အခါတပါးတွင် ရခိုင်ပြည်တွင် အလွန်နာမည်ကျော်ကြားသော ပညာဟိတဦးဟိသည်။ သူ၏ကလောင်နာမည်မှာ (ပန်းမဲပဲလှော်) ဖြစ်သည်။ သူသည်မျိုးရိုးစိုင်ဆက်ချမ်းသာသော အသိုင်းအ၀ိုင်းမှ မွှီးဖွားလူသူတဦးဖြစ်သည်။ လက်မွှီးမီးမလောင် ခြီမွှီးမီးမလောင်ပြုစုကြီးပြင်းလာသူတဦးလည်းဖြစ်သည်။ အရပ်လည်း (၆) ပေကျော်ရှည်သော အာဃယောက်ကျာ်းလည်းဖြစ်သည်။ ယောက်ကျားပီသသည်က တကြောင်း၊ မိဘမျိုးရိုးစိုင်ဆက်ချမ်းသာသည်ကတကြောင်း၊ ဥပတိရုပ်ကောင်းပြီး ခန့်ငြားထည်ဝါကျက်သရေဟိသည်ကတကြောင်း၊ ဘက်ပေါင်းစုံပြည့်စုံသောကြောင့် သူ့အားမိမ္မများ အလွန် ကြိုက်နှစ်သက်သည်။
သို့သော်သူသည် အလွန်စာရိတ္တကောင်းမွန်သူတဦးဖြစ်သည်။ မိမ္မလုံးဝမလိုက်စား။ အသောက်စကား ကင်းသည်။ သူတပါးအားကူညီရိုင်းပင်းတတ်သည်။ ကြင်နာသနားတတ်သည်။ အငယ်ကပင် သူ့ကျောင်းနီဖက်သူငယ်ချင်းများ ကျောင်းသုံးစာအုပ်မ၀ယ်နိုင်၊ လွယ်အိပ်ကျောက်သင်ပုန်းမ၀ယ်နိုင် ထိုအခါများတွင် သူက မုန့်ဖိုးထဲကငွေကို ပီးကမ်းစွန့်ကြဲလေ့ဟိသည်။ ထို့ကြောင့်သူအားသူငယ်ချင်းများက အချေကပင် (သူတော်ချေ)ဟု ချစ်၍တော့၍ခေါ်ကြသည်။ သို့သော် အကျင့်စာရိတ္တနှင့်ပတ်သက်လာလျှင်ကား ခိုင်မာပြတ်သားသည်။ နှမ်းတစိသားလည်းအလျှော့မပီးတတ်။ နှစ်သစ်ကူးသင်္ကြန်ရက်များတွင်လည်း သူငယ်ချင်းများသောက်စားပျော်ပါးရန်ဖိတ်ခေါ်သောအခါ သူကခါးခါးသီးသီးငြင်းဆန်တတ်တသည်။ ထို့ကြောင့် သူ့သူငယ်ချင်းများက သူအားချစ်လည်းချစ်သည် မုန်းလည်းမုန်းသည်။ ချစ်ရသည့်အကြောင်းရင်းက သူရို့ဒုက္ခရောက်သောအခါ သူက နိမဆိုင်းညမဆိုင်း ကူညီတတ်သောကြောင့် ဖြစ်သည်။ မုန်းရသည့်အကြောင်းက သောက်စားပျော်ပါးအကြံများကို လက်မခံသောကြောင့်ဖြစ်သည်။ သူသည် ၀ါတွင်းဝါဆို အခါကြီးရက်ကြီးသင်္ကြန်ရက်များတွင်လျှင်မဟုတ် ၀ါတွင်းကာလ လပြည့်လကွယ်တရက်မပျက် ဥပုသ်စောင့်သည်။ ၀ါကျွတ်လွန်သော်လည်း ဘုရားကျောင်းကန် လားမြဲလားကာ ဆရာသမားများအား ၀တ်ကြီးဝတ်ငယ်ပူဇော်ကန်တော့လေ့ဟိသည်။ ထို့ကြောင့်သူသည် အချေကပင် (ဘုရားတကာကျောင်းတကာ)ဟူသောဘွဲ့နာမကို ပါရမီဘ၀ကံအကြောင်းအားလျှော်စွာ ပိုင်ဆိုင်ထားသူ တဦးလည်းဖြစ်သည်။
သူသည်စာအလွန်တော်သူတဦးလည်းဖြစ်သည်။ စာလည်းအလွန်ကြိုးစားသည်။ ထို့ကြောင့် အတန်းတိုင်းတွင်ပထမအမြဲတမ်းရသည်။ အားကစားလည်းအလွန်ထူးချွန်သည်။ စွယ်စုံရပါရမီသျှင်ဖြစ်သည်။ ထို့ကြောင့် ဆရာဆရာမများက အလွန်ချစ်ခင်အားကိုးသည်။ မြို့မျက်နှာပန်းအဖြစ်တင်စားကြသည်။ နှစ်စဉ်နှစ်တိုင်းလူရည်ချွန်အရွီးခံရပြီး ငပလီ၊ ရွှေဝါကျိုင်စသဖြင့် မြန်မာပြည်အနှမ့် လူရည်ချွန် စခန်းများကိုလည်း ရောက်ဖူးသည်။ ဆယ်တန်းတွင်နှစ်ချင်းပေါက် ဂုဏ်ထူး (၄) ဘာသာဖြင့် ထူးထူးချွန်ချွန်အောင်မြင်သည်။ ဆယ်တန်းကို (၄) ဘာသာဂုဏ်ထူးဖြင့်အောင်မြင်သူမှာ သူရို့မြို့သမိုင်းတွင် သူသာလျှင်ပထမဆုံးအကြိမ်ဖြစ်သည်။ ကျန်နှစ်များတွင် ဂုဏ်ထူး (၁) ဘာသာ (၂)ဘာသာဖြင့်အောင်မြင်သူ မဟိသလောက်ဖြစ်သည်။ ဆီးတက္ကသိုလ်ဝင်ခွင့်ရသော်လည်း ဆရာဝန်ဘ၀ကိုစွန့်ပြီး သူဝါသနာပါရာ မြန်မာစာအဓိကဖြင့် တန်းမြင့်မဟာဝိဇ္ဇာဘွဲ့ကို ထူးချွန်စွာ ဆွတ်ခူးအောင်မြင်နိုင်ခသည်။ တက္ကသိုလ်နောက်ဆုံးနှစ်တွင် သူ၏ဖူးစာပရမီသျှင်နှင့်တွိဆုံပြီး အိမ်ထောင်ကျသည်။ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနတွင် နည်းပြဆရာအဖြစ်စတင်အမှုထမ်း၍ သူ၏ထူးကဲသောအရည်အချင်းကြောင့် နှစ်များမကြာသူသည် မြန်မာစာဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခတဦး ဖြစ်လာသည်။ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပါမောက္ခဖြစ်လာသူဟူ၍ ရန်ကုန်တက္ကသိုလ်သမိုင်းတွင် ပညာဟိမောင်ပန်းမဲ (ပဲလှော်) တဦးသာလျှင်ဟိသည်။ ထို့ကြောင့် ရခိုင်ကျောင်းသားကျောင်းသူများ ရန်ကုန်တက္ကသိုလ် စာပီလောကတွင် ပန်းမဲ (ပဲလှော်)နာမအသျှိန်အ၀ါကြောင့် မျက်နှာပန်းအလွန်ပွင့်လန်းကြသည်။ ဂုဏ်ယူမြောက်ကြွကြသည်။
ပညာဟိမောင်ပန်းမဲသည် အလွန်မျိုးချစ်စိတ်ထက်သန်သူလည်းဖြစ်သည်။ သူ့တပည့်သားသမီးများအား (အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည့်ဝမဏ္ဍိုင်၊ စောင့်စွမ်းနိုင်၍၊ ရက္ခိုင်ဝံသ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ၊ ခေါ်အပ်စွာတည့်။)ဟူသော သူ၏လက်သုံးအသျှင်နာဂိန္ဒမော်ကွန်းလင်္ကာဖြင့် ဆိုဆုံးမလေ့ဟိသည်။ သို့သော် လင်္ကာတပုဒ်လုံးကိုကား သူတခါမှ မဖတ်ဖူးပေ။ သျှင်နာဂိန္ဒကား လေးမြို့ခေတ်စာဆိုလား၊ မြောက်ဦးခေတ်စာဆိုလား သူအတိအကျမသိပေ။ တခါတွင် လေးမြို့ခေတ်က၊ တခါတွင်၊ မြောက်ဦးခေတ်က၊ တခါတွင် ဝေသလီခေတ်ကစသည်ဖြင့် ယောင်သျွှီးလုပ်တတ်သည်။ သူသည် နဖူးပြောင်ပြောင်ဖြင့် မှင်အလွန်ကောင်းသဖြင့် တပည့်သားသမီးများကလည်း သူပြောတိုင်း အားကိုးယုံကြည်သည်။ ဆရာကြီးဖေမောင်တင်ရွီးသော မြန်မာစာပီသမိုင်းကို အစအဆုံးမကြည့်ဘဲ နှုတ်ကျက်ရွတ်ပြနိုင်သူအဖြစ် လေးစားဂုဏ်ယူသည်။
မောင်ပန်းမဲ (ပဲလှော်) မှာ ယခုအခါအသက်အရွယ်ကြီးရင့်ပြီး ပညာရေးလောကမှ အနားယူလားပြီးဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းဟိ သူ၏သမီးကြီးအိမ်တွင်နီထိုင်လျှက်ဟိသည်။ သမီးကြီးတွင် သားကြီးတယောက်၊ သမီးတယောက်ထွန်းကားသည်။ သူ၏မြီးများက သူ့အား (အဖိုးသျှင်၊ အဖိုးသျှင်) ဟုခေါ်လျှင် သူသည်အလွန်ဝမ်းမြောက်ပီတိဖြစ်ရသည်။ သူ့မြီးများအား ပညာအမွှီလက်ဆင့်ကမ်းပီးရသည်ကို ၀မ်းသာမဆုံးဖြစ်သည်။ (၅) နှစ်အရွယ်မြီးထွီးချေမှာ သူငယ်တန်းဖတ်စာသစ်ကို တလုံးမကျန်အဖိုးသျှင်ရှိတွင် အလွတ်ရွတ်ပြနိုင်သည်။ မပီတွတ်တွတ်ပီတွတ်တွတ် အဖိုးသျှင်အား နားမလည်သည်များကိုလည်း မိန်းမြန်းလေ့ဟိသည်။ တခါတရီတွင် လုံးဝအဓိပ္ပါယ်မဟိသောမိန်းခွန်းများဖြစ်သော်လည်း အဖိုးသျှင်က စိတ်ရှည်လက်ရှည်ယှင်းပြတတ်သည်။ ဥပမာအားဖြင့် (အဖိုးသျှင် ဘော်လုံးဇာဖြစ်လုံးရေလဲ)စသည်ဖြင့်ဖြစ်သည်။ ထိုအခါ (ဘော်လုံးဖြစ်လို့ လုံးရေပုချေ)ဟု အသင်္ခတဥာဏ်ဖြင့် မဆိုင်းမတွ ပြန်ဖြေနိုင်သူဖြစ်သည်။
မြီးအကြီးသူမှာ လေးတန်းအောင်ပြီးဖြစ်သည်။ အဖိုးသျှင်အိမ်တွင် ရခိုင်ပညာဟိများလာရောက်၍ စာအကြောင်းပီအကြောင်း၊ သမိုင်းကြောင်း၊ ဓည၀တီအကြောင်း၊ ဝေသာလီအကြောင်း၊ သုဝဏ္ဏဒေ၀ီအကြောင်း၊ မင်းထီးမင်းဘာအကြောင်း၊ စသည့်အကြောင်းကြောင်းများကို အာဘောင်အာရင်းသံများဖြင့် ဆွေးနွေးတိုင်ပင်သည်များကို စိတ်ဝင်တစားနားထောင်လေ့ဟိသည်။ ထို့ကြောင့် သူသည်အသက်ငယ်ပင် ငယ်သော်ငြားလည်း ရခိုင်သမိုင်းကြောင်းကို ရင်းနှီးကျွမ်းဝင်ဟိသည်။ (ရခိုင်အစ မာရယုက၊ ဘီစီ (၃၃၂၅) တွင် ရခိုင်သမိုင်းစတင်သည်။ ရခိုင်သားသည် (အာရီယံနွယ်မျိုးဖြစ်သည်၊)အစဟိသည်များကို သူ၏ကျောင်းနီဖက် သူငယ်ချင်းများအား ဖောက်သည်ချပြောပြနိုင်သည်။
တရက်နိတွင် သူသည်အဖိုးသျှင်အား မိန်းခွန်းတခုမိန်းလတ်သည်။ (အဖိုးသျှင် (ရခိုင်မှာစာမဟိ)ဆိုစွာဟုတ်တေလား။ ကျောင်းကဆရာမက ယင်းပိုင်ယှောင်ပြောပါရေ)။ ထိုအခါ ပညာဟိမောင်ပန်းမဲက သူ့မြီးအား မာန်ပါပါဖြင့် (အဝေး အခုမင်းဖတ်နီရေ မြန်မာစာက ရခိုင်စာချင့်။ မင်းအစာကိုပြောရေလဲ) ဟု အော်ငေါက်လိုက်သည်။ ယေခါ သူ့မြီးက (ယေကေအဖိုးသျှင် (သင်္ဘောသီး) ကို (ပတကားသီး) လို့ မောင်မောင်ရို့ ရခိုင်မှာခေါ်ပါရေမနား၊ အေမှာက (သင်္ဘောသီး) လို့ရာ ရွီးထားပါရေကား) ဟုဆိုသည်။ ထိုအခါ အဖိုးသျှင်က (အဝေး ယင်းသူရို့တိ ခိုးထားစွာ ခိုးထားစွာ) ဟုအော်သည်။
တရက်နိတွင် မြီးအကြီးသူ မြန်မာစကားပုံများကို အလွတ်ကျက်မှတ်နီသည်။ ထိုတွင် (ပညာဟိ သတိဖြစ်ခဲ)ဟူသော စကားပုံကို နားမလည်နိုင်အောင်ဖြစ်နီသည်။ ထို့ကြောင့် အဖိုးသျှင်အား (အဖိုးသျှင် ပညာဟိ သတိဖြစ်ဖြစ်ခဲ)ဆိုစွာ ပဇာကိုပြောစွာပါလဲ။)ဟုမိန်းလိုက်သည်။ ထိုအခါ အဖိုးသျှင်က သူ့ကိုယ်သူ လက်ညှိုးထိုးလျှက် (အဝေးမြီးချေ ငါ့ကိုကြည့် ငါ့ကိုကြည့်၊ ပညာဟိဆိုစွာ (အိုပင်အိုကေလည်း သတိမမိ) ဆိုစွာကိုပြောစွာ)ဟု ဖြေသည်။ ထိုတွင် ငါးနှစ်အရွယ်မြီးထွီးအပုချေက (ဟ ဟာဟ ရယ်လိုက်ရ)ဟုဖတ်သည့်အသံနှင့် လားတိုက်ဆိုင်နီသည်။ ထိုအခါ ပညာဟိမောင်ပန်းမဲက သူ့အားအယွဲ့တိုက်သည် အထင်ဖြင့် (ဟေးကောင်မချေ မဖတ်ကဲ့၊ တန့်တန့်) ဟု ဟန့်တားလိုက်သည်။ ပြီးလျှင် သူသည်ရှက်ရှက်ဖြင့် (အေခုခေတ် အဂယင့် ပိတကာသီးခေတ်အမှန်။ အကြီးကအောက်က အငယ်ကအထက်က)ဟု ဘုပြောပြီးလျှင် ဘုရားခန်းထဲသို့ ပုတီးစိတ်ရန်လှမ်းဝင်လားသည်။
ဤတွင် အကျွန့်ဝတ္ထုလည်းဆုံးပါလီ၏။ မဆုံးသိမ့်ကေ ကျန်ရေလူတိဆက်ပြောပါလီ။

0 comments:
Post a Comment