကျဟု မဆိုနိုင်ပေ။ အသက်အရွယ်နုငယ်၍သာဖြစ်သည်ဟု ခွင့်လွှတ်မိ၏။ ညီချေအောင်ကျော်သိန်း တနိနိတရက်ရက် နားလည်သဘောပေါက်လာလိမ္မည်ဟု မျှော်လင်းလျက် တတွတ်တွတ်ပြောနီသော အဘောင်သျှင်၏ စကားသံများကိုစူးစိုက် နားထောင်လိုက်၏။
အခန်း (၅)
လပေါင်းများစွာကြာလားခပြီးနောက် အမှတ်မထင် အောင်ကျော်သိန်းထံသို့ စာတစောင်ရောက်လာ၏။ အောင်ကျော်သိန်း စိတ်မပါတပါ စာအိပ်ကိုဖွင့်ဖတ်လိုက်၏။
သို့
ညီချေ အောင်ကျော်သိန်း
ညီချေနီကောင်းလိမ့်မေလို့ မျှော်လင်းလျက်၊ ညီချေဘ၀အပြင်ဘက်က တော်စပ်နီရေ နောင်တော်ကြီး ချစ်ခင်စွာနန့် စာရွီးလိုက်တေ။ စိတ်တိုင်မကျကေ အေစာကိုဆုတ်ဖြဲ ၀ဲသတ်ပစ်လို့ရရေ။ မင်းသဘောမကျရေ အကြောင်းအရာတခုကို အကိုကြီးယှင်းပြမေ။ စိတ်ရှည်ရှည်ထားဖတ်ကြည့်။ မင်း ဘာဘာနန့်မိမိရို့ကို အထင်လွဲနီရေစိတ် ကကောင်းကြီးထွား နီရေ။ ယင်းအတွက်နန့် အကိုကြီးစိတ်မကောင်း။ စိတ်မချမ်းသာ။ ဘာဘာနန့်မိမိရို့သိကေ ဇာလောက်ခံစားရကတ်မေ မသိ။ ယူကျုံးမရဖြစ်ကတ်ရဖို့စွာ သေချာရေ။
ကျူးကျော်သူအာဏာသျှင်စနစ်ဆိုက ငါရို့မိသားစုကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ဖန်တီလိုက်တေ။ ခွဲခြမ်းလိုက်တေ။ မင်းနားလေအောင် အကိုကြီးယှင်းပြမေ။ ၁၉၈၈ ခုနှစ်မာ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ထွက်လာရေ။ ဒီမိုကရေစီနန့် စစ်မှန်ရေ၊ အမျိုးသားအုပ်ချုပ်ပိုင်ခွင့်ပါဝင်ရေ ဖိုင်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ကြိုးစားလာကတ်တေ။
ဒီမိုကရေစီအရေးခြင်းကြောင့် ၁၉၉၁ ခုမာ ပါတီစုံရွီးကောက်ပွဲကို စစ်အာဏာသျှင်ရို့ စိတ်မအီမသာ လုပ်ပီးရရေ။ အေရွီးကောက်ပွဲမာ ရခိုင့်ဒီမိုကရေစီအဖွဲချုပ်က တတိယအများဆုံး မဲနိုင်ခရေ။ ယင်းရခိုင့်ဒီမိုကရေစီအဖွဲချုပ်မာ ငါရို့ဘာဘာရေ စစ်တွေမြိုနယ်အတွင်းမာ တက်ကြွရေ လူငယ်ပါတီဝင်တဦးဖြစ်လာရေ။ တိုင်ပြည်နန့် လူမျိုးအတွက် ပြည်တွင်းထဲမာကြိုးစာနီယင်း စစ်ထောက်လှမ်းရေးက တက်ကြွရေ လူငယ်ရို့ကို လိုက်ဖမ်းမှုကြေင့် မလွှဲမယှောင်သာ နိုင်ငံခြားကိုထွက်ပြီးလားရရေ။
ဘာဘာနိုင်ငံခြားမာ နိုင်ငံရေးလှုပ်ယှားလို့ ငါရို့မိမိကို ဗမာစစ်ထောက်လှမ်းရေးရို့ စစ်ဆေးရေးစခန်းမာ ဖမ်းယူချေုပ်နှောင်ပြီးကေ စစ်ဆေးခြင်းခံရရေ။ ညှင်းပန်းနှိပ်စက်ခံရရေ။ ယငနောက်မာ တပါတ်တကြိမ် အိမ်မာဟိကြောင့် စစ်ထောက်လှမ်းရေးစခန်းကို လူကိုယ်တိုင် သတင်းလားပီးရရေ။ ညာဥ့်နိမယှောင် အချိန်တိုင်မာ ခေါ်ယူစစ်ဆေးခံရရေ။ မင်းအသိ..ဝေ…ညီချေ။ မင်းကိုယ်တိုင်မျက်မြင်ကိုယ်တွိ့ တယောက်ဟုတ်တေ မဟုတ်လား။ ယင်းပိုင်စစ်ဆေးမီးမြန်းနီချိန်မာ ငါရို့မိခင်ကို ကိုယ်ထိလက်ရောက် သတ်ပုတ်ညှင်းဆည်းခကတ်တေ။ မိခင်နန်အမြဲကပ်ပါတတ်တေ ၀ါဝါခိုင်ကို အမိရင်ခွင်က ယူပြီးကေ “လာ…အဖေနဲ့လာ။ ဖအေတူ သမီးလေး၊ အဖေသမီးလေး…..အဖေဆီကိုလာ” ဖမစစ်ဗမာစစ်သားရို့က အမျိုးမျိုးကဲရဲ့တိုင်ထွာ ကတ်တေ။ ယင်းပိုင် ပစအပုတ်နန့် ယုတ်မာတိုင်ထွာခြင်းခံရရေ။ ကိုယ်ထိလက်ရောက် အနိုင်ကျင်ခံရစွာက ဇာလောက်များလိမ့်မေ မသိ။ စိတ်ပိုင်ဆိုင်ရာ ဖိနှိပ်မှုခံရရေ။ ငါရို့ဖခင်ကို ပြန်ခေါ်မပီးနိုင်ကေ နှစ်ရှည်ထောင်ချဖိုထိ ခြိမ်းခြောက်လာလို့ မခံမရပ်နိုင်ဖြစ်ပြီးကေ နိုညှီမစင်ရေ ၀ါဝါခိုင်ကို ပစ်ပနာ ဘာဘဟိရေဘင်္ဂလားဒါခ်ျကို တိတ်တိတ်ချေ ခိုးထွက်လားရစွာဖြစ်တေ။
အဝေ…ညီချေ၊ အကယ်၍ မင်ရာခွဲစိတ်ကုဿရေ ဆရာဝန်တယောက်ဆိုကေ ငါရို့မိခင်ရင်ထဲမာ ကြိတ်မှိတ်ခံစားနီရရေ-ချင်းပြလိုနားမလည်နိုင်ရေခံစားချက်တိ၊ ဖြီဖျက်လိုမရနိုင်ရေ ဝေဒနာ၊ ကုဿလို့ မပျောက်ကင်းနိုင်ရေ ဒါဏ်ရာဒါဏ်ချက်တိ၊ ဖြေဖျက်လိုမရနိုင်ရေ အမာရွက်အကျိတ်အခဲတိကို- ခွဲစိတ်ကြည့်ကေ ကောင်းကောင်းတွိ့ရလိမ့်မေ။ အေပိုင်ခံစားချက်မျိုးကို မျှယူခံစားကြည့်စွာကလွဲလို့ တခြားနည်းနန့် မတွိ့မမြင်နိုင်၊ ကုဿဖို့ မစွမ်းဆောင်နိုင်။ ရဲမယ်၊ စစ်မယ်မဟိရေ ရခိုင်ပြည်ထဲက ဗမယစစ်ထောက်လှမ်းရေး ယောက်ျားတိကြားထဲမာ အမျိုးသမီး (ငါရို့မိမိ) တယောက်တည်း ညာဉ်ံမယှောင် စစ်ဆေးမီးမြန်းခံရမှု၊ ဆဲရဲတိုင်းထွာခြင်းခံရမှုတိရေည အမျိုးသမီးတယောက် လုံခြုံမှုအခွင့်အရေးကို ဇာလောက်ထိခိုက်၊ ချိုးဖောက်ခံနီခရရေဆိုစွာ မင်သိယင့်လား။ နားလည်ယင့်လား….ညီချေ။ အဲ…ဝေ…ယင်းပိုင်အလားတူ အဖြစ်အပျက်တိ ရခိုင်ပြည်တွင်းထဲမာ အများကြီး။ လူမသိဘဲ ဖုံးကွယ်ခံထားရရေ အဖြစ်အပျက်တိလေ့ အမြောက်အများ။ စီးပွားရေး လုပ်ချင်လို့ သမီးအပျိုစင်ကို ဗမာစစ်သား၊ ထောက်လှမ်းနန့် ပီးစပ်လိုက်ရရေ သာဓကတိ စစ်တွေမြို့မာထဲ တပုံကြီး။ ပေါ်တာဆွဲမခံချင်လို့ သမီးကညာကို စစ်သားနန့် ချပီးလိုက်ရရေ ဥပမာတိ ကျောက်တော်မြို့နယ်၊ ပလက်ဝမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မြောက်ဦးမြိုနယ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်တိမာ တပုံပုံလို့။ နယ်စပ်ရွာချေတိမာ စစ်တပ်က၀င်လာကေ သားလင်ကို ကင်းစောင့်ခိုင်ပြီးကေ သားသမီး၊ သားမယားရို့ စစ်သားအလိုကျ အပျော်တော်အဖြစ် ဆက်ဿရရေ။ ရခိုင်ပြည်အနှံ လားစုံစမ်းကြည့်ကေ မင်းကောင်းကောင်းသိနားလည်လိမ့်မေ။ သဘောပေါက်လိမ့်မေ။
သူရို့သွီးသားထဲက မွီးထုတ်လိုက်တေ သားသမီးကိုမချစ်၊ မသနား၊ မစာနာ၊ မကြင်နာဆိုစွာ အောလောလူဘုံမာ မဟိဝေ ညီချေ။ မင်းကြားဖူးဖို့ ဘုရားဆုပန်ရေ ဝေသန္တရာမင်းကြီး သူရင်ဝယ်သားသမီး ဂနာနန့်ဇာလီကို ဒူဇက္ကာပုဏ္ဏားနှိပ်စက်စွာကို မမြင်နိုင်လို့ သံလျှက်ကိုဆွဲမိလို့ ဘုရားအဖြစ်ကို တဘ၀နောက်ကျလားရလီရေ။ ယင်းချင့်ရေ သားသမီးရို့အပေါ်ထားရေ မိဘရို့မောတ္တာဖြစ်တေ။ အမျိုးသမီးဂုဏ်သိက္ခာ၊ လုံခြုံကိုထိပါးနစ်နာခြင်းခံလိုက်ရရေ ငါရို့မိခင် သားသမီးမစစ်ဘဲ တိုင်းတပါးကို ထွက်ပြီးလားရခြင်းရေ ညီချေအောင်ကျော်သိန်းကို မချစ်လို့ကားမဟုတ်။ အစ်ကိုကြီးရို့၊ ညီချေ၊ ညီမချေရို့ကို မချစ်၊ မကြင်နာ၊ မသနားလို့ကား မဟုတ်ဝေ ညီချေ။ ဗမာစစ်အာဏာသျှင်ရို့ စနစ်က မိဘနှစ်ပါးနန့် (ငါရို့) သားသမီးရို့ကို ခွဲခြားထားလိုက်စွာရာဖြစ်တေ။ အေပိုင် စနစ်ဆိုးတိကို ဖယ်ယှားပစ်ဖို့ မိမိရေ ဘာဘာနိုင်ငံရေးသမားနန့် ပူးပေါင်းလားစွာရေ ကောင်းကောင်းဂုဏ်ယူဖို့ကောင်းရေ။ အလွန်မြင့်မြတ်တေ လုပ်ငန်းဖြစ်တေ။ အနန္ဒကုသိုလ်လေ့ မြောက်တေ။ အေပိုင်စိတ်ဓါတ်မျိုးကို လူတိုင်မစွမ်းနိုင်။ လူတိုင်းလူတိုင်းမာ မျိုးချစ်ဟိကတ်ကေလေ့ တိုင်းချစ်ပြည်ချစ်၊ မျိုးချစ်ကောင်းတယောက် ဖြစ်လာဖို့မလွယ်ကူ။ မျိုးချစ်ရို့မည်သည်မာ အလုံးစုံကိုယ်ကျိုးစွန့်ပြီးကေ တိုင်ပြည်နန့်လူမျိုးအတွက် အကျိုးဆောင်ကတ်တေ။ အေပိုင်လူသားထဲမာ ငါရို့မိဘ-ဘာဘာနန့်မိမိရို့လေ့ ပါဝင်လိမ့်မေ။ ညီချေ…မိမိနန့်ဘာဘာရို့ တိုင်းပြည်နန့်လူမျိုးအတွက် တစွမ်းတစ အကျိုးဆောင်မှုကို ဂုဏ်ယူလိုက်ပါ။
ဟုတ်တေ ညီချေပြောစွာမှန်ရေ။ ဘာဘာအိမ်က ထွက်င်္ပြီးလားခရရေနောက်ပိုင်မာ ငါရို့ညီအစ်ကိုယ် မောင်နှစ်မတတော ကျောင်းထွက်လိုက်ရရေ။ ချစ်ခင်ရင်းနှီးရေ ကျောင်းသူငယ်ချင်းရို့ကို ကြောခိုင်ပြီးကေ လက္ဘရည်ဆိုင်၊ ကားဝက်ချွက်မာ ၀မ်းရေးအတွက် ရုံးကန်ရရေ။ ငါရို့ပညာရေး အချိန်မတန်ဘဲ ကြွီကျပျက်စီးလားရရေ။ ဘာဘာရာ ရခိုင်ပြည်ထဲမာ ဟိနီခကေ ထောင်နန်းစံလို့ရာ ဟိနီလီဖို့စွာ သေချာရေ။ ရုပ်ပိုင်ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတိကို ထောင်နန်းစံလို့ ခံစားနီရဖို့အစား မိသားစုအတွက် စိတ်ပိုင်းဆိုင်ရာခံစားပျာ နိုင်ငံခြားမာခိုလှုံပြီးကေ တိုင်ပြည်နန့်လူမျိုးအတွက် တစွမ်းတစကြိုးစားအားထုတ်နီရစွာက ပိုလို့အကျိုးဟိရေ။ ဘာဘာကို ပိုလို့အသက်ရှည်စီရေ။ တိုင်းတပါးကို ထွက်မရောက်နိုင်ဘဲ ထောင်နန်းစံနီကတ်တေ။ ရာပေါင်းများစွာ ရခိုင်တိုင်ချစ်ပြည်ချစ်တိ ရခိုင်ပြည်ထောင်ထဲမာ ဝေဒနာခံစားနီရကတ်တေ။ တချို့ကကိုယ်အင်္ဂါပျက်စီးလားအောင်ထိ သတ်ပုတ်ခံရကတ်တေ။ တချို့က ထောင်ထဲမာ သက်စွန့်လားကတ်ရရေ။ ဇာမဟုတ်တေ ညီချေ၊ ညီမချေရို့ကို လိုက်ပို့ခီလို့ အကိုကြီးထောင်ကျခံနီရရေအပြင် သွားကျိုးအောင်၊ ရုပ်ပျက်အောင်နှိပ်စက်ခံရစွာကိုကြည့်။ အကိုကြီးမာ အမှားတခုလေ့မဟိ။ သာမာန်အရပ်သားတယောက်ရာဖြစ်တေ။ ယေကေလေ့သွင့် ကျူးကျော်အုပ်ချုပ်နီသူ ဗမာစစ်အာဏာသျှင်ရို့ အကိုကြီးကို နိုင်ငံတော်ပုန်ကန်မှုနန့် စွဲချက်တင်ပြီးကေ ထောင်ထဲထည့်ထားစွာရေ တရားဓမ္မကျယင့်လား။ ဓမ္မဓိဌံကျယင့်လား။ မတရားသတ်သတ် အနိုင်ကျင့်နီစွာ မဟုတ်လား။ မင်း သေသေချာချာစိမ်းစားကြည့်ကေ သဘောပေါက်နားလည်လိမ့်မေ။ ဒေလောက်ဆိုကေ မိဖနှစ်ပါးရို့ကိုထားရေ မင်းအဃတ တဖြည်းဖြည်းပျောက်ကွယ်လားလိမ့်မေ။ မိဘနှစ်ပါးရို့အား သဘောပေါက်နားလည်လာလိမ့်မေလို့ မျှော်လင်းယင်း မိဘရို့မကုန်မခန်းနိုင်ရေ အနန္ဒမေတ္တာ အချစ်သမုဒ္ဒရာကို ခူးခပ်သောက်သုံးနိုင်ပါစီ။
မင်း…..အကိုကြီး
ဦးကျော်သိန်း
စစ်တွေထောင်
အောင်ကျော်သိန်း သူအကိုယ်ကြီးစာကိုဖတ်ပြီး နဖူးပြင်လက်တင်လျက် အိပ်ရာထက်၌ လဲလျောင်လိုက်၏။ မည်သည့်ပြောဆိုဝေဖန်မှုတခုမှ ထွက်မလာဘဲ တိတ်ဆိတ်ငြိမ်သက်စွာ အတွေးနယ်ချဲနီဟန်ပေါ်၏။
“အဝေ…..အောင်ကျော်သိန်း..ဇာစိုင်းစားနီလေမင်း။ အစိုင်းစားကြီးကေ ရူးရာရူးလားလိမ့်မေ။ အိပ်ဖိ။” အတူအိပ်နီရေ သူငယ်ချင်း စောစောအိပ်ရန် အားတိုက်လိုက်၏။
“အိပ်လို့မရဝေ” အောင်ကျော်သိန်း သက်ပြင်းချလိုက်သည်။
“ဇာလေ မင်းအကိုအကြာင်းကို စိုင်စားနီလာ”
“အုံ အကိုကြီးနန့်၊ ညီချေ၊ ညီမချေရို့ကိုပါ၊ မိမိနန့်ဘာဘာကိုပါ အတွက်ပေါ်ထော”
“လောလောစိုင် မင်းအကိုကြီး ထောင်ကလွတ်ဖို့ အရေးကြီးရေ။ ရှိနီတယောက်ယောက်ကို အကူညီတောင်းကြည့်ပလင်။ စေတနာနန့် အကျိုးဆောင်ရှိနီကြီးလှဖေါ်သူကို အကူညီတောင်ကြည့် ရနိုင်ရေ။”
“မင်းပြောစွာ ကောင်းရေ။ နက်ဖန်ခါ ရှိနီလှဖေါ်သူနန့် လားတွိကတ်မေ။ မင်းပါလိုက်ပလင်” အောင်ကျော်သိန်း အားရပါးပြောလာ၏။
“အိုကယ် ငါလေ့လိုက်မေ။ ကောင်းကောင်း စိတ်ချလက်ချ အိပ်ပလိုက်” ပြောပြီး အောင်ကျော်သိန်းသူငယ်ချင်း အိပ်ပျော်လားခ၏။ သို့သော် အောင်ကျော်သိန်းတယောက် မျက်စိကြက်တက်နန့် တညာဥ့်လုံး အိပ်မပျော်။
“အဝေး….အောင်ကျော်သိန်း ထ..ထ။ မိုးလင်းနီပျာ..ထ….ထ…ထ..ထ။ ရှိနီဘက်ကိုလားကတ်ဖို့။ အယင်…ထ။” နှိုးသံကြောင်း အောင်ကျော်သိန်း အိပ်ရာမှပြီး မျက်နှာသစ်ရန် အိမ်ရှိသို့ ဆင်းလာ၏။ စည်ပိုင်း၌ ရီမဟိသောကြောင့် အောင်ကျော်သိန်း ရီဆိုင်ထမ်းကိုကိုင်ပျာ ရီးခပ်ထွက်လား၏။ တနားလောက်ကြာသောအခါ ရီစည်ပိုင်းနားလျက် အောင်ကျော်သိန်း သာခြင်းဆိုသံကိုကြားလိုက်ရသည်။
တရပ်တနယ်……တတိုင်တပြည်ရောက်…….အောက်မိရရေ……..မွီးမိခင်သို့လေ….. သားလှအချစ်ချေ………အဖေါ်သင်းကွဲ……...အသစ်နယ်ပယ်ထဲက…….. မိခင်အပြန်လမ်း……. မှန်ဆပျာတမ်းတ……လွမ်းလို့မျှော်ရရေ…………
ကံကြမ္မာ……..ဖန်လာရေစနစ်ဆိုး………..ဗိုလ်ကျစိုးမိုး………အုပ်စိုးသူရို့လေ………. ခြံတွင်းကျူးကျော်………ကျီးဖြူရွာကိုဖျက်ဆီး………..အမျိုးပြုန်အောင်ဖန်တီးလီကတ်တေ….. ကြွင်းကျန်ရေရခိုင်သား……… တောချောင်တောင်ကြား………သားချေသမီးချေရို့ကို…… ပစ်ခွာပျာထွက်ပြီး…………ရပ်ဝီးမြီခြားကိုလေ……………
အခိုက်ကြုံကေ………..ဆုံရေလီညှင်း………….ခွန်းရှည်သတင်းပါး…………… မလိမ္မာအထင်လွဲမှား………ပြောမှားဆိုမှား………..ခွင့်လွှတ်စကား…….မှာကြားလိုက်မေ….. မွီးမိအမင်…နို့ရည်သျှင်သို့လေ……………………
အောင်ကျော်သိန်းအဘောင်သျှင်နန့် သူ၏သူငယ်ချင်း ပြက်ဦးခန်းမှ ချောင်းနားထောင်နီကြသည်။ ဒေါသကြီးတတ်သော၊ တစွပ်ထိုးဂေါင်းမာတတ်သော အောင်ကျော်သိန်း၌ မျက်ရည်ဟူသည် သူအတွက်မဟုတ်သော်လည်း သူ၏ပါးပြင်များသို့ စီးကျလာသော မျက်ရည်များကိုသုတ်လျက် အထစ်အငော့မဟိ ထွက်ကျလာသော သူ၏ခံစားချက် တေးသာခြင်းကို ဆက်ဆိုနီ၏။
“အို…အောင်ကျော်သိန်း….အောင်ကျော်သိန်း………နားလည်သဘောပေါက်တတ်ပျာ။ မင်းမိဘ၊ ညီးအကိုမောင်နှစ်မတိနန့် ပြန်ဆုံနိုင်ကတ်ပါစီ……..မြီးချေ။ အဘောင်သျှင် ဆုတောင်းပီးရေ…ဝေ။” အဘောင်သျှင် ပြက်ဦးခန်းမှ ခိုးနားထောင်နီယင်း ၀မ်းနည်းကြွီကွဲနီသော အောင်ကျော်သိန်းအား မိသားစုများနှင့် ပြန်ဆုံနိုင်စီကြောင်း မောတ္တာပဿိပို့နီ၏။။
ခိုင်မြသိန်း (ချောင်းသာကြီး)
Dum Dum Central Jail, Kolkatta, India
15 September 2006

No comments:
Post a Comment