ဝပ်အိပ်နီသောဒေလီ
“အို……နယူဒေလီ….နယူဒေလီ…..” စိတ်ထဲ ရည်ရွယ်ချက်မဟိဘဲ ဗြုန်းဒိုင်းနီရာယူလိုက်၏။ လီယိုင်ပျံမှန်ပြတင်းပေါက်မှ ပထ၀ီမြီကြီး၌၀ပ်လျက်ဟိနီသော နယူဒေလီမြို့အား ပေသောင်းချီအမြင့်မှ လှမ်းမြင်နီရ၏။ နှစ်ပေါင်းတဆယ်ကျော်နီထိုင်ခသော နယူးဒေလီမြို့သည် မွီးရပ်မြီမဟုတ်သော်လေ့ ချက်မြှုတ်မြီအလား အောက်မိ့တမ်းတတတ်၏။ နယူဒေလီသို့ပြန်ချင်သော စိတ်အာသီသများနှင့် လေးနှစ်နီးပါး ထောင်ထဲဒုက္ခဝေဒနာခံစားနီခရ၏။ လုပ်ဖေါ်ကိုင်ဖက်၊ သူငယ်ချင်းအပေါင်းအသင်းများ ဆက်လက်ဟိနီလီကြယင့်လား သို့မဟုတ် တခြားတခြားနိုင်ငံများသို့ ရွှိ့ပြောင်းနီထိုင်လားခကတ်ပျာလား ဟူ၍ကား တစုံတရာမသိရချေ။ မိမိရို့အား ထောင်တွင်းသို့ ထောင်ဝင်စာလာတွိ့သူ ဆရာဦးခိန်မောင်ကလွဲလို့ ဇာသူတဦးတယောက်ကမျှ လာရောက်သတင်းမီးမြန်းမှု မဟိကြသော်လည်း မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ လုပ်ဖေါ်ကိုင်ဖက် စိတ်ဓါတ်စိတ်ထားကား ပြောင်လှဲလားမည်မထင်။
တခါတခါ ရန်ဖြစ်ကြ၊ တခါတခါမှာလေ့ အသက်ကိုထိ ရည်စူး၍ ရန်ဖြစ်ကြ၊ ဒါဏ်ရာရ ဆီးရုံတင်ကြရသည့် အကြိမ်ကလေ့ မနည်း။ ကိုယ်သတ်ပြီး ကိုယ်ကိုတိုင် အသတ်ခံရသူကို ဆီးတင်ပီးရစွာလေ့ ဇာနှစ်ခါ။ အိမ်ကနှင်ချလို့ အထုပ်ချေကိုထမ်းလို့ ဆင်းပီးရစွာလေ့ တမျိုးဝမ်းနည်းဖို့ အလွန်ကောင်း၏။ တခါတခါ အတူနီထိုင်ကြ၊ ခွင့်လွှတ်တတ်တေ အဖြစ်ပျက်တိကလေ့ အများအပြားဟိကြ၏။
မူးယစ်ဆီးဝါးစွဲလို့ အိမ်ပျောက်တေလူတိကလေ့ တပုံဟိကြ၏။ ကူးစားမရရေ ရောဂါစွဲလောက်အောင်ထိ ဘ၀ပျက်သူကား မဟိကြပါ။ တခါတလေ ကူညီနိုင်ကြသော်လေ တခါတလေ ယှောင်နီတတ်ကြ၏။ မူးယစ်ဆီးစွဲ့နီသောလူတိက စကားပြော အလွန်ကောင်းကြ၏။ နှုတ်ချိုကြ၏။ နားဝင်ချိုအောင်ပြောတတ်ကြ၏။ ယေကေလေ့ ထမင်းတနပ်စာအတွက်သာ ဖြစ်တတ်ကြ၏။ နိုင်ငံရေး၊ အမျိုးသားရေအတွက်ဆိုကေ စိတ်ဝင်တစား ပြောဆိုဆွေးနွေးရေလို့ တခါမဟိ။ အစည်းဝေးပြီးလားကေ သူရာလူစွမ်းကောင်း သုံးသပ်သေဖန်ပြထားစွာချေတိက နားထဲကမကျနိုင်အောင် နားထောင်းလို့ အလွန်ကောင်း၏။
မိဘညီအစ်ကိုယ်မောင်နှစ်မရို့နန့်ခွဲပြီး တိုင်းတပါးမှာ အတူနီထိုင်လာကြသော သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တိကို ညီအစ်ကိုယ်အရင်းအသျှာတိကိုထက် ချစ်ကြ၏။ တခုခုဖြစ်လို့ ကူညီကြရကေ အသက်စွန့်လို့ ကူညီကြ၏။ လူမျိုးလေ့ ခွဲခြားနိုင်ပုံမပေါ်။ ကျောင်းသားဆိုရေ အသိစိတ်ဓါတ်နန့်၊ ဒီမိုကရေစီဆိုရေ အသိစိတ်ဓါတ်နန့် ကူညီကြသည်ကို တွိ့ရ၏။ သို့သော်လည်း အမျိုးသားရေးဆိုရေ ဂေါင်းစည်းအောက်ကိုရောက်လာလျင် အလှပလှ ရန်သူစိတ်ထားကြ၏။ ကိုယ်ထိလက်ရောက် မပြုကျင့်ကြသော်လည့် စိတ်ထဲမှာကား အလွန်နက်ချိုင့်သော အမျိုးသားရေးစိတ်ဓါတ်တိကို တွိ့မြင်ကြရ၏။ ချစ်ဖို့အလွန်ကောင်းရေ အကျင့်စရိုက်ချေတိကို ပီးပီပြင်ပြင် တွိ့မြင်ရ၏။ တန်ဘိုးမဖြတ်နိုင်ရေ ဘ၀အတွိ့်အကြုံတိ ဖြစ်နီကြ၏။ ၀မ်းနည်းပက်လက်ချေ စိုင်စားနီယင်း ၀ပ်အိပ်နီသောဒေလီမြို့ကို လီယိုင်ပြတင်းပေါက်က ယှောင်းကြည်နီ၏။
ဒေလီမြိုကြီးသည် အိန္ဒိယသမိုင်းဝင်မြစ်ကြီးများအနက် မြစ်ကြီးတစင်ဖြစ်သော ယမူနာမြစ်အား နှစ်ဖက်ခွအိပ်လျက် သူ၏သွီးကြောသဖွယ်ချုပ်ချက်ခတ်နီသော ကားလမ်းမတိနန့် မြင်ကွင်းက အလွန်လှပ၏။ ရင်ထဲမှာ အီမြသလိုလို ခံစားရမိ၏။ တချိန်က ဟိန္ဒုတ်မချေတိအလှကို မျက်စိပြူးထွက်အောင် ကြည့်ခကတ်တေ ကျန်တော်ရို့ဘ၀တိ လှိုက်ကာတချပ်ချထားရေပိုင် ခံစားရ၏။ ဟိန္ဒူလူမျိုးတိမှာ အရပ်မြင့်၊ အသား ညို၊ မဲ၊ ၀ါ ရောင်ဖြစ်ပြီးကေ သူရို့ကိုသူရို့ ကမ္ဘာမှာ အမြင့်ဆုံးလူသားအဖြစ် ခံယူကြ၏။ တချို့မှာလည့် မဟာဒုတ်လို့ခေါ်သော အတည်တကျနီထိုင်ခြင်းမဟိဘဲ ထိုပြောင်ဒေပြောင် နီထိုင်ရေလူတိလည့် ဟိကြ၏။ အေကုခေါတ်မှာ သူရို့ကို လမ်းဘေးက ”ဂျော်ကီ“ လို့ ခေါ်ကြ၏။ တချိုမှာလည့် နာလာမြောင်းပုတ်ကို ကိုးကွယ်ကြ၏။ ဘာသာရေးကွဲပြားမှုနန့်ပြောရလျှင် အိန္ဒိယကို ဇာနိုင်ငံလည့်လိုက်မှီမည် မထင်။ ယင်းကဲ့သို့ ဘာသာရေးကွဲပြားသကဲ့သို့ ဇာတ်နိပ်ဇာတ်မြင့်လည့် ယင်းထက်ပိုလို့ ကွဲပြားကြသည့်ဟု ဆိုနိုင်၏။ အမြင့်ဆုံးဇာတ်မှာ ဗြန်မောင်းဇာတ်ပင်ဖြစ်၏။ ဘာသာရေအယူသည်းသိမ်စွာမှာလည့် အေလူမျိုးကဲ့သို့ မဟိ။ ယင်းကြောင်း မူဆလင်ဘုရင်တိ ခေါတ်ပေါင်းမြောက်များစွာ သိမ်းပိုက်အုပ်ချုပ်နိုင်ခသော်လည့် ဟိန္ဒူအယူဝါဒကို စွဲမြဲစွာဆုပ်ကိုင်ထားနိုင်ခသော လူမျိုးဖြစ်၏။
ဟိန္ဒူမချေတိ အပျိုရွယ်မှာ ကြည့်လို့အလွန်လှ၏။ ပျိုရွယ်လွန်လာလျှင် သျှာရီဝတ်နှင့်အိမ်ထောင်သည်မရို့အလှကလည့် ကိန္ဒရီမရို့ကဲ့သို အိန္ဒြရည်ဟိကြ၏။ ယိုင်ကျေးမှုကလေ့ အလွန်ရှိကျသောလူမျိုးဖြစ်နီခါ သူရို့လှုပ်ယှားမှုတိုင်းသည် အလွန်ကျက်သရည်နှင့် ပြည့်စုံ၏။ ကျန်တော်အကြစ်ဆုံးကိုပြောပါဆိုလျင် ဟိန္ဒူရိုးရာဝတ်စုံကို ၀တ်လျက်၊ နှဖူးမှာလည်းအနီကွက်ချေတကွက် ကွက်လို့ လမ်းလျှောက်နီသော ဟိန္ဒူမချေတိ၏ အမူအယာကို စွဲမက်သည်သာမက ဘ၀နှင့်အမျှမက်မောပါ၏လို့ ပြောရမည်ဖြစ်၏။
နောက်တခု အံ့သြဖို့ အလွန်ကောင်း၏။ အင်္ဂလိပ်တိ အိန္ဒိယကို လွတ်လပ်ရေးပီးရန် အစပြုလာသောအခါ မဟတ္တမဂန္ဒီ၏နိုင်ငံရေးပါးနပ်မှုကြောင့် အိန္ဒိယတိုက်ကြီး ဟိန္ဒူလက်ထဲပြန်ရောက်လာအောင် ကြိုးစားခသည်မှာ ကမ္ဘာကသြချလောက်ရအောင် နိုင်ငံရေးပရိယယ် ကျွမ်းကျင်၏ဟု ဆိုရမည်။ အင်္ဂလိပ်တိ အိန္ဒိယတိုက်ကြီးကို သိမ်းယူခစိုင်က မူဆလင်ဘုရင်လက်ထဲက ဖြစ်၏။ ကိုလိုနီရို့သဘောသဘာဝအရ ဇာသူလက်ကသိမ်းယခလေ ယင်းလူလက်ထဲသို့ ပြန်အပ်ရသည့် လက္ခဏာဟိပုံပေါ်၏။ သို့သော်လည့် ပြန်အပ်ရန်လုပ်လာသောအခါမှာ မူဆလင်းဂေါင်းဆောင်တိကို (လက်ဟိ) ပါကိစ္စတန်နိုင်ငံကို လွတ်လပ်ရေး ခွဲယူစီပြီး အိန္ဒိယတိုက်ကြီးကို ဟိန္ဒူလက်ထဲပြန်ရောက်အောင် ကြိုးစားခသည်မှာ မဟတ္တမဂန္ဒီနှင့် ဟိန္ဒူဂေါင်းဆောင်ရို့၏ ထူးခြားသောနိုင်ငံရေးလှုပ်ယှားမှု တရပ်ပင် ဖြစ်၏။ ဤအချက်ကို ရခိုင့်နိုင်ငံရေးဂေါင်းဆောင်းကြီးတိ အရိပ်ကျခပုံမပေါ်။
ယင်းကြောင့် ရခိုင့်နိုင်ငံရေး၊ တော်လှန်းဂေါင်းဆောင်ကြီးရို့ကို ခေါတ်ရီစီးကြောင်းကို လိုက်မမှီသောဂေါင်းဆောင်များဟု ကျန်တော်ယူဆသည်။ နိုင်ငံရေးထိုးစစ်မဆင်တတ်သော နိုင်ငံရေးဂေါင်းဆောင်များဟု ယူဆမိသည်။ သို့သော် ခေါတ်ရီစီးကြောင်းကို လိုက်မှီသော ပုဂ္ဂိုလ်တယောက်ယောက် ပေါ်ပေါက်လာပါက ယင်းပုဂ္ဂိုလ်အား သူရို့၏နောက်လိုက်ဖြစ်လာစီရန်၊ သို့မဟုတ် သူရို့၏လက်ကိုင်တုတ်ဖြစ်လာစီရန် ၀ိုင်လုကြိုးစားကြ၏။ ထိုကဲ့သို့ မဖြစ်လာလျင်ကား ၀ိုင်ပယ်ရန်ကြိုးစားအားထုတ်ကြ၏။ ဤသည်မှာ ရခိုင့်ပညာတတ်မျိုးချစ်လူတန်းစားနှင့် ရခိုင့်ပညာမတတ်မျိုးချစ်လူတန်းစာ ကွာဟနီမှုတရပ်ကို အေနိထိမြင်တွိ့ခြင်းဖြစ်၏။
ငါ…အေဒေလီမြို့ကို ဇာပိုင်ရောက်ပါလတ်လေချင့်…..အတွေးက ကန့်လန့်ဖြတ်ပြီး ၀င်ပါလတ်၏။ ဒေလီမြို့ကိုရောက်ဖို့ မေဇူးရမ်းမှာ (Mizoram, one of states of India) ငါ သုံးနှစ်နီပါး နီခသိမ့်ရေမလားကု……အတွေးတိက ဇာကိုတွေးလို့ တွေးရမှန်းမသိအောင် ၀င်လာကြ၏။ ဇာပင်ပြောပြော မေဇူရမ်းကို ပိုက်လိုက်လို့မရ။ ၀ဲပပိုက်လိုက်က မရ။
ခိုင်မြသိန်း (ချောင်သာကြီး)
Glada Hudik

No comments:
Post a Comment