ကျန်တော်ရို့ရခိုင်ပြည်စွာ မြေင်း၊ ချောင်း၊ မြစ်၊ ပင်လယ် ပေါများရေဒေသဖြစ်တေ။ နီရာတိုင်းမှာ ရီမျက်နှာပြင်ကို လှမ်းမြင်နီရရေ၊ လှိုင်ဆူသံ၊ လှိုင်းအူသံတိကို သာခြင်းသဖွယ်နားထောင်နီရရေ ဒေသလေ့ဖြစ်တေ။ ယိုင်းသာခြင်းကိုနားဝင်ချိုရေပိုင် လှိုင်အူသံ၊ လှုှိုင်းဆူသံတိက ကျန်တော်ရို့ကို သာယာစီပါရေ။ ရမ်းပေါက်လီထသံ၊ ဆင်ခေါင်းလီသံ၊ တောင်လီထသံ၊ စုံလီညှင်းသံ၊ ရာဟုလီပြင်းသံတိက ကျန်တော်ရို့အတွက် ပလွယ်ကျော်မှုတ်သံလောက်ရာ သဘောထားကတ်တေ။ မိုးရာသီတိုင်းမှာ မုန်တိုင်းကြီးငယ်တိကို အသားကျရင်ဆိုင်နိုင်ကတ်တေ။ ရီလုပ်ငန်းစွာ ကျန်တော်ရို့အတွက် မဟိမဖြစ် အသက်ရှင်ရပ်တည်မှုကို ထောက်မပီးရေ.။
ရီးဆိုစွာ ကျန်တော်ရို့အတွက် ကြောက်စရာကောင်းရေ အရာတခုမဟုတ်ကေလေ့ ရီဘဲကြုံလာကေ သီဘဲစီဆိုက်လားကတ်တေ။ ယင်းချင့်ဇာကြောင်းလေး....?
ကျန်တော်ကိုယ်တွိတခု တင်ပြပါမေ။ ကျန်တော်လူပျိုပေါက်စအရွယ်က ကြုံခရေအဖြစ်ပျက်တခုပါ။ ကျန်တော်ရို့ရွာ မိုးရာသီမှာ မိန္မချေတိမှိုလ်ဟင်းခူးလာကတ်တေ။ တေးခြင်းဆိုသံ တကျော်ကျော်ကြားလိုက်တေ။ များမကြာ ငိုသံကျွီးသံတိကြားရရေ။ ကျန်တော်က အနားကကုန်တန်းမှာ ကျွဲကျောင်းနီပါရေ။ ငိုသံကျွီးသံကြားလို့ ပြီးလာကြည့်ရေခါ မိန္မချေတယောက် တာတမံတွင်းမှာ ရီနစ်နီစွာကိုတွိလိုက်တေ။ ခုန်ဆင်းပြီးကေ ဆယ်ယူလိုက်တေ။ ရီးမွမ်းလားကေလေ့ အသက်ကရှင်လိုက်တေ။ သို့သော်မှာ ထပိန်မပါဘဲ လင်ကြဲကြဲတုံးတုံးဖြစ်နီရေ။ ထပိန်ကရီတွင်းထဲမှာ ကျွတ်ကျန်ခရေ။ ကျန်တော်ဒယောကို ချွတ်ပီးဖို့ကျရေ။ ကျန်တော်မှာက ယင်းခေတ်က လှဆန်းယဉ်ဘောင်ဘီတို ဝတ်တေ။ ကျွဲကျောင်းသားတိဖြစ်လို့ အမြဲရီကူးရရေအတွက် ဘောင်ဘီတိုဝတ်ရရေ။
ယင်းမိန္မချေက လှစံသိန်းလို့ခေါ်ရေ။ သူအမိက ကျန်တော်နန့် မောင်နှမတော်ရေ။ လှစံသိန်နန့် ကျန်တော်က တူဝရီးဆိုကေလေ့ ရွယ်တူတိဖြစ်နီခါ တယောက်ကိုတယောက် ကောင်းရှက်ကတ်တေ။ အသက်ရှင်လိုက်စွာက ကောင်းကံကောင်းရေလို့ပြောရဖို့။ သူတယောက်တည်း ရီးကူးမတတ်စွာလား၊ မဟုတ်ပါ ကျန်တော်ရို့ရွာမှာ အမျိုးသမီးတိုင်း၊ မိန္မချေတိုင်း ရီးကူးမတတ်ကတ်ပါ။ ရီကူးတတ်တေ မိန္မချေတိကောင်းယှားပါရေ။ မိန္မချေတိကို ရီးကူးတတ်အောင် သင်ပီးရေအလေ့အထလေ့ မဟိကတ်ပါ။
မိန္မချေတိရာ ရီကူးမတတ်စွာလားလို့ပြောကေ ယောကျ်ားချေတိလေ့ ၂၀% လောက် ရီးကူးမတတ်ကတ်ပါ။ ယင်းချင့်စွာ ဇာနန့်လားဆိုင်လဲဆိုကေ ယဉ်ကျေးမှုနန့် ကောင်းသက်ဆိုင်ပါရေ။ မိန္မချေတိရီကူးကဇာတ်ကေ ညီးအစ်ကိုယ်မောင်နှမတိ၊ မိဖတိ၊ ဆွေမျိုးတိက `ယောကျ်ားနန့် နှိုင်းလို့ထော၊ လင်းပြာတက်မ၊ ထမ်းပင်မှာ ငပြီတက်တက်လို့၊ ကောင်းပင်လေ့ လွရေကားနင်´ ဆဲကတ်တေ။ အဆဲခံရစွာက ဟုတ်သိမ့်ယင့်။ တချို့က အရှက်မရ ရစွာနန့်ကောက်သတ်ခံရရေ။ ယောကျ်ားချေတိကိုကာ ရီကူးတတ်အောင် မိဖ၊ ညီးအစ်ကိုယ်၊ ဆွေမျိုးတိက သင်ပီးကတ်လာ။ တယောက်လေ့ မသင်ပီးပါ။ အားလုံး သူရို့စွာနန်သူရို့ အချင်းချင်းသင်ယူလို့ တတ်လားကတ်စွာပါရာ။
တိုးတက်တေနိုင်ငံတိမှာ မူကြိုကျောင်းမှာခါကပင် ရီးကိုမကြောက်ရအောင် ရီကဇာဖို့ခိုင်းထားပျာ။ တပါတ်မှာတကြိမ်းနှုန်းနန့် ကဇာတ်ခိုင်ထားကတ်ပျာ။ ရီအလွန်ကြောက်တတ်တေ အချေတိကိုကျခါ ကျောင်းဆရာမ၊ ဆရာတိက မိဖတိကိုခေါ်ယူဆွေးနွေးရေ။ မိဖကိုယ်တိုင်လိုက်လို့ ရီကဇာတ်ပီးရရေ။ မူလတမ်းကျောင်းပြီးလို့ ယင်းအချေရီကူးမတတ်ခဆိုကေ ယင်းအချေရေ ရီကြောက်တတ်တေဆိုင်ကိုဟိရေလို့ သတ်မှတ်တေ။ ကျောင်းမှတ်တမ်းမှာ ထည်ရွီးပြီးကေ မှတ်တမ်းတင်ထားကတ်တေ။ Commune ထိ တင်ပြရရေ။ မိဖ၊ ဆရာအပါဝင် ကျွမ်းကျင်သူတိနန့် ရီမကြောက်တတ်အောင် ရီကူးသင်ပီးကတ်တေ။
ကျန်တော်ရို့နီရာမှာ အစိုးရကလုပ်မပီးနိုင်ကေလေ့ ကိုယ်ထူကိုယ်ထ လုပ်လို့ရနိုင်ရေ။ မိဖ၊ ညီးအစ်ကိုယ်မောင်နှမ၊ ဆွေမျိုးတိ သင်ပီးလို့ရနိုင်ရေ။ တခုဟိရေ အယူဟေင်းတိကို စွန့်ရဖို့။ ပေါင်ပေါ်ဒူးပေါ်စွာ ပြသနာမဟုတ်။ ဖင်ပေါ်လို့သီနီရေအလောင်းကို ရှက်ပါရေဆိုပြီးကေ မိဖညီအစ်ကိုယ်မောင်နှမတိက ချန်ထားခလို့ ရနိုင်ဖို့လား။
ရခိုင်ပြည်မှုာ အင်းအိုင်၊ ကမ်းဘိုင်တိပေါပါရေ။ ချောင်းမြစ်မှာ မကူးတတ်ခင် အင်းအိုင်၊ ကမ်းဘိုင်တိမှာ သင်ပီးလို့ရပါရေ။ အချိန်စကေက ပီးရဖို့နှင့်ရာ။ ကိုယ်သားသမီးအပေါ်မှာ မိဖ၊ ညီအစ်ကိုယ်မောင်နှမ၊ ဆွေမျိုးသားချင်း ပီသချင်ကေ ကြုံလာရေရီဘဲက အနည်းဆုံး ၅၀% လွတ်မြောက်နိုင်အောင် ရီးကူးသင်ပီးသင့်ရေ။ ကောင်းခက်ခဲရေအလုပ် မဟုတ်ပါ။ လူတိုင်းလုပ်ပီးနိုင်ရေ အလုပ်တခုပါရာ...။
ကျမ်းမာချမ်းသာကတ်ပါင်္စီ။
´´´´´´´´´´´´´
ခိုင်မြသိန်း (ချောင်းသာကြီး)
၂၀၁၅၊ ၀၃၊ ၁၇