Tuesday, November 12, 2013

ထမင်းငတ်မှရခိုင်စကားပြောပါသည်

၁၉၉၂ ခုနှစ် ဂျွန္န၀ါရီ ၂၄ ရက်နိ ကျန်တော်ရို့ရခိုင်လူငယ်လေးယောက် (ကိုရန်နိုင်…ဗိုလ်ရာနှင့်အတူတိုင်ပြည်အတွက် အသက်ပီးကျဆုံး၊ ကိုနိုင်ဝင်း၊ ကိုဘအောင်၊ ကျန်တော်စိုးဝင်း) နယူဒေလီမြို့သို့ ရောက်လာကြသည်။ ကျန်တော်ရို့မတိုင်ခင် ရခိုင်ကျောင်းသားသုံးယောက် ရောက်ဟိပြီးဖြစ်ပါသည်။ ယင်းရို့မှာ ကိုရွှေဇံ၊ ကိုပြည်အေး၊ ဘုန်းကြီးလူထွက် ကိုယ်တော် (လူနာမည်မသိ၊ ဘုန်းကြီးလုပ်ခလို့ ကိုယ်တော်ခေါ်ဖန်များလာသောကြောင့် လူနာမည်ပျောက်လားပါ၏။) ရို့ဖြစ်ကြပါသည်။ ကိုရွှေဇံက နယူဒေလီမြို့ကို ပထမဆုံးရောက်ဟိလာသော ရခိုင်ကျောင်းသားဖြစ်ပါသည်။ ယင်းနောက်မှာ ကိုယ်တော်၊ ကိုပြည်အေးရို့တက်လာကြသည်ဟု သိရပါ၏။ ကိုရွှေဇံက ရခိုင်ကျောင်းသားအများစုဟိရာ ဘင်္ဂလားဒဲခ်ျကို ထွက်လားခသည်ဟု သိရပါ၏။