Friday, June 5, 2020

ကိုယ်ပိုင်ပြဌာန်းခွင့်ဟိသောပြည်သူ

အပိုင်း ၁
-----
နိုင်ငံတကာဥပဒေ နှစ်ခုဖြစ်သော "နိုင်ငံရေးနှင့် လူမှုအဖွဲ့စည်းအခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက် "(the International Covenant on Civil and Political Rights) နှင့် "စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက်" (the International Covenant on Economic, Social and Cultural Rights) ရို့တွင် ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) ကို
ပြည်သူ (people) ကို အပ်နှင်းထားသည်။ ၎င်းနိုင်ငံတကာဥပဒေနှစ်ခုလုံး၏ပုဒ်မ () တိုင်းတွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

"All people have the right of self-determination . By virtue of that right they freely determine their political status and freely pursue their economic, social and cultural development. “

ဆီလျော်အောင် ဘာသာပြန်ဆိုလျှင်-
" ပြည်သူတိုင်းသည် ကိုယ်ပိုင်ပြဌာန်းခွင့်ဟိသည်။ ထိုအခွင့်အရေးအရ ပြည်သူတိုင်းသည်၊ ၎င်းရို့၏နိုင်ငံရေး အဆင့်အတန်းကို လွတ်လပ်စွာဆုံးဖြတ်နိုင်သည်။ ၎င်းရို့၏ စီးပွားရေး၊ လူမှု့ရေးနှင့် ယဉ်ကျေးမှုရေးရာရို့ ဖွံ့ဖြိုးတိုးတက်ရေးရို့အတွက်လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်နိုင်သည်


နိုင်ငံတနိုင်ငံတွင်ဟိသော လူဦးရေအားလုံးအပေါင်းစု (entire population of an existing state)
ကိုပြည်သူတရပ်ဟု မသတ်မှတ်ပါ။ နိုင်ငံတနိုင်ငံတွင်၊ လူမျိုး ၊တိုင်းရင်းသားဖြစ်မှု၊ ကိုးကွယ်မှု၊ နောက်ခံသမိုင်းစသည်ရို့ကို အခြေခံပြီးကွဲပြားသော လူအုပ်စုတစုစီကို ပြည်သူတရပ်ဟု သတ်မှတ်သည် ထို့ကြောင့်နိုင်ငံတနိုင်ငံတွင် ပြည်သူတရပ်ထက်ပို၍ဟိနိုင်သည်။
ဤအချက်မှန်ကန်ကြောင်းကို ကနေဒါနိုင်ငံမှကွိဘက်ပြည်နယ်ခွဲထွက်ခြင်းကိစ္စနှင့်ပတ်သက်၍ ကနေဒါ အမြင့်ဆုံးတရားရုံး ( Canadian Supreme Court) ဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့် သိနိုင် ပါသည်။ ၎င်းဆုံးဖြတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

" It is clear that a "people " may include only a portion of the population of an existing state. The right to self -determination has developed largely as a human right, and is generally used in documents that simultaneously contain references to "nation " and "state". The juxtaposition of these terms is indicative that the reference to "people " does not necessarily mean the entire population of a state."
ဆီလျော်အောင် ဘာသာ ပြန်ဆို လျင်-
" ပြည်သူတရပ်သည် တည်ဆဲနိုင်ငံတခုဟိ လူဦးရေ၏ အစိတ်အပိုင်းတခုအဖြစ်သာ ပါဝင်နီသည်မှာ၊ သိသာထင်ရှားလှပါသည်။ ကိုယ်ပိုင်ပြဌာန်းခွင့်သည် လူ့အခွင့်ရေးတခုအဖြစ် ကျယ်ပြန့်စွာ ဖွံဖြိုးတိုးတက်လာပြီး၊ ၎င်းဝေါဟာရကို 2"အမျိုးသား " နှင့် "နိုင်ငံ " ဟူသော ဝေါဟာရများနှင့် တပြိုင်တည်း ရည်ညွန်းသုံးနှုန်းထားချက်များပါဝင်သော၊ နိုင်ငံတကာစာချုပ် စာတမ်းများတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြသည်။ ထိုဝေါဟာရများကို အတူယှဉ်တွဲပြီး အသုံးပြုနေခြင်းကပင်လျင်၊ "ပြည်သူဟု ရည်ညွှန်းအသုံးပြုခြင်းသည်၊ နိုင်ငံတနိုင်ငံ၏ လူဦးရေအားလုံးအပေါင်းစုကို ဆိုလိုခြင်းမဟုတ်ကြောင်းညွှန်ပြနီပေသည်။

(Judgement of the Supreme Court of the Canada, supra note 66, at para #123)

ယနိမျက်မောက်ကာလတွင်၊ UN အဖွဲ့ဝင်နိုင်ငံပေါင်း(၂၀၀) နီးပါးခန့် ဟိပါသည်။ ၁၉၄၅ ခုနှစ် UN စတင်တည်ထောင်စဉ်က၊ အဖွဲ့ဝင်နိုင်ငံ (၅၀) မျှသာဟိသည်။ အသစ်ပေါ်ထွန်းလာသော နိုင်ငံ (၁၅၀) နီးပါးသည် ထိုစဉ်က၊ လွတ်လပ်သောနိုင်ငံ(၅၀) ထည်းမှ၊  တချို့သောနိုင်ငံများ၏ အုပ်ချုပ်မှုအောက်တွင်၊ မလွတ်လပ်သောကိုလိုနီ နယ်မြီများအဖြစ် ဟိနီခရပါသည်။

UN တည်ထောင်ပြီး နှစ်ပေါင်း (၇၀) အတွင်း၊ လွတ်လပ်သောနိုင်ငံသစ် (၁၅၀) နီးပါး ပေါ်ထွန်းလာခြင်းသည်၊ နိုင်ငံတခုတွင်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟိသော ပြည်သူတရပ်ထက်မက ဟိကြောင်း  
အထင်ရှားဆုံးသာဓက ဖြစ်ပါသည်။


အပိုင်း-
--------

အပိုင်း () တွင်၊ နိုင်ငံတကာဥပဒေများ၌၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို၊ ပြည်သူအားပီးအပ်ထားကြောင်းနှင့်၊ နိုင်ငံတနိုင်ငံတွင်၊ ပြည်သူတရပ်ထက်ပို၍ ဟိကြောင်းဆွေးနွေးတင်ပြခပါသည်။ ယခုအပိုင်း() တွင်၊ ပြည်သူဆိုသည်မှာ၊ မည်သူတွေဖြစ်ကြောင်း ဆွေးနွေးပါမည်။ ကျွမ်းကျင်သူ ပညာသျှင်များက ပြည်သူတရပ်သည် စံနှစ်ရပ်နှင့် ပြည့်မီရမည်ဟုဆို သည်။ ၎င်းစံနှစ်ရပ်မှာ၊ ရုပ်ပိုင်းဆိုင်ရာ စံ ( objective criteria) နှင့် စိတ်ပိုင်းဆိုင်ရာစံ( subjective criteria) ရို့ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာစံတွင်၊ တိုင်းရင်းသားဖြစ်မှု၊ ဘာသာစကား၊ ကိုးကွယ်မှု၊ စုပေါင်းပိုင်ဆိုင်သော
သမိုင်းအစဉ်အလာ၊ နယ်မြေပိုင်ဆိုင်မှု စသည်ရို့ပါဝင်သည်။ စိတ်ပိုင်းဆိုင်ရာစံတွင်၊ မိမိရို့၏ ထူးခြားသောဝိသေသများနှင့် အစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး၊ အတူတကွနီထိုင်လိုစိတ် ရှိခြင်း၊ ရှိဆက်ပြီးလည်း ယင်းသို့နီထိုင်လိုစိတ် ဟိခြင်းရို့ဖြစ်သည်။

(Renan, Qu'est-ce qu'une Nation? 1882, 1QUVRES COMPLETE 887, at 903-904.)

UN ၏လူနည်းစုကာကွယ်စောင့်ရှောက်ရေးနှင့် ခွဲခြားဆက်ဆံမှုတားဆီးကာကွယ်ရေး ဆပ်ကော်မယှင်၏ အထူးကိုယ်စားလှယ် (Special Rapporteur of the Sub-commission on the Prevention of Discrimination and Protection of Minorities) Aureliu Cristescu က၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဟိသောပြည်သူတရပ်၏ အဓိပ္ပါယ်ဖွင့်ဆိုရေးနှင့်ပတ်သက်ပြီး အောက်ပါအတိုင်းအကြံပြုသည်။

  1. The term "people" denotes a social entity possession a clear identity and its own characteristics:,

(b) It implies a relationship with a territory, even if the people in question has been wrongfully expelled from it and artificiality replaced by another population:,

(c) A people should not be confused with ethnic, religious or linguistic minorities, whose
existence and rights are recognised in article 27 of the international covenant on Civil and
Political Rights.

(The Right to Self-determination: Historical and Current Development on the basis of United Nation's Instruments, 1981,#221.)

ဆီလျော်အောင်ဘာသာပြန်ဆိုရလျင်၊
(က) ပြည်သူဆိုသည်မှာ၊ သိသာထင်ရှားသောလက်ခဏာနှင့် ကိုယ်ပိုင်ထူးခြားသည့် အင်္ဂါရပ်များဟိသောလူမှုအဖွဲ့အစည်း တခုဖြစ်သည်။

() ပြည်သူတရပ်သည် နယ်မြီတခုနှင့် ဆက်စပ်ပါတ်သက်လျက်ဟိသည်။ အငြင်းပွားစရာကြုံနီရသောပြည်သူတရပ်ကို၊ နယ်မြီတခုမှ မောင်းထုတ်လိုက်ပြီး၊ ၎င်းနယ်မြီတွင် အခြားသူများအစားထိုးဝင်ရောက်နီထိုင်စီကာမူ၊ အဆိုပါမောင်းထုတ်ခံရသော ပြည်သူသည် ၎င်းတို့ မူလနီထိုင်ခသောနယ်မြီနှင့် ဆက်စပ်ပါတ်သက်သည့်၊ ပြည်သူပင်ဖြစ်သည်။

() ပြည်သူတရပ်ကို တိုင်းရင်းသားလူနည်းစု၊ ဘာသာရေး သို့မဟုတ် ဘာသာစကား လူနည်းစု စသည့်လူနည်းစုများနှင့် မရောထွီးသင့်ပေ။ အဆိုပါ လူနည်းစုများ၏တည်ဟိမှုနှင့် အခွင့်အရေးများကို၊ နိုင်ငံရေးနှင့် လူမှုအဖွဲ့စည်းအခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက် ပုဒ်မ ၂၇ တွင် အသိအမှတ် ပြုပြဌာန်းထားပြီးဖြစ်သည်။ ယူနက်စကို အစီအစဉ်ဖြင့် ၁၉၈၉ ခုနှစ်က ကျင်းပခသော " ပြည်သူများ ၏အခွင့်ရေးများဆိုင်ရာသဘောတရား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ နိုင်ငံတကာကျွမ်းကျင်သူ ပညာသျှင်များတွိဆုံစည်းဝေးပွဲ့ (the UNESCO International Meeting of Experts for Elucidation of the Concepts of Rights of Peoples) က ပြည်သူတရပ်၏ အဓိပ္ပါကို အောက်ပါအတိုင်းဖွင့်ဆိုထားပါသည်။

"အောက်ဖော်ပြပါ စုပေါင်း ပိုင်ဆိုင်သောအသွင်အပြင် (Common Features) ရှိသော၊ လူသားတဦးချင်းစီပါဝင်သည့်လူအုပ်စု (a group of individual human beings) သည် ပြည်သူတရပ် (a people) ဖြစ်သည်။

(က) စုပေါင်းပိုင်ဆိုင်သောသမိုင်းဆိုင်ရာ အစဉ်အလာဟိခြင်း (a common historical tradition) () မည်သည့် လူမျိုး သို့မဟုတ် တိုင်းရင်းသားဖြစ်သည်ဟု ထုတ်ဖော်တင်ပြနိုင်ခြင်း( racial or ethnic identity) () ယဉ်ကျေးမှုတူညီခြင်း ( cultural homogeneity) () ဘာသာစကား ညီညွတ်မှုဟိခြင်း (linguistic unity) () ဘာသာရေး သို့မဟုတ် သဘောတရားရေး ဆက်နွယ်မှုဟိခြင်း (religious or ideological affinity) () နယ်နမိတ် ဆက်နွယ်မှုဟိခြင်း( territorial connection) () စုပေါင်းပိုင်ဆိုင်သောစီးပွားရေး ဘဝရှိခြင်း (common economic life)


အပိုင်း
-------

ကိုယ်ပိုင်ပြဌာန်းခွင့်၏ အဓိပ္ပါယ်သည်၊ သမိုင်းစဉ်တလျှောက် တိုးတက်ပြောင်းလဲနီပါသည်။ နှစ်ဆယ်ရာစုအစပိုင်း ပထမကမ္ဘာ့စစ်ပြီးနောက်ပိုင်းတွင်၊ "နိုင်ငံပေါင်းချုပ်အဖွဲ့ " (the League of Nations) ပေါ်ပေါက်လာသည်။ နိုင်ငံပေါင်းချုပ်အဖွဲ့၏ အမိန်ပီးစေခိုင်းသောစနစ် ( mandate system) ဖြင့် စစ်ရှုံးသောဂျာမဏီနှင့် တူရကီရို့၏ ကိုလိုနီ နယ်မြီများကို လွတ်လပ်ရေးပီပြီး နိုင်ငံ သစ်များ ထူထောင်စီခသည်။ (မှတ်ချက်၊ ဤကာလတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည်၊ နိုင်ငံရေးအယူအဆ (political idea) သို့မဟုတ် အာဏာဖြင့် မလုပ်မနီရ လုပ်ဆောင်စီသောမူ (Imperative principle of action) ဖြစ်သည် )

နောက်ပိုင်းတွင်၊ နိုင်ငံပေါင်းချုပ်အဖွဲ့ လည်းပြိုပျက်ခသည် ၎င်းအစား ဒုတိယ ကမ္ဘာ့စစ်ပြီးဆုံးပြီးနောက်၊ ၁၉၄၅ ခုနှစ်တွင် "ကုလသမဂ္ဂအဖွဲ့" (the United Nations' Organization) ကို ဖွဲ့စည်းတည်ထောင်ကြသည်။ တချိန်တည်းမှာပင် စစ်နိုင်သောနိုင်များ၏ ကိုလိုနီ များအပါဝင် ကမ္ဘာတလွှား ဟိ ကိုလိုနီပြည်သူများ၏ အမျိုးသားလွတ်မြောက်ရေး တောင်းဆိုမှုများနှင့် ကိုလိုနီစနစ်ဆန့်ကျင် တိုက်ဖျက်ရေး (Decolonization) တိုက်ပွဲ့များ အချိန်အဟုန်မြင့်စွာ ပေါ်ပေါက်လာခသည်။ ကုလသမဂ္ဂအဖွဲ့  (UN) ကလည်း ကိုလိုနီစနစ်ဆန့်ကျင်တိုက်ဖျက်ရေး (Decolonization) ကို အားပီးထာက်ခံခသည်။

ထို့ကြောင့် ၁၉၆၀ ခုနှစ်တွင်၊ ကုလသမဂ္ဂအဖွဲ့ (UN) က "ကိုလိုနီတိုင်းပြည်များနှင့် ပြည်သူများအား လွတ်လပ်ရေးပီးသည့်ကြေငြာစာတမ်း” (the United Nations' Declaration on Granting Independence to the Colonial Countries and Peoples, GA Res 1514 (XV),1960) ကို ထုတ်ပြန်ကြေငြာခသည်။ ဤကာလတွင် ကိုလိုနီပြည်သူအများအပြား (အထူးသဖြင့် အာဖရိကမှ) လွတ်မြောက်လာပြီး နိုင်ငံသစ်များစွာ ပေါ်ထွန်းလာခသည်။ (မှတ်ချက်...ဤကာလတွင်၊ ကိုယ်ပိုင်ပြဌာန်းခွင့် သည်၊ ကိုလိုနီပြည်သူများ၏ လွတ်လပ်ရေးဖြစ်သည်။)

၎င်းကာလနောက်ပိုင်း နှစ်အနည်းငယ်အကြာတွင်၊ ကမ္ဘတဝှမ်းလုံးတွင်၊ မလွတ်လပ်သေးသော ပြသူ များ၏ခွဲထွက်ရေး လှုပ်ယှားမှုများသည်၊ နိုင်ငံတခု၏နယ်မြီပိုင်စိုးမှု (territorial integrity) နှင့် ထိတိုက်တိုးလာသည် များကိုတွိလာရသည်။

၁၉၆၆ ခုနှစ်တွင်၊နိုင်ငံရေးနှင့် လူမှုအဖွဲ့စည်းအခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက် ( the International Covenant on Civil and Political Rights) နှင့် "စီးပွားရေး၊ လူမှု့ရေးနှင့် ယဉ်ကျေးမှု အခွင့်ရေးများ နိုင်ငံတကာသဘောတူညီချက် "(the Internationa Covenant on Economic, Social and Cultural Rights) ဟူ၍ နိုင်ငံတကာ ဥပဒေ နှစ်ခုပေါ်ထွန်းလာသည်။ ၎င်းင်ငံတကာ ဥပဒေနှစ်ခုတွင် "ကိုယ်ပိုင်ပြဌာန်းခွင့်" ကို ပြည်သူများ၏အခွင့်ရေး (a Right of all Peoples) အဖြစ် အသိအမှတ် ပြုထားသည်။ (မှတ်ချက်... ဤကာလမှစ၍ ယနိကာလအထိ ကိုယ်ပိုင်ပြဌာန်းခွင့် သည် ပြည်သူတရပ်၏ အခွင့်ရေးဖြစ်သည်။)

အထက်ဖော်ပြပါ နိုင်ငံတကာဥပဒေရို့တွင် ပြဌာန်းထားချက်များ၏ အကျိုးဆက် အနီဖြင့် (တရားရုံး အဆုံးအဖြတ်များနှင့် ပညာရှင်ရို့၏အားထုတ်မှုများလည်းအပါဝင်) ကိုယ်ပိုင်ပြဌာန်းခွင့်အသွင်အပြင် () မျိုး ဖြစ်ထွန်းလာသည်။
၎င်းရို့မှာ-
(က) ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် ( Internal self-determination)
() ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့် (External self-determination) ရို့ ဖြစ်ကြသည်။

(က) ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် (Internal self -determination) မှာ၊ ပြည်သူတရပ်သည်၊ မိခင်နိုင်ငံထည်းတွင်၊ အခြားသောပြည်သူများနှင့် တန်းတူေ နိုင်ငံရေးအဆင့်အတန်းဟိပြီး ၊၎င်းရို့၏စီးပွားရေး၊ လူမှု့ရေးနှင့် ယဉ်ကျေးမှုရေးရာရို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခွင့်ဟိသော အခွင့်ရေးဖြစ်သည် တနည်းအားဖြင့် မိခင်နိုင်ငံထည်းတွင်၊ ပြည်သူတရပ်အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့် (autonomy) အပြည့်အဝရဟိပိုင်ခွင့် ဖြစ်သည်။ ( ဥပမာ၊ ဖက်ဒရယ် ပြည်ထောင်စုထည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဟိသောပြည်နယ်) ပြည်သူတရပ်သည်၊ မိခင်နိုင်ငံထည်းတွင်၊ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝဟိနီလျင် ထိုပြည်သူအား အဖိနှိပ်ခံပြည်သူ (oppressed people) ဟု မဆိုနိုင်ချေ။ ဤအခြေနယ်မျိုးတွင်၊ မိခင်နိုမှခွဲထွက်ပြီး ခြားနိုင်ငံတခုထူထောင်ရန် ခွဲထွက်ရေးလှုပ်ရှားမှု ( secessionist movements) လည်း လုပ်ရန်မလို၍ မိခင်နိုင်ငံ၏နယ်မြေပိုင်စိုးမှု (territorial integrity) နှင့်လည်း ထိပ်တိုက်တိုးရန် အကြောင်းမဟိချေ။

() ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့် (External self-determination)မှာ၊ အထက်ဖော်ပြပါ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် (Internal self-determination) ဆုံးရှုံးပြီး၊ လူ့အခွင့်ရေး (Human Right) များ အကြီးအကျယ်ချိုးဖောက်ခံနီရသော အဖိနှိပ်ခံပြည်သူတရပ်သည်၊ ၎င်းရို့ခံစားနီရသော ဆင်းရဲဒုက္ခများမှ၊ သက်သာရာသက်သာကြောင်းအဖြစ်၊ မိခင်နိုင်ငံမှခွဲထွက်ပြီး သီးခြားလွတ်လပ်သော နိုင်ငံထူထောင်ခွင့်အခွင့်ရေး ( Right to remedial secession and independence) ဖြစ်သည်။


အပိုင်း-
-------

အပိုင်း () တွင်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အသွင်အပြင်နှစ်မျိုး၊ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် (internal self-determination) နှင့် ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့် (external self-determination) ရို့ အကြောင်း ကိုဆွေးနွေးခပါသည်။ ယခုအပိုင်း () တွင်၊ ပြည်သူတရပ်သည်၊ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးယှဲုးနီရလျင်၊ ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးနိုင်ရန် မိခင်နိုင်ငံမှခွဲထွက်ပြီး လွတ်လပ်သောနိုင်ငံတခု ထူထောင်ခွင့်ဟိမဟိ အကြောင်းကို ဆွေးနွေးပါမည်။

၁၉၇၀ ခုနှစ် UN မှ ထုတ်ပြန်ကြေငြာသော၊ 'ကုလသမဂ္ဂအဖွဲ့၏ ပဋိဥာဏ်စာတမ်းနှင့်အညီ၊ နိုင်ငံများအကြား မိတ်ဆွေပီသစွာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးရို့နှင့်သက်ဆိုင်သည့် နိုင်ငံတကာဥပဒေ စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကြေငြာစာတမ်း '(the UN' Declaration on Principles of International law Concerning Friendly Relation and Co-operation among States in accordance with the Charter of the UN ( G.A.Res.2625 (XXV) , 1970) --------------
၏၊ ပြည်သူများ၏တန်းတူအခွင့်အရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်မူ (the principle of equal rights and self-determination) အခန်း အပိုဒ် () တွင်

အောက်ပါ အတိုင်း ပြဌာန်း ထားသည်

" Nothing in the foregoing paragraphs shall be construed as authorizing or encouraging any action which would dismember or impair, totally or in part, the territorial integrity or political unity of sovereign and independent States conducting themselves in compliance with the principle of self -determination and, thus possessed of government representing the whole people belong to the territory without distinction as to race, creed or colour. “

ဆီလျော်အောင်ဘာသာပြန်ဆိုလျင်--
( ရှေ့ကဖော်ပြခသောသာ အပိုဒ်များသည်၊ နိုင်ငံနယ်နမိတ်အတွင်း မှီတင်နီထိုင်သော ပြည်သူအားလုံးကို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု အသားအရောင်ရို့အရ၊ ခွဲခြားပြုမူခြင်းမရှိဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာမူနှင့်အညီ လိုက်နာကျင့်သုံးသောကြောင့်၊ ကိုယ်စားပြုအစိုးရတရပ်ကိုပိုင်ဆိုင်သော လွတ်လပ်ပြီး အချုပ်အခြာအဏာပိုင်နိုင်ငံများ၏၊ နိုင်ငံရေးစည်းလုံးမှု သို့မဟုတ် နယ်မြီပိုင်စိုးမှုကို၊ တစိတ်တပိုင်းကိုသော်၎င်း၊ အလုံးစုံကိုသော်၎င်း၊ ပျက်စီးယိုယွင်းစီရန် သို့မဟုတ် ပြိုကွဲစီရန် လုပ်ဆောင်သည့် မည်သည့်လုပ်ဆောင်ချက်ကိုမဆို လုပ်ပိုင်ခွင့်ပီးသည် သို့မဟုတ် အားပီးအားမြှောက်ပြုသည်ဟု မမှတ်ယူရ) …

အထက်ပါ ပြဌာန်းထားချက်သည်၊ စည်းကမ်းသတ်မှတ်သည့် ပြဌာန်းချက် (saving clause) ဖြစ်သည်။ နိုင်ငံတခု၏အစိုးရသည်၊ ကိုယ်စားပြုအစိုးရဖြစ်ရန်၊ နိုင်ငံထည်းရှိပြည်သူတရပ် သို့မဟုတ် တရပ်ထက်ပိုသောပြည်သူများကို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်တို့အရ၊ မခွဲခြား ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့် (ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်) ကို ပီးထားရန်လိုသည်ဟု စည်းကမ်းသတ်မှတ်ပြဌာန်းထားခြင်းဖြစ်သည်

ဆိုလိုသည်မှာ၊ နိုင်ငံတခု၏အစိုးရသည် နိုင်ငံထည်းဟိ တရပ်ထက်ပိုသောပြည်သူများကို လူမျိုး
ကိုးကွယ်ယုံကြည်မှု အသားအရောင်ရို့အရ မခွဲခြားဘဲ၊ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်ကို ပီးထားမှ ထိုနိုင်ငံ၏အစိုးရသည် ပြည်သူအားလုံးကို ကိုယ်စားပြုသော ကိုယ်စားပြုအစိုးရဖြစ်သည်။ ထိုသို့ ကိုယ်စားပြုအစိုးရဟိသောနိုင်ငံ၏ နိုင်ငံရေးစည်းလုံးမှု (political unity) သို့မဟုတ် နယ်မြေပိုင်စိုးမှု ( territorial integrity) ကိုပျက်စီး ပြိုကွဲစီရန် လုပ်ဆောင်ခွင့်မပြု။ (အကယ်၍၊ နိုင်ငံတခု၏အစိုးရသည်၊ နိုင်ငံထည်းဟိတရပ်ထက်ပိုသောပြည်သူများကို လူမျိုး၊ ကိုးကွယ်ယုံကြည်မှု၊ အသားအရောင်ရို့အရ ခွဲခြားပြုမူပြီး၊ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့်ကို ပေးရန်ငြင်းဆန် ပျက်ကွက်နီပါက၊ ထိုအစိုးရသည်၊ ပြည်သူအားလုံးကို ကိုယ်စားပြုသော၊ ကိုယ်စားပြုအစိုးရ မဟုတ်ချေ။ ထိုသို့ ကိုယ်စားပြုအစိုးရမဟုတ်သော နိုင်ငံ၏နိုင်ငံရေးစည်းလုံးမှု (political unity) သို့မဟုတ် နယ်မြေပိုင်စိုးမှု (territorial integrity) ကို ပျက်စီးပြိုကွဲစီရန် လုပ်ဆောင်နိုင်သည် ဟူ၍ဖြစ်သည်။)

တနည်းအားဖြင့်ဆိုသော်၊ နိုင်ငံတခုတွင်၊ ပြည်တွင်းကိုယ်ပိုင်ပြဌာန်းခွင့် ဆုံးရှုံးနီရပြီး လူ့အခွင့်ရေး လည်း အကြီးအကျယ်ချိုးဖောက်ခံနီရသော အဖိနှိပ်ခံပြည်သူတရပ်သည် မိခင်နိုင်ငံ၏ နိုင်ငံရေးစည်းလုံးမှု သို့မဟုတ် နယ်မြီပိုင်စိုးမှုကို ချိုးဖောက်ဖျက်ဆီးကာ လွတ်လပ်သောနိုင်ငံတခု ထူထောင်ခွင့်ဟိသည် ဟူ၍ဖြစ်ပါသည်။

ဤကဲ့သို့သော ကိစ္စရပ်များတွင်၊ နိင်ငံတကာဥပဒေ၏ ရပ်တည်ချက်အနီထားကို၊ ကနေဒါနိုင်ငံမှ ကွိဘက်ပြည်နယ်ခွဲထွက်ခြင်း ကိစ္စနှင့်ပတ်သက်၍ ကနေဒါအမြင့်ဆုံးတရားရုံး (the Supreme Court of Canada) ဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့်သိနိုင်ပါသည်။ ၎င်းဆုံးဖြတ်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

In summary, the international law (of the) right to self -determination only generates, at best,a right to external self -determination of former colonies, where a people is oppressed, as for example under foreign military occupation or where a definable group is denied meaningful access to the government to pursue their political, economic, social and cultural development. In all three situations the people in question are entitled to the right to external self-determination because they have been denied the ability to exert internally their right to self-determination.
( Reference. re secession of Quebec (SCR)2(1998)

ဆီလျော်အောင်ဘာသာပြန်ဆိုလျင်-
( အချုပ်အားဖြင့်၊ နိုင်ငံတကာဥပဒေတွင် ပြဌာန်းထားသော ကိုယ်ပိုင်ပြဌာန်းခွင့်သည်၊ ယခင် ကိုလိုနီ နယ်မြေများမှပြည်သူများ၊ နိုင်ငံခြားမှစစ်ရေးဖြင့် ကျူးကျော်သိမ်းပိုက်သူရို့၏ လက်အောက်ကျရောက်ခါ၊ ဖိနှိပ်အုပ်ချုပ်မှုကိုခံနီရသော ပြည်သူတရပ်ရပ်၊ သို့မဟုတ် မိမိရို့၏စီးပွားရေး၊ လူမှု့ရေးနှင့် ယဉ်ကျေးမှု ရေးရာရို့ ဖွံ့ဖြိုးတိုးတက်အောင်၊ လုပ်ဆောင်နိုင်မည့် နိုင်ငံ၏အစိုးရကိစ္စများတွင်၊ ဂုဏ်သိက္ခာဟိဟိ ပါဝင်ခွင့်မရစီရန် ငြင်းပါခံနီရသည့်၊ ပြည်သူတရပ်ဟု သိသာထင်ရှားသော လူအုပ်စုတစုစုရို့အား၊ ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့်ကိုရစီရန် အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည်။

ဖော်ပြခသော အခြေနယ်သုံးရပ်မှ တရပ်ရပ်တွင် ကျရောက်နီသောပြည်သူတရပ်သည်၊ ပြည်တွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ကို ငြင်းပါယ်ခံရလျင် ထိုပြည်သူသည် ပြည်ပကိုယ်ပိုင်ပြဌာန်းခွင့်ကို ကျင့်သုံးပိုင်ခွင့်ဟိသည် )

……..
ခိုင်လက်ရုံး
(ဆက်ရန်)

No comments:

Post a Comment