Sunday, August 16, 2020

တောင်ဆူဒါန်လွတ်လပ်ရေးကြိုးပန်းခြင်း

  ခိုင်မြသိန်း (ချောင်းသာကြီး)

၂၆၊ ၀၇၊ ၂၀၂၀


South Sudan | Facts, Map, People, & History | Britannica







) နိဒါန်း.............................................................................................စာမျက်နှာ ()

) တောင်ဆူဒါန်တော်လှန်ရေးသမိုင်းအကျဉ်း.......................................စာမျက်နှာ ()

) ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တောင်ဆူဒါန်ခွဲထွက်ခြင်း..............................စာမျက်နှာ ()

) တောင်ဆူဒါန်နှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏အဆုံးအဖြတ်..........စာမျက်နှာ (၁၁)

) ကိုးကားချက်များ........................................................................စာမျက်နှာ (၁၃)





SSLM = South Sudan Libration Movement


SSLA = South Sudan Libration Army


CPA = Comprehensive Peace Agreement


OAU = The Organisation of African Unity



မှတ်ချက်

xxxxxx


ကျန်တော်အား သင်ဆရာများဖြစ်ကြသော ခိုင်ကျော်ကျော် (ကဗျာ၊ ဆောင်းပါး၊ ရခိုင့်စာပီများရွီးတတ်လာအောင် သင်ပီးသူ) နှင့် ဆရာခိုင်အောင်ဝင် (Theory of Self-determination, People and Secession များ ရွီးသာနိုင်အောင် လမ်းညွှန်သင်ပြသူ) ရို့အား ဤစာတမ်းဖြင့် ကျေးဇူးမှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။




နိဒါန်း

xxxx


 ၂၀၁၁ ခုနှစ် ဇန္နာဝါရီလမှာ အာဖရိကတိုက်မှ တောင်ဆူဒါန်သည် မိခင်ဆူဒါန်နိုင်ငံမှခွဲထွက်ရန် နိုင်ငံတကာကိုယ်စားလှယ်ကြီးတိရှိမှောက်မှာ ကျင်းပပြုလုပ်သော ပြည်သူ့ဆန္ဒခံယူပွဲ့၌ မဲ ၉၉ % ဖြင့် လွတ်မြောက်လာသည်။ ဆူဒါန်နိုင်ငံသည် ဗြိတိသျှကိုလိုနီနိုင်ငံတခုဖြစ်ခသည်။ ကုလသမဂ္ဂအဖွဲ့ (UN) ကိုလိုနီဖျက်သိမ်းရေး (Decolonization) အစီစဉ်အရ ၁၉၅၆ ခုနှစ်၊ ဇန္န၀ါရီလ တရက်နိတွင် ဗြိတိသျှကိုလိုနီဘ၀မှ လွတ်မြောက်လာသည်။ တောင်ဆူဒါန်သည် လွတ်မြောက်လာသော ဆူဒါန်နိုင်ငံ၏ အစိတ်ပိုင်းတခုဖြစ်ခသည်။ အကယ်၍ တောင်ဆူဒါန်သာ ဆူဒါန်နိုင်ငံ၏ အစိတ်ပိုင်းတခုအဖြစ် သွပ်သွင်းမခံရဘဲ သီးခြားကိုယ်လိုနီအဖြစ် သတ်မှတ်ခံခရလျင် ဗြိတိသျှကိုလိုနီသည် ဆူဒါန်မှဆုတ်ခွာချိန်မှာ တောင်ဆူဒါန်သည်လည်း လွတ်လပ်သောနိုင်ငံတခုဖြစ်ကျန်ခပါလိမ့်မည်။ ထိုသို့မဟုတ်ခသောကြောင့် ဆူဒါန်ကခွဲထွက်ပြီး တောင်ဆူဒါန်လွတ်လပ်ရေးရယူခြင်းသည်ကိုလိုနီမဟုတ်သောအခြေနယ်တွင်ခွဲထွက်ခြင်း (Non-colonial Secession)” ဟု ဆိုရမည်ဖြစ်သည်။ တနည်းအားဖြင့်နစ်နာမှုကိုကုစားရန်ခွဲထွက်ခြင်း (Remidial Secession) ဟူ၍လည်း ခေါ်ဆိုနိုင်သည်။




တောင်ဆူဒါန်တော်လှန်ရေးသမိုင်းအကျဉ်း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx


၂၀၁၁ ခု ဇန္န၀ါရီလမှာ လွတ်လပ်ရေးရယူရန် ပြည်သူ့ဆန္ဒ မခံယူခင်အချိန်ထိ တောင်ဆူဒါန်သည် မိခင်ဆူဒါန်နိုင်ငံ၏ အစိတ်ပိုင်းတခုသာဖြစ်သည်။ ဆူဒါန်သည် ဗြိတိသျှအင်ပါယာ၏ ကိုယ်လိုနီနယ်မြီတခု ဖြစ်လာသည်။ ဥရောပကိုယ်လိုနီနယ်ချဲ့နိုင်ငံများသည် အာဖရိကတိုက်ကိုခွဲဝီယူကြသည့် Berlin Conference နောက်ပိုင်း၊ ၁၈၈၄ ခုနှစ်မှာ ဆူဒါန်နိုင်ငံနယ်နမိတ် ရွီးဆွဲသတ်မှတ်ခသည်။ ကိုလိုနီပြုသောဥရောပဂေါင်းဆောင်များသည် ဆူဒါန်နယ်နမိတ်သတ်မှတ်ရွီးဆွဲခသကဲ့သို့ တခြားနယ်နမိတ်များရွီးဆွဲသတ်မှတ်ရာ၌ ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုးနွယ်စုများကို ဂရုတစိုက်အခြေခံပြီး နယ်နမိတ်သတ်မှတ်ရွီးချယ်ခခြင်း မဟုတ်ပါ။ မိမိထင်းတိုင်း ရွီးဆွဲခခြင်းသာဖြစ်သည်။ ယင်းအကျိုးဆက်အားဖြင့် ဆူဒါန်နိုင်ငံနယ်နမိတ်အတွင်း၌ အာရပ်ယဉ်ကျေးမှုလွှမ်းမိုးခံမူဆလင်များ ကြီးစိုးထားသောမြောက်ပိုင်းနှင့် မတူကွဲပြားသည့် အာဖရိကနွယ်ဖွားလူမဲများကြီးစိုးသော တောင်ပိုင်းဟူ၍ ပါဝင်နီခြင်းဖြစ်သည်။


ဗြိတိသျှကိုလိုနီအုပ်ချုပ်သူများ တောင်နှင့်မြောက်ကိုအထူးပြု ခွဲခြားအုပ်ချုပ်ခသည်။ ဗြိတိသျှရို့၏ ခွဲခြားအုပ်ချုပ်မှုအောက်တွင်  တောင်ဆူဒါန်ဖက်ကထက် မြောက်ဆူဒါန်ဖက်က စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံရေးများ ယင်မြန်စွာတိုးတက်လာပြီး တောင်ပိုင်းသည် မြောက်ပိုင်း၏လွှမ်းမိုးခံဖြစ်လာသည်။ ၁၈၉၉  မှာ ဗြိတိသျှသည် အိမ်နီးနားချင် အီဂျိတ် (Egypt) နှင့် သဘောတူညီချက်တခုပြုလုပ်သည်။ ၄င်းသဘောတူညီချက်တွင် ဆူဒါန်နယ်နမိတ်ကို  ဗြိတိန်သဘောတူညီချက်ဖြင့် Egypt က ခန့်အပ်သော ဘုရင်ခံချုပ် (Governor General) က အုပ်ချုပ်ရန်ဖြစ်သည်။ သမိုင်းစာအုပ်များတွင် ဆူဒါန်လွတ်လပ်ရေးရသည်ထိ ဆူဒါန်ကို ဗြိတိသျှနှင့်အီဂျိတ်ရို့က ပူးတွဲအုပ်ချုပ်ကြသည်ဟုဆိုသော်လည့် အမှန်အားဖြင့် ဗြိတိသျှရို့ကသာ အုပ်ချုပ်ခသည်။ ဗြိတိသျှရို့သည် တောင်ဆူဒါန်၊ မြောက်ဆူဒါန်ဟူ၍ ယူနစ်နှစ်ခုခွဲခြမ်းအုပ်ချုပ်သည်။ မတူကွဲပြားသော လူဝင်မှုကြီးကြပ်ရေး၊ စီးပွားကုန်သွယ်ရေး၊ ဘာသာစကားပေါ်လစီများ ချမှတ်အုပ်ချုပ်ခသည်။ 


၁၉၄၇ ဂျူဘားညီလာခံ (Juba Conference) မှစ၍ ဗြိတိသျှရို့သည် တောင်မြောက်ယူနစ်နှစ်ခုကို တခုတည်းအဖြစ် အုပ်ချုပ်ခသည်။ ၄င်းကောင်းယူနစ်တခုတည်းအုပ်ချုပ်ရာတွင် အစိုးရဖွဲ့မှာပါဝင်ရန် နယ်မြီခံကိုယ်စားလှယ်များ ရွီးကောက်တင်မြှောက်ရာ၌ တောင်ဆူဒါန်ဖက်မှ ကိုယ်စားလှယ်များ ရွီးကောက်တင်မြှောက်ခြင်း မပြုဘဲ အုပ်ချုပ်သူများအလိုကျ ရွီးချယ်ခံရသူများသာ ပါဝင်ခွင့်ဟိသည်။ အမှန်အားဖြင့် ဂျူဘားညီလာခံသည် တောင်ဆူဒါန်အား ကိုလိုနီအသျှင်သခင်များအသစ်လက်သို့ လွှဲပြောင်းပီးအပ်လိုက်ကြောင်း တဖက်သတ်အဆုံးအဖြတ်အား တောင်ဆူဒါန်အကြီးအကဲများကို အသိပီးရန်ကျင်းပသော ညီလာခံသာဖြစ်သည်။ ယင်းလုပ်ရပ်သည် တောင်ဆူဒါဏ်အား မြောက်ဆူဒါန်၏ ပြည်တွင်းကိုလိုနီ (Internal Colony) ဖြစ်အောင် ဖန်တီးလိုက်ခြင်းဖြစ်သည်။ 


ကမ္ဘာလုံးဆိုင်ရာ ကိုလိုနီဖျက်သိမ်းရေးလှုပ်ယှားမှု (Decolonization Movement) နိုးကြားလာကြချိန်မှာ၊ ၁၉၅၆ ခုနှစ် ဆူဒါန်နိုင်ငံသည် ဗြိတိသျှနှင့်အီဂျိတ် (Great Britain and Egypt colony) ပူးတွဲကိုလိုနီအုပ်ချုပ်ခံဘ၀မှ လွတ်လပ်ရေးရလာသည်။ လွတ်လပ်ရေးရသည်နှင့်တပြိုင်နက် တောင်မြောက်နှစ်ပိုင်းကွဲအက်လာသည်။ ယင်းရို့မှာ အာရပ်ယဉ်ကျေးမှု မူဆလင်ဘာသာဝင်များကြီးစိုးသော မြောက်ဆူဒါန်နှင့် အာဖရိကနွယ်ဖွားခရစ်ယံလူမဲအုပ်စုကြီးစိုးသော တောင်ဆူဒါန်ရို့ပင်ဖြစ်သည်။


၁၉၆၂ ခုနှစ်မှာ တောင်ဆူဒါန်တော်လှန်ရေးလှုပ်ယှားသူများက South Sudan Libration Movement (SSLM) ဖွဲ့စည်းလိုက်ကြပြီး ပထမဆုံးလွတ်လပ်ရေးတိုက်ပွဲ့ကို စတင်ကြသည်။ SSLM သည် နိုင်ငံရေးဦးဆောင်ပါတီဖြစ်ပြီး၊ ယင်းအောက်တွင် South Sudan Libration Army (SSLA) လက်နက်ကိုင်အဖွဲ့ဟိသည်။ SSLM/A နိုင်ငံရေးရည်မှန်းချက်မှာ ““တောင်ဆူဒါန်ပြည်သူတရပ်လုံးလွတ်မြောက်ရန်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် The People of South Sudan to Freedom and Self-determination”” ဖြစ်သည်။ ဆူဒါန်ဗဟိုအစိုးရကို စနစ်ကျသည့်တော်လှန်ရေးနည်းဗျူဟာဖြင့်ဆင်နွှဲလာကြသည်။ ၁၉၇၂ ခုနှစ်မှာ အဒီအဘာဘာသဘောတူညီချက် (Addis Ababa Agreement) ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကို ညှိုနှိုင်းရယူနိုင်ခသည်။ တောင်ဆူဒါန်ဥက္ကဌမှဦးဆောင်ပြီး အဆင့်မြင့်အုပ်ချုပ်ရေးကောင်းစီအဖွဲ့ကိုဖွဲ့ရန်လည်း သဘောတူညီချက်တွင်ပါဟိသည်။ ယင်းအပြင် အာရပ်ဘာသာစကားကို ဆူဒါန်တနိုင်ငံလုံးမှာ ယုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသော်လည့် အင်္ဂလိပ်ဘာသာစကားကို တောင်ဆူဒါန်ယုံးသုံးဘာသာစကားအဖြစ် အသိမှတ်ပြုရန်လည်းပါဟိသည်။ ၁၉၇၂ ခုနှစ်မှာ တောင်ဆူဒါန်သည် ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် (Internal Self-determination) ကို ရဟိသည်။ ၁၉၈၃ မှာ ဆူဒါန်အစိုးရသည် အဒီအဘာဘာသဘောတူညီချက်ကို ချိုးဖေါက်ပြီး အီဆလံမိတ်နိုင်ငံရေးနှင့်၊ အီဆလံမိတ်နိုင်ငံရေးပေါ်လစီ၊ တနည်းပြောရပါလျှင် Shari’a (Islamic Law) ကို ဆူဒါန်တနိုင်ငံလုံးကို ပြဌာန်းအုပ်ချုပ်လာသည်။


ပညာသျှင်တဦးက ဒီမိုကရေစီစံနှုန်းဖြစ်သည့် တန်းတူညီမျှခြင်းတရားတိကို ငြင်းပယ်လိုက်ခြင်၊ ၁၉၈၃ ဆာရီယာအီဆလံမိတ် ဥပဒေ Shari’a (Islamic Law) ကို တိုင်ပြည်၏ဥပဒေအဖြစ်ပြဌာန်းလာခြင်း၊ ၁၉၇၂ ခုနှစ် အဒီအဘာဘာ သဘောတူညီချက်များကို ရုပ်သိမ်းပယ်ဖျက်လိုက်ခြင်း၊ ခိုင်မာနီသောဒီမိုခရစ်ဒိတ်လမ်းစဉ်များကို ဖျက်သိမ်းလိုက်သည့်အပြင် အီဆလံဝါဒကိုအခြေခံသည့်ုဂိုဏ်ဂဏစနစ်ကို အစားထိုးကျင်းသုံးလာခြင်းသည်အာဃာတ တရားကိုအရင်းခံသောစိတ်၊ ယုံမှားသံသယစိတ်တိ ချက်ချင်းကြီးထွားလာသည်။ တိုင်းပြည်အတွင်း လူအဖွဲ့စည်းလိုက် ထိမ်းမနိုင်သိမ်းမရအောင်ထိ ရုံရင်းဆန်ခတ်၊ အဓိဂရုံးများဖြစ်လာကြပြီး ဆူဒါန်နိုင်ငံ၏်ညီညွတ်ရေး ပြိုကွဲပျက်စီးလာသည်ဟု မှတ်ချက်ပြုခသည်။ ()


၁၉၈၃ ခုနှစ်မှာ ဆူဒါန်ဗဟိုအစိုးရက တောင်ဆူဒါန်ကိုပီးထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ကို ရုပ်သိမ်းလိုက်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Autonomy) ဆိုသည်မှာ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် (Internal Self-determination) ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရုပ်သိမ်းလိုက်သည်နှင့်တပြိုင်နက် ပထမပြည်တွင်းစစ်ထက်  အလွန်ပြင်းထန်သည့် ဒုတိယအကြိမ်ပြည်တွင်းစစ်ကြီး ဖြစ်လာသည်။ ၁၉၉၄ ခုမှာ တော်လှန်ရေးအဖွဲ့စည်းနှင့်အစိုးရရို့ သဘောတူကြေငြာချက်တခုကို ပြန်လည်ထုတ်ပြန်ရသည့်အဆင့်ကို ရောက်လာသည်။ ၄င်းကြေငြာချက်သည် အပစ်ခတ်ရပ်စဲရေးတခုတည်းမဟုတ်ဘဲ နောင်တချိန်မှာ စိစပ်ဆွေးနွေးရေးလမ်းကြောင်းပေါ်လာနိုင်ရန်၊ ပါတီများဖွဲ့စည်းရန်လည်း ရည်ညွှန်းထားသည်။ ၁၉၉၀ ပြည့်ထိ နိုင်ငံတကာအသိုင်းဝိုင်းနှင့် အာဖရိကနိုင်ငံများ အလေးထားအာရုံစူးစိုက်မှုကို လှစ်လျှူရှု့ခြင်းခံခရသည်။ သို့သော် ၁၉၉၄ ခုနှစ်မှာကားညီညွတ်သောအာဖရိကန်အသင်းကြီး The Organization of African Unity (OAU)” နှင့် နိုင်ငံတကာအသိုင်းဝိုင်းရို့က အထူးစိတ်ဝင်စားမှုကို ရဟိလာသည်။


ဆူဒါန်သမ္မတ ဗိုလ်ချုပ်မှုကြီး အိုမာအာလ်ဘာချာ (Omar al-Bashir) သည် ၁၉၈၉ ခုနှစ်မှာ ပြည်တွင်းစစ်ဖြစ်နီချိန်မှာပင် အာဏာသိမ်းလိုက်သည်။ အိုမာအာလ်ဘာချာအစိုးသည် အလွန်ထိလွယ်ပြတ်လွယ်သော အီဆလမ္မိတ်ဝါဒကို ဆူဒါန်တနိုင်ငံလုံးမှာ ကျင့်သုံးရန်ပြဌာန်းလိုက်ပြီး၊ တောင်ဆူဒါန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် အာလ်ဘာချာအစိုးရသည် ပြင်းထန်သောနိုင်ငံတကာဖိအားပီးမှုနှင့် ရင်ဆိုင်လာရသည်။ တောင်ဆူဒါန်အတွင်း၌ လူ့အခွင့်ရေးချိုးဖေါက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ စစ်ရာဇာတ်ဝတ်ကျူးလွန်မှုများ၊ လူသားမဆန်သည့်လုပ်ရပ်များကိုရပ်တန့်ရန် ဖိအားပီးတောင်းဆိုလာကြသည်။ နိုင်ငံတကာအသိုင်းဝိုင်းက စစ်ဖက်ဆိုင်ရာလက်နက်ခဲယမ်းရောင်းဝယ်မှု၊ စီးပွားရေး၊ နိုင်ငံရေး၊ သံတမာန်ဆက်ဆံရေးများကို ၀ိုင်းဝန်းဖြတ်တောက်လိုက်ကြပြီး၊ SSLM နှင့် စိစပ်ဆွေးနွေးရန် တောင်းဆိုလိုက်ကြသည်။


၂၀၀၅ ခုနှစ်မှာ နိုင်ငံတကာဖိအားကြောင့် အာလ်ဘာချာအစိုးရသည် SSLM နှင့် ခိုင်မြဲသောစိစပ်ဆွေးနွေးပွဲ့တခု ပြုလုပ်ရသည်။ ဆွေးနွေးပွဲ့ကို ““အဓိပ္ပါယ်ပြည့်ဝသောငြိမ်းချမ်းရေးသဘောတူစာချုပ်““ (Comprehensive Peace Agreement (CPA)) ဟု ခေါ်ဆိုသည်၊ (နိုင်ဘာချာသဘောတူစာချုပ် Naivasha Agreement ဟုလည့် ခေါ်ဆိုကြသည်) ဖွံ့ဖြိုးတိုးတက်ရေးအစီစဉ်များကိုလည့် ထူထောင်ကြသည်။ CPA သည် တောင်ဆူဒါန်ကိုယ်ပိုင်အုပ်ချုပ်ခွင် (Autonomy) ကို ရယူထားသည့်အပြင်၊ တဖက်မှာ ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ -၁၅ ရက်နိထိ ကျင်းပပြုလုပ်သည့် ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့် (External Self-determination) အတွက် ပြည်သူ့ဆန္ဒခံယူပွဲကိုလည်း မိမိရရ ဆုပ်ကိုင်ထားသည်။


၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ရက်နိကနီ ၁၅ ရက်နိအထိ လူထုဆန္ဒခံယူပွဲ့ကို တရားဝင်ကျင်းပရသည်။ ၄င်းဆန္ဒခံယူပွဲ့၌ ပြည်သူ ၉၉ % က လွတ်လပ်သောတောင်ဆူဒါန်နိုင်ငံထူထောင်ရေးကို မဲပီးကြသည်။ တိုင်းပြည်ကနှင်ထုတ်ခံရသူများနှင့် မြောက်ဆူဒါန်မှာနီထိုင်ကြသော တောင်ဆူဒါန်နိုင်ငံသားများလည်း ထောက်ခံမဲပီးကြသည်။ ပြည်သူ့ဆန္ဒခံယူပွဲ့နန့်အတူ ၂၀၁၁ ခု ဇန္န၀ါရီလ   ရက်နိမှာ အချုပ်အချာအာဏာပိုင် နိုင်ငံသစ်တခုဖြစ်လာသည်။ မရှိမနှောင်းမှာပင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။ အိုမာအာလ်ဘာချာအစိုးရလည်း တောင်ဆူဒါန်ကိုလွတ်လပ်သော အချုပ်အချာအာဏာပိုင် နိုင်ငံတခုဖြစ်ကြောင်း တရားဝင်အသိမှတ်ပြု ကြေငြာချက်ထုတ်ပြန်ရသည်။ 



ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်တောင်ဆူဒါန်ခွဲထွက်ခြင်း

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


The right of self-determination vest in a ‘people’. ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်ရေးကို ပြည်သူတရပ်ကိုသာ အပ်နှံထားသည်။ ခိုင်လက်ရုံးရွီးသောကိုယ်ပိုင်ပြဌာန်းခွင့်ဟိသောပြည်သူ...(အပိုင်း )” ဆောင်းပါးတွင် အောက်ပါအတိုင်း ယှင်းလင်းဖေါ်ပြထားသည်။


နိုင်ငံတကာဥပဒေနှစ်ခုဖြစ်သော...... နိုင်ငံရေးနှင့်လူမှု့အဖွဲ့စည်းအခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက် (the International Covenant on Civil and Political Rights) နှင့် စီပွားရေး၊ လူမှု့ရေးနှင့် ယဉ်ကျေးမှု့အခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက် (The International Covenant on Economic, Social and Cultural Rights) ရို့တွင် ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ကို ပြည်သူ (people) ကို အပ်နှံထားသည်။ ၄င်းနိုင်ငံတကာဥပဒေနှစ်ခုစလုံး၏ ပုဒ်မ () တိုင်းတွင် အောက်ပါအတိုင်း ပြဌာန်းထားသည်။ All people have the right of self-determination. By virtue of that right they freely determine their political status and freely pursue their economic, social and cultural development….. ပြည်သူတိုင်းသည် ကိုယ်ပိုင်ပြဌာန်းခွင့်ဟိသည်။ ထိုအခွင့်ရေးအရ ပြည်သူတိုင်းသည် ၄င်းရို့၏နိုင်ငံရေးအဆင့်တန်းကို လွတ်လပ်စွာဆုံးဖြတ်နိုင်သည်။ ၄င်းရို့၏စီးပွားရေး၊ လူမှု့ရေးနှင့်ယဉ်ကျေးမှု့ရေးရာရို့ ဖွံဖြိုးတိုးတက်ရေးရို့အတွက် လွတ်လပ်စွာဆုံးဖြတ်လုပ်ကိုင်နိုင်သည်။ ()


သို့ဆိုလျင် ဇာသူရို့ကို ပြည်သူတရပ်ဟု ခေါ်ဆိုနိုင်မည်နည်း။ ၄င်းခိုင်လက်ရုံးရွီးသောကိုယ်ပိုင်ပြဌာန်းခွင့်ဟိသောပြည်သူ...အပိုင်း ()” တွင် ယှင်းလင်းဖေါ်ပြထားသည်ကို အကျဉ်းချုပ် ဖေါ်ပြရလျင်....

ရုပ်ပိုင်းဆိုင်ရာစံတွင် တိုင်းရင်းသားဖြစ်မှု၊ ဘာသာစကား၊ ကိုးကွယ်မှု့၊ စုပေါင်းပိုင်ဆိုင်သော သမိုင်းအစဉ်လာ၊ နယ်မြီပိုင်ဆိုင်မှု့စသည်ရို့ ပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာစံတွင် မိမိရို့၏ထူးခြားသောဝိသေသများနှင့် အစဉ်အလာများကို ထိန်းသိမ်းစောင့်ယှောက်ပြီး အတူတကွနီထိုင်လိုစိတ်ဟိခြင်း၊ ရှိဆက်ပြီးလည်း ယင်းသို့နီထိုင်လိုစိတ်ဟိခြင်းရို့ဖြစ်သည်။()


အထက်ဖေါ်ပြပါ စံနှစ်ရပ်နှင့်ပြည့်မှီလျင် ပြည်သူတရပ်ခေါ်ဆိုသည်ဟု ပညာသျှင်များကဆိုကြသည်။ ပြည်သူတရပ်နှင့်ဆက်စပ်၍ (Socialist Federal Republic of Yugoslavia) ယူဂိုဆလားဗီးယားဖိုင်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံ၏ ဖိုင်ဒရယ်ဖွဲ့စည်းပုံအကြောင်းကို တစိတပွေချေ ဖေါ်ပြပါမည်။ ယူဂိုဆလားဗီးယားဖိုင်းဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံကို ဖိုင်ဒရယ်ယူနစ် () ခုဖြင့် ဖွဲ့စည်းထားသည်။ ဖိုင်ဒရယ်ယူနစ် () ခုသည် ပြည်သူ () ရပ် ဖြစ်သည်။ ၄င်းပြည်သူ () ရပ်မှာ Bosnia and Herzegovinia ပြည်သူ၊ Croatia ပြည်သူ၊  Macedonia ပြည်သူ၊ Montenego ပြည်သူ၊ Serbia ပြည်သူနှင့် Slovenia ပြည်သူရို့ဖြစ်ကြသည်။ (Serbia federal unit တွင် Autonomous Province နှစ်ခုပါဝင်သည်။ ယင်းရို့မှာ Kosovo and Vojvodina ရို့ ဖြစ်သည်။ ထိုဖိုင်ဒရယ်ယူနစ်တခုစီဟိသော ပြည်သူလူထုတရပ်စီသည် ပြည်သူတရပ်စီအခိုင်အမာဖြစ်နိုင်ကြောင်း အောက်တွင်ကိုးကား ဖေါ်ပြပါမည်။


Aleksandar Pavković with Peter Radan ရို့ရွီးသော Creating New State: Theory and Practice of Secession စာအုပ်၌ ယူဂိုဆလားဗီးယားအကြောင်းဖေါ်ပြရာတွင်၊ Socialist Federal Republic of Yugoslavia ယူဂိုဆလားဗီးယား ဆိုချယ်လိုက်ဖိုင်ဒရယ်ပြည်ထောင်စုသမ္မတနိုင်ငံပြိုကွဲချိန် စုံစမ်းစစ်ဆေးရေးကော်မချံ Bandinter Arbitration Commission ဆုံးဖြတ်ချက်မှာ......


“Decision of the Bandinter Commission relating to the secessionist claims of various republics of Yugoslavia, clearly rejected the notion that a ‘people’ was the population of an independent state, but went on to hold that the population of a federal unit of an independent state was a ‘people’. (Randan 2002, 221) ()

 သင့်လျှော်အောင်ဘာသာပြန်ဆိုရလျင်

ယူဂိုဆလားဗီးယားသမ္မတနိုင်ငံမှ ခွဲထွက်ရေးသမားများ၏ တောင်းဆိုမှုနှင့်ပါတ်သက်၍ ဘန်ဒိန်တာကော်မချန်၏ ဆုံးဖြတ်ချက်တွင် လွတ်လပ်သောဖိုင်ဒရယ်ပြည်ထောင်စုနိုင်ငံတခုလုံးဟိ ပြည်သူလူထုတရပ်လုံးကိုပြည်သူတရပ်ဟု ယူဆချက်ကို ပြတ်သားစွာငြင်းဆိုသည်။ (သို့သော်) ဆက်လက်ဆုပ်ကိုင်ထားသည်မှာ လွတ်လပ်သောဖိုင်ဒရယ်ပြည်ထောင်စုနိုင်ငံတခု၏ ဖိုင်ဒရယ်အဖွဲ့ဝင်ယူနစ်တခုစီဟိသော ပြည်သူလူထုတရပ်စီကိုသာပြည်သူတရပ်ဟု ခေါ်ဆိုသည်။” 


ဤသို့ဆိုလျင် လွတ်လပ်သောပြည်ထောင်စုနိုင်ငံတခုအတွင်း ပြည်သူများစွာဟိနိုင်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာကား  ပြည်သူဇာနှစ်ရပ်ဟိနိုင်မည်နည်း။ ပြည်ထောင်စုမြန်မာနိုင်ငံတခုလုံးဟိ ပြည်သူလူထုအားလုံးကို ပြည်သူတရပ်ဟု မခေါ်ဆိုနိုင်ပါ။ ယင်းသို့ခေါ်ဆိုသတ်မှတ်လျင် ပြည်ထောင်စုမြန်မာနိုင်ငံမဟုတ်ဘဲ မြန်မာနိုင်ငံသာဖြစ်ပါလိမ့်မည်။ ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်တခုစီဟိသော ပြည်သူလူထုတရပ်စီသည်ပြည်သူတရပ်စီဖြစ်သည်။ ကချင်ပြည်သူ၊ ကယင်ပြည်သူ၊ ကယားပြည်သူ၊ ချင်းပြည်သူ၊ ချမ်းပြည်၊ မွန်ပြည်သူ၊ ရခိုင်ပြည်သူရို့နှင့် တိုင်း () တိုင်း ပါဝင်နီသောဗမာပြည်သူရို့ ဖြစ်သည်။ သို့ဆိုလျင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းတွင် ပြည်သူ () ရပ်ဟိသည်။ ထိုပြည်သူ () ရပ်အား ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေးကို ပီးအပ်ထားရမည်ဖြစ်သည်။ ပီးထားသော ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း မိခင်နိုင်ငံမှလေးစားလိုက်နာ ကျင့်သုံးရမည်။ (ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ လူမျိုးပေါင်း ၁၃၅ မျိုးမှ ထိုပြည်သူ () ရပ်ကို နှုတ်လိုက်လျင် ၁၂၇ မျိုး ကျန်သည်။ ယင်း ၁၂၇ မျိုးသောလူမျိုးများသည် လူနည်းစု (Minorities) များသာဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးလုံးကို ကိုယ်ပိုင်ပြဌာန်းခွင့်ပီးရမည်လားဟု ဗမာမြန်မာဂေါင်းဆောင်များ ကြွေးကြော်ပြောဆိုနီကြခြင်းသည် သတ်သတ်လုပ်ဇာတ်ခင်း လိမ်နီခြင်းသာဖြစ်သည်။ ထိုလူနည်းစုများသည် ပြည်သူတရပ်မဟုတ်သည့်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်ရေးကို မရဟိနိုင်ပါ။ လူနည်းစု (Minorities) များ၏ အခွင့်ရေးနှင့်ပါတ်သက်လို့ လေ့လာခြင်းမဟုတ်၍ အထူးမဖေါ်ပြလိုပါ။)


ဇာသူများသည် ပြည်သူတရပ်ဖြစ်ကြောင်းကို ယှင်းလင်းသဘောပေါက် နားလည်မည်ဟု မျှော်လင့်ပါသည်။ ပြည်သူတရပ်ကို ပီးအပ်ထားသော ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်ရေးကို မိခင်နိုင်ငံကလည်း လေးစားလိုက်နာကျင့်သုံးရသည်။ Milena Sterio ရွီးသော The Right to Self-determination under International Law တွင် အောက်ပါအတိုင်း ဖေါ်ပြထားသည်...


“International Law recognised that all people have a right to internal self-determination; a form of autonomy within the mother state, whereby a people’s rights to political representation, as well as rights to social, linguistic, and cultural freedom are guaranteed and respected by that mother state.” ()

သင့်လျှော်အောင်ဘာသာပြန်ဆိုရလျင်

ပြည်သူတိုင်းသည် ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်ဟိသည်ဟု နိုင်ငံတကာဥပဒေ၌ အသိမှတ်ပြုထားသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံဖြင့်ဖွဲ့စည်းထားသော ၄င်းကောင်းမိခင်နိုင်ငံအတွင်း ပြည်သူတရပ်သည်နိုင်ငံရေးအရကိုယ်စားပြုခွင့် ဟိရမည်။ လူမှုရေးဆိုင်ရာ၊ ဘာသာစာပီနှင့်ယဉ်ကျေးမှုဆိုင်ရာအခွင့်ရေးများကို အာမခံထားပြီး၊ မိခင်နိုင်ငံမှလေးစားလိုက်နာရမည်။


တောင်ဆူဒါန်၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို ဆူဒါန်အစိုးရမှ လေးစားလိုက်နာကျင့်သုံးခယင့်လား။ တောင်ဆူဒန်သည် ကိုယ်ပိုင်ပြဌာန်းခွင့်အခွင်းရေးကို ရဟိခပါသည်။ ၁၉၇၂ ခုနှစ် အဒီအဘာဘာသဘောတူစာချုပ် (Addis Ababa Agreement) ဖြင့် အဓိပ္ပါယ်ပြည့်ဝသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တရားဝင်ရဟိခသည်။ ၁၉၇၂ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရဟိထားခြင်းဖြစ်သည်။ သဘောတူစာချုပ်တွင် အဓိပ္ပါယ်ပြည့်ဝသောကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပီးထားသော်လည့် လက်တွိမှာဟန်ပြသာဖြစ်သည်ဟု ဝေဖန်သူများကဆိုကြသည်။ ထို့ကြောင်း ဆူဒါန်နိုင်ငံအတွင်း ပြည်တွင်းစစ်ရပ်မလားဖြစ်သည်။  တောင်ဆူဒါန်၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို မိခင်ဆူဒါန်နိုင်ငံအစိုးရက လေးစားလိုက်နာကျင့်သုံးခြင်း မဟိခပါ။ ၁၉၈၃ ခုနှစ်တွင် ထိုကိုယ်ပိုင်အုပ်ချုပ်ခွင့်သဘောတူစာချုပ်ကို မိခင်ဆူဒါန်နိုင်ငံအစိုးရမှ ဖျက်သိမ်းလိုက်သည်။ ယင်းဖျက်သိမ်းလိုက်သည့်အချိန်ကစပြီး ၂၀၀၅ ခုနှစ်ထိ မည်သည့်အခွင့်ရေးမှမရဟိဘဲ စစ်အာဏာသျှင်လက်အောက်မှာ ပြည်တွင်းစစ်ကြီး တဟုန်းဟုန်းတောက်လောင်နီရသည်။ ပြည်တွင်းစစ်ကြောင့် လူ့အခွင့်ရေးအကြီးအကျယ်ချိုးဖေါက်ခံလာရသည်။ ရောဂါဘယကပ်ဘေး၊ အငတ်ဘေးများနှင့် အသက်ပေါင်းမြောက်များစွာ ဆုံးယှုံရသည်။  The New York Time တောင်ဆူဒါန်စစ်ကာလအတွင်း လူဦးရေ (၃၈၃,၀၀၀) သုံးသိန်းယှစ်သောင်းသုံးထောင် သီဆုံကြရပြီး၊ အိုးမဲ့အိမ်မဲ့ဖြစ်ရသူဒုက္ခသည်ဦးရေ ,၀၀၀,၀၀၀ သန်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။ () ယခင်တော်လှန်ရေးရီချိန်ထက် နှစ်ဆတိုးပြင်းထန်လာသည်။ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်ကို ပယ်ဖျက်ခံလိုက်ရသော တောင်ဆူဒါန်ပြည်သူများသည် ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့် (External Self-determination) အခွင့်ရေးရဟိရန် တဆင့်တက်တောင်းဆိုတိုက်ပွဲ့ဝင်လာကြသည်။


ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ပါတ်သက်၍ ခိုင်လက်ရုံးရွီးထားသောကိုယ်ပိုင်ပြဌာန်းခွင့်ဟိသောပြည်သူ အပိုင်း ()” တွင် ၁၉၇၀ ခုနှစ် UN မှ ထုတ်ပြန်ကြေငြာသော “(the UN' Declaration on Principles of International law Concerning Friendly Relation and Co-operation among States in accordance with the Charter of the UN ( G.A.Res.2625 (XXV) , 1970) -----၏၊ ပြည်သူများ၏တန်းတူအခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မူ (the principle of equal rights and self-determination) အခန်း အပိုဒ် () ” ကို ဘာသာပြန်ယှင်းလင်းဖေါ်ပြထားသည်ကို ကိုးကားလိုက်ပါသည်။ 


" Nothing in the foregoing paragraphs shall be construed as authorizing or encouraging any action which would dismember or impair, totally or in part, the territorial integrity or political unity of sovereign and independent States conducting themselves in compliance with the principle of self -determination and, thus possessed of government representing the whole people belong to the territory without distinction as to race, creed or colour. “


(ရှိကဖော်ပြခသောသာ အပိုဒ်များသည်၊ နိုင်ငံနယ်နမိတ်အတွင်း မှီတင်နီထိုင်သော ပြည်သူအားလုံးကို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်ရို့အရ၊ ခွဲခြားပြုမူခြင်းမရှိဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာမူနှင့်အညီ လိုက်နာကျင့်သုံးသောကြောင့်၊ ကိုယ်စားပြုအစိုးရတရပ်ကိုပိုင်ဆိုင်သော၊ လွတ်လပ်ပြီး အချုပ်အခြာအဏာပိုင်နိုင်ငံများ၏၊ နိုင်ငံရေးစည်းလုံးမှု သို့မဟုတ် နယ်မြီပိုင်စိုးမှုကို၊ တစိတ်တပိုင်းကိုသော်၎င်း၊ အလုံးစုံကိုသော်၎င်း၊ ပျက်စီးယိုယွင်းစီရန် သို့မဟုတ် ပြိုကွဲစီရန် လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို လုပ်ပိုင်ခွင့်ပီးသည် သို့မဟုတ် အားပီးအားမြှောက်ပြုသည်ဟု မမှတ်ယူရ) ()


အထက်ဖေါ်ပြပါကိုးကားချက်သည် နိုင်ငံနယ်နမိတ်အတွင်း မှီတင်နီထိုင်ကြသည့် ပြည်သူတရပ် (သို့မဟုတ်) တရပ်ထက်ပိုသောပြည်သူများကို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်ရို့အရ မခွဲခြားဘဲ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်ကို ပီးထားရန်လိုသည်ဟု စည်းကမ်းသတ်မှတ်ထားခြင်းဖြစ်သည်။


ထိုကိုးကားချက်ကို ပြောင်းပြန်အဓိပ္ပါယ်ကောက်ယူလိုက်သော် နိုင်ငံနယ်နမိတ်အတွင်း မှီတင်နီထိုင်ကြသည့် ပြည်သူတရပ် (သိုမဟုတ်) တရပ်ထက်ပိုသောပြည်သူများကို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်ရို့အရ ခွဲခြားပြီး ကိုယ်ပိုင်ပြဌာန်းခွင့် (ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်) ပီးအပ်ရန်ငြင်းဆန်ပျက်ကွက်နီလျင် ၄င်းနိုင်ငံဟိပြည်သူအားလုံးကို ကိုယ်စားပြုသောအစိုးရမဟုတ်ပါ။ ယင်းသို့ကိုယ်စားပြုအစိုးရမဟုတ်သည့်အတွက် ၄င်းနိုင်ငံ၏နယ်မြီပိုင်စိုးမှုနှင့် နိုင်ငံရေးစည်းလုံးမှုများကို ချိုးဖေါက်ပြီး သီးခြားလွတ်လပ်သောနိုင်ငံထူထောင်ခွင့်ဟိသည်ဟု သဘောပေါက်နားလည် မှတ်ယူရမည်ဖြစ်သည်။


ထို့ကြောင့် ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်ဆုံးယှုံးနီရသော တောင်ဆူဒါန်ပြည်သူများသည် ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုလာရခြင်းဖြစ်သည်။ စစ်ကာလအတွင် လူဦးရည် (၃၈၃၀၀၀) သီဆုံးကြရပြီး၊ လူဦးရေ သန်းကျော် ဒုက္ခသည်အဖြစ်သို့ရောက်လားရသည်။ လူအခွင့်ရေးအဆမတန် ချိုးဖေါက်ခံရသည်။ ယင်းကြောင့် တောင်ဆူဒါန်၏လွတ်လပ်ရေးသည် UN (G.A.Res.2625 (XXV) 1970…..the principle of equal rights and self-determination အခန်း၊ အပိုဒ် () အရ နစ်နာမှုကိုကုစားရန်ခွဲထွက်ခြင်း (Remidial Secession) ဟု ဥပဒေပညာသျှင်များက ဆိုကြသည်။


တောင်ဆူဒါန်လွတ်ရေးနှင့် ပါတ်သက်လို့ မှတ်ချက်ပီးသူ ဥပဒေပညာသျှင်တဦးကဆိုလျင်... 

“Independence for South Sudan was always ‘a no brainer.’ Its people were separated from the rest of Sudan by two of the continent’s biggest religious and linguistic dividing lines; only the administrative convenience of British colonialists had put them together”()

သင့်လျှော်အောင်ဘာသာပြန်ဆိုရလျင်

တောင်ဆူဒါန်လွတ်လပ်ရေးသည် ဥဏှောက်စားရသော အခက်ခဲတခုမဟုတ်ခပါ။ ဘာသာစကားအားဖြင့်၊ ယုံကြည်ကိုးကွယ်မှုအားဖြင့် တိုက်ကြီးနှစ်ခု စီးခြားကွဲပြားသကဲ့သို့ တောင်ဆူဒါန်၏ပြည်သူများသည် အခြားဆူဒါန်ပြည်သူများနှင့် လုံးဝကွဲပြားခြားနားလျက်ဟိသည်။ ဗြိတိသျှကိုလိုနီများက အုပ်ချုပ်ရလွယ်ကူအောင် ပေါင်းထည့်ထားခခြင်းသာဖြစ်သည်။



တောင်ဆူဒါန်နှင့်ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏အဆုံးဖြတ်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ကမ္ဘာအင်အားကြီးနိုင်ငံများ ပါဝင်စွပ်ဖက်တတ်သည့် အချက်သုံးချက်ကိုတွိရသည်။ ၄င်းရို့မှာ........

) Massacre to own people (ကိုယ့်ပြည်သူအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း)

) Harbor Terrorists (အကြမ်းဖက်အဖွဲ့များကို ခိုလှုံနီရာပီးမွီးထုတ်ခြင်း)

) Pursue weapons of mass destruction (လူအစုလိုက်အပုံလိုက်သီစီနိုင်သည့် လက်နက်များထုတ်လုပ်ခြင်း) များ ဖြစ်သည်။


အထက်ဖေါ်ပြပါ အချက်သုံးချက်မှ တခုခုနှင့်ငြိမ့်စွမ်းနီပါက ထိုနိုင်ငံများကို အင်အားကြီးနိုင်ငံများမှ ၀င်ရောစွက်ဖက်ဟန့်တားနိုင်သည်။ ()


ကမ္ဘာ့စူပါအင်အားကြီးနိုင်ငံများဖြစ်ကြသော ဆိုဗီယတ် (ယ္ခု Russia) နှင့် တရုပ်ပြည်သူ့သမ္မတနိုင်ငံများက ဆူဒါန်စစ်အာဏာသျှင်အစိုးရ အဆက်ဆက်ကို အခိုင်အမာကြောထောက်နောက်ခံပြုထားကြမှုကြောင့် အနောက်စူပါပါဝါအင်အားကြီးနိုင်ငံများမှ တောင်ဆူဒါဏ်အရေးမှာ ၀င်ရောက်စွက်ဖက်မှု နှောက်နှေးနီခရသည်။ သို့သော် ၂၀၀၅ ခုနှစ်အရောက်မှာကား အနောက်အင်အားကြီးနိုင်ငံများသည် ဤဒေသအတွင်း သူရို့၏ဒေသံတရနိုင်ငံရေးမူဝါဒ ရုပ်တရက်ပြောင်းလဲလားသည်။ ကမ္ဘာ့အင်ကြီးနိုင်ငံများမှ စီးပွားရေးပိတ်ဆို့မှု၊ သံတမာန်နိုင်ငံရေးဖြတ်တောက်မှု၊ စစ်ဖက်ဆိုင်ရာအထောက်အပံ့များ ပိတ်ဆို့တားမြစ်မှုများကို ဆောင်ရွက်လာကြသည်။ ဆူဒါန်သမ္မတအလ်ဘာချာနှင့် ၄င်းအစိုးရကို အမေရိကန်ဦးဆောင်ပြီး ဥရောပအဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိသျှ၊ နော်ဝဲနိုင်ငံနှင့် အနောက်အုပ်စုများက တောင်ဆူဒါန်တော်လှန်ရေအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အပြင်းအထန်ဖိအားပီးလာသည်။ ယင်းအပြင် ၂၀၁၁ ခုနှစ်မှာ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ပီးရန် အာမခံချက်ရလာအောင်ထိ ဖိအားပီးကြသည်။ တချိန်တည်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများ ဒေသံတရနိုင်ငံရေးပေါ်လစီနှင့်အတူ တောင်ဆူဒါန်အားလူ့အခွင့်ရေးချိုးဖေါက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုများကို စစ်ရာဇာဝတ်ကျူးလွန်မှုများနှင့် အိုးမဲ့အိမ်မဲ့နီရာပြောင်ဒုက္ခသည်များကိစ္စ အိမ်နီနားချင်းနိုင်ငံများသို့ ထိမ်းမနိုင်သိမ်းမရအောင် ဂယက်ရိုက်လာမှုအပေါ် မူတည်ပြီး နိုင်ငံတကာရာဇာဝတ်ပြစ်မှုဆိုင်ရာတရားယုံး (International Criminal Court) အလ်ဘာချာနှင့် သူ၏နောက်လိုက်များကို တရာစွဲလိုက်သည်။ ယင်းနောက် နိုင်ငံတကာရာဇာဝတ်ပြစ်မှုဆိုင်ရာတရားယုံးမှ အလ်ဘာချာနှင့်သူ၏နောက်လိုက်များကို ဖမ်းဝရမ်းထုတ်လိုက်သည်။


 နောက်ထပ်အကြောင်းရင်းတခုက ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နိ အမေရိကန်နယုယောက်မြို့ဟိ ကမ္ဘာ့စီးပွားရေးဆန္တာအမွှာညီနောင် မျှော်စင်ကြီးနှစ်ခုကို အလ်ကွိုင်ဒါ (al-Qaeda) မှ ၀င်ရောက်တိုက်ခိုက်လိုက်သောကြောင့် အနောက်အင်အားကြီးနိုင်ငံများက အစွမ်းရောက်မူဆလင်နိုင်ငံများအင်အားကြီးထွားလာမှုကို ကြောက်ရွံ့လာကြသည်။ အင်အားကြီးနိုင်ငံများသာ ကြောက်ရွံ့လာခြင်းမဟုတ်ဘဲ /၁၁ လွန်ကာလာမှာ တကမ္ဘာလုံးကလည်း နိုင်ငံတကာအကြမ်းဖက်အဖွဲ့စည်းများကို ကြောက်ရွံ့ရွံချာလာကြသည်။ 


အဖက်ဖက်က ဖိအားမျိုးစုံနှင့်ရင်ဆိုင်လာရသော၊ သူကိုယ်တိုင်လည့် နိုင်ငံတကာရာဇာဝတ်ပြစ်မှုဆိုင်ရာတရာယုံးမှ ဖမ်းဝရမ်းထုတ်ခံထားရသော အလ်ဘာချာသည် ၂၀၀၅ ခုနှစ်မှာ  တောင်ဆူဒါန်တော်လှန်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရသည်။ နိုင်ငံတကာဖိအားပီးတောင်ဆိုလာသော ၂၀၁၁ ခုနှစ် ဇန္နာဝါရီလ -၁၅ ရက်နိထိကျင်းပသော ပြည်သူဆန္ဒခံယူပွဲ့ကို ခြွင်းချက်မဟိ ဂတိပြုလုပ်ပီးရသည်။ ထိုပြည်သူ့ဆန္ဒခံယူပွဲ့၌  မဲ ၉၈.၈၆% ဖြင့် တောင်ဆူဒါဏ်သည် လွတ်လပ်သောအချုပ်အချာပိုင် နိုင်ငံတခုအဖြစ် ကမ္ဘာ့အလယ်မှာ ၀င့်ဝါစွာပေါ်ထွက်လာသည်။ 


၂၀၁၁ ခုနှစ် ဂျူလိုင်လ ရက်နိမှာ တောင်ဆူဒါန်သည် ၅၄ နိုင်ငံမြောက် လွတ်လပ်သောအာဖရိကသမဂ္ဂအသင်းဝင်နိုင်ငံတခုဖြစ်လာပြီး၊ ၂၀၁၁ ခုနှစ် ဂျူလိုင်လ ၁၄ ရက်နိမှာ ကမ္ဘာ့နိုင်ငံများစရင်းဝင် ၁၉၃ နိုင်ငံမြောက်အဖြစ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာသည်။ (၁၀)


ထိုနည်း၎င်း ကမ္ဘာ့အင်အားကြီးနိုင်ငံများအဆုံးဖြတ်နှင့် လွတ်မြောက်လာသည့် နိုင်ငံတချို့မှာ မတ်လ ၂၆၊ ၁၉၇၁ နှစ်မှာ လွတ်လပ်ရေးရပြီး၊ နိုင်ငံတကာအသိမှတ်ပြုမှုကို ၁၇၊ ၀၉၊ ၁၉၇၄ ခုနှစ်၊ ဘင်္ဂဒါတ်ခ်ျနိုင်ငံသည် အိန္ဒိယ၏အဆုံးဖြတ်ဖြင့် လွတ်မြောက်လာသည်။ သြဂုတ်လ ၃၀၊ ၁၉၉၉ ခုနှစ်မှာ လွတ်လပ်ရေးရပြီး၊ ၂၇၊ ၀၉၊ ၂၀၀၂ ခုနှစ်မှာ နိုင်ငံတကာအသိမှတ်ပြုခံရသော အရှိတိန်မောသည်လည့် သြစတြိယ အဆုံးဖြတ်ဖြင့် လွတ်မြောက်လာသည်။ ၁၇ ဖေဖေါ်ဝါရီလ ၂၀၀၈ ခုနှစ်မှာ လွတ်မြောက်လာသော ကိုဆိုဗိုနိုင်ငံသည်လည့် ဥရောပ (NATO) အဆုံးဖြတ်ဖြင့် လွတ်မြောက်လာသည်။


ဤသည်မှာ ကမ္ဘာ့အင်အားနိုင်ငံများ၏ပါဝင်ပါတ်သက်မှု သို့မဟုတ် ဥပဒေစကားအရ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏အဆုံးဖြတ်ပင်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့စူပါပါဝါအင်အားကြီးနိုင်ငံများအဆုံးအဖြတ် (၀ါ) ပါဝင်ပါတ်သက်မှုမပါဘဲ အေပထ၀ီမြီးကြီးမှာ လွတ်လပ်သောအချုပ်အချာအာဏာပိုင် နိုင်ငံတခုဖြစ်ပေါ်လာဖို့ဆိုစွာ ၂၁ ရာစုခေါတ်မှာ မဖြစ်နိုင်လောက်အောင် ခက်ခဲပါသည်။ သို့သော် တောင်ဆူဒါန်သည် ယင်းအခက်ခဲကိုကျော်လွှား၍ ကိုယ်ပိုင် (ဆဲလ်ဖီစတန် Selfistan) နိုင်ငံ ထူထောင်နိုင်ခသည်။









ကိုးကားများ

xxxxxxxxx


) The Right to Self-Determination under International Law, South Sudan; Milena Sterio: p 163

) ကိုယ်ပိုင်ပြဌာန်းခွင့်ဟိပြည်သူ (အပိုင် ) ဆရာခိုင်လက်ရုံး၊ p 1.

) ကိုယ်ပိုင်ပြဌာန်းခွင့်ဟိပြည်သူ (အပိုင် ) ဆရာခိုင်လက်ရုံး၊ p 3.

) The Right to Self-Determination under International Law, Case Studies, South Sudan; Milena Sterio: p 165.

) Creating New States: Theory and practice of Secession, Secession and International Law-Box 8.1 The meaning of ‘People’ in relation to Self-determination, Aleksandar Pavković with Peter Radan; p 233.

) The Right to Self-Determination under International Law, Case Studies: South Sudan, Milena Sterio: p116.

) The New York Time, sept 26. 2018

) ကိုယ်ပိုင်ပြဌာန်းခွင့်ဟိသောပြည်သူ (အပိုင်း ) ဆရာခိုင်လက်ရုံး၊ p 7

) The Right to Self-Determination under International Law, Case Studies: South Sudan, Milena Sterio: p116.

) The Right to Self-Determination under International Law, Self-determination, Sovereignty, and Intervention; Milena Sterio: p 51

၁၀) South Sudan, Wikipedia. UN welcome South Sudan as 193rd member State, UN News.

စစစ

No comments:

Post a Comment