Friday, November 30, 2012

မိဖအဖြစ်မှစွန့်လွှတ်လိုက်သည်

မှတ်ချက်။ (စာရွီးသူ ၀န်ခံချက်) ။ အေ၀တ္ထုသည် ကိုဦးသာဇံမိသားစုနှင့် ကိုဖိုးလှမိသားစုများ၏ ကိုယ်တွိအဖြစ်အပျက်ကို အခြေခံရွီးသား ဖေါ်ပြပါသည်။ ၄င်းရို့ခွင့်ပြချက်ကြောင်း ထုတ်ဖေါ်ရွီးသားခြင်းဖြစ်ပါသည်။ အားလုံးကိုအထူးကျေးဇူးတင်ဟိပါကြောင်း....

(အခန်း ၁)
မိုးဂုတ်စက်ဝိုင်းတခုလုံးအား ကြယ်တာယာများနှင့် ထိမ်ထိမ်သာအောင် တန်းဆောင်ဘုန်းလ ညာဥ့်တညာဥ့်ကိုအလှဆင်ထားကြသည်။ နတ်မြစ်တဖက်ကမ်းမှ တာကါနာ (ကယုချောင်း) မြို့၏ညအလှကလည်း လျှစ်စစ်မာကျူရီရောင်စုံကြာပွင့်များနှင့် အလှဆင်ထားသည်က မိုးဂုတ်စက်ဝိုင်ကို အပြိုင်အဆိုင်။ စီတန်းနီသော ဖြူဝါရောင်မီးသီးကြီးများအောက်မှာ ဆလိုက်မီးသီးငယ်များ တရှုတ်ရှုတ်တချွီးချွီး ပြီးလွှားနီကြသည်ကလည်း မီးရောင်အောက်မှာ မနီဖူးသူတဦး၏ နှစ်လုံးသားကို လွယ်ကူစွာဆွဲဆောင်နီကြ၏။ လှည့်ယူဖမ်းစာနီကြ၏။ စိတ်ဝင်စားစရာ၊ နှစ်သက်စရာမြင်ကွင်းသစ်များကို ကြည့်ရှု့ရစွာက စိတ်ထဲမှာကြည်နုစရာတမျိုး။ ယင်းကဲ့သို့သော တိုးတက်မှုများနှင့် ကိုယ့်တိုင်းကိုယ့်ပြည်ကို အလှဆင်ချင်စိတ်က တသွင်သွင်စီကျလာ၏။ စိတ်အာရုံတခုလုံးကို လွှမ်းမိုးနီရာယူထားလိုက်၏။ “အို……နက်ဖန်မိုးသောက်အာရုံရောက်ကေ ငါရို့လည်း ယင်းဖက်ကမ်းမှာဟိနီလီဖို့……..” စိတ်ထဲမှာ ရည်ရွယ်ယင်း ဒယောစွမ်ကို မဖြုတ်တမ်းဆွုကိုင်ထားသော ညီမငယ်ကို ကောက်ရွက်လိုက်သည်။ “အကိုကြီး..မိမိ….ဇာမာလဲ၊ မိမိကို…….ဇာခါတွိ့ရဖို့လဲ”။ အဖ မမြင်ဖူး၊ မိခင်ကိုရာတမ်းတတတ်သော ၀ါဝါ၏မျက်ရည်ရွှမ်းနီသော မျက်လုံးအစုံနှင့် သူမ၏မိခင်ကို လွမ်းဆွဲနီသောစကားသံများက အစ်ကိုယ်ကြီး၏နှစ်လုံးသားကို တစစီကြွီမွလားစေ၏။ ပြောမထွက်နိုင်သော ခံစားချက်၊ နာကျဉ်းချက်များ အစ်ကိုယ်ကြီးရင်ထဲမှာ အလုံးကြီးဆို့လို့။ မျက်နှာကို အရဲတင်းပျာ မပွင့်တပွင့်ပြုံလျက် တဘက်ကမ်းကိုလက်ညှိုးထိုးကာ… “မိမိနန့်ဘာဘာရို့ ထိုဘက်ကမ်းမှာ။ နက်ဖန်ခါ မိုးထက်စောစောကြီး အပုချေ၊ အကိုချေ၊ အမယ်ကြီး၊ အကိုကြီးရို့ကို လာခေါ်လာဖို့။ အပုချေဖို့ မုန်အများကြီး ၀ယ်လာဖို့လတ်။ အင်္ကျီအလှပချေတိလည်း ၀ယ်လာဖို့လတ်။ ထော….ထိုမှာကြည့်ဇမ်ချက် မီးသီးချေတိပြီးနီကတ်တေထွား…။ ပဇောင်လှရေချင့်…..၊ ကြည့်ဇမ်ချက်…..” “မိမိ..ယင်းမာလာ” “အုံ….ယင်းဖက်ကမ်းမှာ။ ကကောင်းလိမ်မာရေကား….အေသူ။ နက်ဖန်ခါ မိမိနန့် အပုချေနန့် ဂါရီအတူတူစီးကတ်ဖို့တေ။ ၀ူး………၀ူး……၊ ပွင်း……ပွင်း…..ပွင်း………နန့် ပင် မြည်ပျာ ၀ူး…..ထွက်လားလီဖိုယေ။ ဂါရီရှိဆုံးမာ အသူထိုင်ဖို့လဲ….” “၀ါဝါ….ထိုင်ဖို့….”။


ဘာသာရေးဆိတ်သုန်မှုနှင့် မြန်မာမှုပြုခံရခိုင်စာပီ

သမုဒ္ဒရာ၊ တောတောင်ရီမြီ၊ လီ၊ သြကာသလောက ဖြစ်ပေါ်ခပြီး သက်ဟိသတ္တ၀ါ၊ လူတရိစ္ဆာန်အစဟိသည်ဖြင့်ပေါ်ထွန်းခသည့် သတ္တလောကကြီးကိုသင်္ခါရလောက၏ ပြုပျင်ပြောင်းလဲ စီမံဖန်တီးမှုမှာ နှစ်ပရိစ္ဆေဒ အသင်္ချအသင်္ချာ ကြာမြင့်ခပါသည်၊၊ အသိညာဏ်ဟိသော လူသတ္တာဝါရို့ လောကသုံးပါးကို စိုးမိုးခကာ လူသားရို့၏ယိုင်ကျေးမှုကို တည်ဆောက်ခပါသည်၊၊ ခေါမ၊ ရောမခေတ်များမှ အနောက်တိုင်းယိုင်ကျေးမူ၊ အရှိတိုင်း ယိုင်ကျေးမှုများ ဖြစ်ထွန်းရန်ကျောက်ခေတ်၊ သံခေတ်စသဖြင့် ခေတ်ပေါင်းများစွာကို ဖြတ်သန်းလာခရပါသည်။ ထိုသို့ ဖြတ်သန်းလာခရာ၌ လွန်ခရေ နှစ်ထောင်စုကာလအတွင်းများမှာ လူ့ယိုင်ကျေးမှုသည်သိသာထင်ရှားစွာ တိုးတက်ခပါသည်၊၊
ဗုဒ္ဓပွင့်တော်မူခြင်း၊ ခရစ်တော်မွီးဖွားခြင်းစသော ဘာသာအယူဝါဒများသာမက လူမူရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စာပီယိုင်ကျေးမှုများလည်း လွန်ခရေထောင်စုနှစ်များကာလအတွင်း အောက်ခြီတည်ခပေသည်၊၊ ယင်းအောက်ခြီစတည်ခသည်နှင့်အတူ ရခိုင်နိုင်ငံသည်လည်း
ကျောက်ခေတ်မှသည် လူသားရို့စိုက်ပျိုးခြင်း၊ ချက်ပြုတ်စားသောက်ခြင်း၊ ကိုးကွယ်ယုံကြည်ခြင်းအထိ ယိုင်ကျေးနီကြသည့် အထောက်အထားများကို တွိရပါသည်၊၊

ဒွါရ၀တီသံတွဲပင်ဖြစ်ပါသည်။ လွန်ခရေ နှစ်ထောင်စုများစွာကပင် ရခိုင့်နိုင်ငံသားရို့ မြို့ပြကျွန်းရွာများဖွဲ့စည်းကာ ဘုရင်များအုပ်ချုပ်သောနိုင်ငံ တည်ထောင်ခပါသည်၊၊
ရခိုင့်နိုင်ငံအဖို့ကား ဗုဒ္ဓဘုရား သက်တော်ထင်ရှားဟိစိုင်က ဓည၀တီခေတ်၊ စန္ဒသူရိယမင်းလက်ထက် ဘုရားသျှင်အားပင့်ဖိတ်၍ ဗုဒ္ဓမြတ်စွာဘုရားသျှင်သည် ရခိုင်ပြည်သို့ကြွရောက်ကာ မဟာမုနိရုပ်ထုတော်အားသွန်းလုပ်ရန်ခွင့်ပြုတော်မူခလီပါသည်၊၊

သင်္ခါရမတည်မြဲခြင်းတရား၊ ဗုဒ္ဓ၏အဘိဓမ္မာကိုနာယူကာ ကနိထိတိုင် ခိုင်လုံသောဗုဒ္ဓဘာသာ ယိုင်ကျေးမူကိုရဟိခပါသည်၊ ဗုဒ္ဓဘာသာနှင့်အတူ စာပီယိုင်ကျေးမှုမှသည် ပိသုကာအတတ်၊ ပညာရပ်များအထိ တိုးတက်ဖွံွ့ဖြိုးလာခပါသည်၊၊ စန္ဒသူရိယခေတ်မှစတင်ကာ ဓည၀တီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်အထိစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စာပီယိုင်ကျေးမှုမှာ
အထွတ်ထိပ်သို့ရောက်ဟိခပါသည်၊၊ သို့သော်မြောက်ဦးခေတ်နှောင်းပိုင်းမှာကား တိုင်းတပါး၏ယုတ်မာမှုကြောင့် ပျက်စီးခြင်းမလှပျက်စီးခရပါသည်၊၊


The Ten Secrets of Leadership ဂေါင်းဆောင်မှုလျှို့ဝှက်ချက် ဆယ်ခု

စစစ
1) Character trumps brains – or at least formal education

၁) ဥာဏ်ဆင်ကဇာတ်တတ်တေ ဦးနှောက်မျိုး- မဟုတ်ကေ အတန်းပညာဟိရမေ။

ဝီစတွန်ချာချဲလ်နန့် အေဘရာဟန်လိန်ကွင်း နှစ်ယောက်စလုံး တက္ကသိုလ်ပညာရပ်များ တတ်ကျွမ်းသူတိမဟုတ်။ အထင်ယှားဆုံးဂေါင်းဆောင်ကြီးတိကြားထဲမှာ သူရို့နာမည်တိရေ အေကုထက်ထိ ကျော်ကြားနီဆဲ။ နောင်လေ့ကျော်ကြားနိုင်ဆဲ။ ရစ်ချတ်နတ်ခ်ဆွန်နန့် ဂျိမီကာတာရို့နှစ်ယောက်စလုံးရေ အလွန်စည်းကမ်းကြီးရေ အမေရိကန်သမ္မတတိလောကထဲမှာ စည်းကမ်းအဟိဆုံးသမ္မတတိအဖြစ် နီရာယူထားနိုင်ခရေပိုင် အကြီးအကျယ်အန္တရာယ်နန့် ရင်ဆိုင်နိုင်ရရေ သမ္မတိလေ့ဖြစ်နိုင်ခရေ။

ရိုနာရယ်ဂန်ရေ အပျင်ကြီးမှု၊ နက်နက်ချိုင်းချိုင်လိမ္မာပါးနပ်မှုမဟိသောကြောင့် မကြာမကြာ ပျက်ရည်ပြုချုံ့ချခံရတတ်တေ။ ယေကေလေ့သွင့် ယင်းမလိမ္မာမှုနန့်ပျင်းရိမှုတိက သူများထက်တပန်းသာနီပြန်ရေ။ လေဘီးယားနိုင်ငံကို ဖြတ်ပျံသန်းလာရေ အမေရိကန်တိုက်လီယိုင်ရေ ရုတ်တရက်ပျက်ကျလုနီပါးဖြစ်နီရေအချိန်မှာ သမ္မတရေဂန်က အိပ်လို့။ ပူးပေါင်းပါဝင်ဖြေယှင်းဖို့စွာကိုထား လှည့်တောင်မကြည့်ဖြစ်။ သူအိပ်မွှံနီရေအသံကြောင့် တခြားလိုက်ပါလာရေနိုင်ငံ့ဂေါင်းဆောင်တိ စိတ်သက်သာရာ ရလားကတ်တေ။ မျက်ရည်ကျ ကြွီကွဲနီဖို့အစား  တစုံတရာအတိုင်းတာထိ ပုံမှန်အနီအထား ဖြစ်နီခြင်းက ခေါတ်မှီရေ။ စိတ်ထားအမြဲပုံမှန်ကျရေသမ္မတအဖြစ် အေအဖြစ်ပျက်က သာဓကပြလိုက်တေ။


ကျောင်းသားမဟုတ်သောကျောင်းသား (နွားကျောင်းသား) P II

ဝပ်အိပ်နီသောဒေလီ
 “အို……နယူဒေလီ….နယူဒေလီ…..” စိတ်ထဲ ရည်ရွယ်ချက်မဟိဘဲ ဗြုန်းဒိုင်းနီရာယူလိုက်၏။ လီယိုင်ပျံမှန်ပြတင်းပေါက်မှ ပထ၀ီမြီကြီး၌၀ပ်လျက်ဟိနီသော နယူဒေလီမြို့အား ပေသောင်းချီအမြင့်မှ လှမ်းမြင်နီရ၏။ နှစ်ပေါင်းတဆယ်ကျော်နီထိုင်ခသော နယူးဒေလီမြို့သည် မွီးရပ်မြီမဟုတ်သော်လေ့ ချက်မြှုတ်မြီအလား အောက်မိ့တမ်းတတတ်၏။ နယူဒေလီသို့ပြန်ချင်သော စိတ်အာသီသများနှင့် လေးနှစ်နီးပါး ထောင်ထဲဒုက္ခဝေဒနာခံစားနီခရ၏။ လုပ်ဖေါ်ကိုင်ဖက်၊ သူငယ်ချင်းအပေါင်းအသင်းများ ဆက်လက်ဟိနီလီကြယင့်လား သို့မဟုတ် တခြားတခြားနိုင်ငံများသို့ ရွှိ့ပြောင်းနီထိုင်လားခကတ်ပျာလား ဟူ၍ကား တစုံတရာမသိရချေ။ မိမိရို့အား ထောင်တွင်းသို့ ထောင်ဝင်စာလာတွိ့သူ ဆရာဦးခိန်မောင်ကလွဲလို့ ဇာသူတဦးတယောက်ကမျှ လာရောက်သတင်းမီးမြန်းမှု မဟိကြသော်လည်း မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ လုပ်ဖေါ်ကိုင်ဖက် စိတ်ဓါတ်စိတ်ထားကား ပြောင်လှဲလားမည်မထင်။

တခါတခါ ရန်ဖြစ်ကြ၊ တခါတခါမှာလေ့ အသက်ကိုထိ ရည်စူး၍ ရန်ဖြစ်ကြ၊ ဒါဏ်ရာရ ဆီးရုံတင်ကြရသည့် အကြိမ်ကလေ့ မနည်း။ ကိုယ်သတ်ပြီး ကိုယ်ကိုတိုင် အသတ်ခံရသူကို ဆီးတင်ပီးရစွာလေ့ ဇာနှစ်ခါ။ အိမ်ကနှင်ချလို့ အထုပ်ချေကိုထမ်းလို့ ဆင်းပီးရစွာလေ့ တမျိုးဝမ်းနည်းဖို့ အလွန်ကောင်း၏။ တခါတခါ အတူနီထိုင်ကြ၊ ခွင့်လွှတ်တတ်တေ အဖြစ်ပျက်တိကလေ့ အများအပြားဟိကြ၏။


ကျောင်းသားမဟုတ်သောကျောင်းသား (နွားကျောင်းသား) PI

ဝီးလို့ကျန်လိုက်အိန္ဒီယာ
“၀ီး…..၀ီးလို့ကျန်လိုက်အန္ဒီယာ၊ လီယိုင်ဆောင်ရာလိုက်ပါလာရေ၊ ကမ္ဘာ့အနောက်ဖက်ခြမ်းသို့လေ့…..” သာခြင်းချေတခု အသိအာရုံထဲ စီးဝင်လာသည်နှင့် တပြိုင်နက် “၀ီး…၀ီးလို့ကျန်လိုက်မြို့စစ်တွေ….” သာခြင်းစာသားကို တန်းသတိရလာ၏။ (၁၇) နှစ်ကျော် ၀ီးကွာနီရသော ရခိုင်ပြည်ကြီးကို သတိရလာ၏။ မွီးရပ်မြီချောင်းသာကြီးသည် ပန်းချီကားတချပ်ပိုင် စက္ခုအာရုံထဲ ထင်း၍ပေါ်ထွက်လာ၏။ အသက်အရွယ်ကြီးရင့်နီလိမ္မည်ဖြစ်သော  ဖခင်ကြီး၏မျက်နှာအား မြင်နီရ၏။ စာမပါး၊ သတင်းမကြားဖူးရသိမ့်သော ဖခင်ကြီးကို ကိုယ်ချင်စာနာမိ၏။ မိဖရို့မည်သည် သားသမီးများအားထားသည့် မောတ္တာတရား ခန်းခြောက်လားသည်ဟူ၍ မဟိ။ စာမလာ၊ သတင်းမကြားသောသားအား ဇာရပ်၊ ဇာဒေသမှာဟိနီလီမှန်း အတိကျ မသိရသော်လည်း အသစ်နယ်စခန်းထဲမှ မကုန်မခန်းနိုင်သော မျှော်လင်းချက်နှင့်အတူ သားအပြန်လမ်းကို မှန်းမျှော်နီလီဖို့စွာ သေချာရေ။ ယေပင်ငြားလေ့ သားဖြစ်သူ၏ဘ၀ကံကြမ္မာကား မိဘ၊ ဆွေမျိုးအသိုင်းအ၀ိုင်းများဟိရာ အသစ်နယ်စခန်းနှင့် နီးလာရမည့်အစား ကမ္ဘာ့အနောက်ဖက်ခြမ်းသို့ တင်ပို့ခြင်းခံနီရ၏။

ကာလာကတ္တားမြို့၏ နိုင်ငံတကာလီဆိပ်၌ ဗြိန်တိန်နိုင်ငံပေါက်ဖွား ငှက်ဆင်ကြီးတကောင် ဆိုက်ကပ်လျက် လိုက်ပါလားကြမည့်ခရီးသည်များအား ကြိုဆိုလျက်ဟိ၏။ Kolkatta Police Security Control အောက်၌ဟိသော Airport Immigrant Custody လှောင်ခြိမ့်ထဲမှ ပြည်နှင်ဒါဏ်ခံရသော ငှက်ချေနှစ်ကောင်အား ဆွဲထုတ်ယူလာကြ၏။ လုံခြုံရေးအဖြစ် Kolkatta Police Security Control, Airport Security police and Border Security Force မှ တာဝန်ဟိပုဂ္ဂိုလ်များ ၀ိုင်းရန်လိုက်ပါလာကြ၏။ လီဆိပ်တခုလုံးဟိ နိုင်ငံတကာ ခရီးသည်များသည် မြောက်များစွာသော ကိုယ်ရံတော်အစောင့်အချှောက်များ ၀ိုင်းရန်လျက်ဟိသော ပြည်နှင်ဒါဏ်ခံရသော ငှက်ချေနှစ်ကောင်အား ၀ိုင်းကြည့်နီကြ၏။