Thursday, April 24, 2014

ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၆)

၁၉၉၄ ခုနှစ် နယူဒေလီရောက် ရခိုင်ကျောင်းသားလူငယ်တိစုစည်းပြီးကေ Arakan Students' Congress (ASC) ကို ဖွဲ့လိုက်ကတ်ပါရေ။ ယင်းနောက် ၁၉၉၅ မှာ ဘင်္ဂလာရောက်ရခိုင်ကျောင်းသားလူငယ်၊ အိန္ဒိယရောက်ရခိုင်ကျောင်းသားလူငယ်၊ ထိုင်းရောက်ရခိုင်ကျောင်းသားလူငယ်များပူးပါင်းပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ညီလာခံတခုကျင်းပခပါရေ။ ယင်းညီလာခံက All Arakan Students' and Youths' Congress (AASYC) ကို မွီးဖွားပီးလိုက်ပါရေ။ ခိုင်မြတ်ကျော်က ဥက္ကဌဖြစ်လာပြီးကေ ခိုင်ကျော်ကျော်က အတွင်းရေးမှုဖြစ်လာပါရေ။ AASYC နန့်အတူ Arakan New Generation Army (ANGA) လက်နက်ကိုင်အဖွဲ့ကိုလေ့ တပါတည်းဖွဲ့စည်းလိုက်ကတ်ပါရေ။ ခိုင်မြတ်ကျော်က စစ်ဦးစီးချုပ်ဖြစ်လာပါရေ။ အနောက်ဖက်ဒေသမှာအခြီစိုက်ပြီး ဖိုင်းရယ်နန့်ဒီမိုကရေစီတိုက်ပွဲ့အတွက် တိုက်ပွဲ့ဝင်ဖို့လေ့ ဆုံးဖြတ်လိုက်ကတ်ပါရေ။


ဆိုက်သုံးဆိုက်က ကိုယ်စလှယ်အပြည့်မတက်ရောက်နိုင်ကတ်ပါ။ ထိုင်ဖက်ကရာ ကိုယ်စလှယ်အပြည့်တက်ရောက်ပြီးကေ ကျန်ရေအိန္ဒီယာနန့် ဘင်္ဂလာဖက်က ကိုယ်စလှယ်တိက နိုင်ငံကူးလက်မှတ်ပြဿနာကြောင့် အပြည့်စုံမတက်ရောက်နိုင်ကတ်ပါ။ ကျန်တော်ရို့အိန္ဒီဖက်က ကိုခိုင်ကျော်ကျော်က ဗမာမြန်မာပြည်ကပ်ခွာစာအုပ်နန့် တက်ရောက်ရစွာဖြစ်ပါရေ။

ကိုခိုင်ကျော်ကျော်ထိုင်ဖက်က သုံးလလောက်ကြာပြီးမှာ ပြန်ရောက်လာရေခါ ထိုင်ဖက်မှာလုပ်ခရေညီလာခံအကြောင်းတိနန့် တခြားသူမြင်ခကြားခရရေ အကြောင်းအရာတိကို အစည်းဝေလုပ်ပြီး ယှင်းပြပါရေ။ ယင်းအစည်းဝေးမှာ နယူဒေလီရောက် ရခိုင်ကျောင်းသားလူငယ်တိ စုံစုံလင်လင် တက်ရောက်ကတ်ပါရေ။ ယင်းနိအစည်းဝေကို Uttam Nagar က အိမ်နံပါတ် ၃၆၀ မှာ လုပ်ဖြစ်ကတ်ပါရေ။

ယင်းအစည်းဝေမှာ အဓိထားဆွေးနွေးဖြစ်စွာက Arakan New Generation Army (ANGA) အကြောင်းကို အကြိတ်အနီဆွေးနွေးခကတ်ရပါရေ။ ကိုခိုင်ကျော်ကျော်နန့်အခြားအဖွဲ့ဝင်တိကတဖက် ကျန်တော်နန့် ကိုကျော်မြကတဖက် ဖြစ်လားပါရေ။ ကျန်တော်ရို့နှစ်ယောက်က AASYC မှာ လက်နက်ကိုင်ထူထောင်ခြင်းကို မလိုလားကြောင်း ဆွေးနွေးတင်ပြပါရေ။ ကိုကျော်ကျော်နန့် အခြားအဖွဲ့ဝင်တိက လိုအပ်ကြောင်းယှင်းပြကတ်ပါ။ ကျန်တော်ရို့ဖက်က ဖောက်ပြ၊ တင်ပြ၊ ယှင်ပြစွာက ကျန်တော်ရို့တော်လှန်ရေးမှာ လက်နက်ကိုင်ပါတီ သုံးပါတီဟိနီရေ။ နောက်ထပ် AASYC က လက်နက်ကိုင်ထပ်ထူထောင်လိုက် လေးဖွဲ့ဖြစ်လားဖို့။ ဆိုကေ ဇာလက်နက်ကိုင်ပါတီလေ့ တိုးတက်ကြီးထွားလာဖို့ မဟုတ်။ ``စစ်ယူနီဖောင်ဝတ်ပြီး၊ ဗိုလ်ချုပ်ဖြစ်နီစွာက ပေါ်ပျူလာတော်လှန်ရေးသမားရာ ဖြစ်တေ။ မကြာခင်သူများဘက်မှာ ခြီကိုင်ဖို့ကျဖို့။ နိုင်ငံရေးလမ်းကြောင်းနန့်ရာ ချီတက်သင့်ရေ။ ဒါန်ရာရကေ ပန်နီဆလိမ်ဝယ်ဖို့ ဖဲသာမဟိဘဲ လက်နက်ကိုင်တိုက်ပွဲ့ ဇာပိုင်ဝင်ဖိုလဲ။``
ကိုကျော်ကျော်က ဒေါသတကြီးနန့်….``အဝေး မင်းရို့ပိုင်နွားကျောင်းသားဥနှောက်နန့် နိုင်ငံရေးလုပ်ဖို့လား။ မင်း…မင်း..နွားကျောင်းသား၊ အမိကိုလိုး..ကို ထုတ်တေ။ အဖွဲ့စည်းက ချက်ချင်းထုတ်တေ။ အကို အေသူကို ချက်ချင်းထုတ်တေ။ အေပိုင်ကောင်တိကို အဖွဲ့စည်းမှာ ထားလို့မရ။`` ထိုင်နီရာက ထပြီးကေ လက်ညှိုးထိုးပျာ လက်တန်းထုတ်လိုက်ပါရေ။ ကိုကျော်ကျော်မာန်ပါလားစွာက ``ယူနီဖောင်းဝတ်ပေါ်ပျူလာ ဗိုလ်ချုပ်`` ဆိုရေစကားကို မာန်ပါလားရေနန့် တူပါရေ။

ကျန်တော်လေ့ မွီးမိကိုပါထိလာရေခါ ထိုင်နီရာက ထလိုက်ပါရေ။ သူနန့်ကျန်တော် အငြင်းပွားသတ်ပွဲဖြစ်ခါနီမှာ ကိုသာကျော် (ထိုင်းဖက်က ကိုကျော်ကျော်ညီလာခံတက်နိုင်ဖို့အတွက် ပစပိုးကပ်ခွာဆရာ၊ သင်္ဘောသား)၊ ကိုကျော်မြ၊ ကိုပြည်အေးရို့က ကြားဝင်ဖျိုင်လိုက်ကတ်ပါရေ။ ကျန်တော်လေ့ ချက်ချင်းပြန်ဆင်းလာလိုက်ပါရေ။ ပြည်အေးမယား မခိုင်ချက်ထားရေထမင်းကို ဒေါသနန့် အားလုံးကုန်အောင်စားပလိုက်ပါရေ။

ကျန်တော်ဆင်းလာရေနောက်ပိုင်းမှာ ကိုကျော်မြလေ့ နှုတ်ထွက်စာတင်ပြီးကေ အဖွဲ့စည်းကနှုတ်ထွက်လိုက်ပါရေ။ ပြီးကေ ကျန်တော့်နောက်ကိုလိုက်လာပါရေ။ ဇာဖြစ်လို့ထွက်လိုက်လေကိုလို့ မီးရေမှာ အကိုမဟိကေ ကျန်တော်မခြီကို။ အဖွဲ့မှာ တန်းစီဖို့လူက မကျန်လိုက်ပျာ။ ကျန်တော်မြင်နီရေ ရှိကို ရက်ပြတ်ရန်ဖြစ်နီဖို့ကျဖို့။ အဖွဲ့စည်းမှာ မဟိကေလေ့ အပြင်က အကူညီပီးလို့ရပါရေ။

ကိုကျော်ကျော်က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်မေဂျာနန့် ကျောင်းပြီးခသူတယောက်ပါ။ အင်္ဂလိပ်စာအရွီးအသား အလွန်ကောင်းပါရေ။ ရခိုင်တိထဲမှာ သူလောက်တော်ရေလူ မဟိရေပိုင် ဗမာမြန်မာကျောင်းသားတိလေ့ လိုက်မမှီပါ..အင်္ဂလိပ်စာအရွီးသားမှာ။ ကိုကျော်ကျော်မှာ ပညာတတ်မာနဟိစွာက အမှန်ပါ။ ဒေါသလေ့ကြီးတတ်ပါရေ။ စိတ်လေ့ အလွန်ကြီးသူတဦးပါ။ ဇာအရာကိုမဆို မရမက လုပ်တတ်သူတဦးပါရာ။

ကျန်တော်လေ့ အဖွဲ့စည်းအလုပ်တိကို မလုပ်ရရေအတွက် နယ်စပ်ကဒုက္ခသည်တိအတွက် အချိန်းပီးလုပ်ခွင့် ရလိုက်ပါရေ။ ဒုက္ခသည်တိအတွက်လုပ်ယင်း ၁၉၉၆ မှာ မေဇူရမ်ပြည်နယ် ဆိုင်ဟာထောင်မှာ ထောင်ကျပြီးကေ ၁၉၉၇ မှာ ပြန်လွတ်လာပါရေ။ ဒေလီကိုပြန်ရောက်လာရေခါ ကိုကျော်ကျော်နန့် နှစ်ယောက်တည်း အတူနီခကတ်ပါရေ။ နောက်ဆုံး ၂၀၀၂ ခုနှစ် ပညာတော်သင်ဖို့ အမေရိကို ထွက်လားရေထိပါ။ ယင်းချိန်အတွင်းမှာ ကျန်တော်နန့် ကိုကျော်ကျော် ရခိုင်စာပီပိုင်ဆိုင်ရာကို ဆွေးနွေးဖြစ်၊ ပြောဆိုဖြစ်၊ ရွီးဖြစ်ကတ်ပါ။

အကြောင်ကလေ့ ကျန်တော့်ဒိုင်ယာရီမှာ အချစ်ကဗျာချေတိ၊ နယ်စပ်ကဒုက္ခသည်တိအကြောင်းကို ကဗျာဖွဲထားစွာတိကို ကိုကျော်ကျော်တွိလားစွာက စပါရေ။ ကျန်တော်ရွီးထားရေကဗျာတိက အားလုံးရခိုင်ပိုင်ပါ။ သို့သော် စာပီတတ်ကျွမ်းရေ ကဗျာဆရာတယောက်မဟုတ်ခါ ကဗျာကို ဇာပိုင်အဆုံးသတ်ရဖို့လဲ၊ ကာရန်ကို ဇာပိုင်ယူရဖို့လဲ၊ မော်ဒန်ကဗျာအမျိုးအစားတိကို သင်ပီးပါရေ။ ရခိုင်ကဗျာရွီးတတ်အောင် သင်ပီးလိုက်တေ ဆရာဆိုကေလေ့ မမှားရေပိုင်၊ သီတူရှင်ဖက် လုပ်ဖော်ကိုင်ဖက် ဆိုကေလေ့မမှားပါ။ အခိုက်မသင့်ကေ ရန်ဖြစ်ဖက်ဆိုကေလေ့ မှန်ပါရေ။

ကျန်းမာချမ်းသာကတ်ပါစီ
ဆက်ပါမေ
ခိုင်မြသိန်း (ချောင်းသာကြီး)

No comments:

Post a Comment