Thursday, April 24, 2014

ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၇) (အဆုံးသတ်)

၂၀၀၃ ခုနှစ် နွီရာသီလတလမှာ ဗမာမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေမူကြမ်းတခုကိုရွီးဆွဲဖို့အတွက် New Delhi, Janak Puri ရပ်ကွက်က Asalapur မှာ ဟိရေ Maharaja hall ခန်းမှာ ဗမာမြန်မာနိုင်ငံက ဒီမိုကရေစီလှုပ်ယှားသူတိ စုရုံးရောက်ဟိလာကတ်ပါရေ။ အခန်းနားကို ၁၀ နာရီလောက်မှာ စဖြစ်ကတ်တေ ထင်ပါရေ။ လူဦးရည်က ၃၀၀ နီးပါးလောက် တက်ရောက်ကတ်ပါရေ။ ယင်းအထဲမှာ လူမျိုးအလိုက် ဖွဲ့စည်းပုံဆိုင်ရာဆွေးနွေးမှုတိပါပါရေ။ ကျန်တော်ရို့ရခိုင်လူမျိုးအတွက်က Maharaja Hall ခန်း အထက်ဆုံးခန်းမှာ နီရာရပါရေ။ အခန်းနားကို ဦးဆောင်ဦးရွက်လုပ်သူက ဗိုလ်မှုခိုင်မျိုးမင်း(လက်ဟိ Australia နီသူ) ဖြစ်ပါရေ။ တက်ရောက်ကတ်တေ ရခိုင်အဖွဲ့စည်းတိကလေ့ စုံပါရေ။


ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၆)

၁၉၉၄ ခုနှစ် နယူဒေလီရောက် ရခိုင်ကျောင်းသားလူငယ်တိစုစည်းပြီးကေ Arakan Students' Congress (ASC) ကို ဖွဲ့လိုက်ကတ်ပါရေ။ ယင်းနောက် ၁၉၉၅ မှာ ဘင်္ဂလာရောက်ရခိုင်ကျောင်းသားလူငယ်၊ အိန္ဒိယရောက်ရခိုင်ကျောင်းသားလူငယ်၊ ထိုင်းရောက်ရခိုင်ကျောင်းသားလူငယ်များပူးပါင်းပြီး ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ညီလာခံတခုကျင်းပခပါရေ။ ယင်းညီလာခံက All Arakan Students' and Youths' Congress (AASYC) ကို မွီးဖွားပီးလိုက်ပါရေ။ ခိုင်မြတ်ကျော်က ဥက္ကဌဖြစ်လာပြီးကေ ခိုင်ကျော်ကျော်က အတွင်းရေးမှုဖြစ်လာပါရေ။ AASYC နန့်အတူ Arakan New Generation Army (ANGA) လက်နက်ကိုင်အဖွဲ့ကိုလေ့ တပါတည်းဖွဲ့စည်းလိုက်ကတ်ပါရေ။ ခိုင်မြတ်ကျော်က စစ်ဦးစီးချုပ်ဖြစ်လာပါရေ။ အနောက်ဖက်ဒေသမှာအခြီစိုက်ပြီး ဖိုင်းရယ်နန့်ဒီမိုကရေစီတိုက်ပွဲ့အတွက် တိုက်ပွဲ့ဝင်ဖို့လေ့ ဆုံးဖြတ်လိုက်ကတ်ပါရေ။


ပညာတတ်တိကို ဇာဖြစ်လို့ အမြင်စောင်းလေ ငါ....(၅)

ကျန်တော် ၁၉၉၄ ခုနှစ် ဇန္န၀ါရီလဆန်းမှာ ကိုယ်တော်ယသနန့်အတူ နယ်စပ်ကိုဆင်လိုက်ပါရေ။ ဆင်းရခြင်းအကြောင်းရင်းက နယ်စပ်ဒေသတလျှောက်မှာ ALA တပ်ဖွဲတိနန့် ဗမာမြန်မာစစ်သားတိနန့် တိုက်ပွဲ့ကြောင့် ဒေသခံရွာတချို့ကို ဗမာမြန်မာစစ်တပ်က မီးတိုက်ဖျက်စီလိုက်ကတ်ပါရေ။ ယင်းသတင်းနန့် ဒုက္ခသည်တိကို ဓါတ်ပုံရယူဖို့ လားခြင်းဖြစ်ပါရေ။ ALP ပါတီက ရဲဘော်တိနန့် အတွင်းရေးမှုခိုင်မြ၀ါကိုယ်တိုင် ကူညီဆောင်ရွက်ပီးလိုက်ပါရေ။
ဖရာဝါဒုက္ခသည်ရွာ၊ မောင်ပုဆောင်၊ ကုလားတံဖြစ်မျှားမှ အထက်ကာကီ၊ အောက်ကာကီ၊ ဘင်္ဂလာ-ရခိုင်-အိန္ဒီယာနယ်စပ်တိမှာရောက်နီကတ်တေ ရခိုင်ဒုက္ခသည်အရည်တွက်၊ အိန္တာဗျူးတိကို အပြည့်စုံရခပါရေ။